Search
  • Than Min Htike

မေးခွန်း (၄)

“ထို​သူ​က​လည်း၊ သင်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ယာ​ကုပ်​ဖြစ်​ပါ​သည်​ဟု ပြန်​ဆို၏။”

(က ၃၂:၂၇)


နာမည်ဘယ်လိုခေါ်သလဲ

နာမည်တစ်ခုက သိပ်ကိုအရေးကြီးတယ်ဆိုတာ အထူးပြောစရာ မလိုလောက်ဘူးထင်တယ်။ နာမည်တစ်ခုကိုကြားလိုက်ရုံနဲ့ ချစ်ခြင်း၊ မုန်းခြင်းက စိတ်ထဲက အလိုလို ထွက်လာတယ်မဟုတ်ဘူးလား။ အထင်သေးခြင်း၊ အထင်ကြီးခြင်းအားလုံး နာမည်တစ်လုံးရဲ့နောက်မှာ အမြဲကပ်ပါလာစမြဲပဲ။ လူတွေရဲ့လုပ်ရပ်တွေကိုလည်း နာမည်နဲ့တွဲပြီးတော့ စိတ်ထဲမှာမှတ်ထားလေ့ရှိတယ်။ မာသာထရီဇာလို့ပြောလိုက်တာနဲ့ သူ့ရဲ့လုပ်ဆောင်မှုနဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတွေကိုမြင်လာသလို၊ ဟစ်တလာလို့ ကြားတာနဲ့တင် အလိုလို နာကြည်းမုန်းတီးမှုတွေက နှလုံးသားကနေထွက်ပေါ်လာတယ်။ ဒီလိုပါပဲသခင်ယေရှုလို့ပြောလိုက်တာနဲ့ နတ်ဆိုးတွေက ဖိန့်ဖိန့်တုန်အောင်ကြောက်နေရပြီးတော့ အနာရောဂါတွေ ကနေ ကင်းလွတ်ခွင့်ရစေပြန်တယ်။ ဒါက ဘာကိုဖေါ်ပြနေတာလည်းဆိုရင် နာမည်တစ်ခုရဲ့ တန်ဖိုးနဲ့သက်ရောက်မှုပါပဲ။ တချို့ကတော့ နာမည်နဲ့ လူကွက်တိမကျတာတွေလည်းရှိပြန်တယ်။ သန်းကြွယ်လို့ပေးထားပြီးတော့ ဆင်းရဲနေတာမျိုး၊သံချောင်းပေးထားပြီးတော့ အရမ်းကို ကျန်းမာရေးချူချာတာမျိုးလည်းရှိပြန်တယ်။ ဘယ်လိုပဲ ရှိရှိ အရေးကြီးဆုံးကတော့ လူတိုင်းမှာ နာမည်တစ်ခုဆီတော့ ရှိနေတာပဲမဟုတ်လား။


ဒီနာမည်ကိုဆက်မခေါ်နဲ့တော့

ဘုရားက လူတစ်ယောက်ရဲ့နာမည်ကို ထူးထူးဆန်းဆန်းမေးဖူးတယ်။တကယ်တော့ ဘုရားက မသိလို့ မေးတာမဟုတ်ပါဘူး။ အာဒံကိုလည်း ဘုရားက ဘယ်မှာလဲမေးတယ် မသိလို့မဟုတ်ဘူး သူ့ဟာသူ အဖြစ်မှန်ကိုဝန်ခံပြီးတော့ သိရှိလာဖို့ပါ။ ကာဣနကိုလည်းသူ့ညီဘယ်မှာလဲလို့မေးတယ် ဘုရားမသိတာမှမဟုတ်တာ။ သူ့ဟာသူများဝန်ခံမလားလို့ ဘုရားက အခွင့်အရေးပေးတာပါ။ အခုလည်း ဘုရားက ယာကုပ်ကို အကြိမ်ကြိမ်ထင်ရှားပြီးသားကိုများ အခုမှ အထူးဆန်းလုပ်ပြီးတော့ မေးတယ်။ ဘုရားမေးတိုင်းမှာ မသိလို့မေးတာမဟုတ်ဘူး သင်ဘယ်လောက်ထိ သိသလဲ ဆိုတာရယ် သင့်ဟာသင် အဖြစ်မှန်ကိုသိစေချင်တာရယ်ကြောင့်ပါ။ ယာကုပ်က ဒီနေရာမှာတော့ သူဟာ ယာကုပ်လို့ဝန်ခံတယ်။ ယာကုပ်ဆိုတာ လူလိမ်လို့ အဓိပ္ပါယ်ရတယ်။ သူ့အဖေဆီကနေ မထွက်ခွာခင်ကသူ့အဖေက သူ့ကိုမေးတယ်။ မင်းဘယ်သူလည်း သူက အကိုဧသော ကိုယ်စားလာတဲ့အတွက် ဧသောလို့ဖြေခဲ့တယ်။ အဖေကိုလှည့်စားဖို့လည်း အပြည့်အစုံ အမေကလုပ်ပေးခဲ့တယ်။ ဒါကြောင့်လည်း အဖေက အသံကို မှတ်မိပေမယ့် ပိရိလွန်းတဲ့ လုပ်ဆောင်မှုကြောင့် ဧသောလို့ထင်ခဲ့ပြီးတော့ ကောင်းကြီးပေးခဲ့တယ်။ အဲ့ဒီတစ်ခေါက် ဧသောအနေနဲ့ သူ ကောင်းကြီးရခဲ့တယ်။ ဒီတစ်ခေါက်တော့ ဘုရားက ကောင်းကြီးမပေးခင်

သူ့ကိုသေချာအောင်မေးတယ်။ သူက အမှန်တိုင်းဖြေတယ်။ ဒီတစ်ခါတော့လိမ်လို့လည်းမရတော့သလို သူ့ဟာသူလည်း လူလိမ်ဆိုတာကို ဝန်ခံ လိုက်တယ်။ ဒါနဲ့ဘုရားက ဒီနာမည်ကို နောက်တစ်ခါ ခေါ်စရာအကြောင်းမရှိတော့ပဲ နာမည်အသစ်ကိုပေးခဲ့တယ်။ အဲ့ဒါကတော့ နောင်သမိိုင်းတွင်မယ့် နာမည်တစ်ခုဖြစ်လာတယ်။ ဣသရေလဆိုတာ ဘုရားကို၎င်း လူကို၎င်း မင်းပြုပြီး နိုင်ပြီတဲ့။ ဘယ်လောက်များ အံ့ဩစရာကောင်းလိုက်သလဲ။ ဒီနာမည်ကြားလိုက်တာနဲ့လူတွေက အထင်ကြီးစရာ၊ ကြွယ်၀ချမ်းသာမှု အောင်မြင်ခြင်းစတဲ့ အရာတွေကိုတွဲမြင်နေစေတယ်။ ကောင်းကင်ရောက်တဲ့အခါမှာလည်း အောင်မြင်တဲ့သူ အားလုံးကို ဘုရားက နာမည်အသစ်ပေးမယ် ။

“ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။” (ဗျာ ၂:၁၇)

ဘယ်လောက်များအံ့ဩစရာကောင်းလိုက်သလဲ။



Zawgyi

ေမးခြန္း (၄)

“ထို​သူ​က​လည္း၊ သင္၏​အ​မည္​ကား အ​ဘယ္​သို႔​နည္း​ဟု​ေမး​လွ်င္၊ ယာ​ကုပ္​ျဖစ္​ပါ​သည္​ဟု ျပန္​ဆို၏။”

(က ၃၂:၂၇)


နာမည္ဘယ္လိုေခၚသလဲ

နာမည္တစ္ခုက သိပ္ကိုအေရးႀကီးတယ္ဆိုတာ အထူးေျပာစရာ မလိုေလာက္ဘူးထင္တယ္။ နာမည္တစ္ခုကိုၾကားလိုက္႐ုံနဲ႔ ခ်စ္ျခင္း၊ မုန္းျခင္းက စိတ္ထဲက အလိုလို ထြက္လာတယ္မဟုတ္ဘူးလား။ အထင္ေသးျခင္း၊ အထင္ႀကီးျခင္းအားလုံး နာမည္တစ္လုံးရဲ႕ေနာက္မွာ အၿမဲကပ္ပါလာစၿမဲပဲ။ လူေတြရဲ႕လုပ္ရပ္ေတြကိုလည္း နာမည္နဲ႔တြဲၿပီးေတာ့ စိတ္ထဲမွာမွတ္ထားေလ့႐ွိတယ္။ မာသာထရီဇာလို႔ေျပာလိုက္တာနဲ႔ သူ႕ရဲ႕လုပ္ေဆာင္မႈနဲ႔ စြန္႔လႊတ္အနစ္နာခံ ေပးဆပ္မႈေတြကိုျမင္လာသလို၊ ဟစ္တလာလို႔ ၾကားတာနဲ႔တင္ အလိုလို နာၾကည္းမုန္းတီးမႈေတြက ႏွလုံးသားကေနထြက္ေပၚလာတယ္။ ဒီလိုပါပဲသခင္ေယ႐ႈလို႔ေျပာလိုက္တာနဲ႔ နတ္ဆိုးေတြက ဖိန္႔ဖိန္႔တုန္ေအာင္ေၾကာက္ေနရၿပီးေတာ့ အနာေရာဂါေတြ ကေန ကင္းလြတ္ခြင့္ရေစျပန္တယ္။ ဒါက ဘာကိုေဖၚျပေနတာလည္းဆိုရင္ နာမည္တစ္ခုရဲ႕ တန္ဖိုးနဲ႔သက္ေရာက္မႈပါပဲ။ တခ်ိဳ႕ကေတာ့ နာမည္နဲ႔ လူကြက္တိမက်တာေတြလည္း႐ွိျပန္တယ္။ သန္းႂကြယ္လို႔ေပးထားၿပီးေတာ့ ဆင္းရဲေနတာမ်ိဳး၊သံေခ်ာင္းေပးထားၿပီးေတာ့ အရမ္းကို က်န္းမာေရးခ်ဴခ်ာတာမ်ိဳးလည္း႐ွိျပန္တယ္။ ဘယ္လိုပဲ ႐ွိ႐ွိ အေရးႀကီးဆုံးကေတာ့ လူတိုင္းမွာ နာမည္တစ္ခုဆီေတာ့ ႐ွိေနတာပဲမဟုတ္လား။


ဒီနာမည္ကိုဆက္မေခၚနဲ႔ေတာ့

ဘုရားက လူတစ္ေယာက္ရဲ႕နာမည္ကို ထူးထူးဆန္းဆန္းေမးဖူးတယ္။တကယ္ေတာ့ ဘုရားက မသိလို႔ ေမးတာမဟုတ္ပါဘူး။ အာဒံကိုလည္း ဘုရားက ဘယ္မွာလဲေမးတယ္ မသိလို႔မဟုတ္ဘူး သူ႕ဟာသူ အျဖစ္မွန္ကိုဝန္ခံၿပီးေတာ့ သိ႐ွိလာဖို႔ပါ။ ကာဣနကိုလည္းသူ႕ညီဘယ္မွာလဲလို႔ေမးတယ္ ဘုရားမသိတာမွမဟုတ္တာ။ သူ႕ဟာသူမ်ားဝန္ခံမလားလို႔ ဘုရားက အခြင့္အေရးေပးတာပါ။ အခုလည္း ဘုရားက ယာကုပ္ကို အႀကိမ္ႀကိမ္ထင္႐ွားၿပီးသားကိုမ်ား အခုမွ အထူးဆန္းလုပ္ၿပီးေတာ့ ေမးတယ္။ ဘုရားေမးတိုင္းမွာ မသိလို႔ေမးတာမဟုတ္ဘူး သင္ဘယ္ေလာက္ထိ သိသလဲ ဆိုတာရယ္ သင့္ဟာသင္ အျဖစ္မွန္ကိုသိေစခ်င္တာရယ္ေၾကာင့္ပါ။ ယာကုပ္က ဒီေနရာမွာေတာ့ သူဟာ ယာကုပ္လို႔ဝန္ခံတယ္။ ယာကုပ္ဆိုတာ လူလိမ္လို႔ အဓိပၸါယ္ရတယ္။ သူ႕အေဖဆီကေန မထြက္ခြာခင္ကသူ႕အေဖက သူ႕ကိုေမးတယ္။ မင္းဘယ္သူလည္း သူက အကိုဧေသာ ကိုယ္စားလာတဲ့အတြက္ ဧေသာလို႔ေျဖခဲ့တယ္။ အေဖကိုလွည့္စားဖို႔လည္း အျပည့္အစုံ အေမကလုပ္ေပးခဲ့တယ္။ ဒါေၾကာင့္လည္း အေဖက အသံကို မွတ္မိေပမယ့္ ပိရိလြန္းတဲ့ လုပ္ေဆာင္မႈေၾကာင့္ ဧေသာလို႔ထင္ခဲ့ၿပီးေတာ့ ေကာင္းႀကီးေပးခဲ့တယ္။ အဲ့ဒီတစ္ေခါက္ ဧေသာအေနနဲ႔ သူ ေကာင္းႀကီးရခဲ့တယ္။ ဒီတစ္ေခါက္ေတာ့ ဘုရားက ေကာင္းႀကီးမေပးခင္

သူ႕ကိုေသခ်ာေအာင္ေမးတယ္။ သူက အမွန္တိုင္းေျဖတယ္။ ဒီတစ္ခါေတာ့လိမ္လို႔လည္းမရေတာ့သလို သူ႕ဟာသူလည္း လူလိမ္ဆိုတာကို ဝန္ခံ လိုက္တယ္။ ဒါနဲ႔ဘုရားက ဒီနာမည္ကို ေနာက္တစ္ခါ ေခၚစရာအေၾကာင္းမ႐ွိေတာ့ပဲ နာမည္အသစ္ကိုေပးခဲ့တယ္။ အဲ့ဒါကေတာ့ ေနာင္သမိိဳင္းတြင္မယ့္ နာမည္တစ္ခုျဖစ္လာတယ္။ ဣသေရလဆိုတာ ဘုရားကို၎ လူကို၎ မင္းျပဳၿပီး ႏိုင္ၿပီတဲ့။ ဘယ္ေလာက္မ်ား အံ့ဩစရာေကာင္းလိုက္သလဲ။ ဒီနာမည္ၾကားလိုက္တာနဲ႔လူေတြက အထင္ႀကီးစရာ၊ ႂကြယ္၀ခ်မ္းသာမႈ ေအာင္ျမင္ျခင္းစတဲ့ အရာေတြကိုတြဲျမင္ေနေစတယ္။ ေကာင္းကင္ေရာက္တဲ့အခါမွာလည္း ေအာင္ျမင္တဲ့သူ အားလုံးကို ဘုရားက နာမည္အသစ္ေပးမယ္ ။

“ဝိ​ညာဥ္​ေတာ္​သည္ အ​သင္း​ေတာ္​တို႔​အား အ​ဘယ္​သို႔ မိန္႔​ေတာ္​မူ​သည္​ကို၊ နား​႐ွိ​ေသာ​သူ​မည္​သည္​ကား ၾကား​ပါ​ေစ။ အ​ၾကင္​သူ​သည္ ေအာင္​ျမင္၏။ ဝွက္​ထား​ေသာ မ​ႏၷ​ကို​လည္း​ေကာင္း၊ ေက်ာက္​ျဖဴ​လက္​ဖြဲ႕​ကို​လည္း​ေကာင္း၊ ထို​ေက်ာက္​ေပၚ၌ အ​ကၡ​ရာ​တင္​ေသာ နာ​မ​သစ္​ကို​လည္း​ေကာင္း ထို​သူ​အား ငါ​ေပး​မည္။ ထို​ေက်ာက္​ကို ရ​ေသာ​သူ​မွ​တစ္​ပါး အ​ဘယ္​သူ​မွ် ထို​နာ​မ​ကို မ​သိ​ႏိုင္​ရာ။” (ဗ်ာ ၂:၁၇)

ဘယ္ေလာက္မ်ားအံ့ဩစရာေကာင္းလိုက္သလဲ။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube