Search
  • Than Min Htike

ဘုရားအကြံအစည် (၄)

“ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏ အ​ကြံ​အ​စည်​နှင့်​မ​တူ။ ငါ၏​အ​ကျင့်​သည်​လည်း သင်​တို့၏ အ​ကျင့်​နှင့်​မ​တူ။ မိုး​ကောင်း​ကင်​သည် မြေ​ကြီး​ထက်​သာ၍ မြင့်​သ​ကဲ့​သို့၊ ငါ၏​အ​ကျင့်​သည် သင်​တို့၏​အ​ကျင့်​ထက်​လည်း​ကောင်း၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏​အ​ကြံ​အ​စည်​ထက်​လည်း​ကောင်း သာ၍​မြင့်၏။”(‭ဟေ-၅၅:၈-၉)


ကိုယ့်အကြံအစည် VS ဘုရားအကြံအစည်

လူတိုင်း လက်ရှိအခြေအနေထက် ပိုမိုမြင့်တဲ့ ဘ၀ကို အိမ်မက်မက်နေကြတယ်မဟုတ်လား။ လက်ရှိအခြေ အနေနဲ့တော်ပြီ ကျေနပ်ပြီဆိုတဲ့လူကတော့မရှိသလောက်ကိုရှားတယ်။ ဒါဆိုရင်ဘယ်လိုလုပ်ပြီးတော့ ဒီထက်ပိုမြင့်တဲ့ ဘ၀ကို တက်လှမ်းကြမလဲလို့မေးခွန်းထုတ်မယ်ဆိုရင်တော့ ကိုယ်အကြံအစည်နဲ့ပဲ သွားလာအသက်ရှင်နေသရွေ့ ဘယ်တော့မှ ရောက်မှာမဟုတ်တာသေချာတယ်။ ကျွန်တော်တို့စဉ်းစားနိုင်တဲ့ အကောင်းဆုံးအကြံအစည်တွေက တစ်ခါတစ်လေ ပိုကောင်းတာထက် ပို ဆိုးတဲ့ဘက်ကိုဦးတည်တတ်ကြတယ်။ လူ့ဦး‌ နှောက်ဟာအကန့် အသတ်ရှိတဲ့အတွက် အများကြီးမမြင်နိုင်တဲ့အချိန်တွေရှိတယ်။ ဘုရင်ကြီးရှောလုရဲ့ အကောင်းဆုံးဆိုပြီးတော့ စဉ်းစားကြံစည်ပြီးတော့လုပ်လိုက်တဲ့ စစ်မတိုက်ခင် ယဇ်ပူဇော်ခြင်းက ပိုကောင်းတာထက်ပိုဆိုးတဲ့အရာကို ဖြစ်ပေါ်စေတယ်။ ဘုရားက သူဘယ်လို စဉ်းစားကြံစည်သလဲဆိုတာကို သိဖို့အတွက် ရှာမွေလကို နောက်ကျခိုင်းလိုက်တယ်။ ကိုယ်မျှော်လင့်တဲ့အရာကကြန့်ကြာနေတဲ့အခါမှာ တခါတလေ အလွယ်လုပ်လိုက်မိတဲ့ကိုယ့်အကြံအစည်က ဘုရားလမ်းကနေ လွဲသွားစေတယ်။ တကယ်ဆိုရင် ဒီအရာက သူ့အသက်တာထဲမှာ ပိုကောင်းတဲ့ ဘုရားအကြံအစည်ကိုခံစားဖို့ပါ။ ဒါပေမယ့် ဘုရားအစီအစဉ်ထဲမှာ ဆက်လက်လျှောက်လှမ်းမယ့်အစား တခဏတာ အတွက်သာ ကြည့်ပြီး အခြေအနေကြောင့်ချလိုက်ရတဲ့ ဆုံးဖြတ်ချက်က အနာဂတ်တစ်ခုလုံးမှာရရှိမယ့် ဘုရားအကြံအစည်အားလုံးကိုလက်လွှတ်လိုက်ရတော့တာပါပဲ။ ဘယ်လောက်များ ဝမ်းနည်းစရာကောင်းလိုက်သလဲ။ လက်ရှိအခြေအနေကိုကြည့်ပြီးတော့ပဲ စိတ် ကူးအကြံအစည်တွေကို ပုံမဖေါ်စေချင်ဘူး။ ရှောလု မှားတဲ့အကြီးမားဆုံးအမှားက အဲ့ဒါပဲ။ ပတ်ဝန်းကျင်အခြေ အနေ နဲ့ ဖြစ်ပျက်နေတဲ့အရာတွေက အဆိုးတွေကိုစဉ်းစားကြံစည်ဖို့တွန်းအားပေးတတ်တယ်။ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ ဘယ်လို အရာတွေက နောက် ကျနေတာပဲဖြစ်ဖြစ် အရေးမကြီးဘူး ဘုရားအကြံအစည်အတိုင်းပဲ ဖြစ်လာဖို့အတွက် ယုံကြည်မျှော်လင့်စေခြင်တယ်။


မိုးကောင်းကင်နဲ့မြေ ကြီး

မိုးကောင်းကင်နဲ့မြေကြီး ကွာခြားသလို ဘုရားကြံစည်ထားတဲ့အရာနဲ့ လူတွေစဉ်းစားထားတဲ့အရာက ကွာတယ်။ လူ့ရဲ့အကောင်းဆုံးဆိုတဲ့အရာက မြေကြီးသာသာပဲ ရှိမယ် ဘယ်တော့မှ ကောင်းကင်ကိုမှီမှာမဟုတ်ဘူး။ ဒါကြောင့် ဘုရားကျွန်တော်တို့အသက်တာအပေါ်မှာထားတဲ့အကြံအစည်ကို သိမယ်ပြီးရင် အဲ့ဒီအရာကိုဝန်ခံပြီးဘယ်လိုအခြေအနေကြုံကြုံ လမ်းမလွဲပဲဆက်လိုက်လျှောက်မယ် ဆိုရင် သင့်အသက်တာ ပိုမြင့်တဲ့နေရာကိုမရောက်စရာဘာအကြောင်းမှမရှိဘူး။ ဘုရားက သူ့သားသမီးတွေကို ဘယ်တော့မှ အမြီးမဖြစ်စေပဲ ခေါင်းဖြစ်စေချင်တာမဟုတ်လား။ ဒါကြောင့် ဘာမှ မဟုတ်တဲ့ အမြင့်မရောက်စေတဲ့ကိုယ်အကြံအစည်တွေထဲကနေ ထွက်ခဲ့ဖို့တော့လိုမယ်။ ကလေးမရှိတဲ့ အာဗြဟံ အသက်တာမှာ ကိုယ်သွေးသားရင်းမရှိရင်တောင်မွေးစားသားလေးလောက်ရှိရင်မဆိုးပါဘူးလို့ စိတ်ကူးယဉ်ခဲ့တာ။ ဘုရားကငါပြမယ့် ပြည့်ကိုသွားပါ လူမျိုးကြီးဖြစ်စေမယ် လို့ပြောတဲ့အခါမှာ ဘယ်လိုမှ မဖြစ်နိုင်သလို၊ဖြစ်ဖို့လည်း အိမ်မက်မက်လို့တောင် မရတဲ့အခြေအနေမျိုး။ ဒါပေမယ့် သူဘုရားအကြံအစည်ကို စိတ်ချပြီးတော့သူ့စိတ်ကူးယဉ်ဘ၀ထဲကနေ ထွက်လာခဲ့တယ်။ ဒါတောင် လမ်းတစ်ဝက်မှာ သူ့ဇနီးက ပိုကောင်းတဲ့အကြံဆိုပြီးတော့ ကျွန်မနဲ့ အတူနေဖို့ပေးခဲ့ပြီး အဲ့ဒီအကောင်းဆုံး အကြံက သူတို့ကို အကြီးအကျယ် ဒုကပေးလိုက်တာဆိုတာမပြောပါနဲ့တော့။ နောက်ဆုံး ဘုရားအကြံကိုသာဝန်ခံပြီးဆက်လျောက်လှမ်းတဲ့အခါမှာတော့ တကယ့် လူမျိုးကြီးဖခင်တစ်ယောက်အဖြစ်၊ကောင်းကင်ကကြယ်တွေလို တောက်ပခွင့်ရခဲ့တယ်။ အမြင့်ဆုံးဘုရားက သင့်အတွက်စဉ်းစားထားသမျှအကြံအစည်အားလုံးကလည်းအမြင့်ဆုံးတွေချည်ပဲဆိုတာယုံကြည်စမ်းပါ။




Zawgyi

ဘုရားအၾကံအစည္ (၄)

“ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ​သည္​ကား၊ ငါ၏​အ​ၾကံ​အ​စည္​သည္ သင္​တို႔၏ အ​ၾကံ​အ​စည္​ႏွင့္​မ​တူ။ ငါ၏​အ​က်င့္​သည္​လည္း သင္​တို႔၏ အ​က်င့္​ႏွင့္​မ​တူ။ မိုး​ေကာင္း​ကင္​သည္ ေျမ​ႀကီး​ထက္​သာ၍ ျမင့္​သ​ကဲ့​သို႔၊ ငါ၏​အ​က်င့္​သည္ သင္​တို႔၏​အ​က်င့္​ထက္​လည္း​ေကာင္း၊ ငါ၏​အ​ၾကံ​အ​စည္​သည္ သင္​တို႔၏​အ​ၾကံ​အ​စည္​ထက္​လည္း​ေကာင္း သာ၍​ျမင့္၏။”(‭ေဟ-၅၅:၈-၉)


ကိုယ့္အၾကံအစည္ VS ဘုရားအၾကံအစည္

လူတိုင္း လက္႐ွိအေျခအေနထက္ ပိုမိုျမင့္တဲ့ ဘ၀ကို အိမ္မက္မက္ေနၾကတယ္မဟုတ္လား။ လက္႐ွိအေျခ အေနနဲ႔ေတာ္ၿပီ ေက်နပ္ၿပီဆိုတဲ့လူကေတာ့မ႐ွိသေလာက္ကို႐ွားတယ္။ ဒါဆိုရင္ဘယ္လိုလုပ္ၿပီးေတာ့ ဒီထက္ပိုျမင့္တဲ့ ဘ၀ကို တက္လွမ္းၾကမလဲလို႔ေမးခြန္းထုတ္မယ္ဆိုရင္ေတာ့ ကိုယ္အၾကံအစည္နဲ႔ပဲ သြားလာအသက္႐ွင္ေနသေ႐ြ႕ ဘယ္ေတာ့မွ ေရာက္မွာမဟုတ္တာေသခ်ာတယ္။ ကြၽန္ေတာ္တို႔စဥ္းစားႏိုင္တဲ့ အေကာင္းဆုံးအၾကံအစည္ေတြက တစ္ခါတစ္ေလ ပိုေကာင္းတာထက္ ပို ဆိုးတဲ့ဘက္ကိုဦးတည္တတ္ၾကတယ္။ လူ႕ဦး‌ ေႏွာက္ဟာအကန္႔ အသတ္႐ွိတဲ့အတြက္ အမ်ားႀကီးမျမင္ႏိုင္တဲ့အခ်ိန္ေတြ႐ွိတယ္။ ဘုရင္ႀကီးေ႐ွာလုရဲ႕ အေကာင္းဆုံးဆိုၿပီးေတာ့ စဥ္းစားၾကံစည္ၿပီးေတာ့လုပ္လိုက္တဲ့ စစ္မတိုက္ခင္ ယဇ္ပူေဇာ္ျခင္းက ပိုေကာင္းတာထက္ပိုဆိုးတဲ့အရာကို ျဖစ္ေပၚေစတယ္။ ဘုရားက သူဘယ္လို စဥ္းစားၾကံစည္သလဲဆိုတာကို သိဖို႔အတြက္ ႐ွာေမြလကို ေနာက္က်ခိုင္းလိုက္တယ္။ ကိုယ္ေမွ်ာ္လင့္တဲ့အရာကၾကန္႔ၾကာေနတဲ့အခါမွာ တခါတေလ အလြယ္လုပ္လိုက္မိတဲ့ကိုယ့္အၾကံအစည္က ဘုရားလမ္းကေန လြဲသြားေစတယ္။ တကယ္ဆိုရင္ ဒီအရာက သူ႕အသက္တာထဲမွာ ပိုေကာင္းတဲ့ ဘုရားအၾကံအစည္ကိုခံစားဖို႔ပါ။ ဒါေပမယ့္ ဘုရားအစီအစဥ္ထဲမွာ ဆက္လက္ေလွ်ာက္လွမ္းမယ့္အစား တခဏတာ အတြက္သာ ၾကည့္ၿပီး အေျခအေနေၾကာင့္ခ်လိုက္ရတဲ့ ဆုံးျဖတ္ခ်က္က အနာဂတ္တစ္ခုလုံးမွာရ႐ွိမယ့္ ဘုရားအၾကံအစည္အားလုံးကိုလက္လႊတ္လိုက္ရေတာ့တာပါပဲ။ ဘယ္ေလာက္မ်ား ဝမ္းနည္းစရာေကာင္းလိုက္သလဲ။ လက္႐ွိအေျခအေနကိုၾကည့္ၿပီးေတာ့ပဲ စိတ္ ကူးအၾကံအစည္ေတြကို ပုံမေဖၚေစခ်င္ဘူး။ ေ႐ွာလု မွားတဲ့အႀကီးမားဆုံးအမွားက အဲ့ဒါပဲ။ ပတ္ဝန္းက်င္အေျခ အေန နဲ႔ ျဖစ္ပ်က္ေနတဲ့အရာေတြက အဆိုးေတြကိုစဥ္းစားၾကံစည္ဖို႔တြန္းအားေပးတတ္တယ္။ ဘယ္လိုအေျခအေနပဲ ျဖစ္ေနပါေစ ဘယ္လို အရာေတြက ေနာက္ က်ေနတာပဲျဖစ္ျဖစ္ အေရးမႀကီးဘူး ဘုရားအၾကံအစည္အတိုင္းပဲ ျဖစ္လာဖို႔အတြက္ ယုံၾကည္ေမွ်ာ္လင့္ေစျခင္တယ္။


မိုးေကာင္းကင္နဲ႔ေျမ ႀကီး

မိုးေကာင္းကင္နဲ႔ေျမႀကီး ကြာျခားသလို ဘုရားၾကံစည္ထားတဲ့အရာနဲ႔ လူေတြစဥ္းစားထားတဲ့အရာက ကြာတယ္။ လူ႕ရဲ႕အေကာင္းဆုံးဆိုတဲ့အရာက ေျမႀကီးသာသာပဲ ႐ွိမယ္ ဘယ္ေတာ့မွ ေကာင္းကင္ကိုမွီမွာမဟုတ္ဘူး။ ဒါေၾကာင့္ ဘုရားကြၽန္ေတာ္တို႔အသက္တာအေပၚမွာထားတဲ့အၾကံအစည္ကို သိမယ္ၿပီးရင္ အဲ့ဒီအရာကိုဝန္ခံၿပီးဘယ္လိုအေျခအေနၾကဳံၾကဳံ လမ္းမလြဲပဲဆက္လိုက္ေလွ်ာက္မယ္ ဆိုရင္ သင့္အသက္တာ ပိုျမင့္တဲ့ေနရာကိုမေရာက္စရာဘာအေၾကာင္းမွမ႐ွိဘူး။ ဘုရားက သူ႕သားသမီးေတြကို ဘယ္ေတာ့မွ အၿမီးမျဖစ္ေစပဲ ေခါင္းျဖစ္ေစခ်င္တာမဟုတ္လား။ ဒါေၾကာင့္ ဘာမွ မဟုတ္တဲ့ အျမင့္မေရာက္ေစတဲ့ကိုယ္အၾကံအစည္ေတြထဲကေန ထြက္ခဲ့ဖို႔ေတာ့လိုမယ္။ ကေလးမ႐ွိတဲ့ အာျဗဟံ အသက္တာမွာ ကိုယ္ေသြးသားရင္းမ႐ွိရင္ေတာင္ေမြးစားသားေလးေလာက္႐ွိရင္မဆိုးပါဘူးလို႔ စိတ္ကူးယဥ္ခဲ့တာ။ ဘုရားကငါျပမယ့္ ျပည့္ကိုသြားပါ လူမ်ိဳးႀကီးျဖစ္ေစမယ္ လို႔ေျပာတဲ့အခါမွာ ဘယ္လိုမွ မျဖစ္ႏိုင္သလို၊ျဖစ္ဖို႔လည္း အိမ္မက္မက္လို႔ေတာင္ မရတဲ့အေျခအေနမ်ိဳး။ ဒါေပမယ့္ သူဘုရားအၾကံအစည္ကို စိတ္ခ်ၿပီးေတာ့သူ႕စိတ္ကူးယဥ္ဘ၀ထဲကေန ထြက္လာခဲ့တယ္။ ဒါေတာင္ လမ္းတစ္ဝက္မွာ သူ႕ဇနီးက ပိုေကာင္းတဲ့အၾကံဆိုၿပီးေတာ့ ကြၽန္မနဲ႔ အတူေနဖို႔ေပးခဲ့ၿပီး အဲ့ဒီအေကာင္းဆုံး အၾကံက သူတို႔ကို အႀကီးအက်ယ္ ဒုကေပးလိုက္တာဆိုတာမေျပာပါနဲ႔ေတာ့။ ေနာက္ဆုံး ဘုရားအၾကံကိုသာဝန္ခံၿပီးဆက္ေလ်ာက္လွမ္းတဲ့အခါမွာေတာ့ တကယ့္ လူမ်ိဳးႀကီးဖခင္တစ္ေယာက္အျဖစ္၊ေကာင္းကင္ကၾကယ္ေတြလို ေတာက္ပခြင့္ရခဲ့တယ္။ အျမင့္ဆုံးဘုရားက သင့္အတြက္စဥ္းစားထားသမွ်အၾကံအစည္အားလုံးကလည္းအျမင့္ဆုံးေတြခ်ည္ပဲဆိုတာယုံၾကည္စမ္းပါ။

5 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube