Search
  • Than Min Htike

ဘုရားအပိုင်း နှင့် လူ့ အပိုင်း

(တရား၂၉:၂၉) "မထင်ရှားသော အရာတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြတော် မူသော အရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍ ၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်ရမည် အကြောင်းတည်း။"


ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့ စကားပုံလိုပေါ့ အရာရာတိုင်းမှာသူ့နေရာနဲ့သူ သူ့အပိုင်းနဲ့သူရှိပါတယ်။ ဒီလိုပါပဲ ယုံကြည်သူအသက်တာမှာ လူလုပ်ရမယ့်အလုပ်ရှိသလို၊ ဘုရားလုပ်ပေးတဲ့ အပိုင်းရှိပါတယ်။ တချို့သော ယုံကြည်သူတွေက ဘုရားလုပ်ရမယ့် အလုပ်နဲ့ လူလုပ်ရမယ့်အပိုင်းကို ကွဲကွဲ ပြားပြား သိရှိနားလည်ခြင်းမရှိပေ။ဘုရားလုပ်မယ့်အပိုင်းကို လူမလုပ်နိုင်သလို လူလုပ်မယ့်အပိုင်းကြတော့လည်း ဘုရားကလာ မလုပ်ပေးချေ။ ဒါကြောင့် ဘယ်အရာဟာ သင့်ကို ဘုရားလုပ်ပေးမယ့် အလုပ်ဖြစ်ပြီး၊ဘယ်အရာဟာ သင်ယုံကြည်ခြင်း၊ ဘုရားစကား နားထောင်ခြင်းနှင့် လုပ်ရမယ့်အရာဆိုတာကိုကွဲကွဲပြားပြား သိနားလည်ဖို့လိုသည်။ ယောရှုနှင့်အဖွဲ့ ယော်ဒန်မြစ်ကိုဖြတ်တဲ့အခါမှာ ယောရှုတို့က ရေစပ်ကိုခြေချဖို့ လုပ်ဆောင်ရပြီး ရေ အလယ်မှာ လမ်းပေါ်စေတာက ဘုရားပင်ဖြစ်သည်။ ယောရှုက ရေအလယ်မှာ လမ်းပေါ် ဖို့မလုပ်ဆောင်နိုင်ပေ။ တကယ်လို့များ သူ့အလုပ် ဖြစ်တဲ့ လမ်းလျှောက်ပြီး ခြေချဖို့အလုပ်ကို မလုပ်ပဲ ရေအလယ်မှာ လမ်းဘယ်လိုဖေါက်ရမလည်းပဲ စဉ်းစားပြီး လုပ်ဆောင်ရင် ဘယ်တော့မှ ခါနန်ပြည် ရောက်တော့မည် မဟုတ်ချေ။ ရေမှ စပျစ်ရည်ဖြစ်စေသောအခါတွင်လည်း ထိုနည်းတူပင် အစေခံများက ရေမှ စပျစ်ရည်ဖြစ်အောင်မစွမ်းဆောင်နိုင်ပေ။ အိုးထဲကိုသာ ရေထည့်ဖို့ သူတို့ တတ်နိုင်ပြီး၊ ဘုရားက အိုးထဲကိုရေ မထည့်ပေးပေ။ အစေခံတို့ ထည့်သော ရေကိုသာ စပျစ်ရည် ပြောင်းစေသည်။



Zawgyi

ဘုရားအပိုင္း ႏွင့္ လူ႕ အပိုင္း


(တရား၂၉:၂၉) "မထင္႐ွားေသာ အရာတို႔သည္ ငါတို႔ဘုရားသခင္ ထာဝရဘုရား၏ အငန္းအတာျဖစ္ၾက၏။ ေဘာ္ျပေတာ္ မူေသာ အရာတို႔သည္ ကာလအစဥ္မျပတ္ ငါတို႔ႏွင့္ ငါတို႔သားသမီးမ်ားတို႔၏ အငန္းအတာျဖစ္၍ ၊ ဤပညတ္တရား စကားအလုံးစုံတို႔ကို ေစာင့္ေ႐ွာက္ရမည္ အေၾကာင္းတည္း။"


ဒူးေနရာဒူး ေတာ္ေနရာေတာ္ ဆိုတဲ့ စကားပုံလိုေပါ့ အရာရာတိုင္းမွာသူ႕ေနရာနဲ႔သူ သူ႕အပိုင္းနဲ႔သူ႐ွိပါတယ္။ ဒီလိုပါပဲ ယုံၾကည္သူအသက္တာမွာ လူလုပ္ရမယ့္အလုပ္႐ွိသလို၊ ဘုရားလုပ္ေပးတဲ့ အပိုင္း႐ွိပါတယ္။ တခ်ိဳ႕ေသာ ယုံၾကည္သူေတြက ဘုရားလုပ္ရမယ့္ အလုပ္နဲ႔ လူလုပ္ရမယ့္အပိုင္းကို ကြဲကြဲ ျပားျပား သိ႐ွိနားလည္ျခင္းမ႐ွိေပ။ဘုရားလုပ္မယ့္အပိုင္းကို လူမလုပ္ႏိုင္သလို လူလုပ္မယ့္အပိုင္းၾကေတာ့လည္း ဘုရားကလာ မလုပ္ေပးေခ်။ ဒါေၾကာင့္ ဘယ္အရာဟာ သင့္ကို ဘုရားလုပ္ေပးမယ့္ အလုပ္ျဖစ္ၿပီး၊ဘယ္အရာဟာ သင္ယုံၾကည္ျခင္း၊ ဘုရားစကား နားေထာင္ျခင္းႏွင့္ လုပ္ရမယ့္အရာဆိုတာကိုကြဲကြဲျပားျပား သိနားလည္ဖို႔လိုသည္။ ေယာ႐ႈႏွင့္အဖြဲ႕ ေယာ္ဒန္ျမစ္ကိုျဖတ္တဲ့အခါမွာ ေယာ႐ႈတို႔က ေရစပ္ကိုေျခခ်ဖို႔ လုပ္ေဆာင္ရၿပီး ေရ အလယ္မွာ လမ္းေပၚေစတာက ဘုရားပင္ျဖစ္သည္။ ေယာ႐ႈက ေရအလယ္မွာ လမ္းေပၚ ဖို႔မလုပ္ေဆာင္ႏိုင္ေပ။ တကယ္လို႔မ်ား သူ႕အလုပ္ ျဖစ္တဲ့ လမ္းေလွ်ာက္ၿပီး ေျခခ်ဖို႔အလုပ္ကို မလုပ္ပဲ ေရအလယ္မွာ လမ္းဘယ္လိုေဖါက္ရမလည္းပဲ စဥ္းစားၿပီး လုပ္ေဆာင္ရင္ ဘယ္ေတာ့မွ ခါနန္ျပည္ ေရာက္ေတာ့မည္ မဟုတ္ေခ်။ ေရမွ စပ်စ္ရည္ျဖစ္ေစေသာအခါတြင္လည္း ထိုနည္းတူပင္ အေစခံမ်ားက ေရမွ စပ်စ္ရည္ျဖစ္ေအာင္မစြမ္းေဆာင္ႏိုင္ေပ။ အိုးထဲကိုသာ ေရထည့္ဖို႔ သူတို႔ တတ္ႏိုင္ၿပီး၊ ဘုရားက အိုးထဲကိုေရ မထည့္ေပးေပ။ အေစခံတို႔ ထည့္ေသာ ေရကိုသာ စပ်စ္ရည္ ေျပာင္းေစသည္။


0 views0 comments