Search
  • Than Min Htike

ဘုရား အကြံအစည် (၆)


"ထာဝရဘုရား​ရား ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​ရှိ​သ​မျှ​သည် ပြည့်​စုံ​ရ​လိမ့်​မည်။”(ယေ ၅၁:၂၉)


လူတွေကြံစည်တွေးတောခြင်း

ကိုယ့်အပေါ်မှာ ကောင်းတဲ့ အကြံအစည်နဲ့ စဉ်းစားပေးတဲ့သူတွေရှိသလို၊ မကောင်းတဲ့အရာတွေကြံစည်နေတာလည်းအများကြီးရှိမှာပါ။ လောကမှာ ကျင်လည်အသက်ရှင်စဉ်မှာ အမျိုးသောအရာ၊ အမျိုးမျိုးသောလူတွေနဲ့တွေ့ကြုံရတာ သဘာ၀ပဲမဟုတ်လား။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဘုရားအကြံအစည်ကိုသိပြီးတော့ဝန်ခံအသက်ရှင်တဲ့သူတစ်ယောက်ပေါ်မှာ လူတွေမ‌‌ကောင်းကြံစည်တဲ့အရာတွေက ဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုယုံပါ။ တနေ့ဘုရင်ဖြစ်မယ်ဆိုတဲ့ ဘုရားရဲ့အကြံအစည်ကို ပုရောဟိတ်ကြီး အိမ်တိုင်ရာရောက် ဆီဘူးကြီးနဲ့ လာဘိသိက်ပေးခံခဲ့ရတဲ့ဒါဝိဒ်၊ အဲ့ဒီဘုရားပေးတဲ့အကြံက ချက်ခြင်းကြီးပြည့်စုံလာတာတော့မဟုတ်ပေမယ့် ကူညီပေးချင်တဲ့သူကတော့နည်းနည်းပဲရှိခဲ့တယ်။ အထူးသဖြင့်လက်ရှိ ဘုရင်ရှောလုရဲ့အဲ့ဒီအကြံမထမြောက်အောင် အစွမ်းကုန် ဖျက်ဆီးခံရတာပါပဲ။ စစ်တပ်ကြီးတစ်ခုလုံးနဲ့ လိုက်လံပြီး အဲ့ဒီအကြံအစည် မဖြစ်မြောက်အောင် လုပ်ဆောင်ကြံစည်ပေမယ့် ဘယ်လိုမှ ဖျက်ဆီးလို့မရဘူးဆိုတာ တွေ့ရတယ်။ တကယ်တော့သူက ဒါဝိဒ်ကိုဖျက်ဆီးဖို့ကြိုးစားတာပါ။ ဒါပေမယ့် ဘုရားအကြံကိုဖျက်ဆီးဖို့ကြိုးစားတယ်ဆိုတာ သူမေ့နေတယ်။ အဲ့တော့ အချိန်တန်တဲ့အခါဖျက်ဆီးဖို့ကြိုးစားတဲ့သူပဲပျက်ဆီးခဲ့ရပြီးတော့၊ ဘုရားအကြံအစည်ကတော့ အချိန်တန်ပြည့်စုံလာတာပဲမဟုတ်လား။ သင့်အသက်တာမှာလည်း ဘုရားသင့်အပေါ်ထားတဲ့အကြံအစည်ကို ဖျက်ဆီးမယ့်သူတွေနဲ့တွေ့ကြုံနိုင်တယ်၊ ဒါပေမယ့် ဘုရားအကြံအစည်ကတော့ ဘယ်တော့မှ ပျက်ဆီးသွားမှာမဟုတ်ဘူး။ ဘုရားသင့်အပေါ်မှာထားတဲ့ ကြီးမားတဲ့အကြံအစည်ကတော့ အချိန်တန်လျှင်ပြည့်စုံမှာပါပဲ။


ဘုရားအကြံအစည်ပြည့်စုံဖို့အနှောင့်အယှက်

တခါတလေ ဘုရားအကြံအစည်ပြည့်စုံဖို့အတွက် အခြားသူတွေက နှောင့်ယှက်တာကိုကြုံရသလိုမျိုး၊ ကိုယ်တိုင်ကလည်းအဲ့ဒီအကြံအစည်ပြည့်စုံဖို့အတွက် အနှောင့်အယှက်ဖြစ်နေတတ်တယ်။ ဖြစ်လေ့ရှိတဲ့အရာကတော့ ဘုရားအကြံအစည်နဲ့ ကိုယ့်အကြံအစည်က ဆန့်ကျင်ဘက်ဖြစ်နေတတ်တာပါ။ ကိုယ့်အကြံအစည်ကို စွန့်လွှတ်ဖို့အတွက် ကိုယ်တိုင်က လက်မလွှတ်ချင်ဖြစ်နေလေတော့ ဘုရားအကြံအစည် ပြည့်စုံဖို့အတွက် အဓိက အနှောင့်အယှက်က ကိုယ်တိုင်ဖြစ်နေတတ်ပါတယ်။ ကျွန်တော်အသက်တာမှာလည်း အကြိမ်ပေါင်းများစွာကြုံဖူးတယ်။ ကိုယ့်ရဲ့ကောင်းတဲ့အကြံလေးတွေကို လက်မလွှတ်ချင်တဲ့အတွက် ဘုရားရဲ့ ပြီးပြည့်စုံတဲ့အကြံက အသက်တာမှာ မပြည့်စုံလာခဲ့ဘူး။ တခါတလေ ကိုယ့်အကြံအစည် စွန့်လွှတ်ဖို့အတွက်ကတော့ နာကျင်မှုတွေနဲ့ကြုံ ပြန်တယ်။ အဲ့ဒီအခါမှာမှ ဘုရားအကြံစည်ပိုကောင်းမှန်း သဘောပေါက်လာခဲ့တယ်။ ဒါကြောင့် တခါတလေ ကြီးမားတဲ့ဘုရားအကြံအစည်ပြည့်စုံဖို့ကြန့်ကြာစေတာက ကိုယ်တိုင်ဆိုတာကို ကြာမှ သဘောပေါက်လာတယ်။ ဒါပေမယ့် နောက်မကျပါဘူး ဘုရားအကြံအစည်ကတော့အချိန်တန်ရင်ပြည့်စုံတာပါပဲ။ ကြန့်ကြာသွားတာပဲရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားအကြံအစည်တော်က အချိန်တန်ရင်ပြည့်စုံတာပါပဲ။ မြန်တာနဲ့နှေးတာပဲ ကွာသွားတာပါ။



Zawgyi

ဘုရား အၾကံအစည္ (၆)

ထာ​ဝ​ရ​ဘု​ရား ၾကံ​စည္​ေတာ္​မူ​ေသာ အ​ၾကံ​အ​စည္​႐ွိ​သ​မွ်​သည္ ျပည့္​စုံ​ရ​လိမ့္​မည္။”(ေယ ၅၁:၂၉)


လူေတြၾကံစည္ေတြးေတာျခင္း

ကိုယ့္အေပၚမွာ ေကာင္းတဲ့ အၾကံအစည္နဲ႔ စဥ္းစားေပးတဲ့သူေတြ႐ွိသလို၊ မေကာင္းတဲ့အရာေတြၾကံစည္ေနတာလည္းအမ်ားႀကီး႐ွိမွာပါ။ ေလာကမွာ က်င္လည္အသက္႐ွင္စဥ္မွာ အမ်ိဳးေသာအရာ၊ အမ်ိဳးမ်ိဳးေသာလူေတြနဲ႔ေတြ႕ၾကဳံရတာ သဘာ၀ပဲမဟုတ္လား။ ဒါေပမယ့္ မစိုးရိမ္ပါနဲ႔ ဘုရားအၾကံအစည္ကိုသိၿပီးေတာ့ဝန္ခံအသက္႐ွင္တဲ့သူတစ္ေယာက္ေပၚမွာ လူေတြမ‌‌ေကာင္းၾကံစည္တဲ့အရာေတြက ျဖစ္လာမွာမဟုတ္ဘူးဆိုတာကိုယုံပါ။ တေန႔ဘုရင္ျဖစ္မယ္ဆိုတဲ့ ဘုရားရဲ႕အၾကံအစည္ကို ပုေရာဟိတ္ႀကီး အိမ္တိုင္ရာေရာက္ ဆီဘူးႀကီးနဲ႔ လာဘိသိက္ေပးခံခဲ့ရတဲ့ဒါဝိဒ္၊ အဲ့ဒီဘုရားေပးတဲ့အၾကံက ခ်က္ျခင္းႀကီးျပည့္စုံလာတာေတာ့မဟုတ္ေပမယ့္ ကူညီေပးခ်င္တဲ့သူကေတာ့နည္းနည္းပဲ႐ွိခဲ့တယ္။ အထူးသျဖင့္လက္႐ွိ ဘုရင္ေ႐ွာလုရဲ႕အဲ့ဒီအၾကံမထေျမာက္ေအာင္ အစြမ္းကုန္ ဖ်က္ဆီးခံရတာပါပဲ။ စစ္တပ္ႀကီးတစ္ခုလုံးနဲ႔ လိုက္လံၿပီး အဲ့ဒီအၾကံအစည္ မျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ၾကံစည္ေပမယ့္ ဘယ္လိုမွ ဖ်က္ဆီးလို႔မရဘူးဆိုတာ ေတြ႕ရတယ္။ တကယ္ေတာ့သူက ဒါဝိဒ္ကိုဖ်က္ဆီးဖို႔ႀကိဳးစားတာပါ။ ဒါေပမယ့္ ဘုရားအၾကံကိုဖ်က္ဆီးဖို႔ႀကိဳးစားတယ္ဆိုတာ သူေမ့ေနတယ္။ အဲ့ေတာ့ အခ်ိန္တန္တဲ့အခါဖ်က္ဆီးဖို႔ႀကိဳးစားတဲ့သူပဲပ်က္ဆီးခဲ့ရၿပီးေတာ့၊ ဘုရားအၾကံအစည္ကေတာ့ အခ်ိန္တန္ျပည့္စုံလာတာပဲမဟုတ္လား။ သင့္အသက္တာမွာလည္း ဘုရားသင့္အေပၚထားတဲ့အၾကံအစည္ကို ဖ်က္ဆီးမယ့္သူေတြနဲ႔ေတြ႕ၾကဳံႏိုင္တယ္၊ ဒါေပမယ့္ ဘုရားအၾကံအစည္ကေတာ့ ဘယ္ေတာ့မွ ပ်က္ဆီးသြားမွာမဟုတ္ဘူး။ ဘုရားသင့္အေပၚမွာထားတဲ့ ႀကီးမားတဲ့အၾကံအစည္ကေတာ့ အခ်ိန္တန္လွ်င္ျပည့္စုံမွာပါပဲ။


ဘုရားအၾကံအစည္ျပည့္စုံဖို႔အေႏွာင့္အယွက္

တခါတေလ ဘုရားအၾကံအစည္ျပည့္စုံဖို႔အတြက္ အျခားသူေတြက ေႏွာင့္ယွက္တာကိုၾကဳံရသလိုမ်ိဳး၊ ကိုယ္တိုင္ကလည္းအဲ့ဒီအၾကံအစည္ျပည့္စုံဖို႔အတြက္ အေႏွာင့္အယွက္ျဖစ္ေနတတ္တယ္။ ျဖစ္ေလ့႐ွိတဲ့အရာကေတာ့ ဘုရားအၾကံအစည္နဲ႔ ကိုယ့္အၾကံအစည္က ဆန္႔က်င္ဘက္ျဖစ္ေနတတ္တာပါ။ ကိုယ့္အၾကံအစည္ကို စြန္႔လႊတ္ဖို႔အတြက္ ကိုယ္တိုင္က လက္မလႊတ္ခ်င္ျဖစ္ေနေလေတာ့ ဘုရားအၾကံအစည္ ျပည့္စုံဖို႔အတြက္ အဓိက အေႏွာင့္အယွက္က ကိုယ္တိုင္ျဖစ္ေနတတ္ပါတယ္။ ကြၽန္ေတာ္အသက္တာမွာလည္း အႀကိမ္ေပါင္းမ်ားစြာၾကဳံဖူးတယ္။ ကိုယ့္ရဲ႕ေကာင္းတဲ့အၾကံေလးေတြကို လက္မလႊတ္ခ်င္တဲ့အတြက္ ဘုရားရဲ႕ ၿပီးျပည့္စုံတဲ့အၾကံက အသက္တာမွာ မျပည့္စုံလာခဲ့ဘူး။ တခါတေလ ကိုယ့္အၾကံအစည္ စြန္႔လႊတ္ဖို႔အတြက္ကေတာ့ နာက်င္မႈေတြနဲ႔ၾကဳံ ျပန္တယ္။ အဲ့ဒီအခါမွာမွ ဘုရားအၾကံစည္ပိုေကာင္းမွန္း သေဘာေပါက္လာခဲ့တယ္။ ဒါေၾကာင့္ တခါတေလ ႀကီးမားတဲ့ဘုရားအၾကံအစည္ျပည့္စုံဖို႔ၾကန္႔ၾကာေစတာက ကိုယ္တိုင္ဆိုတာကို ၾကာမွ သေဘာေပါက္လာတယ္။ ဒါေပမယ့္ ေနာက္မက်ပါဘူး ဘုရားအၾကံအစည္ကေတာ့အခ်ိန္တန္ရင္ျပည့္စုံတာပါပဲ။ ၾကန္႔ၾကာသြားတာပဲ႐ွိတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဘုရားအၾကံအစည္ေတာ္က အခ်ိန္တန္ရင္ျပည့္စုံတာပါပဲ။ ျမန္တာနဲ႔ေႏွးတာပဲ ကြာသြားတာပါ။

5 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube