- Than Min Htike
မနက်ဖြန်
“ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏” (မဿဲ ၆:၃၄)
ခေတ်ကာလကြီးတိုးတက်လာပြီးတီထွင်မှုအသစ်တွေ၊ နည်းပညာ အသစ်တွေပြုလုပ်နိုင်ပေမယ့်၊ လူတွေရဲ့ စိုးရိမ်ခြင်းတွေကို ပျောက်အောင်လုပ်နိုင်ခြင်းတော့လုံးဝကိုမရှိသေးဘူးအခုထိ။ မြင်ရတဲ့ အပိုင်းမှာတိုးတက်လာသလို စိုးရိမ်စရာ ကောင်းတဲ့ အရာတွေကလည်းအရင်ကထက် ပိုတိုးတက်လာတာအားလုံး
အသိပဲ။ ဒါပေမယ့် ဘယ်လိုစိုးရိမ်စရာတွေ ရှိရှိ ဘုရားကတော့ ကတိပေးတယ် မစိုးရိမ်နဲ့ တဲ့။ဘယ်သူများကဒီလိုကတိပေးနိုင်အုံးမှာလဲ။ ဘယ်နည်းပညာမှ ဘယ်ဆေးဝါးနဲ့စက်ကိရိယာမှ အာမခံပြီး မလုပ်ပေးနိုင်တဲ့အရာမဟုတ်လား။တကယ်တော့ လူတွေကို ဒုက္ခပေးတာက အနာရောဂါထက်၊ ဆင်းရဲခြင်းထက်၊ ပြဿနာတွေ
ထက် အဲ့ဒီအရာတွေဖြစ်လာရင်ဆိုတဲ့ စိုးရိမ်မှုကပိုဆိုးတယ်။ မနက်ဖြန်ဆိုတဲ့ အရာကြီးကိုရင်ဆိုင်ဖို့အတွက် အင်အားမရှိလို့ လက်လျော့ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင် လိုက်တဲ့ လူတွေ
အများကြီးနေ့တိုင်း ရှိနေတယ်။ ဘာကြောင့်များနက်ဖြန်နေ့က သူတို့ ဘဝအပေါ်မှာ ဒီလောက်တောင် လွှမ်းမိုးအန်ိုင်ယူသွားရတာလဲ။ ရှင်းရှင်းလေးပါပဲ မနက်ဖြန်နေ့ကို မစိုးရိမ်နဲ့လို့ ကတိပေးထားပြီး သင့်ရဲ့ မနက်ဖြန်ကို စိုးရိမ်မှုတွေအစား အလှပဆုံး အကောင်းဆုံးပုံဖေါ်ဖန်ဆင်းပေးမယ့် ဘုရားကို မသိလို့၊ မယုံလို့ပါပဲ။ ဒီနေ့
အဲ့ဒီဘုရားက သင့်ဘဝရဲ့ မနက်ဖြန်တွေကိုဖန်ဆင်းပြီး အုပ်စိုးတဲ့ ဘုရားပါ။ အဲ့ဒီဘုရားနဲ့သာအသက်ရှင်ရင် သင်က မနက်ဖြန်ကိုစိုးရိမ်စရာ မလိုတဲ့ အပြင် မနက်ဖြန်ကတော့ သင့်အတွက် ပြန်ပြီး စိုးရိမ်နေရအုံးမယ်။

Zawgyi
မနက္ျဖန္
“ထိုေၾကာင့္ နက္ျဖန္အဖို႔ မစိုးရိမ္ၾကႏွင့္။ နက္ျဖန္ေန႔သည္ မိမိအဖို႔ စိုးရိမ္လိမ့္မည္။ ယခုေန႔၌႐ွိေသာ မေကာင္းမသင့္ေသာ အရာသည္ ယခုေန႔ဖို႔ ေလာက္ေပ၏” (မႆဲ ၆:၃၄)
ေခတ္ကာလႀကီးတိုးတက္လာၿပီးတီထြင္မႈအသစ္ေတြ၊ နည္းပညာ အသစ္ေတြျပဳလုပ္ႏိုင္ေပမယ့္၊ လူေတြရဲ႕ စိုးရိမ္ျခင္းေတြကို ေပ်ာက္ေအာင္လုပ္ႏိုင္ျခင္းေတာ့လုံးဝကိုမ႐ွိေသးဘူးအခုထိ။ ျမင္ရတဲ့ အပိုင္းမွာတိုးတက္လာသလို စိုးရိမ္စရာ ေကာင္းတဲ့ အရာေတြကလည္းအရင္ကထက္ ပိုတိုးတက္လာတာအားလုံး
အသိပဲ။ ဒါေပမယ့္ ဘယ္လိုစိုးရိမ္စရာေတြ ႐ွိ႐ွိ ဘုရားကေတာ့ ကတိေပးတယ္ မစိုးရိမ္နဲ႔ တဲ့။ဘယ္သူမ်ားကဒီလိုကတိေပးႏိုင္အုံးမွာလဲ။ ဘယ္နည္းပညာမွ ဘယ္ေဆးဝါးနဲ႔စက္ကိရိယာမွ အာမခံၿပီး မလုပ္ေပးႏိုင္တဲ့အရာမဟုတ္လား။တကယ္ေတာ့ လူေတြကို ဒုကၡေပးတာက အနာေရာဂါထက္၊ ဆင္းရဲျခင္းထက္၊ ျပႆနာေတြ
ထက္ အဲ့ဒီအရာေတြျဖစ္လာရင္ဆိုတဲ့ စိုးရိမ္မႈကပိုဆိုးတယ္။ မနက္ျဖန္ဆိုတဲ့ အရာႀကီးကိုရင္ဆိုင္ဖို႔အတြက္ အင္အားမ႐ွိလို႔ လက္ေလ်ာ့ၿပီး ကိုယ့္ကိုကိုယ္ အဆုံးစီရင္ လိုက္တဲ့ လူေတြ
အမ်ားႀကီးေန႔တိုင္း ႐ွိေနတယ္။ ဘာေၾကာင့္မ်ားနက္ျဖန္ေန႔က သူတို႔ ဘဝအေပၚမွာ ဒီေလာက္ေတာင္ လႊမ္းမိုးအန္ိဳင္ယူသြားရတာလဲ။ ႐ွင္း႐ွင္းေလးပါပဲ မနက္ျဖန္ေန႔ကို မစိုးရိမ္နဲ႔လို႔ ကတိေပးထားၿပီး သင့္ရဲ႕ မနက္ျဖန္ကို စိုးရိမ္မႈေတြအစား အလွပဆုံး အေကာင္းဆုံးပုံေဖၚဖန္ဆင္းေပးမယ့္ ဘုရားကို မသိလို႔၊ မယုံလို႔ပါပဲ။ ဒီေန႔
အဲ့ဒီဘုရားက သင့္ဘဝရဲ႕ မနက္ျဖန္ေတြကိုဖန္ဆင္းၿပီး အုပ္စိုးတဲ့ ဘုရားပါ။ အဲ့ဒီဘုရားနဲ႔သာအသက္႐ွင္ရင္ သင္က မနက္ျဖန္ကိုစိုးရိမ္စရာ မလိုတဲ့ အျပင္ မနက္ျဖန္ကေတာ့ သင့္အတြက္ ျပန္ၿပီး စိုးရိမ္ေနရအုံးမယ္။