- Than Min Htike
ဘုရား အကြံအစည် (၃)
“အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။အကျွန်ုပ်သည် နိုးသောအခါ ကိုယ်တော်ထံ၌ အစဉ်ရှိပါ၏။”(ဆာလံ-၁၃၉:၁၇-၁၈)
အမှတ်တမဲ့ရောက်လာတာမဟုတ်ဘူး
မှားယွင်းတဲ့ ယုံကြည်ချက်တွေထဲမှာ အဆိုးဆုံးကတော့ လောကကြီးထဲကိုအမှတ်တမဲ့ရောက်လာတယ်လို့ ကိုယ့်ဟာကိုယ်ထင်မြင်ခြင်းပါပဲ။ ဘယ်သူမှ မလိုချင်ပဲ၊ ဘာအစီအစဉ်မှမရှိပဲ မတော်တဆ လောကကြီးကို ရောက်လာတဲ့သူတစ်ယောက်မှမရှိဘူး။ မိဘတွေမှာ တိကျတဲ့အစီအစဉ် ရှိချင်မှရှိမယ်။ သူတို့အရမ်းလိုချင်တဲ့သူလည်းဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် သင်ဟာတိကျတဲ့ ဘုရားရဲ့ အစီအစဉ်နဲ့ ရှေးမဆွခွဲခန့်မှတ်သားမှုနဲ့အတူ လောကကြီးကို ရောက်လာတယ်ဆိုတာ နှုတ်ကပတ်တော်က အကြိမ်ကြိမ်ဖေါ်ပြထားတယ်။ ကျွန်တော်က ညီအကို မောင်နှမ (၅)ယောက်မှာ အငယ်ဆုံးဖြစ်တဲ့အတွက် ငယ်ငယ်က ဘာလုပ်လုပ် အဆင်မပြေ၊ လိုချင်တာ ဘာတစ်ခုမှ မရတဲ့အခါတိုင်းမှာ ဘာလို့များငါ့ကိုမွေးသေးလဲလို့ စဉ်းစားဖူးတယ်။ လေးယောက်မှာပဲ ရပ်လိုက်ရင် ငါလူလာဖြစ်လာမှာမဟုတ်ဘူးလို့လည်းအမြဲအပြစ် တင်ဖူးတယ်။ ဘုရားကိုသိပြီးတဲ့နောက်ပိုင်းမှာတော့ လူတွေရဲ့အစီအစဉ်၊ လူတွေရဲ့လိုချင်မှုကြောင့် ကျွန်တော်လောကကြီးကို ရောက်လာတာမဟုတ်ပဲ ဘုရားရဲ့ကြီး မားတဲ့အကြံအစည်ကြောင့်ဆိုတာကို အရမ်းနားလည်သွားခဲ့တယ်။ ဒါကြောင့် ဘယ်သူကိုမှအပြစ်မတင်တော့သလို ဘာကိုမှလည်းစိတ်ပျက်တာမရှိတော့ဘူး။
မမွေးခင်ကပင်
ဆာလံဆရာက ပြောတယ် အမိဝမ်းထဲ မမွေးခင်ကပင် ဘုရားကသိပြီးတော့ ဗိုက်ထဲမှာ သွေးအလုံးလေးနဲ့ ရှိတဲ့အချိန်ကပင် ဘုရားက သင်နဲ့ပတ်သက်ပြီးတော့ တိကျတဲ့ စီစဉ်မှုတွေအကြံအစည်တွေကို ရေးသားမှတ်ထားတယ်လို့ဆိုတယ်။လူတွေက သင့်အပေါ်မှာ အကောင်းဆုံးစဉ်း စားထားတာရှိချင်မှ ရှိမှာပါ။ မိဘတွေကလည်း သင့်ကို လိုအပ်ချင်မှလည်းလိုအပ်မယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း သင်မွေးလာတာ အပြစ်တစ်ခုအနေနဲ့ ဖေါ်ပြခဲ့ရင်တောင် တကယ်တော့ ဒါအမှားမဟုတ်ပါဘူး။ တိကျတဲ့ ဘုရားရဲ့အကြံအစည်ကြောင့်သာ မွေးဖွားလာခဲ့ခြင်းကိုတော့အကြွင်းမဲ့ယုံစေချင်တယ်။ နောက်ဘုရားက သင့်အတွက်စီစဉ်ထားတဲ့အရာတွေက သေးသေးလေးတွေမဟုတ်သလို ၊တစ်ခုနှစ်ခုပဲလည်းမဟုတ်ဘူး။ ဘယ်လိုအခြေအနေနဲ့ပဲမွေးလာမွေးလာ၊ ကိုယ်ခန္ဓာတွေ၊ ငွေကြေးတွေပြည့်စုံချင်မှ ပြည့်စုံလိမ့်မယ် ဘုရားအကြံအစည်ကတော့သင့်အပေါ်မှာ အပြည့်ပဲ။ အဲ့ဒီအကြံအစည်တွေကို မသိခင်၊ မပြည့်စုံခင်ကတော့ လူပိုတစ်ယောက်လိုသင်ခံစားမိချင်ခံစားမိလိမ့်မယ်။ ဒါပေမယ့် ဘုရားအကြံအစည်ပြည့်စုံလာတဲ့နေ့မှာတော့ သင့်အားဖြင့် ဘုရားလုပ်တဲ့အရာတွေကိုကြည့်ပြီးတော့ ဘုရားဘယ် လောက်တောင် ကောင်းမြတ်သလဲဆိုတာကို ပိုသိခွင့်၊ ကျေးဇူးတော်ချီးမွမ်းခွင့်ရပါလိမ့်မယ်။ တချိန်တုန်းက ဘုရားအကြံအစည်ကိုမသိခင်မှာ ကျွန်တော်ကိုယ့်ဟာကိုယ် သတ်သေချင်လောက်အောင် စိတ်ပျက်ဖူးတယ်။ လောကကြီးမှာရှင်သန်တာ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ ခံစားရလောက်အောင် ဖြစ်ဖူးတယ်။ ဒါပေမယ့် ဘုရားအကြံအစည်ကိုသိလေလေ အသက်ရှင်ရတဲ့အ ဓိပ္ပါယ်ကိုပို နားလည်လာခဲ့တယ်။ များပြားလှတဲ့သင့်အပေါ်မှာဘုရားထားတဲ့အကြံအစည်တွေအတွက် ယုံကြည်ပါ။ လူတွေကြံစည်သလိုသင့်အပေါ်မှာဖြစ်လာမှာမဟုတ်သလို၊ သင့်စဉ်းစားကြံစည်သလောက်ပဲလည်းမဟုတ်ဘူး။ ကြီးမားများပြားတဲ့ ဘုရားအကြံအစည်တော်သာလျှင် သင့်ဘ၀ သင့်မိသားစုမှာ ပြည့်စုံလာမယ်ဆိုတာ သေချာပါတယ်။

Zawgyi
ဘုရား အၾကံအစည္ (၃)
“အိုဘုရားသခင္၊ အကြၽႏ္ုပ္၌ ကိုယ္ေတာ္၏အၾကံအစည္တို႔သည္ အလြန္ထူးဆန္းၾကပါ၏။ အလြန္မ်ားျပားၾကပါ၏။ ထိုအၾကံအစည္ေတာ္တို႔ကို ေရတြက္လွ်င္၊ သဲလုံးႏွင့္အမွ်မက သာ၍ မ်ားျပားၾကပါ၏။အကြၽႏ္ုပ္သည္ ႏိုးေသာအခါ ကိုယ္ေတာ္ထံ၌ အစဥ္႐ွိပါ၏။”
(ဆာလံ-၁၃၉:၁၇-၁၈)
အမွတ္တမဲ့ေရာက္လာတာမဟုတ္ဘူး
မွားယြင္းတဲ့ ယုံၾကည္ခ်က္ေတြထဲမွာ အဆိုးဆုံးကေတာ့ ေလာကႀကီးထဲကိုအမွတ္တမဲ့ေရာက္လာတယ္လို႔ ကိုယ့္ဟာကိုယ္ထင္ျမင္ျခင္းပါပဲ။ ဘယ္သူမွ မလိုခ်င္ပဲ၊ ဘာအစီအစဥ္မွမ႐ွိပဲ မေတာ္တဆ ေလာကႀကီးကို ေရာက္လာတဲ့သူတစ္ေယာက္မွမ႐ွိဘူး။ မိဘေတြမွာ တိက်တဲ့အစီအစဥ္ ႐ွိခ်င္မွ႐ွိမယ္။ သူတို႔အရမ္းလိုခ်င္တဲ့သူလည္းျဖစ္ခ်င္မွျဖစ္မယ္။ ဒါေပမယ့္ သင္ဟာတိက်တဲ့ ဘုရားရဲ႕ အစီအစဥ္နဲ႔ ေ႐ွးမဆြခြဲခန္႔မွတ္သားမႈနဲ႔အတူ ေလာကႀကီးကို ေရာက္လာတယ္ဆိုတာ ႏႈတ္ကပတ္ေတာ္က အႀကိမ္ႀကိမ္ေဖၚျပထားတယ္။ ကြၽန္ေတာ္က ညီအကို ေမာင္ႏွမ (၅)ေယာက္မွာ အငယ္ဆုံးျဖစ္တဲ့အတြက္ ငယ္ငယ္က ဘာလုပ္လုပ္ အဆင္မေျပ၊ လိုခ်င္တာ ဘာတစ္ခုမွ မရတဲ့အခါတိုင္းမွာ ဘာလို႔မ်ားငါ့ကိုေမြးေသးလဲလို႔ စဥ္းစားဖူးတယ္။ ေလးေယာက္မွာပဲ ရပ္လိုက္ရင္ ငါလူလာျဖစ္လာမွာမဟုတ္ဘူးလို႔လည္းအၿမဲအျပစ္ တင္ဖူးတယ္။ ဘုရားကိုသိၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ လူေတြရဲ႕အစီအစဥ္၊ လူေတြရဲ႕လိုခ်င္မႈေၾကာင့္ ကြၽန္ေတာ္ေလာကႀကီးကို ေရာက္လာတာမဟုတ္ပဲ ဘုရားရဲ႕ႀကီး မားတဲ့အၾကံအစည္ေၾကာင့္ဆိုတာကို အရမ္းနားလည္သြားခဲ့တယ္။ ဒါေၾကာင့္ ဘယ္သူကိုမွအျပစ္မတင္ေတာ့သလို ဘာကိုမွလည္းစိတ္ပ်က္တာမ႐ွိေတာ့ဘူး။
မေမြးခင္ကပင္
ဆာလံဆရာက ေျပာတယ္ အမိဝမ္းထဲ မေမြးခင္ကပင္ ဘုရားကသိၿပီးေတာ့ ဗိုက္ထဲမွာ ေသြးအလုံးေလးနဲ႔ ႐ွိတဲ့အခ်ိန္ကပင္ ဘုရားက သင္နဲ႔ပတ္သက္ၿပီးေတာ့ တိက်တဲ့ စီစဥ္မႈေတြအၾကံအစည္ေတြကို ေရးသားမွတ္ထားတယ္လို႔ဆိုတယ္။လူေတြက သင့္အေပၚမွာ အေကာင္းဆုံးစဥ္း စားထားတာ႐ွိခ်င္မွ ႐ွိမွာပါ။ မိဘေတြကလည္း သင့္ကို လိုအပ္ခ်င္မွလည္းလိုအပ္မယ္။ ပတ္ဝန္းက်င္တစ္ခုလုံးကလည္း သင္ေမြးလာတာ အျပစ္တစ္ခုအေနနဲ႔ ေဖၚျပခဲ့ရင္ေတာင္ တကယ္ေတာ့ ဒါအမွားမဟုတ္ပါဘူး။ တိက်တဲ့ ဘုရားရဲ႕အၾကံအစည္ေၾကာင့္သာ ေမြးဖြားလာခဲ့ျခင္းကိုေတာ့အႂကြင္းမဲ့ယုံေစခ်င္တယ္။ ေနာက္ဘုရားက သင့္အတြက္စီစဥ္ထားတဲ့အရာေတြက ေသးေသးေလးေတြမဟုတ္သလို ၊တစ္ခုႏွစ္ခုပဲလည္းမဟုတ္ဘူး။ ဘယ္လိုအေျခအေနနဲ႔ပဲေမြးလာေမြးလာ၊ ကိုယ္ခႏၶာေတြ၊ ေငြေၾကးေတြျပည့္စုံခ်င္မွ ျပည့္စုံလိမ့္မယ္ ဘုရားအၾကံအစည္ကေတာ့သင့္အေပၚမွာ အျပည့္ပဲ။ အဲ့ဒီအၾကံအစည္ေတြကို မသိခင္၊ မျပည့္စုံခင္ကေတာ့ လူပိုတစ္ေယာက္လိုသင္ခံစားမိခ်င္ခံစားမိလိမ့္မယ္။ ဒါေပမယ့္ ဘုရားအၾကံအစည္ျပည့္စုံလာတဲ့ေန႔မွာေတာ့ သင့္အားျဖင့္ ဘုရားလုပ္တဲ့အရာေတြကိုၾကည့္ၿပီးေတာ့ ဘုရားဘယ္ ေလာက္ေတာင္ ေကာင္းျမတ္သလဲဆိုတာကို ပိုသိခြင့္၊ ေက်းဇူးေတာ္ခ်ီးမြမ္းခြင့္ရပါလိမ့္မယ္။ တခ်ိန္တုန္းက ဘုရားအၾကံအစည္ကိုမသိခင္မွာ ကြၽန္ေတာ္ကိုယ့္ဟာကိုယ္ သတ္ေသခ်င္ေလာက္ေအာင္ စိတ္ပ်က္ဖူးတယ္။ ေလာကႀကီးမွာ႐ွင္သန္တာ ဘာအဓိပၸါယ္မွ မ႐ွိဘူးလို႔ ခံစားရေလာက္ေအာင္ ျဖစ္ဖူးတယ္။ ဒါေပမယ့္ ဘုရားအၾကံအစည္ကိုသိေလေလ အသက္႐ွင္ရတဲ့အ ဓိပၸါယ္ကိုပို နားလည္လာခဲ့တယ္။ မ်ားျပားလွတဲ့သင့္အေပၚမွာဘုရားထားတဲ့အၾကံအစည္ေတြအတြက္ ယုံၾကည္ပါ။ လူေတြၾကံစည္သလိုသင့္အေပၚမွာျဖစ္လာမွာမဟုတ္သလို၊ သင့္စဥ္းစားၾကံစည္သေလာက္ပဲလည္းမဟုတ္ဘူး။ ႀကီးမားမ်ားျပားတဲ့ ဘုရားအၾကံအစည္ေတာ္သာလွ်င္ သင့္ဘ၀ သင့္မိသားစုမွာ ျပည့္စုံလာမယ္ဆိုတာ ေသခ်ာပါတယ္။