Search
  • Than Min Htike

မနက်ဖြန် (၃ )

၁ကော ၁၅:၃၂

လူတိုင်းဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်

နေကြရတာပါ။ မျှော်လင့်ချက်ဆိုတာ မရှိတော့ရင် ဘဝဟာ ရှင်လျှက်နဲ့ သေသလိုပါပဲ။ ဒီနေ့ ကြုံလေ သမျှမှာ အကောင်းဆုံး တုန့်ပြန်လုပ်ဆောင်သူနဲ့ ဖြစ်သလို လုပ်တဲ့သူ ဘာကွာလည်းဆိုရင် မနက်ဖြန် အပေါ်မှာ ထားတဲ့ မျှော်လင့်ချက် ကွာသွားလို့ပါ။ တခါတလေ အခက်အခဲတွေ ရင်ဆိုင်နေရင်းနဲ့ ဘာကြောင့်စိတ်ဓါတ်မကျလည်း အားမငယ်လည်း ဆိုရင် မနက်ဖြန်ဟာဒီနေ့နဲ့ မတူပဲ လှပစွာနဲ့ ပြဿနာ အခက်အခဲတွေကနေ၊ အဆင်မပြေမှုတွေကနေ ထမြောက်မယ်လို့ အထူးယုံကြည်မျှော်လင့်နေလို့ပါ။တကယ်လို့ အနာဂတ်သာမရှိရင်တောင် ဒီနေ့ကို ကိုယ် လုပ်ချင်သလိုလုပ်ပြီး သောက်စားမူးယဇ်ပျော်ပါးပြီး ကျော်ဖြတ်လိုက်မှာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂ နှစ်က ဒီနေ့မှာ ကျွန်တော်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ခဲ့တယ်။ အဲ့ဒီမတိုင်ခင်တုန်းက သာမန် လူငယ်လေးတစ်ယောက်ပဲ ဘဝကို အပျော်အပါးတွေနဲ့ ဖြတ်သန်းပြီး ကျော်ဖြတ်ခဲ့တယ်။ ဒါပေမယ့်ယေရှုကိုရတဲ့နေ့မှာတော့ အသက်တာမှာ သူများလိုနေချင်သလိုနေပြီး ရေစုန် မမျောချင်ဘူး။ ဒါကြောင့် ဖြစ်သလိုနေတဲ့ သူတွေနဲ့ လမ်းခွဲခဲ့တယ်။ လူတွေက ကျွန်တော်ကို လမ်းလွဲပြီလို့ ကဲ့ရဲ့ကြတယ်။ ဟုတ်တယ် ကျွန်တော်လမ်းလွဲ သွားတယ်။ ဒါပေမယ့်ကောင်းသောလွဲခြင်းပါ။ ဆုံးရှုံးခြင်းလမ်းက၊ ပျက်ဆီးခြင်းလမ်းကလွဲသွားတာပါ။ အဲ့ဒီနေ့ကတည်းက လှပတဲ့အနာဂတ်ကို မျှော်လင့်ပြီး အသက်ရှင်ခဲ့တယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့လည်းကြုံခဲ့တယ်။ ဒါပေမယ့် ကျော်နိုင်ခဲ့တာဟာလှပတဲ့ မနက်ဖြန်ကိုမျှော်လင့်လို့ပါ ။ ဒီလက်ရှိအခြေအနေကနေ ထမြောက် အုံးမှာဖြစ်သလို လောကကြီးရဲ့ အဆုံးသတ် ခန္ဓာသေခြင်းကနေလည်း ထမြောက်အုံးမှာမို့ပါ။ အဲ့ဒီလို ယုံတာမဟုတ်ရင်တော့မနက်ဖြန် မှာ ဆုံးရှုံးခြင်းကပဲ သင့်ကို စောင့်နေလိမ့်မယ်။ ဒီနေ့တော့ လွန်ခဲ့တဲ့ ၂၂ နှစ်က မျှော်လင့်တဲ့ အကောင်းဆုံး အရာတွေ ဆီမှာခြေချခွင့် ကျွန်တော်ရနေပြီ။



Zawgyi

မနက္ျဖန္ (၃ )

၁ေကာ ၁၅:၃၂

လူတိုင္းဟာ ေမွ်ာ္လင့္ခ်က္နဲ႔ အသက္႐ွင္

ေနၾကရတာပါ။ ေမွ်ာ္လင့္ခ်က္ဆိုတာ မ႐ွိေတာ့ရင္ ဘဝဟာ ႐ွင္လွ်က္နဲ႔ ေသသလိုပါပဲ။ ဒီေန႔ ၾကဳံေလ သမွ်မွာ အေကာင္းဆုံး တုန္႔ျပန္လုပ္ေဆာင္သူနဲ႔ ျဖစ္သလို လုပ္တဲ့သူ ဘာကြာလည္းဆိုရင္ မနက္ျဖန္ အေပၚမွာ ထားတဲ့ ေမွ်ာ္လင့္ခ်က္ ကြာသြားလို႔ပါ။ တခါတေလ အခက္အခဲေတြ ရင္ဆိုင္ေနရင္းနဲ႔ ဘာေၾကာင့္စိတ္ဓါတ္မက်လည္း အားမငယ္လည္း ဆိုရင္ မနက္ျဖန္ဟာဒီေန႔နဲ႔ မတူပဲ လွပစြာနဲ႔ ျပႆနာ အခက္အခဲေတြကေန၊ အဆင္မေျပမႈေတြကေန ထေျမာက္မယ္လို႔ အထူးယုံၾကည္ေမွ်ာ္လင့္ေနလို႔ပါ။တကယ္လို႔ အနာဂတ္သာမ႐ွိရင္ေတာင္ ဒီေန႔ကို ကိုယ္ လုပ္ခ်င္သလိုလုပ္ၿပီး ေသာက္စားမူးယဇ္ေပ်ာ္ပါးၿပီး ေက်ာ္ျဖတ္လိုက္မွာေပါ့။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၂ ႏွစ္က ဒီေန႔မွာ ကြၽန္ေတာ္ေယ႐ႈကို ကယ္တင္႐ွင္အျဖစ္ လက္ခံယုံၾကည္ခဲ့တယ္။ အဲ့ဒီမတိုင္ခင္တုန္းက သာမန္ လူငယ္ေလးတစ္ေယာက္ပဲ ဘဝကို အေပ်ာ္အပါးေတြနဲ႔ ျဖတ္သန္းၿပီး ေက်ာ္ျဖတ္ခဲ့တယ္။ ဒါေပမယ့္ေယ႐ႈကိုရတဲ့ေန႔မွာေတာ့ အသက္တာမွာ သူမ်ားလိုေနခ်င္သလိုေနၿပီး ေရစုန္ မေမ်ာခ်င္ဘူး။ ဒါေၾကာင့္ ျဖစ္သလိုေနတဲ့ သူေတြနဲ႔ လမ္းခြဲခဲ့တယ္။ လူေတြက ကြၽန္ေတာ္ကို လမ္းလြဲၿပီလို႔ ကဲ့ရဲ႕ၾကတယ္။ ဟုတ္တယ္ ကြၽန္ေတာ္လမ္းလြဲ သြားတယ္။ ဒါေပမယ့္ေကာင္းေသာလြဲျခင္းပါ။ ဆုံး႐ႈံးျခင္းလမ္းက၊ ပ်က္ဆီးျခင္းလမ္းကလြဲသြားတာပါ။ အဲ့ဒီေန႔ကတည္းက လွပတဲ့အနာဂတ္ကို ေမွ်ာ္လင့္ၿပီး အသက္႐ွင္ခဲ့တယ္။ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔လည္းၾကဳံခဲ့တယ္။ ဒါေပမယ့္ ေက်ာ္ႏိုင္ခဲ့တာဟာလွပတဲ့ မနက္ျဖန္ကိုေမွ်ာ္လင့္လို႔ပါ ။ ဒီလက္႐ွိအေျခအေနကေန ထေျမာက္ အုံးမွာျဖစ္သလို ေလာကႀကီးရဲ႕ အဆုံးသတ္ ခႏၶာေသျခင္းကေနလည္း ထေျမာက္အုံးမွာမို႔ပါ။ အဲ့ဒီလို ယုံတာမဟုတ္ရင္ေတာ့မနက္ျဖန္ မွာ ဆုံး႐ႈံးျခင္းကပဲ သင့္ကို ေစာင့္ေနလိမ့္မယ္။ ဒီေန႔ေတာ့ လြန္ခဲ့တဲ့ ၂၂ ႏွစ္က ေမွ်ာ္လင့္တဲ့ အေကာင္းဆုံး အရာေတြ ဆီမွာေျခခ်ခြင့္ ကြၽန္ေတာ္ရေနၿပီ။

0 views0 comments