- Than Min Htike
ဘုရား အကြံအစည် (၅)
"ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။- ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည်ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟုပြောဆို၏။-”(တ၊၅;၃၈-၃၉)
ပျက်စီးသွားပါလိမ့်မယ်
လူ့အကြံအစည်နဲ့ ဘုရားအကြံအစည် ဘယ်လိုသိနိုင်သလဲ၊ လူတိုင်းကတော့ ဘုရားအကြံအစည် ဘယ်ဟာဖြစ်တယ် လူ့အကြံအစည်ဘယ်ဟာဖြစ်တယ်ဆိုတာကို ခွဲခြားသိချင်ကြတယ်။ ရေလွှမ်းမိုးပြီးတဲ့နောက်မှာ မိုးထိမြင့်အောင်ဆောက်တဲ့ ဗာဗုလုန်ရဲတိုက်ကြီးကိုမှတ်မိတယ်မဟုတ်လား။ ဘုရားက များပြားစွာမွေးဖွားပြီးတော့ မြေ ကြီးကိုပျံနှံ့ဖို့ အကြံအစည်တော်ရှိပေမယ့် သူတို့က တနေရာထဲမှာစုနေပြီး နောက်တကြိမ် ရေလွှမ်းမိုးတဲ့အခါမှာ လွတ်မြောက်ဖို့အတွက်ကြံစည်ကြတယ်။ ဒါကတကယ်တော့ ဘုရားပြောတဲ့ နောက်တဖန် ရေလွှမ်းမိုးခြင်းကိုမပြုဘူးဆိုတာကို မယုံကြည်တာပါ။ ဘုရားအကြံအစည် တော်က နှုတ်ကပတ်တော် ဘုရားစကားအပေါ်မှာ အခြေ ပြုထားပြီးတော့ လူ့အကြံအစည်ကတော့ နှုတ်ကပတ် တော်ဘုရားစကားကိုဆန့်ကျင်တာ ပိုများပါတယ်။အထပ် မြင့်ဆောက်လို့ ဘုရားသဘောမကျတာမဟုတ်ပါဘူး။ ဆောက်ရတဲ့ ရည်ရွယ်ကြံစည်ချက်ကိုသဘောမကျတာပါ။ လူတွေရဲ့အကောင်းဆုံးဆိုတဲ့ အကြံအစည်တွေက နောက်ဆုံးမှာတော့ ပျက်စီးခြင်းနဲ့ပဲ အဆုံးသတ်သွားပါတယ်။ အဆုံးသတ်သွားတာလည်း ဘာမှ မယ်မယ်ရရကြောင့်မဟုတ်ဘူး၊ စကားမတူကွဲပြားသွားတာကြောင့်ပါ။ အကြီးအကျယ်အားစိုက်ပြီးတော့ နှစ်ပေါင်းများစွာလုပ်ဆောင်လာတဲ့အရာ မိနစ်ပိုင်းလေးအတွင်းမှာ ပြိုကျပျက်စီးသွားတာကြုံဖူးမှာပါ။ ဘာကြောင့်များလည်းလို့ ထုတ်စရာမေးခွန်းတောင်မရှိလောက်အောင်ပါပဲ။အဓိကတော့ လူ့အကြံအစည်က ဘယ်တော့မှ အဆုံးထိ ပြည့်စုံတယ်ဆိုတာရှားပါတယ်။ ဘုရားအကြံအစည်တော်သာ ဘယ်သူဖျက်ဖျက် မပျက်ပဲ ပြည့်စုံတာပါ။
ပြည့်စုံမယ်
တနေ့ပျက်စီးမယ့်အရာအတွက် အချိန်မကုန်ချင်ဘူးဆိုရင် လွယ်လွယ်လေးပါ၊ အခုကတည်းကကိုယ့် အကြံအစည်နဲ့ကိုယ်အသက်ရှင်တာကိုရပ်တန့်ပြီးတော့ ဘုရားအကြံအစည်ကို ဝန်ခံအပ်နှံတတ်ဖို့လိုတယ်။ သုတ္တံဆရာကတော့ဒီလိုဆိုတယ်၊-
“လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။”(သုတ္တံ၊၁၆:၉)
ကိုယ့်ရဲ့စိတ်ကူးအကြံအစည်တွေအများကြီးရှိရင်တောင် အကောင်အထည်ဖေါ်ဖို့က ဘုရားပါဖို့လိုပါတယ်။ ဘုရားမပါပဲဘယ်စိတ်ကူးအကြံအစည်ကမှ ပြည့် စုံလာမှာမဟုတ်ဘူး။ သူကပဲအရာခပ်သိမ်းကိုထိမ်းချုပ် ထားတယ်ဆိုတာကိုမမေ့နဲ့။ လူတချို့ ကိုယ့်ဟာကိုယ်မေး ခွန်းထုတ်နေတဲ့အရာတွေရှိတယ်။ အခြားသူတွေအသက် တာမှာလမ်းလွဲနေပြီ၊ မမှန်ဘူးလို့ ကိုယ်ကထင်ပေမယ့် သူတို့အသက်တာမှာ တနေ့တခြား ပိုပြီးပြည့်စုံလာတယ် ဘုရားကောင်းကြီးပေးမစတာကိုတွေ့ရတဲ့အခါမှာ နားမလည်နိုင်ဘူး။ ကိုယ်ကျတော့ အရမ်းကြိုးစားတယ်ဘုရား နဲ့မှန်တယ်လို့လည်းကိုယ့်ဟာကိုယ်မြင်တယ်။ ဒါပေမယ့် အသီးအပွင့်တွေ၊ ဘုရားဂတိတော်တွေက အသက်တာမှာ ပြည့်စုံလာတာ မတွေ့ရသလောက်ပဲ။ ဘာကြောင့်များလဲ? ဘုရားကလူမြင်သလိုမြင်တာမဟုတ်ဘူးဆိုတာရယ်၊ မှန်တယ်မှားတယ်ဆိုတယ်ဆိုတာကို လူက ဆုံးဖြတ်လို့မရဘူးဆိုတာကိုသိဖို့ အရမ်းလိုတယ်။ ကိုယ်က မှားတယ် သတ်မှတ်ပေမယ့် အဲ့ဒီအရာက မှားချင်မှမှားနေတာမျိုးပါ။ ကိုယ်က အမှားလို့မြင်ပေမယ့် သူက ဘုရားအကြံအ စည်တော်ထဲမှာ လျှောက်လှမ်းနေတဲ့သူ တစ်ယောက် ဖြစ်မယ်ဆိုရင် အချိန်တန်တဲ့အခါမှာ ပျက်စီးမသွားပဲ ဘုရားအလိုတော် အကြံအစည်က ပြည့်စုံစေမှာပါ။ အရေးကြီးဆုံးကတော့ ကိုယ်တိုင်နေ့စဉ် လျှောက်လှမ်းတဲ့ ခြေလှမ်းတွေက ဘုရားအကြံအစည်အလိုတော်ထဲမှာဖြစ်ဖို့ဆိုတာပါပဲ။ အဲ့ဒါဆိုဘယ်အရာမှ ပျက်စီးသွားမှာမဟုတ်ဘူး ပြည့်စုံလာအုံးမှာပါ။

Zawgyi
ဘုရား အၾကံအစည္ (၅)
"ဤအၾကံ ဤအမႈသည္ လူ၏အၾကံ လူ၏အမႈျဖစ္လွ်င္ ပ်က္စီးျခင္းသို႔ ေရာက္လိမ့္မည္။- ဘုရားသခင္၏အၾကံအမႈျဖစ္လွ်င္ သင္တို႔သည္ မဖ်က္ဆီးႏိုင္ၾက။ သင္တို႔သည္ဘုရားသခင္၏ အာဏာေတာ္ကို ဆန္ေသာသူမျဖစ္မည္အေၾကာင္း သတိျပဳၾကေလာ့ဟုေျပာဆို၏။-”(တ၊၅;၃၈-၃၉)
ပ်က္စီးသြားပါလိမ့္မယ္
လူ႕အၾကံအစည္နဲ႔ ဘုရားအၾကံအစည္ ဘယ္လိုသိႏိုင္သလဲ၊ လူတိုင္းကေတာ့ ဘုရားအၾကံအစည္ ဘယ္ဟာျဖစ္တယ္ လူ႕အၾကံအစည္ဘယ္ဟာျဖစ္တယ္ဆိုတာကို ခြဲျခားသိခ်င္ၾကတယ္။ ေရလႊမ္းမိုးၿပီးတဲ့ေနာက္မွာ မိုးထိျမင့္ေအာင္ေဆာက္တဲ့ ဗာဗုလုန္ရဲတိုက္ႀကီးကိုမွတ္မိတယ္မဟုတ္လား။ ဘုရားက မ်ားျပားစြာေမြးဖြားၿပီးေတာ့ ေျမ ႀကီးကိုပ်ံႏွံ႔ဖို႔ အၾကံအစည္ေတာ္႐ွိေပမယ့္ သူတို႔က တေနရာထဲမွာစုေနၿပီး ေနာက္တႀကိမ္ ေရလႊမ္းမိုးတဲ့အခါမွာ လြတ္ေျမာက္ဖို႔အတြက္ၾကံစည္ၾကတယ္။ ဒါကတကယ္ေတာ့ ဘုရားေျပာတဲ့ ေနာက္တဖန္ ေရလႊမ္းမိုးျခင္းကိုမျပဳဘူးဆိုတာကို မယုံၾကည္တာပါ။ ဘုရားအၾကံအစည္ ေတာ္က ႏႈတ္ကပတ္ေတာ္ ဘုရားစကားအေပၚမွာ အေျခ ျပဳထားၿပီးေတာ့ လူ႕အၾကံအစည္ကေတာ့ ႏႈတ္ကပတ္ ေတာ္ဘုရားစကားကိုဆန္႔က်င္တာ ပိုမ်ားပါတယ္။အထပ္ ျမင့္ေဆာက္လို႔ ဘုရားသေဘာမက်တာမဟုတ္ပါဘူး။ ေဆာက္ရတဲ့ ရည္႐ြယ္ၾကံစည္ခ်က္ကိုသေဘာမက်တာပါ။ လူေတြရဲ႕အေကာင္းဆုံးဆိုတဲ့ အၾကံအစည္ေတြက ေနာက္ဆုံးမွာေတာ့ ပ်က္စီးျခင္းနဲ႔ပဲ အဆုံးသတ္သြားပါတယ္။ အဆုံးသတ္သြားတာလည္း ဘာမွ မယ္မယ္ရရေၾကာင့္မဟုတ္ဘူး၊ စကားမတူကြဲျပားသြားတာေၾကာင့္ပါ။ အႀကီးအက်ယ္အားစိုက္ၿပီးေတာ့ ႏွစ္ေပါင္းမ်ားစြာလုပ္ေဆာင္လာတဲ့အရာ မိနစ္ပိုင္းေလးအတြင္းမွာ ၿပိဳက်ပ်က္စီးသြားတာၾကဳံဖူးမွာပါ။ ဘာေၾကာင့္မ်ားလည္းလို႔ ထုတ္စရာေမးခြန္းေတာင္မ႐ွိေလာက္ေအာင္ပါပဲ။အဓိကေတာ့ လူ႕အၾကံအစည္က ဘယ္ေတာ့မွ အဆုံးထိ ျပည့္စုံတယ္ဆိုတာ႐ွားပါတယ္။ ဘုရားအၾကံအစည္ေတာ္သာ ဘယ္သူဖ်က္ဖ်က္ မပ်က္ပဲ ျပည့္စုံတာပါ။
ျပည့္စုံမယ္
တေန႔ပ်က္စီးမယ့္အရာအတြက္ အခ်ိန္မကုန္ခ်င္ဘူးဆိုရင္ လြယ္လြယ္ေလးပါ၊ အခုကတည္းကကိုယ့္ အၾကံအစည္နဲ႔ကိုယ္အသက္႐ွင္တာကိုရပ္တန္႔ၿပီးေတာ့ ဘုရားအၾကံအစည္ကို ဝန္ခံအပ္ႏွံတတ္ဖို႔လိုတယ္။ သုတၱံဆရာကေတာ့ဒီလိုဆိုတယ္၊-
“လူသည္ မိမိသြားရာလမ္းကို စိတ္ထဲမွာ ၾကံစည္၏။ သို႔ေသာ္လည္း သူ၏ေျခရာတို႔ကို ထာဝရဘုရား စီရင္ေတာ္မူ၏။”(သုတၱံ၊၁၆:၉)
ကိုယ့္ရဲ႕စိတ္ကူးအၾကံအစည္ေတြအမ်ားႀကီး႐ွိရင္ေတာင္ အေကာင္အထည္ေဖၚဖို႔က ဘုရားပါဖို႔လိုပါတယ္။ ဘုရားမပါပဲဘယ္စိတ္ကူးအၾကံအစည္ကမွ ျပည့္ စုံလာမွာမဟုတ္ဘူး။ သူကပဲအရာခပ္သိမ္းကိုထိမ္းခ်ဳပ္ ထားတယ္ဆိုတာကိုမေမ့နဲ႔။ လူတခ်ိဳ႕ ကိုယ့္ဟာကိုယ္ေမး ခြန္းထုတ္ေနတဲ့အရာေတြ႐ွိတယ္။ အျခားသူေတြအသက္ တာမွာလမ္းလြဲေနၿပီ၊ မမွန္ဘူးလို႔ ကိုယ္ကထင္ေပမယ့္ သူတို႔အသက္တာမွာ တေန႔တျခား ပိုၿပီးျပည့္စုံလာတယ္ ဘုရားေကာင္းႀကီးေပးမစတာကိုေတြ႕ရတဲ့အခါမွာ နားမလည္ႏိုင္ဘူး။ ကိုယ္က်ေတာ့ အရမ္းႀကိဳးစားတယ္ဘုရား နဲ႔မွန္တယ္လို႔လည္းကိုယ့္ဟာကိုယ္ျမင္တယ္။ ဒါေပမယ့္ အသီးအပြင့္ေတြ၊ ဘုရားဂတိေတာ္ေတြက အသက္တာမွာ ျပည့္စုံလာတာ မေတြ႕ရသေလာက္ပဲ။ ဘာေၾကာင့္မ်ားလဲ? ဘုရားကလူျမင္သလိုျမင္တာမဟုတ္ဘူးဆိုတာရယ္၊ မွန္တယ္မွားတယ္ဆိုတယ္ဆိုတာကို လူက ဆုံးျဖတ္လို႔မရဘူးဆိုတာကိုသိဖို႔ အရမ္းလိုတယ္။ ကိုယ္က မွားတယ္ သတ္မွတ္ေပမယ့္ အဲ့ဒီအရာက မွားခ်င္မွမွားေနတာမ်ိဳးပါ။ ကိုယ္က အမွားလို႔ျမင္ေပမယ့္ သူက ဘုရားအၾကံအ စည္ေတာ္ထဲမွာ ေလွ်ာက္လွမ္းေနတဲ့သူ တစ္ေယာက္ ျဖစ္မယ္ဆိုရင္ အခ်ိန္တန္တဲ့အခါမွာ ပ်က္စီးမသြားပဲ ဘုရားအလိုေတာ္ အၾကံအစည္က ျပည့္စုံေစမွာပါ။ အေရးႀကီးဆုံးကေတာ့ ကိုယ္တိုင္ေန႔စဥ္ ေလွ်ာက္လွမ္းတဲ့ ေျခလွမ္းေတြက ဘုရားအၾကံအစည္အလိုေတာ္ထဲမွာျဖစ္ဖို႔ဆိုတာပါပဲ။ အဲ့ဒါဆိုဘယ္အရာမွ ပ်က္စီးသြားမွာမဟုတ္ဘူး ျပည့္စုံလာအုံးမွာပါ။