Search
  • Than Min Htike

မေးခွန်း (၂)

“ထာ​ဝ​ရ​ဘု​ရား​က​လည်း သင့်​ညီ​အာ​ဗေ​လ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ကာ​ဣ​န​ကို​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​စောင့်​ရ​သော​သူ​ဖြစ်​ပါ​သ​လော​ဟု လျှောက်​ဆို၏။” (က ၄:၉)

ဘုရားသခင် ပထမဆုံးမေးတဲ့ မေးခွန်းက အာဒံကိုမေးတာဖြစ်ပြီးတော့၊ ဘုရားမျက်မှောက်တော်က နေပုန်းကွယ်ပျောက်ဆုံးနေတဲ့ အခြေအနေကိုထင်ဟပ်စေခဲ့တယ်။ စကားနားမထောင်ခြင်းက ကြောက်ရွံ့ခြင်းကို တံခါးဖွင့်ပေးခဲ့ပြီးတော့၊ ကြောက်ရွံ့ခြင်းက ဘုရားနဲ့အဝေးကို တွန်းပို့ ပေးခဲ့တယ်။ ပုံမှန်ဘုရားနဲ့ ဆက်ဆံရေးကိုတောင် ဖျက်ဆီးပစ်လိုက်ပြီးတော့စာတန်ရဲ့ထိန်းချုပ်မှုအောက်ကို လုံးလုံးကျရောက်ခဲ့ရပြီးတော့ ဘုရားပေးထားတဲ့အရာခပ်သိမ်း အခွင့်အာဏာ အားလုံးဆုံးရှုံးခဲ့ရတယ်ဆိုရင်မမှားဘူး။ အခု ဘုရားဒုတိယမေးခွန်းမေးတဲ့လူကတော့ကာဣနဖြစ်တယ်။ အပြင်ပုံစံ သွင်ပြင်အားဖြင့် ဘုရားနဲ့တူတယ်လို့ သူ့အဖေက မှတ်ချက်ပေးခဲ့ပေမယ့် တကယ်တော့ အာဒံနဲ့တူခဲ့ခြင်းသာဖြစ်တယ်။ ဘုရားက အာဒံကို သူနဲ့သဏ္ဍာန်တူအောင်ဖန်ဆင်းခဲ့တော့ ကာဣနက အာဒံနဲ့တူခြင်းသာဖြစ်တယ်။ အပြင်သဏ္ဍာန် ဘယ်လိုရှိတယ်ဆိုတာထက် အတွင်းနှလုံးသား ဘယ်လိုရှိတယ်ဆိုတာ အရေးကြီးတဲ့အကြောင်းကိုဒီနေရာမှာ ဖေါ်ပြနေတယ်။ ဘုရားကို ယဇ်ပူဇော်ဖို့ ညီအကိုနှစ်ယောက်လုံး အတူတူ လာခဲ့ပေမယ့် အာဗေလကသာ ဘုရားတောင်းဆိုတဲ့ ယဇ်ယူဆောင်လာပြီးတော့ ကာဣနကတော့ သူ့စိတ်ကြိုက် ယဇ်သာလျှင်ပါခဲ့တယ်။ ဘုရားကလက်မခံတဲ့အခါမှာတော့ အကြီးအကျယ် အမျက်ထွက်ခဲ့ပြီးတော့ လက်ခံတဲ့သူကို ဖယ်ရှားဖို့ကြံစည်သူဖြစ်လာတယ်။ တကယ်ဆိုရင်ဘုရားက အခွင့်အရေးပေးပြီးသားမဟုတ်လား။ ဘုရားမျက်မှောက်တော်ကိုလာတဲ့အခါမှာ ကိုယ့်စိတ်ကြိုက် လာတဲ့သူက၊ ကိုယ့်စိတ်မကျေနပ်တဲ့ခံစားချက်နဲ့ပြန်ရတယ်။ ဘုရားအလိုတော်ကိုဝန်ခံတဲ့သူသာလျှင် ပြီးပြည့်စုံတဲ့ ကျေနပ်မှုကိုရရှိနိုင်တယ်ဆိုတာ ဒီနေရာမှာတွေ့ရတယ်။ တချို့ဆုအရမ်းတောင်းတယ်၊ ကျမ်းစာအရမ်းဖတ်တယ် ဒါပေမယ့် မကျေနပ်ချက်တွေက သိပ်များလွန်းနေတယ်။ ဟိုလူ ဒီလူ အပေါ်မှာ အမြင်တွေ မကြည်မလင်မှုကလည်း နည်းနည်းနောနောမဟုတ်ဘူး။ ဘာလို့များ ဒီလောက်ဘုရားကို ဆက်ကပ်တာ ဒီလိုဖြစ်တာလည်းလို့ မေးခွန်းထုတ်နေကြတဲ့သူတွေ ရှိတယ်။ တကယ်တော့ရှင်းရှင်းလေးပါ။ ကာဣန ကြုံသလိုကြုံတွေ့ရခြင်းလို့ပဲဖြေရမယ်။ ဘုရားနဲ့အချိန်ယူပြီးတော့ ကိုးကွယ်ဆည်းကပ်နေရဲ့သားနဲ့ မကျေနပ်ချက်တွေ၊ အခြားသူတွေကို အမြင်မကြည်မှုတွေသိပ်များနေတယ်ဆိုရင် သင့်ရဲ့ဘုရားထံချဉ်းကပ်တဲ့နှလုံးသားကို ပြန်လည်စမ်းစစ်ဖို့လိုတယ်။ အတူတူ ကိုးကွယ်ချဉ်းကပ်ပေမယ့်ရလဒ်တော့လုံး၀ကိုမတူဘူး။ နှလုံးသားမတူလို့။ နောက်ဆုံး ကိုးကွယ်ရာကနေပြန်လာတဲ့ ကာဣနက သူ့ညီ အာဗေလကို သတ်တဲ့ လူသတ်တရားခံတစ်ယောက်ဖြစ်လာပြီးတော့ ဘုရားသခင်သူ့ကိုမေးခွန်းထုတ်တဲ့အခါမှာတော့သူမသိပါဘူးဆိုတဲ့ လိမ်ညာမှုကိုပါပြုတဲ့ ပထမဆုံး လူသတ်သူ၊ လိမ်ညာသူ တစ်ယောက် ဖြစ်လာခဲ့တယ်။


မင်းညီ ဘယ်မှာလဲ

ဒီနေ့ ကျွန်တော်တို့ရော ဒီမေးခွန်းကိုဘယ်လိုဖြေကြမလဲ။ မြင်ရတဲ့ညီအကိုကို မချစ်ပဲနဲ့ မမြင်ရတဲ့ဘုရားကို ဘယ်လိုချစ်နိုင်မလညလို့ နှုတ်ကပတ်တော်က ပြောတဲ့အခါမှာ အသွေးသားတော်စပ်တဲ့ ညီအကိုတွေကိုပဲပြောနေတာမဟုတ်ဘူးဆိုတာ သတိချပ်စေချင်တယ်။ ခရစ်တော် အားဖြင့်တော်စပ်တဲ့ညီအကိုအားလုံးကိုဆိုလိုခြင်းဆိုတာ လူတိုင်းသဘောပေါက်ပြီးသားလို့ယုံတယ်။ ကာဣနကတော့ သူပဲလက်စ ဖျောက်ပြီးတော့သူမသိဘူးလို့ ဖြေတယ်။ သူ့ညီကိုစောင့်တဲ့သူမဟုတ်ဘူးလို့ ဆင်ခြင်ပေးတယ်။ ဒီနေ့ ကိုယ့်စိတ်နဲ့မတွေ့တာနဲ့၊ ကိုယ်နဲ့အဆင်မပြေတာနဲ့ ခရစ်တော်ထဲမှာရှိတဲ့ ညီအကိုတွေကို သတ်နေတာဘယ်နှစ်ယောက်များရှိမလဲ။ အပြင်မှာတော့မသတ်ဘူးပေါ့။ သူတို့ဘ၀တွေသေအောင်၊ သူတို့ အမှုတော်ဆောင်ခြင်းသေအောင်၊ သူတို့ တိုးတက်လမ်းတွေ သေသွားအောင် လုပ်နေတဲ့သူတွေ ဒီမေးခွန်းကို ဘုရားက သင့်ကို မမေးဘူးလို့ မထင်ပါနဲ့။ အားနည်းတယ်ဆိုရင်တောင် ဆုတောင်းပေးဖို့၊ မှားသွားတယ်ဆိုရင်တောင် ပြန်ထူပေးဖို့လိုအပ်တယ်ဆိုရင်တောင် ကူညီပေးဖို့ မဟုတ်ဘူးလား။ ဒီနေ့မကူညီပဲနဲ့ နှောက်ယှက်နေတဲ့အထဲမှာ သင်မပါဖို့ သိပ်ကိုအရေးကြီးနေတယ်။



Zawgyi

ေမးခြန္း (၂)

“ထာ​ဝ​ရ​ဘု​ရား​က​လည္း သင့္​ညီ​အာ​ေဗ​လ​သည္ အ​ဘယ္​မွာ​႐ွိ​သ​နည္း​ဟု ကာ​ဣ​န​ကို​ေမး​ေတာ္​မူ​လွ်င္၊ အ​ကြၽႏ္ုပ္​မ​သိ​ပါ။ အ​ကြၽႏ္ုပ္​သည္ ညီ​ကို​ေစာင့္​ရ​ေသာ​သူ​ျဖစ္​ပါ​သ​ေလာ​ဟု ေလွ်ာက္​ဆို၏။” (က ၄:၉)

ဘုရားသခင္ ပထမဆုံးေမးတဲ့ ေမးခြန္းက အာဒံကိုေမးတာျဖစ္ၿပီးေတာ့၊ ဘုရားမ်က္ေမွာက္ေတာ္က ေနပုန္းကြယ္ေပ်ာက္ဆုံးေနတဲ့ အေျခအေနကိုထင္ဟပ္ေစခဲ့တယ္။ စကားနားမေထာင္ျခင္းက ေၾကာက္႐ြံ႕ျခင္းကို တံခါးဖြင့္ေပးခဲ့ၿပီးေတာ့၊ ေၾကာက္႐ြံ႕ျခင္းက ဘုရားနဲ႔အေဝးကို တြန္းပို႔ ေပးခဲ့တယ္။ ပုံမွန္ဘုရားနဲ႔ ဆက္ဆံေရးကိုေတာင္ ဖ်က္ဆီးပစ္လိုက္ၿပီးေတာ့စာတန္ရဲ႕ထိန္းခ်ဳပ္မႈေအာက္ကို လုံးလုံးက်ေရာက္ခဲ့ရၿပီးေတာ့ ဘုရားေပးထားတဲ့အရာခပ္သိမ္း အခြင့္အာဏာ အားလုံးဆုံး႐ႈံးခဲ့ရတယ္ဆိုရင္မမွားဘူး။ အခု ဘုရားဒုတိယေမးခြန္းေမးတဲ့လူကေတာ့ကာဣနျဖစ္တယ္။ အျပင္ပုံစံ သြင္ျပင္အားျဖင့္ ဘုရားနဲ႔တူတယ္လို႔ သူ႕အေဖက မွတ္ခ်က္ေပးခဲ့ေပမယ့္ တကယ္ေတာ့ အာဒံနဲ႔တူခဲ့ျခင္းသာျဖစ္တယ္။ ဘုရားက အာဒံကို သူနဲ႔သ႑ာန္တူေအာင္ဖန္ဆင္းခဲ့ေတာ့ ကာဣနက အာဒံနဲ႔တူျခင္းသာျဖစ္တယ္။ အျပင္သ႑ာန္ ဘယ္လို႐ွိတယ္ဆိုတာထက္ အတြင္းႏွလုံးသား ဘယ္လို႐ွိတယ္ဆိုတာ အေရးႀကီးတဲ့အေၾကာင္းကိုဒီေနရာမွာ ေဖၚျပေနတယ္။ ဘုရားကို ယဇ္ပူေဇာ္ဖို႔ ညီအကိုႏွစ္ေယာက္လုံး အတူတူ လာခဲ့ေပမယ့္ အာေဗလကသာ ဘုရားေတာင္းဆိုတဲ့ ယဇ္ယူေဆာင္လာၿပီးေတာ့ ကာဣနကေတာ့ သူ႕စိတ္ႀကိဳက္ ယဇ္သာလွ်င္ပါခဲ့တယ္။ ဘုရားကလက္မခံတဲ့အခါမွာေတာ့ အႀကီးအက်ယ္ အမ်က္ထြက္ခဲ့ၿပီးေတာ့ လက္ခံတဲ့သူကို ဖယ္႐ွားဖို႔ၾကံစည္သူျဖစ္လာတယ္။ တကယ္ဆိုရင္ဘုရားက အခြင့္အေရးေပးၿပီးသားမဟုတ္လား။ ဘုရားမ်က္ေမွာက္ေတာ္ကိုလာတဲ့အခါမွာ ကိုယ့္စိတ္ႀကိဳက္ လာတဲ့သူက၊ ကိုယ့္စိတ္မေက်နပ္တဲ့ခံစားခ်က္နဲ႔ျပန္ရတယ္။ ဘုရားအလိုေတာ္ကိုဝန္ခံတဲ့သူသာလွ်င္ ၿပီးျပည့္စုံတဲ့ ေက်နပ္မႈကိုရ႐ွိႏိုင္တယ္ဆိုတာ ဒီေနရာမွာေတြ႕ရတယ္။ တခ်ိဳ႕ဆုအရမ္းေတာင္းတယ္၊ က်မ္းစာအရမ္းဖတ္တယ္ ဒါေပမယ့္ မေက်နပ္ခ်က္ေတြက သိပ္မ်ားလြန္းေနတယ္။ ဟိုလူ ဒီလူ အေပၚမွာ အျမင္ေတြ မၾကည္မလင္မႈကလည္း နည္းနည္းေနာေနာမဟုတ္ဘူး။ ဘာလို႔မ်ား ဒီေလာက္ဘုရားကို ဆက္ကပ္တာ ဒီလိုျဖစ္တာလည္းလို႔ ေမးခြန္းထုတ္ေနၾကတဲ့သူေတြ ႐ွိတယ္။ တကယ္ေတာ့႐ွင္း႐ွင္းေလးပါ။ ကာဣန ၾကဳံသလိုၾကဳံေတြ႕ရျခင္းလို႔ပဲေျဖရမယ္။ ဘုရားနဲ႔အခ်ိန္ယူၿပီးေတာ့ ကိုးကြယ္ဆည္းကပ္ေနရဲ႕သားနဲ႔ မေက်နပ္ခ်က္ေတြ၊ အျခားသူေတြကို အျမင္မၾကည္မႈေတြသိပ္မ်ားေနတယ္ဆိုရင္ သင့္ရဲ႕ဘုရားထံခ်ဥ္းကပ္တဲ့ႏွလုံးသားကို ျပန္လည္စမ္းစစ္ဖို႔လိုတယ္။ အတူတူ ကိုးကြယ္ခ်ဥ္းကပ္ေပမယ့္ရလဒ္ေတာ့လုံး၀ကိုမတူဘူး။ ႏွလုံးသားမတူလို႔။ ေနာက္ဆုံး ကိုးကြယ္ရာကေနျပန္လာတဲ့ ကာဣနက သူ႕ညီ အာေဗလကို သတ္တဲ့ လူသတ္တရားခံတစ္ေယာက္ျဖစ္လာၿပီးေတာ့ ဘုရားသခင္သူ႕ကိုေမးခြန္းထုတ္တဲ့အခါမွာေတာ့သူမသိပါဘူးဆိုတဲ့ လိမ္ညာမႈကိုပါျပဳတဲ့ ပထမဆုံး လူသတ္သူ၊ လိမ္ညာသူ တစ္ေယာက္ ျဖစ္လာခဲ့တယ္။


မင္းညီ ဘယ္မွာလဲ

ဒီေန႔ ကြၽန္ေတာ္တို႔ေရာ ဒီေမးခြန္းကိုဘယ္လိုေျဖၾကမလဲ။ ျမင္ရတဲ့ညီအကိုကို မခ်စ္ပဲနဲ႔ မျမင္ရတဲ့ဘုရားကို ဘယ္လိုခ်စ္ႏိုင္မလညလို႔ ႏႈတ္ကပတ္ေတာ္က ေျပာတဲ့အခါမွာ အေသြးသားေတာ္စပ္တဲ့ ညီအကိုေတြကိုပဲေျပာေနတာမဟုတ္ဘူးဆိုတာ သတိခ်ပ္ေစခ်င္တယ္။ ခရစ္ေတာ္ အားျဖင့္ေတာ္စပ္တဲ့ညီအကိုအားလုံးကိုဆိုလိုျခင္းဆိုတာ လူတိုင္းသေဘာေပါက္ၿပီးသားလို႔ယုံတယ္။ ကာဣနကေတာ့ သူပဲလက္စ ေဖ်ာက္ၿပီးေတာ့သူမသိဘူးလို႔ ေျဖတယ္။ သူ႕ညီကိုေစာင့္တဲ့သူမဟုတ္ဘူးလို႔ ဆင္ျခင္ေပးတယ္။ ဒီေန႔ ကိုယ့္စိတ္နဲ႔မေတြ႕တာနဲ႔၊ ကိုယ္နဲ႔အဆင္မေျပတာနဲ႔ ခရစ္ေတာ္ထဲမွာ႐ွိတဲ့ ညီအကိုေတြကို သတ္ေနတာဘယ္ႏွစ္ေယာက္မ်ား႐ွိမလဲ။ အျပင္မွာေတာ့မသတ္ဘူးေပါ့။ သူတို႔ဘ၀ေတြေသေအာင္၊ သူတို႔ အမႈေတာ္ေဆာင္ျခင္းေသေအာင္၊ သူတို႔ တိုးတက္လမ္းေတြ ေသသြားေအာင္ လုပ္ေနတဲ့သူေတြ ဒီေမးခြန္းကို ဘုရားက သင့္ကို မေမးဘူးလို႔ မထင္ပါနဲ႔။ အားနည္းတယ္ဆိုရင္ေတာင္ ဆုေတာင္းေပးဖို႔၊ မွားသြားတယ္ဆိုရင္ေတာင္ ျပန္ထူေပးဖို႔လိုအပ္တယ္ဆိုရင္ေတာင္ ကူညီေပးဖို႔ မဟုတ္ဘူးလား။ ဒီေန႔မကူညီပဲနဲ႔ ေႏွာက္ယွက္ေနတဲ့အထဲမွာ သင္မပါဖို႔ သိပ္ကိုအေရးႀကီးေနတယ္။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube