Search
  • Than Min Htike

မင်္ဂလာရှိသော အသက်တာ

“ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊-”(တ ၂၀:၃၅)


တနေ့ ငွေကြေး ခက်ခဲပြီး အဆင်ပြေဖို့ ဆုတောင်းနေတဲ့သူတစ်ယောက် ဘုရားကျောင်းကိုသွားတယ်။ ဘုရားကျောင်းမှာ လူတစ်ယောက်က ဒီလိုသက်သေခံတယ်။ သူငွေ အင်မတန်လ်ိုနေတဲ့အချိန်မှာလမ်းဘေးတစ်နေရာမှာ ဆုတောင်းနေတုန်း သူတစ်ခါမှ မသိတဲ့လူတစ်ယောက်က လာပြီး ဘုရား နှိုးဆော်

လို့ဆိုပြီး အထုပ်တစ်ထုပ်လာပေးတယ်။ အဲ့ဒီအထုပ်ထဲမှာ သူလိုတဲ့ငွေ ဖြစ်နေတယ်လို့ သက်သေခံတယ်။ ဒီသက်သေခံချက်ကိုကြားတဲ့ အခါမှာ သူစတင်ပြီးတော့ ဘုရားကို အပြစ်တင်တယ်၊ က်ိုယ်တော် ကျွန်တော်ကို

တော့ အဲ့ဒီလ်ိုဘာလို့မဖြစ်စေတာလည်း မျက်နှာလိုက်တယ်လို့ သူအပြစ်တင်တယ်။ ဒါနဲ့ ဘုရားရဲ့အသံတော် သူ့ဆီရောက်လာတယ် သားက ဘာလို့ အပေးကမ်းခံတဲ့သူပဲ ဖြစ်ချင်ရတာလဲ၊ ဘုရား နှိုးဆော်လို့လာပေးတဲ့သူ မဖြစ်ချင်တာလဲ။ ဘဝမှာ တခါတလေ လက်ခံရရှိခြင်းကိုပဲ မင်္ဂလာလို့ ထင်တတ်ကြတယ်။ တကယ်တော့ ကောင်းကြီးမင်္ဂလာဆိုတာ ပေးခွင့်ရခြင်းဟာ သာ၍မြတ်တဲ့ ကောင်းကြီးမင်္ဂလာပါ။

ဒီအဖြစ်ပျက်ဟာ ကျွန်တော်ကိုလည်းအများကြီးအမြင်ပွင့်စေတယ်။ တခါတလေ ခက်ခဲတာခြင်းတူနေတာတောင် သူများတွေက လွယ်လွယ်လေးနဲ့အဆင် ပြေပေမယ့် ကျွန်တော်ကတော့ လွယ်လွယ်နဲ့မရဘူး။ သူများနဲ့မတူပဲကြုံရတာတွေရှိလာရင် ဘုရာမျက်နှာလိုက်တယ်လို့ ထင်တတ်ကြတယ်။တကယ်တော့ သင့်ကိုသူ များနဲ့မတူပဲသာ၍မြတ်သော အသက်တာ၊ မင်္ဂလာပေးခြင်လို့ဆိုတာ မှတ်ထားစေချင်တယ်။ ရယူခြင်းအသက်တာအတွက်ပဲ စိတ်ကူးယဉ်မထားပဲ၊ သာ၍ မြတ်သောအသက်တာဖြစ်တဲ့ ပေးကမ်းခြင်းဖြင့်အသက်ရှင်တတ်သူဖြစ်ဖို့ ယုံကြည်ခြင်းရှိရအောင်၊ ကိုယ်ကပဲ တချိန်လုံး ခက်ခဲနေတာကိုသူများရဲ့အကူအညီအပေးအကမ်းခံရသူပဲ မဖြစ်ပဲ။ ခက်ခဲသူများ၊ လိုအပ်သူများကို ပေးကမ်းမစတဲ့ သူအဖြစ်အသက်ရှင်နိုင်ဖို့ စတင်ခြေလှမ်းရအောင်။ကိုယ်လိုအပ်နေတဲ့အရာကိုပဲ ဗဟိုမပြုပဲနဲ့ ကိုယ့်လို လိုအပ်နေတဲ့သူများကိုကူညီအစခြင်းအားဖြင့်စိုက်ပျိုးပါ။ ဒီလိုစိုက်ပျိုးရင် သင့်လိုအပ်ချက်များအတွက် ဘုရားမစခြင်းကိုပြန်လည်ရိတ်သိမ်းရမည်။



Zawgyi

မင်္ဂလာရှိသော အသက်တာ

“ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊-”(တ ၂၀:၃၅)


တနေ့ ငွေကြေး ခက်ခဲပြီး အဆင်ပြေဖို့ ဆုတောင်းနေတဲ့သူတစ်ယောက် ဘုရားကျောင်းကိုသွားတယ်။ ဘုရားကျောင်းမှာ လူတစ်ယောက်က ဒီလိုသက်သေခံတယ်။ သူငွေ အင်မတန်လ်ိုနေတဲ့အချိန်မှာလမ်းဘေးတစ်နေရာမှာ ဆုတောင်းနေတုန်း သူတစ်ခါမှ မသိတဲ့လူတစ်ယောက်က လာပြီး ဘုရား နှိုးဆော်

လို့ဆိုပြီး အထုပ်တစ်ထုပ်လာပေးတယ်။ အဲ့ဒီအထုပ်ထဲမှာ သူလိုတဲ့ငွေ ဖြစ်နေတယ်လို့ သက်သေခံတယ်။ ဒီသက်သေခံချက်ကိုကြားတဲ့ အခါမှာ သူစတင်ပြီးတော့ ဘုရားကို အပြစ်တင်တယ်၊ က်ိုယ်တော် ကျွန်တော်ကို

တော့ အဲ့ဒီလ်ိုဘာလို့မဖြစ်စေတာလည်း မျက်နှာလိုက်တယ်လို့ သူအပြစ်တင်တယ်။ ဒါနဲ့ ဘုရားရဲ့အသံတော် သူ့ဆီရောက်လာတယ် သားက ဘာလို့ အပေးကမ်းခံတဲ့သူပဲ ဖြစ်ချင်ရတာလဲ၊ ဘုရား နှိုးဆော်လို့လာပေးတဲ့သူ မဖြစ်ချင်တာလဲ။ ဘဝမှာ တခါတလေ လက်ခံရရှိခြင်းကိုပဲ မင်္ဂလာလို့ ထင်တတ်ကြတယ်။ တကယ်တော့ ကောင်းကြီးမင်္ဂလာဆိုတာ ပေးခွင့်ရခြင်းဟာ သာ၍မြတ်တဲ့ ကောင်းကြီးမင်္ဂလာပါ။

ဒီအဖြစ်ပျက်ဟာ ကျွန်တော်ကိုလည်းအများကြီးအမြင်ပွင့်စေတယ်။ တခါတလေ ခက်ခဲတာခြင်းတူနေတာတောင် သူများတွေက လွယ်လွယ်လေးနဲ့အဆင် ပြေပေမယ့် ကျွန်တော်ကတော့ လွယ်လွယ်နဲ့မရဘူး။ သူများနဲ့မတူပဲကြုံရတာတွေရှိလာရင် ဘုရာမျက်နှာလိုက်တယ်လို့ ထင်တတ်ကြတယ်။တကယ်တော့ သင့်ကိုသူ များနဲ့မတူပဲသာ၍မြတ်သော အသက်တာ၊ မင်္ဂလာပေးခြင်လို့ဆိုတာ မှတ်ထားစေချင်တယ်။ ရယူခြင်းအသက်တာအတွက်ပဲ စိတ်ကူးယဉ်မထားပဲ၊ သာ၍ မြတ်သောအသက်တာဖြစ်တဲ့ ပေးကမ်းခြင်းဖြင့်အသက်ရှင်တတ်သူဖြစ်ဖို့ ယုံကြည်ခြင်းရှိရအောင်၊ ကိုယ်ကပဲ တချိန်လုံး ခက်ခဲနေတာကိုသူများရဲ့အကူအညီအပေးအကမ်းခံရသူပဲ မဖြစ်ပဲ။ ခက်ခဲသူများ၊ လိုအပ်သူများကို ပေးကမ်းမစတဲ့ သူအဖြစ်အသက်ရှင်နိုင်ဖို့ စတင်ခြေလှမ်းရအောင်။ကိုယ်လိုအပ်နေတဲ့အရာကိုပဲ ဗဟိုမပြုပဲနဲ့ ကိုယ့်လို လိုအပ်နေတဲ့သူများကိုကူညီအစခြင်းအားဖြင့်စိုက်ပျိုးပါ။ ဒီလိုစိုက်ပျိုးရင် သင့်လိုအပ်ချက်များအတွက် ဘုရားမစခြင်းကိုပြန်လည်ရိတ်သိမ်းရမည်။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube