Search
  • Than Min Htike

ဘုရားအကြံအစည် (၂)

“တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။”(ယေရမိ-၂၉:၁၁)


ကောင်းတယ်ဆိုတာထက်ပိုကောင်းတယ်

လူက ကိုယ်စဉ်းစားထားတာပဲ ပိုကောင်းတယ်လို့ထင်တတ်ကြတာသဘာ၀ပါပဲ။ လူ့ဦး‌နှောက်နဲ့ဆုံးဖြတ် ချက်တွေအားလုံးက မှန်ကန်တဲ့ရလဒ် ဖြစ်ချင်မှဖြစ်တတ် တယ်ဆိုတာ တခါတလေ မေ့နေတတ်ကြတယ်။ မိဘနဲ့သားသမီးလိုပေါ့ သားသမီးတွေ ဘယ်လောက်ကောင်းအောင်စဉ်းစားတယ်ဆိုပေမယ့် မိဘမြင်သလောက်တော့ မမြင်နိုင်မတွေးခေါ်နိုင်ကြဘူးမဟုတ်လား။ ဒီလိုပါပဲ ကျွန်တော်တို့ အကောင်းဆုံး အတွေးအခေါ် အကြံအစည်တွေက ဘုရားပြင်ဆင်ထားတဲ့ အရာတွေလောက်ကောင်းမှာမဟုတ်သလို ဘယ်လိုမှလည်းမှီမှာမဟုတ်ဘူး။ ကျွန် တော်တို့ ကြံစည်တာတွေ၊ ကြိုးစားပြင်ဆင်တာတွေ ပျက်သွားလို့ စိတ်မပျက်ပါနဲ့ အသက်တာကိုဘုရားလက်ထဲ အပ်နှံတဲ့သူအတွက် ဘုရားက ပိုကောင်းတဲ့ သူ့အကြံစည်ထဲကို ခေါ်ဆောင်သွားနေတယ်ဆိုတာကိုမမေ့ပါနဲ့။ ကျွန် တော်ဘ၀မှာလည်း ကိုယ်စဉ်းစားစီစဉ်ထားတဲ့အရာတွေ

မဖြစ်လာတာအများကြီးပဲ၊ အရင်ကတော့အရမ်းကိုခံစားတယ်။ ဘာကြောင့်များဒီလောက်ဆက်ကပ်နေရဲ့သားနဲ့ ဒီလိုဖြစ်ရတာလည်းပေါ့။ ဒါပေမယ့် ဘုရားက ပိုကောင်းတဲ့အစီအစဉ်နဲ့ အစားထိုးပေးလိုက်တယ်။ အစပိုင်းမှာ ခံစားရပေမယ့် နောက်ပိုင်းမှာ ဘုရားဘယ်လောက်ကောင်းမြတ်သလဲဆိုတာ ပိုသိလာတယ်။ ဘုရားအလိုတော်နဲ့အကြံအစည်ပြည့်စုံပါစေလို့ ဆုတောင်းတဲ့အခါမှာ သိထားဖို့က ကိုယ့်အကြံအစည်နဲ့ အလိုဟာတခါတလေ ဘေးရောက်သွားမယ့်၊ ဝေးကွာသွားမယ့် အချိန်တွေရှိတတ်တယ်ဆိုတာပါပဲ။ ဒါပေမယ့် ဘုရားက ကျွန်တော်တို့မျှော်လင့်ချက်တွေကိုရိုက်ချိုးပစ်မှာမဟုတ်ပါဘူး။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ မျှော်လင့်တဲ့အရာကပျက်ဆီးမှာမဟုတ်ပဲ ဘုရားကမျှော်လင့်တာထက်ပိုတောင်လုပ်ပေးသေးတယ်ဆိုတာ သိလာရမှာပါ။ ဆရာကြီး ယုဒဿန်က တကယ်တော့ မြန်မာပြည်ကိုသာသနာပြုဖို့လာတာမဟုတ်ခဲ့ဘူး။ သူ ရွေးချယ်ပြီးတော့လာခဲ့တာက အိန္ဒိယကိုပါ။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့်အဆင်မပြေဖြစ်ခဲ့ပြီးတော့ နောက်ဆုံးမြန်မာနိုင်ငံကိုရောက်လာခဲ့တယ်။ သူရည်မှန်းထားတဲ့ အရာက ပျက်သွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဘုရားက ပိုကောင်းတဲ့အရာကြံစည်ထားတယ်ဆိုတာကို နောက်ပိုင်းမှ  တဖြည်းဖြည်းသိလာရတယ်။ အိန္ဒိယမှာ သူလုပ်ဆောင်ခဲ့ရင်တောင် ဒီလောက်ထိရောက်မှာ မဟုတ်ဘူး။ ဘုရားက သူ့ကိုပိုကောင်းပြီးတနိုင်ငံလုံးကိုထိရောက်စေမယ့် နေရာကို ပို့ဆောင်ပေးခဲ့တယ်။ အစပိုင်း လူတွေ မပြောင်းလဲနိုင်ပဲ အခက်အခဲတွေတွေ့ ရချိန်မှာ သူ မေးခွန်းထုတ်ကောင်းထုတ်မယ်၊ ဒါပေမယ့် နောက်ပိုင်း အရှိန်အဟုန်နဲ့ သူ့အားဖြင့် ကောင်းကြီးဖြစ်ခဲ့တဲ့ နိုင်ငံတစ်ခု ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို သူသိလာရရင်တော့ ဘယ်လောက်တောင် ဘုရားကိုကျေးဇူးတင်နေမယ်လို့ထင်သလဲ။


ရေတိုမဟုတ်ဘူး ရေရှည်

ဘုရားက အလုပ်လုပ်ရင် ဘယ်တော့မှ ရေတိုစီမံကိန်းတွေမလုပ်ဘူး။ ရေရှည်စီမံကိန်းတွေနဲ့ပဲလုပ်တယ်။ တစ်ရက်နှစ်ရက်နဲ့တော့အဖြေထွက်မှာမဟုတ်သလို၊ သိသာမှာလည်းမဟုတ်ဘူး။ အိမ်မက်တွေမက်ခဲ့တဲ့ယောသပ်ချက်ခြင်းကြီးပြည့်စုံတာမဟုတ်ပဲ ရောင်းစားခံရတာနဲ့အစပြုခဲ့သလို။ ဘိသိက်ခြင်းခံရတဲ့ဒါဝိဒ်ချက်ခြင်းကြီး ဘုရင်ဖြစ်တာမဟုတ်ပဲ တောပုန်းအရင်ဖြစ်ခဲ့သေးတယ်မဟုတ်လား။ ဒါပေမယ့် ဘုရားကို ကိုးစားပြီး အသက်ရှင်‌ လျှောက်လှမ်းခြင်းနဲ့ ဘုရားအကြံအစည်ကတဖြည်း ဖြည်းသူတို့အသက်တာမှာ အကောင်ထည်ဖေါ်ခဲ့တယ်။ အခုစိုက်အခုစားလို့မရသလို၊ အခုရေတွင်းတူးအခုရေ ကြည်တော့ ဘယ်သောက်လို့ရမလဲ။ ဘုရားနဲ့သွားလာရင် စိတ်ရှည်ဖို့တော့အရမ်းလိုတယ်။ အိမ်တစ်လုံးဆောက်တဲ့အခါမှာ ချက်ခြင်းကြီး အိမ်ရဲ့ အလှကိုပေါ်လွင်စေမှာမဟုတ်ပဲ တဖြည်းဖြည်းခြင်းစီ ပုံပေါ်လာသလိုပါပဲ။ ဘုရားကလည်း ကျွန်တော်တို့ဘ၀အသက်တာကို သူ့အကြံအစည်နဲ့ တဖြည်းဖြည်းချင်းပုံဖေါ်နေတယ်ဆိုတာကိုမမေ့နဲ့။ အဆုံးသတ်မှာတော့ ငြိမ်သက်ခြင်းနဲ့ ဘုရားပို့ဆောင်မယ့် အကြံအစည်ကိုရှင်းလင်းစွာ မြင်တွေ့ရမယ်ဆိုတာကိုတော့စိတ်ချပါ။ အခုချက်ခြင်းတော့အဆုံး ဘယ်လိုဖြစ်လာမလဲဆိုတာတော့ကျွန်တော်လည်းအကုန်မသိဘူး။ ကျွန်တော်သိတာကတော့ ဘုရားအားလုံးသိတယ်၊ အားလုံးအကောင်းဆုံး ပြင်ဆင်ထားတယ်ဆိုတာပါပဲ။




Zawgyi

ဘုရားအၾကံအစည္ (၂)

“တစ္​ဖန္ မိန္႔​ေတာ္​မူ​သည္​ကား၊ ငါ​သည္ သင္​တို႔​ကို အ​က်ိဳး​နည္း​ေစ​ျခင္း​ငွာ ၾကံ​စည္​ေသာ​အ​ၾကံ​မ​ဟုတ္​ဘဲ၊ သင္​တို႔​သည္ ေမွ်ာ္​လင့္​ေသာ​အ​က်ိဳး​ကို​ရ​မည္​အ​ေၾကာင္း၊ ၿငိမ္​ဝပ္​ေစ​ျခင္း​ငွာ​သာ၊ သင္​တို႔​အ​ဖို႔ ၾကံ​စည္​ေသာ အ​ၾကံ​တို႔​ကို ငါ​သိ၏။”(ေယရမိ-၂၉:၁၁)


ေကာင္းတယ္ဆိုတာထက္ပိုေကာင္းတယ္

လူက ကိုယ္စဥ္းစားထားတာပဲ ပိုေကာင္းတယ္လို႔ထင္တတ္ၾကတာသဘာ၀ပါပဲ။ လူ႕ဦး‌ေႏွာက္နဲ႔ဆုံးျဖတ္ ခ်က္ေတြအားလုံးက မွန္ကန္တဲ့ရလဒ္ ျဖစ္ခ်င္မွျဖစ္တတ္ တယ္ဆိုတာ တခါတေလ ေမ့ေနတတ္ၾကတယ္။ မိဘနဲ႔သားသမီးလိုေပါ့ သားသမီးေတြ ဘယ္ေလာက္ေကာင္းေအာင္စဥ္းစားတယ္ဆိုေပမယ့္ မိဘျမင္သေလာက္ေတာ့ မျမင္ႏိုင္မေတြးေခၚႏိုင္ၾကဘူးမဟုတ္လား။ ဒီလိုပါပဲ ကြၽန္ေတာ္တို႔ အေကာင္းဆုံး အေတြးအေခၚ အၾကံအစည္ေတြက ဘုရားျပင္ဆင္ထားတဲ့ အရာေတြေလာက္ေကာင္းမွာမဟုတ္သလို ဘယ္လိုမွလည္းမွီမွာမဟုတ္ဘူး။ ကြၽန္ ေတာ္တို႔ ၾကံစည္တာေတြ၊ ႀကိဳးစားျပင္ဆင္တာေတြ ပ်က္သြားလို႔ စိတ္မပ်က္ပါနဲ႔ အသက္တာကိုဘုရားလက္ထဲ အပ္ႏွံတဲ့သူအတြက္ ဘုရားက ပိုေကာင္းတဲ့ သူ႕အၾကံစည္ထဲကို ေခၚေဆာင္သြားေနတယ္ဆိုတာကိုမေမ့ပါနဲ႔။ ကြၽန္ ေတာ္ဘ၀မွာလည္း ကိုယ္စဥ္းစားစီစဥ္ထားတဲ့အရာေတြ

မျဖစ္လာတာအမ်ားႀကီးပဲ၊ အရင္ကေတာ့အရမ္းကိုခံစားတယ္။ ဘာေၾကာင့္မ်ားဒီေလာက္ဆက္ကပ္ေနရဲ႕သားနဲ႔ ဒီလိုျဖစ္ရတာလည္းေပါ့။ ဒါေပမယ့္ ဘုရားက ပိုေကာင္းတဲ့အစီအစဥ္နဲ႔ အစားထိုးေပးလိုက္တယ္။ အစပိုင္းမွာ ခံစားရေပမယ့္ ေနာက္ပိုင္းမွာ ဘုရားဘယ္ေလာက္ေကာင္းျမတ္သလဲဆိုတာ ပိုသိလာတယ္။ ဘုရားအလိုေတာ္နဲ႔အၾကံအစည္ျပည့္စုံပါေစလို႔ ဆုေတာင္းတဲ့အခါမွာ သိထားဖို႔က ကိုယ့္အၾကံအစည္နဲ႔ အလိုဟာတခါတေလ ေဘးေရာက္သြားမယ့္၊ ေဝးကြာသြားမယ့္ အခ်ိန္ေတြ႐ွိတတ္တယ္ဆိုတာပါပဲ။ ဒါေပမယ့္ ဘုရားက ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ခ်က္ေတြကို႐ိုက္ခ်ိဳးပစ္မွာမဟုတ္ပါဘူး။ အဆုံးသတ္မွာေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္တဲ့အရာကပ်က္ဆီးမွာမဟုတ္ပဲ ဘုရားကေမွ်ာ္လင့္တာထက္ပိုေတာင္လုပ္ေပးေသးတယ္ဆိုတာ သိလာရမွာပါ။ ဆရာႀကီး ယုဒႆန္က တကယ္ေတာ့ ျမန္မာျပည္ကိုသာသနာျပဳဖို႔လာတာမဟုတ္ခဲ့ဘူး။ သူ ေ႐ြးခ်ယ္ၿပီးေတာ့လာခဲ့တာက အိႏၵိယကိုပါ။ ဒါေပမယ့္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္အဆင္မေျပျဖစ္ခဲ့ၿပီးေတာ့ ေနာက္ဆုံးျမန္မာႏိုင္ငံကိုေရာက္လာခဲ့တယ္။ သူရည္မွန္းထားတဲ့ အရာက ပ်က္သြားတယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ ဘုရားက ပိုေကာင္းတဲ့အရာၾကံစည္ထားတယ္ဆိုတာကို ေနာက္ပိုင္းမွ  တျဖည္းျဖည္းသိလာရတယ္။ အိႏၵိယမွာ သူလုပ္ေဆာင္ခဲ့ရင္ေတာင္ ဒီေလာက္ထိေရာက္မွာ မဟုတ္ဘူး။ ဘုရားက သူ႕ကိုပိုေကာင္းၿပီးတႏိုင္ငံလုံးကိုထိေရာက္ေစမယ့္ ေနရာကို ပို႔ေဆာင္ေပးခဲ့တယ္။ အစပိုင္း လူေတြ မေျပာင္းလဲႏိုင္ပဲ အခက္အခဲေတြေတြ႕ ရခ်ိန္မွာ သူ ေမးခြန္းထုတ္ေကာင္းထုတ္မယ္၊ ဒါေပမယ့္ ေနာက္ပိုင္း အ႐ွိန္အဟုန္နဲ႔ သူ႕အားျဖင့္ ေကာင္းႀကီးျဖစ္ခဲ့တဲ့ ႏိုင္ငံတစ္ခု ေပၚေပါက္လာခဲ့တယ္ဆိုတာကို သူသိလာရရင္ေတာ့ ဘယ္ေလာက္ေတာင္ ဘုရားကိုေက်းဇူးတင္ေနမယ္လို႔ထင္သလဲ။


ေရတိုမဟုတ္ဘူး ေရ႐ွည္

ဘုရားက အလုပ္လုပ္ရင္ ဘယ္ေတာ့မွ ေရတိုစီမံကိန္းေတြမလုပ္ဘူး။ ေရ႐ွည္စီမံကိန္းေတြနဲ႔ပဲလုပ္တယ္။ တစ္ရက္ႏွစ္ရက္နဲ႔ေတာ့အေျဖထြက္မွာမဟုတ္သလို၊ သိသာမွာလည္းမဟုတ္ဘူး။ အိမ္မက္ေတြမက္ခဲ့တဲ့ေယာသပ္ခ်က္ျခင္းႀကီးျပည့္စုံတာမဟုတ္ပဲ ေရာင္းစားခံရတာနဲ႔အစျပဳခဲ့သလို။ ဘိသိက္ျခင္းခံရတဲ့ဒါဝိဒ္ခ်က္ျခင္းႀကီး ဘုရင္ျဖစ္တာမဟုတ္ပဲ ေတာပုန္းအရင္ျဖစ္ခဲ့ေသးတယ္မဟုတ္လား။ ဒါေပမယ့္ ဘုရားကို ကိုးစားၿပီး အသက္႐ွင္‌ ေလွ်ာက္လွမ္းျခင္းနဲ႔ ဘုရားအၾကံအစည္ကတျဖည္း ျဖည္းသူတို႔အသက္တာမွာ အေကာင္ထည္ေဖၚခဲ့တယ္။ အခုစိုက္အခုစားလို႔မရသလို၊ အခုေရတြင္းတူးအခုေရ ၾကည္ေတာ့ ဘယ္ေသာက္လို႔ရမလဲ။ ဘုရားနဲ႔သြားလာရင္ စိတ္႐ွည္ဖို႔ေတာ့အရမ္းလိုတယ္။ အိမ္တစ္လုံးေဆာက္တဲ့အခါမွာ ခ်က္ျခင္းႀကီး အိမ္ရဲ႕ အလွကိုေပၚလြင္ေစမွာမဟုတ္ပဲ တျဖည္းျဖည္းျခင္းစီ ပုံေပၚလာသလိုပါပဲ။ ဘုရားကလည္း ကြၽန္ေတာ္တို႔ဘ၀အသက္တာကို သူ႕အၾကံအစည္နဲ႔ တျဖည္းျဖည္းခ်င္းပုံေဖၚေနတယ္ဆိုတာကိုမေမ့နဲ႔။ အဆုံးသတ္မွာေတာ့ ၿငိမ္သက္ျခင္းနဲ႔ ဘုရားပို႔ေဆာင္မယ့္ အၾကံအစည္ကို႐ွင္းလင္းစြာ ျမင္ေတြ႕ရမယ္ဆိုတာကိုေတာ့စိတ္ခ်ပါ။ အခုခ်က္ျခင္းေတာ့အဆုံး ဘယ္လိုျဖစ္လာမလဲဆိုတာေတာ့ကြၽန္ေတာ္လည္းအကုန္မသိဘူး။ ကြၽန္ေတာ္သိတာကေတာ့ ဘုရားအားလုံးသိတယ္၊ အားလုံးအေကာင္းဆုံး ျပင္ဆင္ထားတယ္ဆိုတာပါပဲ။

11 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube