Search
  • Than Min Htike

ဘုရားသခင်ရဲ့ဂတိတော် (၅)

“ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။-”(ဟေဗြဲ၄:၁)


ဂတိတော်ရှိတယ်

ကျွန်တော်ငယ်စဉ်က ခံစားရတဲ့အထဲမှာ အဆိုးရွားဆုံးက ဂတိမတည်တဲ့ လူတွေနဲ့တွေ့ကြုံ စားခဲ့ရဖူးတဲ့အချိန်တွေပါ။ ဂတိပေးပြီး ကိုယ်က အဲ့ဒီဂတိပေးထားတဲ့အရာတွေကို စိတ်ကူးယဉ်လို့ကောင်းတုန်းတကယ်လည်းအချိန်ရောက်လာတဲ့အခါမှာတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဂတိ တစ်လုံးကို ဖျက်လိုက်တာခံရဖူးတယ်။ ပြောင်းလဲကာစမှာ ဆုံးဖြတ်ဖူးတဲ့ ဆုံးဖြတ်ချက်တွေ ထဲမှာတစ်ခုကတော့ ပေးတဲ့ဂတိကို တည်တဲ့သူဖြစ်ချင်တယ် ဆိုတာလည်းပါတယ်။ အထူးသဖြင့် မိသားစုမှာပါ။ ကလေးတွေအပေါ်မှာ ပေးတဲ့ဂတိတွေကို တည်တဲ့ဖခင်ဖြစ်ချင်တယ်။ ငယ်ငယ်တုန်းက ကိုယ်ခံစားသလို သူ့တို့ကို မခံစားစေချင်ဘူး။ ဒါပေမယ့် ဘယ်လောက်ကောင်းတဲ့ဂတိတွေရှိရှိ အဲ့ဒီဂတိကို ကိုင်ဆွဲပြီးတော့ လျှောက်လှမ်းဘူးဆိုလည်း ဘာမှ ထူးမှာမဟုတ်ပါဘူး။ ဘုရားက ကျွန်တော်တို့ဘ၀တွေအတွက် ဂတိများစွာပေးခဲ့တယ်။ ကယ်တယ်ခြင်းနဲ့ဆိုင်တဲ့ ဂတိ၊ ကောင်းကြီးမင်္ဂလာနဲ့ဆိုင်တဲ့ ဂတိ၊ ကျန်းမာခြင်းနဲ့ဆိုင်တဲ့ ဂတိ၊ ကြွယ်၀ခြင်းနဲ့ဆိုင်တဲ့ ဂတိ၊ ခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့ဂတိ၊ များလိုက်တဲ့ အဲ့ဒီဂတိတော်တွေဟာ ဖတ်လို့ကောင်းအောင်ပဲပေးထားတာမဟုတ်ဘူး။ အသက်တာမှာ ယုံပြီးတော့ လျှောက်လှမ်းတဲ့သူတွေအတွက် ပေးထားတာပါ။ ခက်တာက တချို့ဆို ဘာဂတိပေးလို့ပေးထားမှန်းတောင်မသိဘူး။ ဘာကြောင့်လဲဆိုတော့ဂတိတော်တွေနဲ့ပြည့်နှက်နေတဲ့ ကျမ်းစာကိုသေချာမဖတ်လို့ပါပဲ။


မမှီပဲနေမှာ စိုးရိမ်တယ်

ဂတိတွေဒီလောက်များတာ ဘာစိုးရိမ်စရာရှိလို့လည်းလို့မေးရင် ရှိပါတယ်။ အဲ့ဒီဂတိတွေကို မမှီပဲ နေမယ်လို့ကျမ်းစာက ထောက်ပြပါတယ်။ ဘယ်လိုမမှီတာလဲ။ ဣသရေလ လူမျိုးတွေ အဲဂုတ္တုကထွက်လာတဲ့အခါမှာ ဘုရားဂတိတော်က လူတိုင်းအတွက်ပါ။ အကြီးအငယ်မရွေး၊ အယုတ်အမြတ်မရွေးပါ။ ဒါပေမယ့် သူတို့က ဘုရားဂတိတော်တွေထက် အခြေနေတွေကိုပဲပိုလက်ခံတယ်။ ပိုယုံပြီးတော့ မြင်လာတယ်။ ဒီလောက်နည်းလမ်းပေါင်းစုံနဲ့ ကောင်းမြတ်တဲ့ဘုရားကိုချီးမွမ်းရမယ့်အစား ငြီးတွားတယ်၊ အပြစ်တင်တယ်။ ကိုယ့်မျက်စိရှေ့မှာ ဒီလောက် နိမိတ်လက္ခဏာတွေဖြစ်ပြီးတော့ ရန်သူတွေကို အကြိမ်ကြိမ်အောင်မြင်ခဲ့တယ်။ လိုအပ်ချက်တွေကို နည်းလမ်းပေါင်းစုံနဲ့ဘုရားထောက်ပံ့ခဲ့ပေမယ့် သူတို့ဟာသူတို့ အမြဲတမ်းဘာမှမဟုတ်တဲ့လူတွေလို့ပဲမြင်တယ်။ နှံကောင်လိုပဲ ကိုယ့်ဟာကိုယ်တင်စားကြတယ်။ အဲ့ဒီရဲ့ရလဒ်ကတော့ ဂတိတော်ကို မမှီတော့ပဲ တောထဲမှာသေသွားကြတာပါပဲ။ ဂတိတော်ဟာ ရှေ့လက်တကမ်းမှာ ရှိပေမယ့် စားရခါနီးမှ ပုတ်ချခံရသလိုပါပဲ။ အဲဂုတ္တုကထွက်လာတဲ့အထဲက နှစ်ယောက်ကပဲ ဂတိတော်တွေထဲမှာ ခြေချခွင့်ရပါတယ်။ ဒါကြောင့်ဂတိတော်တွေတော့အများကြီးပဲ အဲ့ဒါကို မမှီတဲ့သူ ဖြစ်စေချင်တယ်။ ဘယ်လိုအခြေအနေမျိုးမဆို ဘုရားကိုစိတ်ချပါ။ သူက ဂတိပေးထားရုံမဟုတ်ဘူးအဲ့ဒါတွေအားလုံးကိုပြည့်စုံဖို့တတ်စွမ်းနိုင်တဲ့သူပါ။



Zawgyi

ဘုရားသခင္ရဲ႕ဂတိေတာ္ (၅)

“ထို​ေၾကာင့္၊ ဘု​ရား​သ​ခင္၏ ခ်မ္း​သာ​ထဲ​သို႔ ဝင္​ရ​ေသာ​အ​ခြင့္​ကို ေပး​ေသာ က​တိ​ေတာ္​သည္ ငါ​တို႔၌​႐ွိ​ရစ္​လ်က္​ႏွင့္၊ သင္​တို႔​တြင္ အ​ခ်ိဳ႕​တို႔​သည္ မ​မီ​ဘဲ​ေန​မည္​ကို စိုး​ရိမ္​ၾက​ကုန္​အံ့။-”(ေဟၿဗဲ၄:၁)


ဂတိေတာ္႐ွိတယ္

ကြၽန္ေတာ္ငယ္စဥ္က ခံစားရတဲ့အထဲမွာ အဆိုး႐ြားဆုံးက ဂတိမတည္တဲ့ လူေတြနဲ႔ေတြ႕ၾကဳံ စားခဲ့ရဖူးတဲ့အခ်ိန္ေတြပါ။ ဂတိေပးၿပီး ကိုယ္က အဲ့ဒီဂတိေပးထားတဲ့အရာေတြကို စိတ္ကူးယဥ္လို႔ေကာင္းတုန္းတကယ္လည္းအခ်ိန္ေရာက္လာတဲ့အခါမွာေတာ့ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ဂတိ တစ္လုံးကို ဖ်က္လိုက္တာခံရဖူးတယ္။ ေျပာင္းလဲကာစမွာ ဆုံးျဖတ္ဖူးတဲ့ ဆုံးျဖတ္ခ်က္ေတြ ထဲမွာတစ္ခုကေတာ့ ေပးတဲ့ဂတိကို တည္တဲ့သူျဖစ္ခ်င္တယ္ ဆိုတာလည္းပါတယ္။ အထူးသျဖင့္ မိသားစုမွာပါ။ ကေလးေတြအေပၚမွာ ေပးတဲ့ဂတိေတြကို တည္တဲ့ဖခင္ျဖစ္ခ်င္တယ္။ ငယ္ငယ္တုန္းက ကိုယ္ခံစားသလို သူ႕တို႔ကို မခံစားေစခ်င္ဘူး။ ဒါေပမယ့္ ဘယ္ေလာက္ေကာင္းတဲ့ဂတိေတြ႐ွိ႐ွိ အဲ့ဒီဂတိကို ကိုင္ဆြဲၿပီးေတာ့ ေလွ်ာက္လွမ္းဘူးဆိုလည္း ဘာမွ ထူးမွာမဟုတ္ပါဘူး။ ဘုရားက ကြၽန္ေတာ္တို႔ဘ၀ေတြအတြက္ ဂတိမ်ားစြာေပးခဲ့တယ္။ ကယ္တယ္ျခင္းနဲ႔ဆိုင္တဲ့ ဂတိ၊ ေကာင္းႀကီးမဂၤလာနဲ႔ဆိုင္တဲ့ ဂတိ၊ က်န္းမာျခင္းနဲ႔ဆိုင္တဲ့ ဂတိ၊ ႂကြယ္၀ျခင္းနဲ႔ဆိုင္တဲ့ ဂတိ၊ ခြင့္လႊတ္ျခင္းနဲ႔ဆိုင္တဲ့ဂတိ၊ မ်ားလိုက္တဲ့ အဲ့ဒီဂတိေတာ္ေတြဟာ ဖတ္လို႔ေကာင္းေအာင္ပဲေပးထားတာမဟုတ္ဘူး။ အသက္တာမွာ ယုံၿပီးေတာ့ ေလွ်ာက္လွမ္းတဲ့သူေတြအတြက္ ေပးထားတာပါ။ ခက္တာက တခ်ိဳ႕ဆို ဘာဂတိေပးလို႔ေပးထားမွန္းေတာင္မသိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ဂတိေတာ္ေတြနဲ႔ျပည့္ႏွက္ေနတဲ့ က်မ္းစာကိုေသခ်ာမဖတ္လို႔ပါပဲ။


မမွီပဲေနမွာ စိုးရိမ္တယ္

ဂတိေတြဒီေလာက္မ်ားတာ ဘာစိုးရိမ္စရာ႐ွိလို႔လည္းလို႔ေမးရင္ ႐ွိပါတယ္။ အဲ့ဒီဂတိေတြကို မမွီပဲ ေနမယ္လို႔က်မ္းစာက ေထာက္ျပပါတယ္။ ဘယ္လိုမမွီတာလဲ။ ဣသေရလ လူမ်ိဳးေတြ အဲဂုတၱဳကထြက္လာတဲ့အခါမွာ ဘုရားဂတိေတာ္က လူတိုင္းအတြက္ပါ။ အႀကီးအငယ္မေ႐ြး၊ အယုတ္အျမတ္မေ႐ြးပါ။ ဒါေပမယ့္ သူတို႔က ဘုရားဂတိေတာ္ေတြထက္ အေျခေနေတြကိုပဲပိုလက္ခံတယ္။ ပိုယုံၿပီးေတာ့ ျမင္လာတယ္။ ဒီေလာက္နည္းလမ္းေပါင္းစုံနဲ႔ ေကာင္းျမတ္တဲ့ဘုရားကိုခ်ီးမြမ္းရမယ့္အစား ၿငီးတြားတယ္၊ အျပစ္တင္တယ္။ ကိုယ့္မ်က္စိေ႐ွ႕မွာ ဒီေလာက္ နိမိတ္လကၡဏာေတြျဖစ္ၿပီးေတာ့ ရန္သူေတြကို အႀကိမ္ႀကိမ္ေအာင္ျမင္ခဲ့တယ္။ လိုအပ္ခ်က္ေတြကို နည္းလမ္းေပါင္းစုံနဲ႔ဘုရားေထာက္ပံ့ခဲ့ေပမယ့္ သူတို႔ဟာသူတို႔ အၿမဲတမ္းဘာမွမဟုတ္တဲ့လူေတြလို႔ပဲျမင္တယ္။ ႏွံေကာင္လိုပဲ ကိုယ့္ဟာကိုယ္တင္စားၾကတယ္။ အဲ့ဒီရဲ႕ရလဒ္ကေတာ့ ဂတိေတာ္ကို မမွီေတာ့ပဲ ေတာထဲမွာေသသြားၾကတာပါပဲ။ ဂတိေတာ္ဟာ ေ႐ွ႕လက္တကမ္းမွာ ႐ွိေပမယ့္ စားရခါနီးမွ ပုတ္ခ်ခံရသလိုပါပဲ။ အဲဂုတၱဳကထြက္လာတဲ့အထဲက ႏွစ္ေယာက္ကပဲ ဂတိေတာ္ေတြထဲမွာ ေျခခ်ခြင့္ရပါတယ္။ ဒါေၾကာင့္ဂတိေတာ္ေတြေတာ့အမ်ားႀကီးပဲ အဲ့ဒါကို မမွီတဲ့သူ ျဖစ္ေစခ်င္တယ္။ ဘယ္လိုအေျခအေနမ်ိဳးမဆို ဘုရားကိုစိတ္ခ်ပါ။ သူက ဂတိေပးထား႐ုံမဟုတ္ဘူးအဲ့ဒါေတြအားလုံးကိုျပည့္စုံဖို႔တတ္စြမ္းႏိုင္တဲ့သူပါ။

4 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube