Search
  • Than Min Htike
မဖြစ်နိုင်တာလား၊ မဖြစ်ချင်တာလား
ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊ (လု ၁:၃၇)
မဖြစ်နိုင်ဘူးဆိုတာ မဖြစ်ချင်ဘူးဆိုတဲ့ ဆန္ဒက
နေ မြစ်ဖြားခံပါတယ်။ ဖြစ်ချင်တဲ့ ဆန္ဒရှိတဲ့သူ
တစ်ယောက်အတွက် မဖြစ်နိုင်ဘူးဆိုတာ သူ
ကျော်လွှားရမယ့် အတားအဆီးတစ်ခုပဲ ဆိုတာ
ကောင်းကောင်းသိတယ်။ ကျွန်တော် ငယ်ငယ်
ကတည်းက ဒီနေ့အထိ ကြားဖူးတဲ့ စကားတွေ
အများစုနဲ့ လုပ်မယ့်လုပ်ငန်းတွေ အများစုအတွက်
လူတွေအားပေးတဲ့စကားကလည်း ဒီစကားပဲ။ လူ
တွေက စိုးရိမ်လို့ ပြောပေးတာပါ။ ဒါပေမယ့် စိုးရိမ်
နေလို့ အလုပ်မဖြစ်ဘူးလို့ ယေရှုက ပြောတယ်
မဟုတ်လား။ လူတွေသတိမထားမိတာရှိတယ်
မဖြစ်နိုင်ဘူးဆိုတာ တစ်စုံတစ်ယောက် မလုပ်
နိုင်ခင်ပဲ ဒီဆိုင်းပုဒ်က ချိတ်လို့ရတာ လုပ်
နိုင်ပြီးရင် ဘာမှမဟုတ်တဲ့ စာသားဖြစ်သွား
ပြီး ဖြုတ်လိုက်ရမယ်ဆိုတာကိုပါ။
ဖြစ်နိုင်တာကိုပဲလုပ်မလား၊ မဖြစ်ဖြစ်အောင်လုပ်မလား
နေ့တိုင်း ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်က
ဘာလဲ။ ငါတို့ ဖြစ်နိုင်တာလေးတွေလုပ်ပြီး ဘဝ
ကို အသက်ရှင်မယ်ဆိုရင် ဒီနေ့ပတ်ဝန်းကျင်က
လူတွေလိုပဲ သာမန် ဘဝနဲ့ အဆုံးသတ်မယ်။
သူတို့ ပြောသလိုပြော သူတို့တွေးသလိုပဲ တွေး
ရင် သူတို့နဲ့ ဘာများ ပိုထူးတာ လုပ်နိုင်အုံးမှာ
လဲ။ ဆင်းရဲ့သားစိတ်ဓါတ်နဲ့ သူဌေး မလုပ်နိုင်
ဘူးဆိုတာ လူတွေ မသိရော့သလား။ နှုတ်ကပတ်
တော်ထဲက ပုဂ္ဂိုလ်တွေ ဘယ်သူကများ ဖြစ်နိုင်
တာတွေလုပ်ခဲ့လို့လဲ။ ပေတရုဆို တညလုံးမရ
တဲ့ ငါး လူတွေတောင်လက်လျော့ ပြန်ခဲ့ပြီဒါပေမယ့်
သခင်အမိန့်ရှိတဲ့အခါမှာ ပိုက်ကွန်ချပြီးတော့
မဖြစ်နိုင်တာ လုပ်ပြခဲ့တယ်မဟုတ်လား။ လူသ
မိုင်းတလျောက် မဖြစ်နိုင်တဲ့ ရေပေါ်လမ်း‌လျှောက်
ထွက်ခြင်းကိုလည်း ပေတရုက လုပ်နိုင်ခဲ့တယ်။
လောကရဲ့ သိပ္ပံတွေ၊ သဘောသဘာဝတွေ
လက်မခံနိုင်တာတွေကို ယုံကြည်ခြင်းရှိတဲ့ သူ
တွေက လုပ်နိုင်ခဲ့တယ်ဆိုတာ ကျမ်းစာအုပ်
တအုပ်လုံးက သက်သေပဲ မဟုတ်လား။
ဒါကြောင့်ဘဝဆိုတာ ကားမောင်းသလိုပါပဲ
မောင်းတဲ့သူ ကွေ့တဲ့ ဘက်ကိုပဲ ကားကလည်း
လိုက်ကွေ့ မှာပါ။ သင်ယုံကြည်တဲ့ အတိုင်း
ပဲ၊ သင်ရွေးချယ်တဲ့ လမ်းပဲ သင်လျှောက်ရမှာ
ဒါကြောင့် မဖြစ်နိုင်တာတွေကိုမေ့ထားပြီး
ဖြစ်ချင်တဲ့ စိတ်နဲ့ ခြေလှမ်းရင် ဘဝမှာမဖြစ်
လာနိုင်စရာတွေ ဘာမှမရှိဘူးဆိုတာ မှတ်
ထားပါ။
Zawgyi
ကောင်းကောင်းသိတယ်။ ကျွန်တော် ငယ်ငယ်
တာတွေလုပ်ခဲ့လို့လဲ။ ပေတရုဆို တညလုံးမရ
ထားပါ။
1 view0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube