Search
  • Than Min Htike

မပေးပဲဘယ်နေမလဲ

"မိမိသား တော်ရင်းကိုမနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော် မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသော အရာတို့ကို ငါတို့အား မပေးဘဲအဘယ်သို့ နေတော်မူမည်နည်း။" (ရောမ ၈:၃၂)


ဘုရားသခင်ရဲ့မေတ္တာကို ယေရှုခရစ်ရဲ့ လူ့ဇာတိခံမွေးဖွားခြင်းနဲ့ လူသားတွေရဲ့အပြစ်အတွက်ကိုယ်စားအသေခံခြင်းကအထင်အရှားဆုံးမြင်တွေ့ရတယ်။ ဘုရားက သင့်အ တွက်ဆိုရင် မနှမြောတတ်ဘူး။ တခြားအရာမပြောနဲ့ သူ့ရဲ့တစ်ပါးတည်းသားကိုတောင်ပေးဖို့ ဝန်မလေးဘူး။တချို့တွေက ဘုရားဆီကနေ ဘာမှ မမျှော်လင့်ရဲကြဘူး။ ငါ့လိုအပြစ်သား၊မကောင်းတဲ့သူအတွက် ဘုရားက ဘာများပေးချင်မှာလည်းလို့ သံသယ ဝင်တတ်တယ်။ ဟုတ်တယ် သင့်မှာအား နည်းချက်အပြည့်၊ မစုံလင်မှုတွေအပြည့်ရှိသူတွေအတွက် ဘုရားဟာ ပြည့်စုံပြီး လိုအပ်ချက်တွေမရှိတဲ့ သူ့ရဲ့သားတော်ကို ပေးခဲ့တယ်ဆိုတာ မမေ့နဲ့။ တန်ဖိုးအရှိဆုံးသားတော် တောင်ပေးခဲ့တာကျန်တဲ့အရာတွေကို မပေးပဲ ဘယ်လိုနေမှာလည်း။ဒါကြောင့် သင်ဟာ ယေရှုခရစ်တော်ကို ရရှိခြင်းဟာ ယခုဘဝနဲ့ ဆိုင်တဲ့ အရာတွေသာမက နောင်ဘဝနဲ့ဆိုင်တဲ့ ကောင်းမြတ်ခြင်းတွေပါ လက်ခံရရှိဖို့ ခြေလှမ်းလှမ်းလိုက်ခြင်းပါ။ ယေရှုခရစ်တော်ကိုရရှိ မှတော့ကျန်တဲ့ အရာတွေ မရစရာ အကြောင်းမရှိတော့ဘူးဆိုတာလည်းမမေ့နဲ့။

ယေရှုခရစ်ရဲ့ကြွလာခြင်းဟာ သင့်ကို အပြစ်ကနေလွတ်စေပြီးကောင်းကင်ဝင်ခွင့်ရရုံလေးပဲမဟုတ်ဘူး။ ဘုရားရဲ့ကျေးဇူးတော်ဆိုတာ ကောင်းကင်ဝင်ခွင့်ရရုံလေး၊ ကျန်းမာချမ်းသာရုံလေးပဲမဟုတ်ဘူး။ သင့်ဦး‌နှောက်နဲ့ စဉ်းစားလို့ မမှီ နိုင်လောက်အောင်ကို ဘုရားက သင့်အတွက် ပြင်ဆင်ထားတယ်။ ဒါကြောင့်ကျေးဇူးတော် တစ်ပါးမှ ထပ်ဆင့်တစ်ပါးကိုခံစားရတယ်လို့နှုတ်ကပတ်တော်ကဆိုတယ် မဟုတ်လား။



Zawgyi

မေပးပဲဘယ္ေနမလဲ

"မိမိသား ေတာ္ရင္းကိုမႏွေျမာဘဲ၊ ငါတို႔႐ွိသမွ် အဘို႔အလိုငွါ စြန္႔ေတာ္ မူေသာသူသည္၊ သားေတာ္ႏွင့္တကြ ခပ္သိမ္းေသာ အရာတို႔ကို ငါတို႔အား မေပးဘဲအဘယ္သို႔ ေနေတာ္မူမည္နည္း။" (ေရာမ ၈:၃၂)


ဘုရားသခင္ရဲ႕ေမတၱာကို ေယ႐ႈခရစ္ရဲ႕ လူ႕ဇာတိခံေမြးဖြားျခင္းနဲ႔ လူသားေတြရဲ႕အျပစ္အတြက္ကိုယ္စားအေသခံျခင္းကအထင္အ႐ွားဆုံးျမင္ေတြ႕ရတယ္။ ဘုရားက သင့္အ တြက္ဆိုရင္ မႏွေျမာတတ္ဘူး။ တျခားအရာမေျပာနဲ႔ သူ႕ရဲ႕တစ္ပါးတည္းသားကိုေတာင္ေပးဖို႔ ဝန္မေလးဘူး။တခ်ိဳ႕ေတြက ဘုရားဆီကေန ဘာမွ မေမွ်ာ္လင့္ရဲၾကဘူး။ ငါ့လိုအျပစ္သား၊မေကာင္းတဲ့သူအတြက္ ဘုရားက ဘာမ်ားေပးခ်င္မွာလည္းလို႔ သံသယ ဝင္တတ္တယ္။ ဟုတ္တယ္ သင့္မွာအား နည္းခ်က္အျပည့္၊ မစုံလင္မႈေတြအျပည့္႐ွိသူေတြအတြက္ ဘုရားဟာ ျပည့္စုံၿပီး လိုအပ္ခ်က္ေတြမ႐ွိတဲ့ သူ႕ရဲ႕သားေတာ္ကို ေပးခဲ့တယ္ဆိုတာ မေမ့နဲ႔။ တန္ဖိုးအ႐ွိဆုံးသားေတာ္ ေတာင္ေပးခဲ့တာက်န္တဲ့အရာေတြကို မေပးပဲ ဘယ္လိုေနမွာလည္း။ဒါေၾကာင့္ သင္ဟာ ေယ႐ႈခရစ္ေတာ္ကို ရ႐ွိျခင္းဟာ ယခုဘဝနဲ႔ ဆိုင္တဲ့ အရာေတြသာမက ေနာင္ဘဝနဲ႔ဆိုင္တဲ့ ေကာင္းျမတ္ျခင္းေတြပါ လက္ခံရ႐ွိဖို႔ ေျခလွမ္းလွမ္းလိုက္ျခင္းပါ။ ေယ႐ႈခရစ္ေတာ္ကိုရ႐ွိ မွေတာ့က်န္တဲ့ အရာေတြ မရစရာ အေၾကာင္းမ႐ွိေတာ့ဘူးဆိုတာလည္းမေမ့နဲ႔။

ေယ႐ႈခရစ္ရဲ႕ႂကြလာျခင္းဟာ သင့္ကို အျပစ္ကေနလြတ္ေစၿပီးေကာင္းကင္ဝင္ခြင့္ရ႐ုံေလးပဲမဟုတ္ဘူး။ ဘုရားရဲ႕ေက်းဇူးေတာ္ဆိုတာ ေကာင္းကင္ဝင္ခြင့္ရ႐ုံေလး၊ က်န္းမာခ်မ္းသာ႐ုံေလးပဲမဟုတ္ဘူး။ သင့္ဦး‌ေႏွာက္နဲ႔ စဥ္းစားလို႔ မမွီ ႏိုင္ေလာက္ေအာင္ကို ဘုရားက သင့္အတြက္ ျပင္ဆင္ထားတယ္။ ဒါေၾကာင့္ေက်းဇူးေတာ္ တစ္ပါးမွ ထပ္ဆင့္တစ္ပါးကိုခံစားရတယ္လို႔ႏႈတ္ကပတ္ေတာ္ကဆိုတယ္ မဟုတ္လား။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube