Search
  • Than Min Htike

မနာလိုတတ်သောစိတ်သဘော

"အကျွန်ုပ်ပြောသော စကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌နှစ်သက်ဘွယ်ဖြစ်ပါစေသော။" (ဆာလံ ၁၉:၁၄)


ဘုရားက အပြင်သဏ္ဍာန်ကိုကြည့်တာမဟုတ်ပါဘူးအတွင်းသဘောကိုချိန်တာပါ။ ဘာလို့မအောင်မြင်ရတာလည်း၊ မကောင်း စားရတာလည်းလို့မေးနေတဲ့သူတွေအတွက်အဖြေကတော့အရင်စိတ်နှလုံးကောင်းစားဖို့ပါ။ ငယ်ငယ်လေးကတည်းက ပြိုင်ဆိုင်တတ်အောင် သင်ပေးတဲ့ ပတ်ဝန်းကျင်မှာ ကြီးလာတဲ့ကျွန်တော်တို့အဖို့တော့ ကိုယ့်ထက်သာတဲ့သူကို လက်ခုပ်တီးပေးရမယ့်အစား မသိမသာ မနာလိုစိတ်တွေပွားမိတတ်ကြတာဓမ္မတာပါ။ တခါတလေ ကိုယ့်အထဲမှာ ဒီစိတ်ရှိမှန်းမသိပဲ ခွင့်ပြုထားတတ်ပါသေးတယ်။ ဒီစိတ်သဘောဟာသူများ ကိုယ်ပဲပျက်စီးယိုယွင်းစေတာ မဟုတ်ပါဘူး၊ ကိုယ့်အသက်တာနဲ့ အနာဂတ်ဘဝတစ်ခုလုံးကိုပါ ဆွဲချမှောက်လှန်ပစ်တာပါ။


၁။ ကိုယ်လုပ်ချင်တာပဲ အာရုံစိုက်တတ်သူ

အာဒံနဲ့ဧဝကနေ မွေးတဲ့ ကာဣန နဲ့အာဗြေလအကြောင်းသင်ကြားဖူးမယ်။ တကယ်တော့ကာဣနဆိုတာ အပြင်သဏ္ဍာန်အရ ဘုရားနဲ့တူလို့ဒီနာမည် ကိုမှည့်ဆိုတာပါ။ ပြဿနာက အတွင်းထဲမှာမတူတာပါပဲ။ မတူတာတင်မဟုတ်ဘူး ဘာကိုမှ ဂရုစိုက်တတ်တဲ့သူမဟုတ်ခဲ့ဘူး။ ဘုရားကို ယဇ်ပူဇော်ဖို့ ဘုရားတောင်း

ဆိုတဲ့ ယဇ်ထက် သူပေးချင်တဲ့အရာနဲ့ပဲ ရောက်လာခဲ့ပြီး ဘုရားလက်မခံတဲ့အခါမှာလည်း နောင်တမရပဲ မျက်နှာ ပျက်စိတ်ဆိုးပြန်တယ်။ တကယ်တော့အမှားသိရင်ချက်ခြင်းပြင်ရမယ့်အစား မိမိခံယူချက်ကိုသာ ရှေ့တန်းတင် တတ်သူပါ။ ဘုရားမျက်မှောက်တော်သွားပြီးအပြန်မှာတော့ ဘာတစ်ခုမှ ဘုရားဆီကမရတဲ့အပြင် သူစိတ်ထဲမှာ မကျေမနပ် တွေနဲ့ ပြန်ရောက်လာရတယ်။ ဒီနေ့ တနင်္ဂနွေမှာ ဘုရားကျောင်းသွားပေမယ့်ဒီမနာလိုခြင်းစိတ်ဝိညာဉ်ရှိတဲ့သူတွေဟာတောက်တခေါက်ခေါက်နဲ့ အိမ်ပြန်ရောက်လာတာ

မြင်ဖူးတယ်။ တကယ်တော့ဘုရားမျက်မှောက်တော်ဆိုတာရှိတဲ့ပြဿနာတွေတောင်အရည်ပျော်တဲ့နေရာပါ။ ဒီစိတ်သဘောရှိတဲ့သူတွေဟာ အမြဲတဇွတ်ထိုးနိုင်တတ်ပြီး ပတ်ဝန်းကျင်ကိုအရွဲ့ တိုက်တတ်သူတွေပေါ့။နောက်အရေးကြီးဆုံးကိုးကွယ်ခြင်းကိုတောင် ကိုယ်လုပ်ချင်သလောက်၊ ကိုယ်စိတ်ကူးသလောက်ပဲ အမှန်လို့ထင်တဲ့သူတွေ။ အသင်းတော်တစ်ပါးက သင်းအုပ်

တစ်ယောက်က တခြားအသင်းတော်က လူတွေကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီးအကြီးအကျယ်ဝေဖန်တာကြားဖူးတယ်။ တကယ်တော့ ကိုးကွယ်ခြင်းဆိုတာ ဘုရားလက်ခံဖို့ပဲ အရေးကြီးတာပါ လူတိုင်းကြိုက်ချင်စရာလက်ခံစရာ ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ့ဟာသူပဲအမှန်ထင်ပြီး ကိုယ်ကလွဲရင် အကုန်မှားတယ် ထင်တာ တကယ်တော့ မနာလိုတတ်တဲ့ စိတ်ဝိညာဉ်သဘောပါ။ ဖါရိရှဲတွေမှာ ဒီစိတ်သဘောတွေ့ရတယ်။ ဒါကြောင့်လဲယေရှုကို သတ်ဖို့စီစဉ်ကြတာပေါ့။ ကာဣနလည်းဘာလုပ်လဲ သူ့လုပ်ချင်တာလုပ်ပြီး ဘုရားလက်မခံတော့ ဘုရားလက်ခံတဲ့သူကို သတ်ပစ်လိုက်ပါလေရော။ ဒီမှာသူစိတ်သဘော ထင်ရှားတယ်။ သူ့ညီအပေါ်မှာ သူ့ရဲ့မနာလိုစိတ်ဟာ သူနဲ့မတူအောင်ရွေးလုပ်ရင် ဘုရားရှေ့မှာ အပြစ်လုပ်မိလေဟန်တူတယ်။ တခါတလေအသင်းတော်မှာ ကိုယ်မနာလိုတဲ့ သူထက်သာအောင်မသိမသာ ကြိုးစားရင်း ပိုမကောင်းလာပဲ ပိုဆိုးသွားတတ်ကြတယ်။ ဒီစိတ်သဘောကို အောင်မြင်ဖို့ ကိုယ့်ဆန္ဒကိုပဲ ရှေ့တန်းတင်တတ်တဲ့၊ ကိုယ်ပဲ မှန်တယ်လို့မြင်နေတဲ့ အကျင့်တွေကိုပြောင်းလဲဖို့လိုတယ်။ တကယ်တော့ ဘုရားရှေ့ မှာ အားလုံးအတူတူပါပဲ။ မတူကြ‌ပေမယ့် ဘုရားဟာ အားလုံးကိုချစ်တယ် အားလုံးအပေါ်မှာ ကြီးမားတဲ့သူ့အကြံစည်ရှိပါတယ်။ဘယ်သူကိုမှလည်း လိုက်ပြိုင်စရာ မလိုသလို အမြင်ကတ်စရာမလိုပါဘူး။ ဆုတောင်းပေးဖို့ပါပဲ။



Zawgyi

မနာလိုတတ္ေသာစိတ္သေဘာ

"အကြၽႏ္ုပ္ေျပာေသာ စကားႏွင့္ စိတ္ႏွလုံး၏ အၾကံအစည္သည္ ေ႐ွ႕ေတာ္၌ႏွစ္သက္ဘြယ္ျဖစ္ပါေစေသာ။" (ဆာလံ ၁၉:၁၄)


ဘုရားက အျပင္သ႑ာန္ကိုၾကည့္တာမဟုတ္ပါဘူးအတြင္းသေဘာကိုခ်ိန္တာပါ။ ဘာလို႔မေအာင္ျမင္ရတာလည္း၊ မေကာင္း စားရတာလည္းလို႔ေမးေနတဲ့သူေတြအတြက္အေျဖကေတာ့အရင္စိတ္ႏွလုံးေကာင္းစားဖို႔ပါ။ ငယ္ငယ္ေလးကတည္းက ၿပိဳင္ဆိုင္တတ္ေအာင္ သင္ေပးတဲ့ ပတ္ဝန္းက်င္မွာ ႀကီးလာတဲ့ကြၽန္ေတာ္တို႔အဖို႔ေတာ့ ကိုယ့္ထက္သာတဲ့သူကို လက္ခုပ္တီးေပးရမယ့္အစား မသိမသာ မနာလိုစိတ္ေတြပြားမိတတ္ၾကတာဓမၼတာပါ။ တခါတေလ ကိုယ့္အထဲမွာ ဒီစိတ္႐ွိမွန္းမသိပဲ ခြင့္ျပဳထားတတ္ပါေသးတယ္။ ဒီစိတ္သေဘာဟာသူမ်ား ကိုယ္ပဲပ်က္စီးယိုယြင္းေစတာ မဟုတ္ပါဘူး၊ ကိုယ့္အသက္တာနဲ႔ အနာဂတ္ဘဝတစ္ခုလုံးကိုပါ ဆြဲခ်ေမွာက္လွန္ပစ္တာပါ။


၁။ ကိုယ္လုပ္ခ်င္တာပဲ အာ႐ုံစိုက္တတ္သူ

အာဒံနဲ႔ဧဝကေန ေမြးတဲ့ ကာဣန နဲ႔အာေျဗလအေၾကာင္းသင္ၾကားဖူးမယ္။ တကယ္ေတာ့ကာဣနဆိုတာ အျပင္သ႑ာန္အရ ဘုရားနဲ႔တူလို႔ဒီနာမည္ ကိုမွည့္ဆိုတာပါ။ ျပႆနာက အတြင္းထဲမွာမတူတာပါပဲ။ မတူတာတင္မဟုတ္ဘူး ဘာကိုမွ ဂ႐ုစိုက္တတ္တဲ့သူမဟုတ္ခဲ့ဘူး။ ဘုရားကို ယဇ္ပူေဇာ္ဖို႔ ဘုရားေတာင္း

ဆိုတဲ့ ယဇ္ထက္ သူေပးခ်င္တဲ့အရာနဲ႔ပဲ ေရာက္လာခဲ့ၿပီး ဘုရားလက္မခံတဲ့အခါမွာလည္း ေနာင္တမရပဲ မ်က္ႏွာ ပ်က္စိတ္ဆိုးျပန္တယ္။ တကယ္ေတာ့အမွားသိရင္ခ်က္ျခင္းျပင္ရမယ့္အစား မိမိခံယူခ်က္ကိုသာ ေ႐ွ႕တန္းတင္ တတ္သူပါ။ ဘုရားမ်က္ေမွာက္ေတာ္သြားၿပီးအျပန္မွာေတာ့ ဘာတစ္ခုမွ ဘုရားဆီကမရတဲ့အျပင္ သူစိတ္ထဲမွာ မေက်မနပ္ ေတြနဲ႔ ျပန္ေရာက္လာရတယ္။ ဒီေန႔ တနဂၤေႏြမွာ ဘုရားေက်ာင္းသြားေပမယ့္ဒီမနာလိုျခင္းစိတ္ဝိညာဥ္႐ွိတဲ့သူေတြဟာေတာက္တေခါက္ေခါက္နဲ႔ အိမ္ျပန္ေရာက္လာတာ

ျမင္ဖူးတယ္။ တကယ္ေတာ့ဘုရားမ်က္ေမွာက္ေတာ္ဆိုတာ႐ွိတဲ့ျပႆနာေတြေတာင္အရည္ေပ်ာ္တဲ့ေနရာပါ။ ဒီစိတ္သေဘာ႐ွိတဲ့သူေတြဟာ အၿမဲတဇြတ္ထိုးႏိုင္တတ္ၿပီး ပတ္ဝန္းက်င္ကိုအ႐ြဲ႕ တိုက္တတ္သူေတြေပါ့။ေနာက္အေရးႀကီးဆုံးကိုးကြယ္ျခင္းကိုေတာင္ ကိုယ္လုပ္ခ်င္သေလာက္၊ ကိုယ္စိတ္ကူးသေလာက္ပဲ အမွန္လို႔ထင္တဲ့သူေတြ။ အသင္းေတာ္တစ္ပါးက သင္းအုပ္

တစ္ေယာက္က တျခားအသင္းေတာ္က လူေတြကိုးကြယ္ျခင္းနဲ႔ပတ္သတ္ၿပီးအႀကီးအက်ယ္ေဝဖန္တာၾကားဖူးတယ္။ တကယ္ေတာ့ ကိုးကြယ္ျခင္းဆိုတာ ဘုရားလက္ခံဖို႔ပဲ အေရးႀကီးတာပါ လူတိုင္းႀကိဳက္ခ်င္စရာလက္ခံစရာ ျဖစ္ခ်င္မွ ျဖစ္မွာပါ။ သူ႕ဟာသူပဲအမွန္ထင္ၿပီး ကိုယ္ကလြဲရင္ အကုန္မွားတယ္ ထင္တာ တကယ္ေတာ့ မနာလိုတတ္တဲ့ စိတ္ဝိညာဥ္သေဘာပါ။ ဖါရိ႐ွဲေတြမွာ ဒီစိတ္သေဘာေတြ႕ရတယ္။ ဒါေၾကာင့္လဲေယ႐ႈကို သတ္ဖို႔စီစဥ္ၾကတာေပါ့။ ကာဣနလည္းဘာလုပ္လဲ သူ႕လုပ္ခ်င္တာလုပ္ၿပီး ဘုရားလက္မခံေတာ့ ဘုရားလက္ခံတဲ့သူကို သတ္ပစ္လိုက္ပါေလေရာ။ ဒီမွာသူစိတ္သေဘာ ထင္႐ွားတယ္။ သူ႕ညီအေပၚမွာ သူ႕ရဲ႕မနာလိုစိတ္ဟာ သူနဲ႔မတူေအာင္ေ႐ြးလုပ္ရင္ ဘုရားေ႐ွ႕မွာ အျပစ္လုပ္မိေလဟန္တူတယ္။ တခါတေလအသင္းေတာ္မွာ ကိုယ္မနာလိုတဲ့ သူထက္သာေအာင္မသိမသာ ႀကိဳးစားရင္း ပိုမေကာင္းလာပဲ ပိုဆိုးသြားတတ္ၾကတယ္။ ဒီစိတ္သေဘာကို ေအာင္ျမင္ဖို႔ ကိုယ့္ဆႏၵကိုပဲ ေ႐ွ႕တန္းတင္တတ္တဲ့၊ ကိုယ္ပဲ မွန္တယ္လို႔ျမင္ေနတဲ့ အက်င့္ေတြကိုေျပာင္းလဲဖို႔လိုတယ္။ တကယ္ေတာ့ ဘုရားေ႐ွ႕ မွာ အားလုံးအတူတူပါပဲ။ မတူၾက‌ေပမယ့္ ဘုရားဟာ အားလုံးကိုခ်စ္တယ္ အားလုံးအေပၚမွာ ႀကီးမားတဲ့သူ႕အၾကံစည္႐ွိပါတယ္။ဘယ္သူကိုမွလည္း လိုက္ၿပိဳင္စရာ မလိုသလို အျမင္ကတ္စရာမလိုပါဘူး။ ဆုေတာင္းေပးဖို႔ပါပဲ။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube