Search
  • Than Min Htike

မေးခွန်း (၃)

“စာ​ရဲ​ကျွန်​မ​ဟာ​ဂ​ရ၊ အ​ဘယ်​က​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု​မေး​သော်၊ ကျွန်​မ​သည် သ​ခင်​မ​စာ​ရဲ​ထံ​မှ​ပြေး​လာ​ပါ​သည်​ဟု ဆို​လေ၏။” (က ၁၆:၈)


ဘယ်အရပ်ကလာ၊ ဘယ်အရပ်ကိုသွားမှာလဲ

ရှုပ်ထွေးလွန်းလှတဲ့ လောကကြီးထဲမှာအရာခပ်သိမ်းကို နားလည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်မှန်းလူတိုင်းသိပါတယ်။ လိုက်လို့မမှီနိုင်တဲ့ နည်းပညာတိုးတတ်မှုတွေ၊ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး လှည့်ကွက်တွေ၊ ခန့်မှန်းလို့ မရနိုင်တဲ့ လူတွေရဲ့ စိတ်သဘောထားတွေ ကြားမှာ ဗျာများနေပြီးတော့ လမ်းစပျောက် သလိုလို ဖြစ်ချင်နေတဲ့ လူတွေအများကြီးရှိတယ်။ အခြားအရာတွေကို မသိရင်နေ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ လာရာအရပ်နှင့် လားရာအရပ်ကို (သွားမယ့်ခရီးဆုံး)အရပ်ကိုတော့ သေသေချာချာသိဖို့တော့အရမ်းကိုအရေးကြီးတယ်။ ဘယ်ကလာလို့ ဘယ်မှာဆုံးမှန်းမသိရင်တော့ကျန်တာတွေဘယ်လောက်ပဲသိသိ သင်တကယ်လမ်းပျောက်နေပြီ။ ကမ္ဘာကြီးရဲ့အစပြု ခြင်းကို သိဖို့ထက်၊ ခက်ခဲနက်နဲတဲ့ ပုစ္ဆာတွေရဲ့အဖြေကိုသိဖို့ထက် ကိုယ်ဘ၀အတွက် အရေးကြီးတဲ့ အစပြုခြင်းနှင့်အဆုံးသတ်ခြင်းကို သိဖို့ပိုပြီးအရေးကြီးတယ်။

ဒီနေ့ သင် ဒီလို ဖြစ်တည်လာဖို့အတွက် ဘယ်နေရာကနေ အစပြုခဲ့သလည်းဆိုတာရယ်၊ သင့်ဦးတည်ချက်ဘယ်အရာဖြစ်သင့်တယ်ဆိုတာကိုတော့ လောကကြီးထဲမှာ အသက်ရှင်တဲ့ကာလထဲမှာ သေသေချာချာ သိထားပါ။


အစပြုရာအရပ်ကိုတော့မေ့လို့မရဘူး

ဟာဂရဆိုတဲ့ ကျွန်မအကြောင်းကိုတော့ကြားဖူးမှာပါ၊ စာရာက ကလေးမရနိုင်တော့ဘူးလို့ ဆုံးဖြတ်ချက် ချပြီးတော့နောက်ပိုင်းမှာ အာဗြဟံကို သူ့ကျွန်မ ဟာဂရထံကိုဝင်စေတယ်။ သူ့အစီအစဉ်ကတော့ ကျွန်မ အားဖြင့်လည်းဘုရားအလုပ်လုပ်မယ်ပေါ့။ တကယ် ကလေးရတလာတဲ့အခါမှာတော့ သူထင်ထားသလို ပျော်စရာကောင်းတဲ့ အချိန်မဖြစ်လာခဲ့ဘူး။

ဟာဂရဟာ ကိုယ်ဝန်ရှိတဲ့အချိန်မှာတော့ သူ့ကိုမျက်နှာသာပေးခဲ့တဲ့ စာရာကိုစတင်ပြီးတော့ မထီမဲ့မြင်ပြုလာတယ်။ တကယ်တော့ သူက ဒီလိုကြီးမားတဲ့အခွင့်အရေးကို ပေးခဲ့တဲ့ စာရာကို ဒီလိုမလုပ်သင့်ဘူးမဟုတ်လား။ ပိုပြီးနှိမ့်ချ ပိုပြီး နာခံသင့်တယ်။ တခါတလေ ကျွန်တော်တို့အသက်တာမှာလည်း ဘာမှမဟုတ်တဲ့ဘ၀ကနေ ဘုရားက ကျွန်တော်တို့အထဲမှာ ဆုကျေးဇူးတွေ၊ အစွမ်းတွေထည့်ပေးလိုက်တာနဲ့ အောက်ခြေလွတ်သွားတဲ့အချိန်တွေ၊ ကိုယ့်ကို မျက်နှာသာပေးခဲ့တဲ့သူတွေမေ့သွားပြီး ပုခုံးခြင်းသွားတိုက်မိခဲ့တဲ့အချိန်တွေရှိတတ်တယ်။ ဒါက ကိုယ်ရဲ့ အစပြုခဲ့တဲ့ အချိန်ကိုမေ့ လျော့ခြင်းပါပဲ။ ကိုယ်ဘယ်ဘ၀ကလာတယ်ဆိုတာကို အမြဲမမေ့ဖို့လိုတယ်။ အဲ့ဒီအရာရဲ့အကျိုးဆက်က ဝမ်းနည်းစရာတွေကို လက်ယက်ခေါ်လိုက်သလိုပါပဲ။ အဲ့ဒါကြောင့်ဟာဂရဟာ စာရာဆီကနေ ထွက်ပြေး ခဲ့တယ်။ ဒီလိုထွက်ပြေးတဲ့အချိန်မှာစမ်းရေတွင်း တစ်ခုမှာ ကောင်းကင်တမန်က ဟာဂရကို ဒီမေးခွန်းလေးနဲ့သူ့ဘ၀ရဲ့လမ်းကြောင်းမှန်ကိုပြန်တည့်မတ်ပေးခဲ့တယ်။ မင်းဘယ်ကလာပြီးတော့ဘယ်သွားမှာလဲ။ တကယ်တော့သူခံစားချက် ကြောင့်ခြေဦးတည့်ရာကိုထွက်လာခြင်းပါ။ ကောင်းကင်တမန်က တိုးပွားခြင်းနဲ့ ဘုရားဂတိတော် တွေကို မြင်တွေ့ခံစားရမယ် ဒါကြောင့် မင်းရဲ့သခင်မဆီကို ပြန်ပါလို့သူ့ရဲ့ လာရာအရပ်ကို ပြန်လမ်းညွှန်ခဲ့တယ်။ ဟာဂရ ကနေဖွားတဲ့ ဣရှမေလကလည်း လူမျိုးကြီးဖြစ်ခဲ့တယ်။ ဘုရားစကားကိုနားထောင်ခဲ့ပြီး ဘုရားလမ်းပြခြင်းကို ဝန်ခံတဲ့အကျိုးလို့ဆိုရမှာပေါ့။ ဒီနေ့ ရိုးရိုးလေးပဲ ကိုယ့်ဟာကိုယ်မေးရမှာကဒီနေ့လိုဖြစ်လာဖို့ ငါ ဘယ်အရပ်ကလာခဲ့သလဲ ဆိုတာရယ်၊ ငါအခု သွားနေတဲ့ ဦးတည်ရာက ဘယ်နေရာလဲဆိုတာကို သိတယ်ဆိုရင် တိုးပွားခြင်းနှင့်ကောင်းကြီးမင်္ဂလာက သင့်ဆီရောက်လာမှာ သေချာပါတယ်။



Zawgyi

ေမးခြန္း (၃)


“စာ​ရဲ​ကြၽန္​မ​ဟာ​ဂ​ရ၊ အ​ဘယ္​က​လာ​သ​နည္း။ အ​ဘယ္​အ​ရပ္​သို႔ သြား​မည္​နည္း​ဟု​ေမး​ေသာ္၊ ကြၽန္​မ​သည္ သ​ခင္​မ​စာ​ရဲ​ထံ​မွ​ေျပး​လာ​ပါ​သည္​ဟု ဆို​ေလ၏။” (က ၁၆:၈)


ဘယ္အရပ္ကလာ၊ ဘယ္အရပ္ကိုသြားမွာလဲ

႐ႈပ္ေထြးလြန္းလွတဲ့ ေလာကႀကီးထဲမွာအရာခပ္သိမ္းကို နားလည္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္မွန္းလူတိုင္းသိပါတယ္။ လိုက္လို႔မမွီႏိုင္တဲ့ နည္းပညာတိုးတတ္မႈေတြ၊ ႐ႈပ္ေထြးလြန္းလွတဲ့ ႏိုင္ငံေရး လွည့္ကြက္ေတြ၊ ခန္႔မွန္းလို႔ မရႏိုင္တဲ့ လူေတြရဲ႕ စိတ္သေဘာထားေတြ ၾကားမွာ ဗ်ာမ်ားေနၿပီးေတာ့ လမ္းစေပ်ာက္ သလိုလို ျဖစ္ခ်င္ေနတဲ့ လူေတြအမ်ားႀကီး႐ွိတယ္။ အျခားအရာေတြကို မသိရင္ေန အေရးႀကီးဆုံးကေတာ့ ကိုယ့္ရဲ႕ လာရာအရပ္ႏွင့္ လားရာအရပ္ကို (သြားမယ့္ခရီးဆုံး)အရပ္ကိုေတာ့ ေသေသခ်ာခ်ာသိဖို႔ေတာ့အရမ္းကိုအေရးႀကီးတယ္။ ဘယ္ကလာလို႔ ဘယ္မွာဆုံးမွန္းမသိရင္ေတာ့က်န္တာေတြဘယ္ေလာက္ပဲသိသိ သင္တကယ္လမ္းေပ်ာက္ေနၿပီ။ ကမ႓ာႀကီးရဲ႕အစျပဳ ျခင္းကို သိဖို႔ထက္၊ ခက္ခဲနက္နဲတဲ့ ပုစၧာေတြရဲ႕အေျဖကိုသိဖို႔ထက္ ကိုယ္ဘ၀အတြက္ အေရးႀကီးတဲ့ အစျပဳျခင္းႏွင့္အဆုံးသတ္ျခင္းကို သိဖို႔ပိုၿပီးအေရးႀကီးတယ္။

ဒီေန႔ သင္ ဒီလို ျဖစ္တည္လာဖို႔အတြက္ ဘယ္ေနရာကေန အစျပဳခဲ့သလည္းဆိုတာရယ္၊ သင့္ဦးတည္ခ်က္ဘယ္အရာျဖစ္သင့္တယ္ဆိုတာကိုေတာ့ ေလာကႀကီးထဲမွာ အသက္႐ွင္တဲ့ကာလထဲမွာ ေသေသခ်ာခ်ာ သိထားပါ။


အစျပဳရာအရပ္ကိုေတာ့ေမ့လို႔မရဘူး

ဟာဂရဆိုတဲ့ ကြၽန္မအေၾကာင္းကိုေတာ့ၾကားဖူးမွာပါ၊ စာရာက ကေလးမရႏိုင္ေတာ့ဘူးလို႔ ဆုံးျဖတ္ခ်က္ ခ်ၿပီးေတာ့ေနာက္ပိုင္းမွာ အာျဗဟံကို သူ႕ကြၽန္မ ဟာဂရထံကိုဝင္ေစတယ္။ သူ႕အစီအစဥ္ကေတာ့ ကြၽန္မ အားျဖင့္လည္းဘုရားအလုပ္လုပ္မယ္ေပါ့။ တကယ္ ကေလးရတလာတဲ့အခါမွာေတာ့ သူထင္ထားသလို ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္မျဖစ္လာခဲ့ဘူး။

ဟာဂရဟာ ကိုယ္ဝန္႐ွိတဲ့အခ်ိန္မွာေတာ့ သူ႕ကိုမ်က္ႏွာသာေပးခဲ့တဲ့ စာရာကိုစတင္ၿပီးေတာ့ မထီမဲ့ျမင္ျပဳလာတယ္။ တကယ္ေတာ့ သူက ဒီလိုႀကီးမားတဲ့အခြင့္အေရးကို ေပးခဲ့တဲ့ စာရာကို ဒီလိုမလုပ္သင့္ဘူးမဟုတ္လား။ ပိုၿပီးႏွိမ့္ခ် ပိုၿပီး နာခံသင့္တယ္။ တခါတေလ ကြၽန္ေတာ္တို႔အသက္တာမွာလည္း ဘာမွမဟုတ္တဲ့ဘ၀ကေန ဘုရားက ကြၽန္ေတာ္တို႔အထဲမွာ ဆုေက်းဇူးေတြ၊ အစြမ္းေတြထည့္ေပးလိုက္တာနဲ႔ ေအာက္ေျခလြတ္သြားတဲ့အခ်ိန္ေတြ၊ ကိုယ့္ကို မ်က္ႏွာသာေပးခဲ့တဲ့သူေတြေမ့သြားၿပီး ပုခုံးျခင္းသြားတိုက္မိခဲ့တဲ့အခ်ိန္ေတြ႐ွိတတ္တယ္။ ဒါက ကိုယ္ရဲ႕ အစျပဳခဲ့တဲ့ အခ်ိန္ကိုေမ့ ေလ်ာ့ျခင္းပါပဲ။ ကိုယ္ဘယ္ဘ၀ကလာတယ္ဆိုတာကို အၿမဲမေမ့ဖို႔လိုတယ္။ အဲ့ဒီအရာရဲ႕အက်ိဳးဆက္က ဝမ္းနည္းစရာေတြကို လက္ယက္ေခၚလိုက္သလိုပါပဲ။ အဲ့ဒါေၾကာင့္ဟာဂရဟာ စာရာဆီကေန ထြက္ေျပး ခဲ့တယ္။ ဒီလိုထြက္ေျပးတဲ့အခ်ိန္မွာစမ္းေရတြင္း တစ္ခုမွာ ေကာင္းကင္တမန္က ဟာဂရကို ဒီေမးခြန္းေလးနဲ႔သူ႕ဘ၀ရဲ႕လမ္းေၾကာင္းမွန္ကိုျပန္တည့္မတ္ေပးခဲ့တယ္။ မင္းဘယ္ကလာၿပီးေတာ့ဘယ္သြားမွာလဲ။ တကယ္ေတာ့သူခံစားခ်က္ ေၾကာင့္ေျခဦးတည့္ရာကိုထြက္လာျခင္းပါ။ ေကာင္းကင္တမန္က တိုးပြားျခင္းနဲ႔ ဘုရားဂတိေတာ္ ေတြကို ျမင္ေတြ႕ခံစားရမယ္ ဒါေၾကာင့္ မင္းရဲ႕သခင္မဆီကို ျပန္ပါလို႔သူ႕ရဲ႕ လာရာအရပ္ကို ျပန္လမ္းၫႊန္ခဲ့တယ္။ ဟာဂရ ကေနဖြားတဲ့ ဣ႐ွေမလကလည္း လူမ်ိဳးႀကီးျဖစ္ခဲ့တယ္။ ဘုရားစကားကိုနားေထာင္ခဲ့ၿပီး ဘုရားလမ္းျပျခင္းကို ဝန္ခံတဲ့အက်ိဳးလို႔ဆိုရမွာေပါ့။ ဒီေန႔ ႐ိုး႐ိုးေလးပဲ ကိုယ့္ဟာကိုယ္ေမးရမွာကဒီေန႔လိုျဖစ္လာဖို႔ ငါ ဘယ္အရပ္ကလာခဲ့သလဲ ဆိုတာရယ္၊ ငါအခု သြားေနတဲ့ ဦးတည္ရာက ဘယ္ေနရာလဲဆိုတာကို သိတယ္ဆိုရင္ တိုးပြားျခင္းႏွင့္ေကာင္းႀကီးမဂၤလာက သင့္ဆီေရာက္လာမွာ ေသခ်ာပါတယ္။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube