Search
  • Than Min Htike

ဘုရား အချိန်ကိုစောင့်ပါ

"ငါသည် ထာဝရဘုရားဖြစ်၏။ ငါပြောလျှင်၊

ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း

မရွေ့ရ။" (ယေဇကျေလ ၁၂:၂၅)


မိုင်ပေါင်းများစွာ ကွာဝေးနဲ့ နိုင်ငံတနိုင်ငံနဲ့

တနိုင်ငံ အချိန်နာရီတွေဟာ မတူညီကြတာ လူ

တ်ိုင်းသိပါတယ်။ ကျွန်တော် အမေရိကန်ရောက်

နေတဲ့ အချိန်မှာ မြန်မာပြည်မှာရှိတဲ့ အမျိုးသမီး

နဲ့ နေ့ည ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်။ ကျွန်

တော်ဆီမှာ မနက် နေထွက်ပေမယ့် သူ့ဆီမှာတော့

နေက ဝင်သွားခဲ့ပြီ တခါတလေ ကိုယ့်အခြေအနေ

နဲ့ နှုတ်ဆက်မိတိုင်း မှားတယ်။ ဘုရားသခင်နဲ့

လူတွေရဲ့ ချိန်းချက်တဲ့ အချိန်နာရီလည်းမတူကြ

ဘူး။ ဒါကြောင့် လူတွေက ဘုရားကို အမြဲနောက်

ကျတယ်လို့ ခံစားနေကြတာမဟုတ်လား။

၂ ပေ ၃:၉ မှာ နှုတ်ကပတ်တော်ကဒီလိုဆိုတယ်

ဘုရားသခင်ဘယ်တော့မှ မနှေးဘူးတဲ့။ ဘုရား

ဟာ ဘယ်တော့မှ နောက်ကျတဲ့ဘုရား မဟုတ်

ဘူး။ သို့သော် သူ့အချိန် မရောက်သေးလို့သာ

သူစောင့်နေခြင်းပဲ ရှိတာပါ။ အချိန်ရောက်တဲ့

အချိန်မှာတော့ သင်မျှော်လင့်တာထက်ကြီးမား

တဲ့ အရာတွေကို ပြုပါလိမ့်မယ်။


၁။ မစောင့်နိုင်လို့ (၁ရာ ၁၃:၈)

ဘုရင်ကြီး ရှောလု ဘုရားအချိန်ကိုမစောင့်

နိုင်ခဲ့ဘူး။ တကယ်တော့ အဲ့ဒီ စောင့်ခိုင်းတာ

ဟာ စမ်းသပ်စစ်ဆေးမှုတစ်ခုဖြစ်ခဲ့တယ်။ ယဇ်

ပုရောဟိတ်ရှာမွေလဟာ သူ့ကိုချိန်းထားတဲ့ အချိန်

မရောက်ခဲ့ဘူး။ အခြေအနေတွေကလည်းတော်

တော် ရှုပ်နေပြီ စစ်တိုက်ဖို့လည်း အချိန်ရောက်နေပြီ

ဘုရားလူ ရှာမွေလကတော့ အရိပ်အရောင်

တောင်မတွေ့ ဒါနဲ့ မလုပ်သင့်တဲ့ ယဇ်ပူဇော်မှုကို

သူ လုပ်ပစ်လိုက်တယ်။ မစောင့်နိုင်တဲ့ လူတွေက

အမြဲတန်း မလုပ်သင့်တဲ့ အလုပ်တွေ ဘုရားနဲ့

ဆန့်ကျင်တာတွေ လုပ်တတ်ကြတယ်။ သူလုပ်

မိပြီးတာ နဲ့ ရှာမွေလ ရောက်လာတယ် သူ့ဆီ မှာ

ဘုရားစကား ပါလာတယ်။ အဲ့ဒါကတော့

၁ရာ ၁၃:၁၃ သင်စောင့်မိတယ် ဆိုရင်သင့်အာဏာ

ကိုအစဉ်အမြဲ တည်စေဖို့ပဲ။ ဘုရား ရဲ့ စာမေးပွဲ

မစောင့် နိုင်တဲ့ သူတွေ အမြဲကျပါတယ်။ ဘုရားပေးတဲ့

ကြီးမားတဲ့ အခွင့်အရေးတွေဟာ အမြဲ နောက်

ကျသလိုလို နဲ့ ရောက်လာတတ်တယ်။ ကြာနေ

တာ ကြီးလို့ဆိုတာ မမေ့နဲ့။


၂။ သူစေ ခိုင်းသမျှ ကိုပြုကြပါ (ယော၂)

ယေရှုပထမဆုံး နိမိတ်လက္ခဏာကို ကာနမြို့

မင်္ဂလာဆောင်မှာ ပြုခဲ့တယ်။ စပျစ်ရည်ကုန်သွား

တော့ မယ်တော်မာရိက လာပြောတယ် စပျစ်

ရည်ကုန်ပြီဆိုတဲ့အကြောင်းကို။ စဉ်းစားကြည့်

စပျစ်ရည် ကုန်တာ နဲ့ ယေရှုနဲ့ ဘာဆိုင်လို့လည်း

မာရိကသိတယ် ယေရှုအကုန် တတ်နိုင်တယ်။

ဒါပေမယ့် ယေရှုဆီကပြန်ကြားရတာကဘာလည်း

ငါ့အချိန်မရောက်သေးတဲ့။ ကုန်နေပြီ အချိန် မ

ရောက်သေး ဆိုဘယ်တော့ရောက်မှာလည်း

အဲ့ဒါလည်းမပြော။ ဒါဆို တခြားနည်းနဲ့စီစဉ်ရမှာလား

မာရိပြောတာ ကောင်းတယ် သူစေခိုင်းသမျှကို

ပြုကြတဲ့။ အချိန် မရောက်သေးတော့ ကိုယ့်

နည်း ကိုယ့်ဟန်နဲ့ မစီစဉ်ဘူး။ ယေရှု ခိုင်းတာ

ကိုပဲ စောင့်ပြီး လုပ်ခိုင်းတယ်။ မင်္ဂလာဆောင်မှာ

အရှက်ကွဲတော့မယ့်အချိန်မှာတောင်မလော

ဘူး ဘုရား ခိုင်းတာလုပ်ရင်းနဲ့ အချိန် ရောက်ဖို့

စောင့် ခိုင်းတယ်။ တကယ်တော့ ရှောလု ကြုံ

ခဲ့တဲ့ အခြေအနေနဲ့ အတူတူပါပဲ။ ဘုရားကဘယ်

တော့မှ သင့်ကို အရှက်မခွဲဘူး။ သူ့ရဲ့ အချိန်ကလည်း

သင် မလိုအပ်တော့တဲ့ အချိန်မှ မဟုတ်ဘူး

အကောင်းဆုံးသောစပျစ်ရည်ဟာ အရှက်မကွဲ

ခင် အရှေ့ကိုရောက်လာတယ်။ ဘုရားအချိန်

မှာ လှပစွာနဲ့ ဘုရား ရဲ့ လုပ်ဆောင်ချက်ကို

သင်မြင်တွေ့ရမယ်။



Zawgyi

ဘုရား အခ်ိန္ကိုေစာင့္ပါ


"ငါသည္ ထာဝရဘုရားျဖစ္၏။ ငါေျပာလွ်င္၊

ေျပာသည္အတိုင္း ျပည့္စုံလိမ့္မည္။ ျပည့္စုံခ်ိန္လည္း

မေ႐ြ႕ရ။" (ေယဇေက်လ ၁၂:၂၅)


မိုင္ေပါင္းမ်ားစြာ ကြာေဝးနဲ႔ ႏိုင္ငံတႏိုင္ငံနဲ႔

တႏိုင္ငံ အခ်ိန္နာရီေတြဟာ မတူညီၾကတာ လူ

တ္ိဳင္းသိပါတယ္။ ကြၽန္ေတာ္ အေမရိကန္ေရာက္

ေနတဲ့ အခ်ိန္မွာ ျမန္မာျပည္မွာ႐ွိတဲ့ အမ်ိဳးသမီး

နဲ႔ ေန႔ည ဆန္႔က်င္ဘက္ျဖစ္ေနခဲ့တယ္။ ကြၽန္

ေတာ္ဆီမွာ မနက္ ေနထြက္ေပမယ့္ သူ႕ဆီမွာေတာ့

ေနက ဝင္သြားခဲ့ၿပီ တခါတေလ ကိုယ့္အေျခအေန

နဲ႔ ႏႈတ္ဆက္မိတိုင္း မွားတယ္။ ဘုရားသခင္နဲ႔

လူေတြရဲ႕ ခ်ိန္းခ်က္တဲ့ အခ်ိန္နာရီလည္းမတူၾက

ဘူး။ ဒါေၾကာင့္ လူေတြက ဘုရားကို အၿမဲေနာက္

က်တယ္လို႔ ခံစားေနၾကတာမဟုတ္လား။

၂ ေပ ၃:၉ မွာ ႏႈတ္ကပတ္ေတာ္ကဒီလိုဆိုတယ္

ဘုရားသခင္ဘယ္ေတာ့မွ မေႏွးဘူးတဲ့။ ဘုရား

ဟာ ဘယ္ေတာ့မွ ေနာက္က်တဲ့ဘုရား မဟုတ္

ဘူး။ သို႔ေသာ္ သူ႕အခ်ိန္ မေရာက္ေသးလို႔သာ

သူေစာင့္ေနျခင္းပဲ ႐ွိတာပါ။ အခ်ိန္ေရာက္တဲ့

အခ်ိန္မွာေတာ့ သင္ေမွ်ာ္လင့္တာထက္ႀကီးမား

တဲ့ အရာေတြကို ျပဳပါလိမ့္မယ္။


၁။ မေစာင့္ႏိုင္လို႔ (၁ရာ ၁၃:၈)

ဘုရင္ႀကီး ေ႐ွာလု ဘုရားအခ်ိန္ကိုမေစာင့္

ႏိုင္ခဲ့ဘူး။ တကယ္ေတာ့ အဲ့ဒီ ေစာင့္ခိုင္းတာ

ဟာ စမ္းသပ္စစ္ေဆးမႈတစ္ခုျဖစ္ခဲ့တယ္။ ယဇ္

ပုေရာဟိတ္႐ွာေမြလဟာ သူ႕ကိုခ်ိန္းထားတဲ့ အခ်ိန္

မေရာက္ခဲ့ဘူး။ အေျခအေနေတြကလည္းေတာ္

ေတာ္ ႐ႈပ္ေနၿပီ စစ္တိုက္ဖို႔လည္း အခ်ိန္ေရာက္ေနၿပီ

ဘုရားလူ ႐ွာေမြလကေတာ့ အရိပ္အေရာင္

ေတာင္မေတြ႕ ဒါနဲ႔ မလုပ္သင့္တဲ့ ယဇ္ပူေဇာ္မႈကို

သူ လုပ္ပစ္လိုက္တယ္။ မေစာင့္ႏိုင္တဲ့ လူေတြက

အၿမဲတန္း မလုပ္သင့္တဲ့ အလုပ္ေတြ ဘုရားနဲ႔

ဆန္႔က်င္တာေတြ လုပ္တတ္ၾကတယ္။ သူလုပ္

မိၿပီးတာ နဲ႔ ႐ွာေမြလ ေရာက္လာတယ္ သူ႕ဆီ မွာ

ဘုရားစကား ပါလာတယ္။ အဲ့ဒါကေတာ့

၁ရာ ၁၃:၁၃ သင္ေစာင့္မိတယ္ ဆိုရင္သင့္အာဏာ

ကိုအစဥ္အၿမဲ တည္ေစဖို႔ပဲ။ ဘုရား ရဲ႕ စာေမးပြဲ

မေစာင့္ ႏိုင္တဲ့ သူေတြ အၿမဲက်ပါတယ္။ ဘုရားေပးတဲ့

ႀကီးမားတဲ့ အခြင့္အေရးေတြဟာ အၿမဲ ေနာက္

က်သလိုလို နဲ႔ ေရာက္လာတတ္တယ္။ ၾကာေန

တာ ႀကီးလို႔ဆိုတာ မေမ့နဲ႔။


၂။ သူေစ ခိုင္းသမွ် ကိုျပဳၾကပါ (ေယာ၂)

ေယ႐ႈပထမဆုံး နိမိတ္လကၡဏာကို ကာနၿမိဳ႕

မဂၤလာေဆာင္မွာ ျပဳခဲ့တယ္။ စပ်စ္ရည္ကုန္သြား

ေတာ့ မယ္ေတာ္မာရိက လာေျပာတယ္ စပ်စ္

ရည္ကုန္ၿပီဆိုတဲ့အေၾကာင္းကို။ စဥ္းစားၾကည့္

စပ်စ္ရည္ ကုန္တာ နဲ႔ ေယ႐ႈနဲ႔ ဘာဆိုင္လို႔လည္း

မာရိကသိတယ္ ေယ႐ႈအကုန္ တတ္ႏိုင္တယ္။

ဒါေပမယ့္ ေယ႐ႈဆီကျပန္ၾကားရတာကဘာလည္း

ငါ့အခ်ိန္မေရာက္ေသးတဲ့။ ကုန္ေနၿပီ အခ်ိန္ မ

ေရာက္ေသး ဆိုဘယ္ေတာ့ေရာက္မွာလည္း

အဲ့ဒါလည္းမေျပာ။ ဒါဆို တျခားနည္းနဲ႔စီစဥ္ရမွာလား

မာရိေျပာတာ ေကာင္းတယ္ သူေစခိုင္းသမွ်ကို

ျပဳၾကတဲ့။ အခ်ိန္ မေရာက္ေသးေတာ့ ကိုယ့္

နည္း ကိုယ့္ဟန္နဲ႔ မစီစဥ္ဘူး။ ေယ႐ႈ ခိုင္းတာ

ကိုပဲ ေစာင့္ၿပီး လုပ္ခိုင္းတယ္။ မဂၤလာေဆာင္မွာ

အ႐ွက္ကြဲေတာ့မယ့္အခ်ိန္မွာေတာင္မေလာ

ဘူး ဘုရား ခိုင္းတာလုပ္ရင္းနဲ႔ အခ်ိန္ ေရာက္ဖို႔

ေစာင့္ ခိုင္းတယ္။ တကယ္ေတာ့ ေ႐ွာလု ၾကဳံ

ခဲ့တဲ့ အေျခအေနနဲ႔ အတူတူပါပဲ။ ဘုရားကဘယ္

ေတာ့မွ သင့္ကို အ႐ွက္မခြဲဘူး။ သူ႕ရဲ႕ အခ်ိန္ကလည္း

သင္ မလိုအပ္ေတာ့တဲ့ အခ်ိန္မွ မဟုတ္ဘူး

အေကာင္းဆုံးေသာစပ်စ္ရည္ဟာ အ႐ွက္မကြဲ

ခင္ အေ႐ွ႕ကိုေရာက္လာတယ္။ ဘုရားအခ်ိန္

မွာ လွပစြာနဲ႔ ဘုရား ရဲ႕ လုပ္ေဆာင္ခ်က္ကို

သင္ျမင္ေတြ႕ရမယ္။

0 views0 comments