Search
  • Than Min Htike

မေးခွန်း

“ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ လူ​ကို​ခေါ်​တော်​မူ၏။” (က ၃:၉)


ပထမဆုံးမေးခွန်း

လူတိုင်းလူတိုင်းမှာ သိချင်နေတဲ့ မေးခွန်းတွေကိုယ်စီရှိနိုင်သလို၊ ကိုယ့်အသက်တာနဲ့ ဘယ်လိုမှအဖြေမပေးနိုင်သေးတဲ့ လူတွေမေးတဲ့မေးခွန်းတွေလည်းရှိနိုင်ပါတယ်။ အမေးရှိရင် အဖြေရှိရမယ်ဆိုတဲ့ စကားပုံရှိပေမယ့် မေးခွန်းရှိပေမယ့် အဖြေမရှိနိုင်သေးတဲ့ အရာတွေလည်းအများကြီးပါ။ ကျမ်းစာထဲမှာ ဘုရားကလူကို မေးခွန်း ထုတ်ခဲ့ဖူးတယ်။ ဒါက အပြစ်လုပ်ခဲ့ပြီးတဲ့အချိန်မှာပါ။ စာတန်ရဲ့စကားကို နားထောင်ပြီးတဲ့အခါမှာတော့ မေးခွန်းမေးသံတွေလောကကြီးထဲကိုစတင်ရောက်လာတယ်။ အရင်တုန်းက လောကကြီးထဲမှာ မေးခွန်းတွေရှိတဲ့ပုံမပေါ်ဘူး အဖြေတွေနဲ့ချည်းပဲ ပြည့်နေခဲ့တယ်။ ဘုရားနဲ့လူကြားမှာ ဘာမေးခွန်းမှ ထုတ်စရာ၊ အဖြေရှာစရာမရှိခဲ့ဘူး။ ဒါပေမယ့် ဘုရားစကားနားမထောင်တဲ့ နောက်ပိုင်းတော့ ပထမဆုံးမေးခွန်းကို အာဒံ ကြားခဲ့ရတယ်။ ကောင်းမကောင်းသိကျွမ်းရာအသီးကို စားရင် ဘုရားလိုဖြစ်ပြီးအားလုံးသိမယ်လို့စာတန်က လှည့်ဖျားပြီးတော့ အာဒံနှင့်ဧ၀ကို လမ်းမှားကိုတွန်းပို့ခဲ့တယ်။ တကယ်စားပြီးတဲ့နောက်ပိုင်းတော့ အားလုံး ဘုရားလို မဖြစ်တဲ့အပြင် အရင်က သိတဲ့အရာတွေ၊ ရှိတဲ့အရာတွေတောင်အားလုံဆုံးရှုံးသွားခဲ့တယ်။ ဒီနေ့တချို့အရာတွေ ကျွန်တော်တို့ မသိနိုင်၊ နားမလည်နိုင်တာတွေက ဒီကနေ စမယ်လို့ ကျွန်တော်တော့ယုံတယ်။ အခြေအနေတွေကိုလည်းနားမလည်နိုင်စရာ မေးခွန်းတွေနဲ့ ပြည့် နှက်နေသလို၊ ဘုရားကိုတောင်မှ နားမလည်နိုင်တော့တဲ့အခြေအနေမျိုးကိုရောက်ခဲ့တယ်။


အာဒံရဲ့အဖြေ

အာဒံက ဘုရားမေးခွန်းကိုကြားတဲ့အခါမှာ ပုန်းနေတဲ့ သစ်ပင်နောက်ကနေ ပြန်ဖြေတယ်။ ကိုယ်တော်ကြွလာတဲ့အသံကို ကြားပြီးကြောက်လို့ ပုန်းနေတယ်တဲ့။ ဒီနေရာမှာ စာတန်စကားကိုနားထောင်ပြီးတော့နောက်ပိုင်း သူတို့ဟာဘုရားဘုန်းပျောက်သွားပြီးတော့ စာတန်ထည့်ပေးတဲ့ အတွေးအခေါ်ခံစားချက်တွေ အသက်တာထဲမှာနေရာယူလာတယ်ဆိုတာကိုတွေ့ရတယ်။ စာတန်လူတွေကို ထိန်းချုပ်တဲ့အခါမှာ အခုလက်ရှိအထိဒီပုံစံပဲ ကျင့်သုံးနေတယ်။ အရင်က ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်ပြီးတော့ ဘုရားကြွလာတဲ့ အသံကြားတိုင်းမှာ ရွှင်လန်းတက်ကြွစွာ ကြိုဆိုတဲ့ ဘ၀ကနေ၊ ကြောက်ရွံ့ခြင်းအပြည့်နဲ့ ပုန်းအောင်နေတဲ့ ဘ၀ဆီကို တွန်းပို့လိုက်တယ်။ ကြောက်ရွံ့ခြင်းက လူတွေကို စာတန်ထိန်းချုပ်တဲ့ အဓိက လက်နက်ပါပဲ။ တချို့အရာတွေက ကြောက်ရွံ့ခြင်းကြောက်မလုပ်သင့်တာတွေလုပ်လာတယ်။ မပြောသင့်တဲ့စကားတွေပြောလာတယ်။ မရှိသင့်တဲ့နေရာမှာ နေထိုင်အသက်ရှင်လာခဲ့ကြတာပါ။ ဒါက စာတန်လူတွေကိုထိန်းချုပ်တဲ့ ပုံစံဆိုတာ မမေ့စေချင်ဘူး။ ဒီနေ့ သင့်အထဲမှာ ကြောက်ရွံ့ခြင်းတွေက လွှမ်းမိုးနေပြီးတော့၊ ပုန်းလျှိုးကွယ်လျှိုးနဲ့ ရှင်သန်နေရတယ်ဆိုရင်သေချာတယ်၊ စာတန်က သူရဲ့အကြီးမားဆုံးလက်နက်ကို သင့်ကိုထိန်းချုပ်ဖို့အတွက် ထုတ်သုံးနေပြီဆိုတာပါပဲ။ အဲ့ဒီကြောက်ရွံ့ခြင်းရဲ့ဆိုးကျိုးကတော့ ဘုရားနဲ့ မှန်ကန်တဲ့ ပေါင်းသင်းခြင်းမရှိတော့တဲ့နောက်ပိုင်းမှာ ပိုတိုးပွားလာတယ်ဆိုတာ ကိုတွေ့ရတယ်။ ဣသရေလ လူမျိုးတွေလည်း သိနာ တောင်မှာ ဘုရားကြွလာတဲ့အသံကိုကြားပြီးတော့ ကြောက်ခဲ့တယ်။ ဒါကြောင့်မောရှေကို ပြောတယ် နောက်တခါ ဘုရားကိုယ်တိုင်မပြောပဲ မောရှေကနေပဲတဆင့်ပြောဖို့။ တကယ်ဆိုဘယ်လောက် တောင် ကောင်းတဲ့အခွင့်အရေးကိုသူတို့ လက်လွှတ်ခဲ့ရတာလည်းဆိုတာ သူတို့မသိခဲ့ကြဘူး။ ဒီနေ့ ကြောက်စရာတွေရှိမှာပါ၊ ဒါပေမယ့် အဲ့ဒီကြောက်ရွံ့မှုတွေရဲ့ထိန်းချုပ်မှုကို ခံရတဲ့သူတစ်ယောက် အဖြစ်တော့အသက်မရှင်မိစေနဲ့။ ဘုရားနဲ့မှန်ကန်တဲ့ ဆက်ဆံရေးကိုတည် ဆောက်ပါ။ ဘုရားထံက လာတဲ့ ရဲရင့်ခြင်းသင့်ဆီရောက်လာမယ်။



Zawgyi

ေမးခြန္း


“ထာ​ဝ​ရ​အ​႐ွင္​ဘု​ရား​သ​ခင္​က​လည္း၊ သင္​သည္ အ​ဘယ္​မွာ​႐ွိ​သ​နည္း​ဟု၊ လူ​ကို​ေခၚ​ေတာ္​မူ၏။” (က ၃:၉)


ပထမဆုံးေမးခြန္း

လူတိုင္းလူတိုင္းမွာ သိခ်င္ေနတဲ့ ေမးခြန္းေတြကိုယ္စီ႐ွိႏိုင္သလို၊ ကိုယ့္အသက္တာနဲ႔ ဘယ္လိုမွအေျဖမေပးႏိုင္ေသးတဲ့ လူေတြေမးတဲ့ေမးခြန္းေတြလည္း႐ွိႏိုင္ပါတယ္။ အေမး႐ွိရင္ အေျဖ႐ွိရမယ္ဆိုတဲ့ စကားပုံ႐ွိေပမယ့္ ေမးခြန္း႐ွိေပမယ့္ အေျဖမ႐ွိႏိုင္ေသးတဲ့ အရာေတြလည္းအမ်ားႀကီးပါ။ က်မ္းစာထဲမွာ ဘုရားကလူကို ေမးခြန္း ထုတ္ခဲ့ဖူးတယ္။ ဒါက အျပစ္လုပ္ခဲ့ၿပီးတဲ့အခ်ိန္မွာပါ။ စာတန္ရဲ႕စကားကို နားေထာင္ၿပီးတဲ့အခါမွာေတာ့ ေမးခြန္းေမးသံေတြေလာကႀကီးထဲကိုစတင္ေရာက္လာတယ္။ အရင္တုန္းက ေလာကႀကီးထဲမွာ ေမးခြန္းေတြ႐ွိတဲ့ပုံမေပၚဘူး အေျဖေတြနဲ႔ခ်ည္းပဲ ျပည့္ေနခဲ့တယ္။ ဘုရားနဲ႔လူၾကားမွာ ဘာေမးခြန္းမွ ထုတ္စရာ၊ အေျဖ႐ွာစရာမ႐ွိခဲ့ဘူး။ ဒါေပမယ့္ ဘုရားစကားနားမေထာင္တဲ့ ေနာက္ပိုင္းေတာ့ ပထမဆုံးေမးခြန္းကို အာဒံ ၾကားခဲ့ရတယ္။ ေကာင္းမေကာင္းသိကြၽမ္းရာအသီးကို စားရင္ ဘုရားလိုျဖစ္ၿပီးအားလုံးသိမယ္လို႔စာတန္က လွည့္ဖ်ားၿပီးေတာ့ အာဒံႏွင့္ဧ၀ကို လမ္းမွားကိုတြန္းပို႔ခဲ့တယ္။ တကယ္စားၿပီးတဲ့ေနာက္ပိုင္းေတာ့ အားလုံး ဘုရားလို မျဖစ္တဲ့အျပင္ အရင္က သိတဲ့အရာေတြ၊ ႐ွိတဲ့အရာေတြေတာင္အားလုံဆုံး႐ႈံးသြားခဲ့တယ္။ ဒီေန႔တခ်ိဳ႕အရာေတြ ကြၽန္ေတာ္တို႔ မသိႏိုင္၊ နားမလည္ႏိုင္တာေတြက ဒီကေန စမယ္လို႔ ကြၽန္ေတာ္ေတာ့ယုံတယ္။ အေျခအေနေတြကိုလည္းနားမလည္ႏိုင္စရာ ေမးခြန္းေတြနဲ႔ ျပည့္ ႏွက္ေနသလို၊ ဘုရားကိုေတာင္မွ နားမလည္ႏိုင္ေတာ့တဲ့အေျခအေနမ်ိဳးကိုေရာက္ခဲ့တယ္။


အာဒံရဲ႕အေျဖ

အာဒံက ဘုရားေမးခြန္းကိုၾကားတဲ့အခါမွာ ပုန္းေနတဲ့ သစ္ပင္ေနာက္ကေန ျပန္ေျဖတယ္။ ကိုယ္ေတာ္ႂကြလာတဲ့အသံကို ၾကားၿပီးေၾကာက္လို႔ ပုန္းေနတယ္တဲ့။ ဒီေနရာမွာ စာတန္စကားကိုနားေထာင္ၿပီးေတာ့ေနာက္ပိုင္း သူတို႔ဟာဘုရားဘုန္းေပ်ာက္သြားၿပီးေတာ့ စာတန္ထည့္ေပးတဲ့ အေတြးအေခၚခံစားခ်က္ေတြ အသက္တာထဲမွာေနရာယူလာတယ္ဆိုတာကိုေတြ႕ရတယ္။ စာတန္လူေတြကို ထိန္းခ်ဳပ္တဲ့အခါမွာ အခုလက္႐ွိအထိဒီပုံစံပဲ က်င့္သုံးေနတယ္။ အရင္က ဘုရားနဲ႔ ရင္းႏွီးကြၽမ္းဝင္ၿပီးေတာ့ ဘုရားႂကြလာတဲ့ အသံၾကားတိုင္းမွာ ႐ႊင္လန္းတက္ႂကြစြာ ႀကိဳဆိုတဲ့ ဘ၀ကေန၊ ေၾကာက္႐ြံ႕ျခင္းအျပည့္နဲ႔ ပုန္းေအာင္ေနတဲ့ ဘ၀ဆီကို တြန္းပို႔လိုက္တယ္။ ေၾကာက္႐ြံ႕ျခင္းက လူေတြကို စာတန္ထိန္းခ်ဳပ္တဲ့ အဓိက လက္နက္ပါပဲ။ တခ်ိဳ႕အရာေတြက ေၾကာက္႐ြံ႕ျခင္းေၾကာက္မလုပ္သင့္တာေတြလုပ္လာတယ္။ မေျပာသင့္တဲ့စကားေတြေျပာလာတယ္။ မ႐ွိသင့္တဲ့ေနရာမွာ ေနထိုင္အသက္႐ွင္လာခဲ့ၾကတာပါ။ ဒါက စာတန္လူေတြကိုထိန္းခ်ဳပ္တဲ့ ပုံစံဆိုတာ မေမ့ေစခ်င္ဘူး။ ဒီေန႔ သင့္အထဲမွာ ေၾကာက္႐ြံ႕ျခင္းေတြက လႊမ္းမိုးေနၿပီးေတာ့၊ ပုန္းလွ်ိဳးကြယ္လွ်ိဳးနဲ႔ ႐ွင္သန္ေနရတယ္ဆိုရင္ေသခ်ာတယ္၊ စာတန္က သူရဲ႕အႀကီးမားဆုံးလက္နက္ကို သင့္ကိုထိန္းခ်ဳပ္ဖို႔အတြက္ ထုတ္သုံးေနၿပီဆိုတာပါပဲ။ အဲ့ဒီေၾကာက္႐ြံ႕ျခင္းရဲ႕ဆိုးက်ိဳးကေတာ့ ဘုရားနဲ႔ မွန္ကန္တဲ့ ေပါင္းသင္းျခင္းမ႐ွိေတာ့တဲ့ေနာက္ပိုင္းမွာ ပိုတိုးပြားလာတယ္ဆိုတာ ကိုေတြ႕ရတယ္။ ဣသေရလ လူမ်ိဳးေတြလည္း သိနာ ေတာင္မွာ ဘုရားႂကြလာတဲ့အသံကိုၾကားၿပီးေတာ့ ေၾကာက္ခဲ့တယ္။ ဒါေၾကာင့္ေမာေ႐ွကို ေျပာတယ္ ေနာက္တခါ ဘုရားကိုယ္တိုင္မေျပာပဲ ေမာေ႐ွကေနပဲတဆင့္ေျပာဖို႔။ တကယ္ဆိုဘယ္ေလာက္ ေတာင္ ေကာင္းတဲ့အခြင့္အေရးကိုသူတို႔ လက္လႊတ္ခဲ့ရတာလည္းဆိုတာ သူတို႔မသိခဲ့ၾကဘူး။ ဒီေန႔ ေၾကာက္စရာေတြ႐ွိမွာပါ၊ ဒါေပမယ့္ အဲ့ဒီေၾကာက္႐ြံ႕မႈေတြရဲ႕ထိန္းခ်ဳပ္မႈကို ခံရတဲ့သူတစ္ေယာက္ အျဖစ္ေတာ့အသက္မ႐ွင္မိေစနဲ႔။ ဘုရားနဲ႔မွန္ကန္တဲ့ ဆက္ဆံေရးကိုတည္ ေဆာက္ပါ။ ဘုရားထံက လာတဲ့ ရဲရင့္ျခင္းသင့္ဆီေရာက္လာမယ္။

3 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube