Search
  • Than Min Htike

ဘုရားအကြံအစည်

"သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည် အတိုင်း၊ လူများအသက် ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏။၊"(က-၅၀:၂၀)


လူတွေသင့်အပေါ်မှာ ဘာတွေကြံစည်နေကြလည်းမစိုးရိမ်နဲ့။ သူတို့အကြံအစည်အတိုင်းသင်ဖြစ်မှာမဟုတ်ဘူး။ ဘုရားနဲ့သာ တည့်မတ်အောင်အသက်ရှင်ပါ။

တရားလမ်းကနေမလွဲစေနဲ့။ လူတွေသင့်အပေါ် ညှင်းဆဲ

ဖို့ကြံစည်ရင်တောင်မှ ဘုရားက သင်သာမက လူများ

စွာကောင်းကြီးဖြစ်စေသူအဖြစ် ပြောင်းပစ်လိုက်နိုင်တယ်။ ယောသပ်ဘဝကိုပဲကြည့် တကယ်တော့ အစ်ကိုတွေက သူ့ကို အဆိုးဆုံးဖြစ်အောင် ကြံစည်လုပ်ဆောင်

လိုက်တာ။ ဒါ‌ပေမယ့် ယောသပ်သူတို့အကြံအစည်အ တိုင်းမဖြစ်ဘူး။ လူတွေသင့်အပေါ်မှာ မကောင်းကြံလို့၊

မကောင်းပြုမူလို့ သင်မကောင်းဖြစ်မသွားဘူး။ အရေး

ကြီးတာ ဘုရားနဲ့နေ့စဉ်လျှောက်လှမ်းအသက်ရှင်တတ်

ဖို့ပဲ။ သင့်ဘဝကိုလူတွေက ကြိုးဆွဲလို့မရဘူး။ ဘုရား

လက်ထဲမှာရှိနေရင် အဲ့ဒီဘုရားကပဲအရာရာကိုအကောင်း ဆုံးပုံဖေါ်လုပ်ဆောင်သွားလိမ့်မယ်။

ဒါကြောင့်ဘုရားကိုစိတ်ချပါ။ သင့်ဘဝကို

ပုံဖေါ်ပေးမယ့်သူဟာ လူတွေမဟုတ်သလို၊ သင်ကိုတိုင်

လည်းမဟုတ်ဘူး။ လူဟာ အထူးထူးအပြားပြားကြံစည်

ပေမယ့် ဘုရားရဲ့အကြံအစည်သာတည်မယ်လို့ဆိုတယ်

မဟုတ်လား(သု-၁၉:၂၁)။ ဘာကြောင့်လဲဆိုတော့ ကျွန်

တော်တို့ရဲ့အကြံအစည်ဟာ ဘုရားအကြံအစည်ထက်

နိမ့်နေလို့ပဲ။ အဲ့ဒီ မေတ္တာရှင်ဘုရားဟာ သင့်ဘဝအတွက်

အကောင်းဆုံးအကြံအစည်၊ အကောင်းဆုံးအရာတွေ

ကိုပြင်ဆင်ထားပြီးသားပါ။ ယုံကြည်စိတ်ချခြင်းနဲ့နေ့

ရက်တိုင်းမှာ အသက်ရှင်ပါ။



Zawgyi

ဘုရားအၾကံအစည္

"သင္တို႔သည္ ကြၽႏ္ုပ္ကို ညႇဥ္းဆဲမည္ၾကံၾကေသာ္လည္း၊ ဘုရားသခင္သည္ ယေန႔ျဖစ္သည္ အတိုင္း၊ လူမ်ားအသက္ ခ်မ္းသာေစျခင္းငွါ ေက်းဇူးျပဳမည္ ၾကံေတာ္မူ၏။၊"(က-၅၀:၂၀)


လူေတြသင့္အေပၚမွာ ဘာေတြၾကံစည္ေနၾကလည္းမစိုးရိမ္နဲ႔။ သူတို႔အၾကံအစည္အတိုင္းသင္ျဖစ္မွာမဟုတ္ဘူး။ ဘုရားနဲ႔သာ တည့္မတ္ေအာင္အသက္႐ွင္ပါ။ တရားလမ္းကေနမလြဲေစနဲ႔။ လူေတြသင့္အေပၚ ညႇင္းဆဲဖို႔ၾကံစည္ရင္ေတာင္မွ ဘုရားက သင္သာမက လူမ်ားစြာေကာင္းႀကီးျဖစ္ေစသူအျဖစ္ ေျပာင္းပစ္လိုက္ႏိုင္တယ္။ ေယာသပ္ဘဝကိုပဲၾကည့္ တကယ္ေတာ့ အစ္ကိုေတြက သူ႕ကို အဆိုးဆုံးျဖစ္ေအာင္ ၾကံစည္လုပ္ေဆာင္ လိုက္တာ။ ဒါ‌ေပမယ့္ ေယာသပ္သူတို႔အၾကံအစည္အ တိုင္းမျဖစ္ဘူး။ လူေတြသင့္အေပၚမွာ မေကာင္းၾကံလို႔၊

မေကာင္းျပဳမူလို႔ သင္မေကာင္းျဖစ္မသြားဘူး။ အေရးႀကီးတာ ဘုရားနဲ႔ေန႔စဥ္ေလွ်ာက္လွမ္းအသက္႐ွင္တတ္ဖို႔ပဲ။ သင့္ဘဝကိုလူေတြက ႀကိဳးဆြဲလို႔မရဘူး။ ဘုရားလက္ထဲမွာ႐ွိေနရင္ အဲ့ဒီဘုရားကပဲအရာရာကိုအေကာင္း ဆုံးပုံေဖၚလုပ္ေဆာင္သြားလိမ့္မယ္။

ဒါေၾကာင့္ဘုရားကိုစိတ္ခ်ပါ။ သင့္ဘဝကိုပုံေဖၚေပးမယ့္သူဟာ လူေတြမဟုတ္သလို၊ သင္ကိုတိုင္လည္းမဟုတ္ဘူး။ လူဟာ အထူးထူးအျပားျပားၾကံစည္ေပမယ့္ ဘုရားရဲ႕အၾကံအစည္သာတည္မယ္လို႔ဆိုတယ္မဟုတ္လား(သု-၁၉:၂၁)။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕အၾကံအစည္ဟာ ဘုရားအၾကံအစည္ထက္နိမ့္ေနလို႔ပဲ။ အဲ့ဒီ ေမတၱာ႐ွင္ဘုရားဟာ သင့္ဘဝအတြက္အေကာင္းဆုံးအၾကံအစည္၊ အေကာင္းဆုံးအရာေတြကိုျပင္ဆင္ထားၿပီးသားပါ။ ယုံၾကည္စိတ္ခ်ျခင္းနဲ႔ေန႔ရက္တိုင္းမွာ အသက္႐ွင္ပါ။

7 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube