Search
  • Than Min Htike

မနက်ဖြန် (၄)

အပြောင်းလဲတွေဖြစ်လာမယ်

တချို့အပြောင်းလဲတွေက အချိန်ယူဖို့လိုပါတယ်။ ဒါပေမယ့်တချို့အပြောင်းလဲတွေကတော့ ချက်ခြင်းဆိုသလိုချည်း ယုံနိုင်စရာမရှိလောက်အောင်ကို မြန်ဆန်လွန်းလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရား တတ်နိုင်တယ် လုပ်နိုင်တယ်ဆိုတာကိုတော့ အကြွင်းမဲ့ ယုံထားဖို့တော့လိုတယ်မဟုတ်လား။ ပင်လယ်ကြီးကို နှစ်ခြမ်းခွဲပြီးတော့ လမ်းပေါ်စေတဲ့ဘုရားက၊ ကျောက်ထဲကနေ ရေထွက်စေပြီးလူသန်းပေါင်းများစွာအတွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ဘုရားက သူ့ကိုယုံကြည်တဲ့သူတွေ အတွက်ဆိုရင် ဘာမဆိုလုပ်ပေးနိုင်တယ်၊ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုတာ မမေ့ပါနဲ့။ တခါတလေ အပြောင်းလဲကလက်တစ်ကမ်းမှာပဲရှိပါတယ်။ ဒါကို ကိုယ့်ဦး‌နှောက်နဲ့စဉ်းစားပြီးတော့ မဖြစ်နိုင်ဘူး၊ မဟုတ်ပါဘူးဆိုပြီးတော့ အနုတ်လက္ခဏာတွေ စဉ်းစားပြီးတော့ စိတ်ဓါတ်ကျနေမယ်ဆိုရင် အပြောင်းလဲတွေဖြစ်လာတဲ့အခါမှာ ကိုယ်က မြင်ရပြီးတော့ အဲ့ဒီအပြောင်းလဲတွေထဲမှာ ကိုယ်က မခံစားရတဲ့လူပဲဖြစ်ပါလိမ့်မယ်။


ယုံတဲ့သူနဲ့ မယုံတဲ့သူကွာသွားမယ်

ပရောဖက်ကြီး ဧလိရှဲက ရန်သူဝိုင်းထားခြင်းခံရပြီးအစာခေါင်းပါးနေတဲ့ မြို့ထဲမှာ မနက်ဖြန်ဒီလိုအချိန်ဆိုရင် အပြောင်းလဲတွေ ဖြစ်လာမယ်လို့ ပြောတဲ့အခါမှာ လူ့အနေနဲ့တော့လုံး၀ကိုဖြစ်နိုင်စရာမရှိတဲ့အခြေအနေကြီးပါပဲ။ ဒါကို အတွေးရှိတဲ့အမတ်ကြီးက လှောင်တယ်။ သူ့ တွေးခေါ်တွက်ချက်မှုအရ ဒါက နှစ်ဘယ်လောက်တောင် ကြာအုံးမလည်းဆိုပြီးတွေးနေတာ။ နောက်ပြီးတော့ ဒီထက်ဆိုးဖို့ပဲရှိတယ် ဒီထက်ပိုကောင်းဖို့မရှိဘူးဆိုပြီးတော့။ ဒါကြောင့် ဧလိရှဲကလည်းပြောလိုက်တယ် မင်းကတော့မြင်ရမယ် ဒါပေမယ့်မခံစားရဘူးတဲ့။ ဒီခေါင်းပါးမှုထဲမှာ နူနာလေးယောက်ကတော့ သူတို့ အထဲမှာ ပိုကောင်းတဲ့မနက်ဖြန်အတွက် အတွေးအခေါ်ရေးရေးလေးရှိတယ်။ အဲ့ဒါကတော့ ရန်သူတပ်ထဲသွားဖို့ပါပဲ။ ထိုင်နေလို့ မထူးပေမယ့် မြို့ထဲမှာလည်း လိုအပ်တဲ့အရာမရှိပေမယ့် ရန်သူတပ်ထဲသွားရင် အနည်းဆုံးတော့ အစားအစာရှိတာကိုမြင်ရမယ်။ မစားရရင်တောင် အဲ့ဒီအရာလေးကိုမြင်ပြီးမှပဲ အဆုံးသတ်ဖို့ဆုံးဖြတ်တယ်။ မျှော်လင့်ချက်ရှိတဲ့ဘက်ကို ခြေလှမ်းတဲ့ နူနာသည် လေးယောက်ရဲ့ခြေလှမ်းက ယုံကြည်ခြင်းပါတဲ့ ဘုရား သဘောကျတယ်လို့ပဲပြောရမယ်။ ရန်သူ ဘက်မှာ စစ်ချီတဲ့အသံတွေကိုကြားရပြီးတော့ ကြောက်လန့်လွန်ပြီးထွက်ပြေးတာ သူတို့ရောက်တော့ ရန်သူမရှိတော့ပဲ လိုအပ်တဲ့ရိက္ခာပဲရှိနေတာတွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ယုံကြည်ခြင်းနှင့်လှမ်းတဲ့ခြေလှမ်းတွေက ဘုရားပါလာရင် တစ်ရက်အတွင်းမှာပဲ အပြောင်းလဲကိုဖြစ်စေတယ်။ မနက်ဖြန်ဆိုတာ ရိက္ခာတွေအပြည့်နဲ့စောင့်နေတဲ့ ရန်သူမရှိတော့တဲ့ တပ်ကြီးလိုပါပဲ။

ကြောက်စရာမကောင်းဘူး ကြိုက်နှစ်သက်တာတွေ အပြည့်နဲ့စောင့်နေတယ်။ မြင်ယုံတင်မကဘူးခံစားရမယ်ဆိုတာကိုယုံပါ။ ကိုယ်ဘက်ကမပြည့်စုံရင်တောင် ဘုရားက အပြည့်အ၀လုပ်ပေးမယ်။



Zawgyi

မနက္ျဖန္ (၄)


အေျပာင္းလဲေတြျဖစ္လာမယ္

တခ်ိဳ႕အေျပာင္းလဲေတြက အခ်ိန္ယူဖို႔လိုပါတယ္။ ဒါေပမယ့္တခ်ိဳ႕အေျပာင္းလဲေတြကေတာ့ ခ်က္ျခင္းဆိုသလိုခ်ည္း ယုံႏိုင္စရာမ႐ွိေလာက္ေအာင္ကို ျမန္ဆန္လြန္းလွပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဘုရား တတ္ႏိုင္တယ္ လုပ္ႏိုင္တယ္ဆိုတာကိုေတာ့ အႂကြင္းမဲ့ ယုံထားဖို႔ေတာ့လိုတယ္မဟုတ္လား။ ပင္လယ္ႀကီးကို ႏွစ္ျခမ္းခြဲၿပီးေတာ့ လမ္းေပၚေစတဲ့ဘုရားက၊ ေက်ာက္ထဲကေန ေရထြက္ေစၿပီးလူသန္းေပါင္းမ်ားစြာအတြက္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္တဲ့ဘုရားက သူ႕ကိုယုံၾကည္တဲ့သူေတြ အတြက္ဆိုရင္ ဘာမဆိုလုပ္ေပးႏိုင္တယ္၊ ဘာမဆို လုပ္ေပးဖို႔ ဆႏၵ႐ွိတယ္ဆိုတာ မေမ့ပါနဲ႔။ တခါတေလ အေျပာင္းလဲကလက္တစ္ကမ္းမွာပဲ႐ွိပါတယ္။ ဒါကို ကိုယ့္ဦး‌ေႏွာက္နဲ႔စဥ္းစားၿပီးေတာ့ မျဖစ္ႏိုင္ဘူး၊ မဟုတ္ပါဘူးဆိုၿပီးေတာ့ အႏုတ္လကၡဏာေတြ စဥ္းစားၿပီးေတာ့ စိတ္ဓါတ္က်ေနမယ္ဆိုရင္ အေျပာင္းလဲေတြျဖစ္လာတဲ့အခါမွာ ကိုယ္က ျမင္ရၿပီးေတာ့ အဲ့ဒီအေျပာင္းလဲေတြထဲမွာ ကိုယ္က မခံစားရတဲ့လူပဲျဖစ္ပါလိမ့္မယ္။


ယုံတဲ့သူနဲ႔ မယုံတဲ့သူကြာသြားမယ္

ပေရာဖက္ႀကီး ဧလိ႐ွဲက ရန္သူဝိုင္းထားျခင္းခံရၿပီးအစာေခါင္းပါးေနတဲ့ ၿမိဳ႕ထဲမွာ မနက္ျဖန္ဒီလိုအခ်ိန္ဆိုရင္ အေျပာင္းလဲေတြ ျဖစ္လာမယ္လို႔ ေျပာတဲ့အခါမွာ လူ႕အေနနဲ႔ေတာ့လုံး၀ကိုျဖစ္ႏိုင္စရာမ႐ွိတဲ့အေျခအေနႀကီးပါပဲ။ ဒါကို အေတြး႐ွိတဲ့အမတ္ႀကီးက ေလွာင္တယ္။ သူ႕ ေတြးေခၚတြက္ခ်က္မႈအရ ဒါက ႏွစ္ဘယ္ေလာက္ေတာင္ ၾကာအုံးမလည္းဆိုၿပီးေတြးေနတာ။ ေနာက္ၿပီးေတာ့ ဒီထက္ဆိုးဖို႔ပဲ႐ွိတယ္ ဒီထက္ပိုေကာင္းဖို႔မ႐ွိဘူးဆိုၿပီးေတာ့။ ဒါေၾကာင့္ ဧလိ႐ွဲကလည္းေျပာလိုက္တယ္ မင္းကေတာ့ျမင္ရမယ္ ဒါေပမယ့္မခံစားရဘူးတဲ့။ ဒီေခါင္းပါးမႈထဲမွာ ႏူနာေလးေယာက္ကေတာ့ သူတို႔ အထဲမွာ ပိုေကာင္းတဲ့မနက္ျဖန္အတြက္ အေတြးအေခၚေရးေရးေလး႐ွိတယ္။ အဲ့ဒါကေတာ့ ရန္သူတပ္ထဲသြားဖို႔ပါပဲ။ ထိုင္ေနလို႔ မထူးေပမယ့္ ၿမိဳ႕ထဲမွာလည္း လိုအပ္တဲ့အရာမ႐ွိေပမယ့္ ရန္သူတပ္ထဲသြားရင္ အနည္းဆုံးေတာ့ အစားအစာ႐ွိတာကိုျမင္ရမယ္။ မစားရရင္ေတာင္ အဲ့ဒီအရာေလးကိုျမင္ၿပီးမွပဲ အဆုံးသတ္ဖို႔ဆုံးျဖတ္တယ္။ ေမွ်ာ္လင့္ခ်က္႐ွိတဲ့ဘက္ကို ေျခလွမ္းတဲ့ ႏူနာသည္ ေလးေယာက္ရဲ႕ေျခလွမ္းက ယုံၾကည္ျခင္းပါတဲ့ ဘုရား သေဘာက်တယ္လို႔ပဲေျပာရမယ္။ ရန္သူ ဘက္မွာ စစ္ခ်ီတဲ့အသံေတြကိုၾကားရၿပီးေတာ့ ေၾကာက္လန္႔လြန္ၿပီးထြက္ေျပးတာ သူတို႔ေရာက္ေတာ့ ရန္သူမ႐ွိေတာ့ပဲ လိုအပ္တဲ့ရိကၡာပဲ႐ွိေနတာေတြ႕ရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ယုံၾကည္ျခင္းႏွင့္လွမ္းတဲ့ေျခလွမ္းေတြက ဘုရားပါလာရင္ တစ္ရက္အတြင္းမွာပဲ အေျပာင္းလဲကိုျဖစ္ေစတယ္။ မနက္ျဖန္ဆိုတာ ရိကၡာေတြအျပည့္နဲ႔ေစာင့္ေနတဲ့ ရန္သူမ႐ွိေတာ့တဲ့ တပ္ႀကီးလိုပါပဲ။

ေၾကာက္စရာမေကာင္းဘူး ႀကိဳက္ႏွစ္သက္တာေတြ အျပည့္နဲ႔ေစာင့္ေနတယ္။ ျမင္ယုံတင္မကဘူးခံစားရမယ္ဆိုတာကိုယုံပါ။ ကိုယ္ဘက္ကမျပည့္စုံရင္ေတာင္ ဘုရားက အျပည့္အ၀လုပ္ေပးမယ္။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube