Search
  • Than Min Htike

မနက်ဖြန်(၂)

" နေ့ရက် တရက်ထက်တရက် သာ၍ မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။" (ရောမ ၁၄:၅)

ဒီနေ့ထက်မနက်ဖြန် ပိုကောင်းလာမယ်လို့ လူအချို့ ယုံပေမယ့်၊ လူအချို့ကတော့ မယုံနိုင်ကြဘူး။ မနက်ဖြန်က ပိုကောင်းလာခြင်း၊ မကောင်းလာခြင်းက ဘာနဲ့မှမဆိုင်ပါဘူး။ ဘုရားကလူတချို့ အတွက်တော့ အကောင်းဆုံးသောအရာတွေ ပြင်ဆင်ထားပြီး အချို့အတွက်တော့ မပြင်ဆင်ထားတာ၊ ဒါမှ မဟုတ် ပြင်ဆင်ဖို့ မေ့သွားတာမဟုတ်ရပါ။ ဘုရား အပေါ် မှာထားတဲ့ သင့်ယုံကြည်ခြင်းကပဲ သင့်မနက်ဖြန်ကို ကောင်းစေဆိုးစေတာပါ။ လူအချင်းချင်း အတူတူ ဖြစ်ပေမယ့် ဘုရား အပေါ်ယုံတာ လုံးဝ မတူကြဘူး။ ဒီယုံကြည်ခြင်းပေါ်မှာပဲ ရလဒ်က အရမ်းကိုကွာသွားစေတယ်။

မနက်ဖြန်မှာတော့ ကွာသွားလိမ့်မယ်

ရှာမာရိမြို့ အစာခေါင်ပါးတဲ့ အခါမှာ ဧလိရှဲက ဒီလိုပြောတယ် မနက်ဖြန်နေ့မှာ အရာရာပြောင်းလဲပြီး အစာခေါင်ပါးခြင်းကနေလွတ်မယ်လို့ ပရောဖက်ပြုခဲ့တယ်။ ဒါပေမယ့်ရှင်ဘုရင် အားကိုးရတဲ့ ပညာရှိ အမတ်ကြီးကတော့ မယုံတဲ့အပြင် လှောင်ခဲ့ပါတယ်။ ဒါကြောင့်ပရောဖက်ကြီးကပြောတယ် မြင်ပဲ မြင်ရမယ် မခံစားရဘူးတဲ့။ ကောင်းတဲ့ အရာတွေကို မြင်ပြီးမခံစားရတာ ယုံကြည်ခြင်းမရှိလို့ပါ။ သင့်ရဲ့မနက်ဖြန်ဟာ တခြား လူနဲ့မတူပါဘူး အကောင်းဆုံး အရာတွေကို ဘုရားပြင်ဆင်ထားပေမယ့် သင်မယုံရင်တော့ ခံစားရမှာ မဟုတ်ပါဘူး။ ဒီပညာရှိအမတ်ဟာတကယ်ပဲ မနက်ဖြန်နေ့မှာ ဘုရားပြုတဲ့ အရာတွေကိုအပြောင်း အလဲတွေ မြင်ရပေမယ့် သူဟာ မခံစားရပါ ဘူး။ ဘုရား မပြင်ပေးတာမဟုတ်ဘူး။ အကောင်းဆုံးအရာတွေပြင်ဆင်ပေးထားတဲ့ ဘုရားကို မယုံ ကြည်တာပါ။ သင့်ရဲ့မနက်ဖြန်ဟာ အကောင်းဆုံးအရာတွေ နဲ့ပြည့်နေတယ်ဆိုတာကို ယုံကြည်ခြင်းနဲ့ ကြည့်လိုက်

ပါ။

Zawgyi

မနက်ဖြန်(၂)

နေ့ရက် တရက်ထက်တရက် သာ၍ မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။။ (ရောမ ၁၄:၅)

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube