Search
  • Than Min Htike

မေးခွန်း (၅)

“ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။” (‭ထွက် ၄:၂)


မရှိတာတွေနဲ့ ဘုရားက အလုပ်မလုပ်ဘူး

အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် စိတ်အနှောင့်အယှက်အပေးဆုံးကတော့ မရှိတဲ့အရာတွေကြောင့်ဖြစ်တယ်။ ကျွန်တော်ကိုဘုရားကအမှုတော်မြတ်မှာစခေါ်တုန်းကလည်း ကျွန်တော်ကိုအကြီးအကျယ် စိတ်အနှောင့်အယှက်ပေးခဲ့ဖူးတယ်။ ပိုက်ဆံမရှိဘူး၊ ကူညီမယ့်သူမရှိဘူး၊ ဟိုအရည်အချင်း ဒီအရည်အချင်း၊ ဟိုလက်မှတ် ဒီထောက်ခံစာစတဲ့ မရှိတဲ့အရာတွေက ဘုရားအလုပ်ကို လုပ်ဆောင်ဖို့အတွက် အဟန့်အတားသဖွယ် ကျွန်တော်ကိုဖြစ်စေခဲ့တယ်။ တကယ်တော့ဘုရားက အလုပ်လုပ်ရင် မရှိတဲ့အရာတွေနဲ့အလုပ်မလုပ်ပါဘူး။ သူများမှာရှိတာတွေနဲ့လည်း သင့်ကို လုပ်ဆောင်စေမှာမဟုတ်ဘူး၊ ဘုရားက တကယ် အလုပ်လုပ်လာရင် သင့်လက်ထဲမှာရှိတဲ့အရာနဲ့ပဲ အမြဲတမ်းအလုပ်လုပ်တယ်။ လုံလောက်တာ မလုံလောက်တာဆိုတာထက် ဘုရားကပဲ သင့်မှာ ရှိတဲ့အရာတွေကို အသုံးပြုပြီးတော့ ပြီးမြောက်စေမှာပါ။


သင့်မှာဘာရှိလဲ

ကိုယ့်မှာဘာရှိလို့ ရှိမှန်း မသိသရွေ့တော့ ဘုရားကြီးကြီးမားမား သုံးလို့မရဘူး။ လူတော်တော်များများက သူများတွေမှာ ရှိတာနဲ့သူများတွေရဲ့ဘ၀ကိုပဲ ကြည့်ပြီးအားကျနေကြတယ်။ ကိုယ့်ကိုဘုရားပေးထားတဲ့ကောင်းတဲ့အရာတွေကိုတော့လုံး၀ကို မမြင်တတ်ကြဘူး။ မောရှေကိုဘုရားက ရွေးကောက်ပြီးတော့သူ့လူမျိုးတွေကို ကယ်တင်ဖို့အတွက် ရွေးကောက်တဲ့အခါမှာ မောရှေကိုယ်တိုင်လည်းအားငယ်ခဲ့တယ်။ သူလုပ်နိုင်မယ် လို့မထင်ခဲ့ဘူး။ လူတွေက လက်ခံမယ်လို့လည်း မယုံနိုင်ဘူး။ အခြားသူတွေကပဲ သူ့ထက်သာပြီးတော့ ဒီလို ကိစ္စကိုအကောင်အထည်ဖေါ်နိုင်မယ်လို့ သူ မြင်ခဲ့တယ်။ ဒါက လူတိုင်းမှာ ရှိတတ်တဲ့စိတ်သဘောပဲမဟုတ်လား။ သူ့မှာရှိတဲ့အရည်အချင်းနဲ့ ပိုင်ဆိုင်မှုက ခေါင်းဆောင်တစ်ယောက်လိုလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ပဲမြင်နေတယ်။ လူတိုင်းမှာလည်း ဒီအမြင်ရှိတာပဲမဟုတ်လား။ ဘုရားကအလုပ်လုပ်ရင်ဘယ်တော့မှ မရှိတာတွေကိုပေးပြီးတော့မလုပ်ဘူး။ သူအရင်ကတည်းက ထည့်ထားပေးတဲ့ရှိတဲ့အရာနဲ့ပဲ အလုပ်လုပ်တာပါ။ အရေးကြီးတာ ဟိုဟာရှိတာ ဒီဟာရှိတာထက် ဘုရားအတူပါရှိဖို့ပါပဲ။ မီးလောင်နေတဲ့ ခြုံမှာ မောရှေက သူခေါင်းဆောင်တဲ့အခါမှာ သူ့လူတွေက လက်ခံမှာမဟုတ်ဘူးလို့ပြောတဲ့အခါမှာ ဘုရားက သူ့ကိုမေးတယ် သင့်လက်ထဲမှာဘာရှိလည်းတဲ့။ မောရှေလက်ထဲမှာ သိုးထိန်းတွေကိုင်လေ့ရှိတဲ့သစ်ချောင်းလေးတစ်ခုပဲ ရှိခဲ့တယ်။ ဒါပေမယ့် ဘုရားကအဲ့ဒီသစ်ချောင်းလေးကိုအသုံးပြုပြီးတော့ ကြီးမားတဲ့အရာတွေကို လုပ်ခဲ့တယ်။ တုတ်ချောင်းလေးကို မြွေဖြစ်စေတယ်။ ပင်လယ်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်တယ်။ နောက် ကျောက်ထဲကနေလိုအပ်တဲ့ရေကို ထွက်ပေါ်စေတဲ့ စတဲ့ ကြီးမားတဲ့ အရာတွေကိုလိုအပ်တဲ့အချိန်တိုင်းမှာ လုပ်ခဲ့တယ်။ ဒီနေ့ မောရှေလက်ထဲ သူကိုယ်တိုင် အထင်မကြီးခဲ့တဲ့ လှံတံလေးတစ်ချောင်းကိုအသုံးပြုပြီးတော့

ဘုရားက ကြီးကြီးမားမားအရာတွေလုပ်ခဲ့သလိုပဲ ယနေ့သင့်လက်ထဲမှာရှိတဲ့ အရာအားဖြင့်လည်း ဘုရား ကကြီးမားတဲ့အရာတွေကိုလုပ်ဆောင်နိုင်တယ်ဆိုတာကို ယုံစေချင်တယ်။ မရှိတာတဲ့အရာတွေကိုတွေးပြီးတော့ စိတ်ဓါတ်ကျနေမယ့်အစား

ရှိတဲ့ ဘုရားပေးထားတဲ့အရာတွေကိုဘုရားအသုံးပြုဖို့ဆပ်ကပ်ရင်းနဲ့ ဘုရားအတွက် အသုံးပြုသင့်တယ်။မောရှေအားဖြင့်သူ့လူမျိုးတွေကိုလွတ်မြောက်စေတဲ့ဘုရားက သင့်အားဖြင့်လည်း များစွာသောသူတွေကိုလွတ်မြောက်စေမယ်၊ကောင်းကြီးဖြစ်စေမှာသေချာတယ်။



Zawgyi

ေမးခြန္း (၅)


“ထာ​ဝ​ရ​ဘု​ရား​က​လည္း၊ သင္၏​လက္၌​အ​ဘယ္​အ​ရာ​႐ွိ​သ​နည္း​ဟု ေမး​ေတာ္​မူ​လွ်င္၊ လွံ​တံ​႐ွိ​ပါ၏​ဟု​ေလွ်ာက္၏။” (‭ထြက္ ၄:၂)


မ႐ွိတာေတြနဲ႔ ဘုရားက အလုပ္မလုပ္ဘူး

အလုပ္တစ္ခု လုပ္ေတာ့မယ္ဆိုရင္ စိတ္အေႏွာင့္အယွက္အေပးဆုံးကေတာ့ မ႐ွိတဲ့အရာေတြေၾကာင့္ျဖစ္တယ္။ ကြၽန္ေတာ္ကိုဘုရားကအမႈေတာ္ျမတ္မွာစေခၚတုန္းကလည္း ကြၽန္ေတာ္ကိုအႀကီးအက်ယ္ စိတ္အေႏွာင့္အယွက္ေပးခဲ့ဖူးတယ္။ ပိုက္ဆံမ႐ွိဘူး၊ ကူညီမယ့္သူမ႐ွိဘူး၊ ဟိုအရည္အခ်င္း ဒီအရည္အခ်င္း၊ ဟိုလက္မွတ္ ဒီေထာက္ခံစာစတဲ့ မ႐ွိတဲ့အရာေတြက ဘုရားအလုပ္ကို လုပ္ေဆာင္ဖို႔အတြက္ အဟန္႔အတားသဖြယ္ ကြၽန္ေတာ္ကိုျဖစ္ေစခဲ့တယ္။ တကယ္ေတာ့ဘုရားက အလုပ္လုပ္ရင္ မ႐ွိတဲ့အရာေတြနဲ႔အလုပ္မလုပ္ပါဘူး။ သူမ်ားမွာ႐ွိတာေတြနဲ႔လည္း သင့္ကို လုပ္ေဆာင္ေစမွာမဟုတ္ဘူး၊ ဘုရားက တကယ္ အလုပ္လုပ္လာရင္ သင့္လက္ထဲမွာ႐ွိတဲ့အရာနဲ႔ပဲ အၿမဲတမ္းအလုပ္လုပ္တယ္။ လုံေလာက္တာ မလုံေလာက္တာဆိုတာထက္ ဘုရားကပဲ သင့္မွာ ႐ွိတဲ့အရာေတြကို အသုံးျပဳၿပီးေတာ့ ၿပီးေျမာက္ေစမွာပါ။


သင့္မွာဘာ႐ွိလဲ

ကိုယ့္မွာဘာ႐ွိလို႔ ႐ွိမွန္း မသိသေ႐ြ႕ေတာ့ ဘုရားႀကီးႀကီးမားမား သုံးလို႔မရဘူး။ လူေတာ္ေတာ္မ်ားမ်ားက သူမ်ားေတြမွာ ႐ွိတာနဲ႔သူမ်ားေတြရဲ႕ဘ၀ကိုပဲ ၾကည့္ၿပီးအားက်ေနၾကတယ္။ ကိုယ့္ကိုဘုရားေပးထားတဲ့ေကာင္းတဲ့အရာေတြကိုေတာ့လုံး၀ကို မျမင္တတ္ၾကဘူး။ ေမာေ႐ွကိုဘုရားက ေ႐ြးေကာက္ၿပီးေတာ့သူ႕လူမ်ိဳးေတြကို ကယ္တင္ဖို႔အတြက္ ေ႐ြးေကာက္တဲ့အခါမွာ ေမာေ႐ွကိုယ္တိုင္လည္းအားငယ္ခဲ့တယ္။ သူလုပ္ႏိုင္မယ္ လို႔မထင္ခဲ့ဘူး။ လူေတြက လက္ခံမယ္လို႔လည္း မယုံႏိုင္ဘူး။ အျခားသူေတြကပဲ သူ႕ထက္သာၿပီးေတာ့ ဒီလို ကိစၥကိုအေကာင္အထည္ေဖၚႏိုင္မယ္လို႔ သူ ျမင္ခဲ့တယ္။ ဒါက လူတိုင္းမွာ ႐ွိတတ္တဲ့စိတ္သေဘာပဲမဟုတ္လား။ သူ႕မွာ႐ွိတဲ့အရည္အခ်င္းနဲ႔ ပိုင္ဆိုင္မႈက ေခါင္းေဆာင္တစ္ေယာက္လိုလုပ္ေဆာင္ႏိုင္မွာမဟုတ္ဘူးလို႔ပဲျမင္ေနတယ္။ လူတိုင္းမွာလည္း ဒီအျမင္႐ွိတာပဲမဟုတ္လား။ ဘုရားကအလုပ္လုပ္ရင္ဘယ္ေတာ့မွ မ႐ွိတာေတြကိုေပးၿပီးေတာ့မလုပ္ဘူး။ သူအရင္ကတည္းက ထည့္ထားေပးတဲ့႐ွိတဲ့အရာနဲ႔ပဲ အလုပ္လုပ္တာပါ။ အေရးႀကီးတာ ဟိုဟာ႐ွိတာ ဒီဟာ႐ွိတာထက္ ဘုရားအတူပါ႐ွိဖို႔ပါပဲ။ မီးေလာင္ေနတဲ့ ျခဳံမွာ ေမာေ႐ွက သူေခါင္းေဆာင္တဲ့အခါမွာ သူ႕လူေတြက လက္ခံမွာမဟုတ္ဘူးလို႔ေျပာတဲ့အခါမွာ ဘုရားက သူ႕ကိုေမးတယ္ သင့္လက္ထဲမွာဘာ႐ွိလည္းတဲ့။ ေမာေ႐ွလက္ထဲမွာ သိုးထိန္းေတြကိုင္ေလ့႐ွိတဲ့သစ္ေခ်ာင္းေလးတစ္ခုပဲ ႐ွိခဲ့တယ္။ ဒါေပမယ့္ ဘုရားကအဲ့ဒီသစ္ေခ်ာင္းေလးကိုအသုံးျပဳၿပီးေတာ့ ႀကီးမားတဲ့အရာေတြကို လုပ္ခဲ့တယ္။ တုတ္ေခ်ာင္းေလးကို ေႁမြျဖစ္ေစတယ္။ ပင္လယ္ႀကီးကို ႏွစ္ျခမ္းခြဲပစ္လိုက္တယ္။ ေနာက္ ေက်ာက္ထဲကေနလိုအပ္တဲ့ေရကို ထြက္ေပၚေစတဲ့ စတဲ့ ႀကီးမားတဲ့ အရာေတြကိုလိုအပ္တဲ့အခ်ိန္တိုင္းမွာ လုပ္ခဲ့တယ္။ ဒီေန႔ ေမာေ႐ွလက္ထဲ သူကိုယ္တိုင္ အထင္မႀကီးခဲ့တဲ့ လွံတံေလးတစ္ေခ်ာင္းကိုအသုံးျပဳၿပီးေတာ့

ဘုရားက ႀကီးႀကီးမားမားအရာေတြလုပ္ခဲ့သလိုပဲ ယေန႔သင့္လက္ထဲမွာ႐ွိတဲ့ အရာအားျဖင့္လည္း ဘုရား ကႀကီးမားတဲ့အရာေတြကိုလုပ္ေဆာင္ႏိုင္တယ္ဆိုတာကို ယုံေစခ်င္တယ္။ မ႐ွိတာတဲ့အရာေတြကိုေတြးၿပီးေတာ့ စိတ္ဓါတ္က်ေနမယ့္အစား

႐ွိတဲ့ ဘုရားေပးထားတဲ့အရာေတြကိုဘုရားအသုံးျပဳဖို႔ဆပ္ကပ္ရင္းနဲ႔ ဘုရားအတြက္ အသုံးျပဳသင့္တယ္။ေမာေ႐ွအားျဖင့္သူ႕လူမ်ိဳးေတြကိုလြတ္ေျမာက္ေစတဲ့ဘုရားက သင့္အားျဖင့္လည္း မ်ားစြာေသာသူေတြကိုလြတ္ေျမာက္ေစမယ္၊ေကာင္းႀကီးျဖစ္ေစမွာေသခ်ာတယ္။


0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube