Search
  • Than Min Htike

မေးခွန်း (၆)

ထို​အ​ခါ ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု အ​သံ​လာ၏။” (၃ဓမ္မ ၁၉:၁၃)


ဒီအရပ်မှာ ဘာလုပ်နေလဲ

သင်ဘယ်နေရာမှာရှိလည်းဆိုတာဟာဘယ်လောက် တောင်စကားပြောသလဲဆိုတာကို ဒီအချိန်မှာ လူတိုင်းသဘောပေါက်ပါတယ်။ တချို့နေရာတွေမှာတော့ နေ့တိုင်းညတိုင်း စိုးရိမ်ကြီးစွာနဲ့ ရှင်သန်နေရသလို အချို့နေရာတွေမှာဆိုရင် အသက်လွတ်ဖို့အတွက်ပြေးလွှားနေရတယ်။ အချို့နေရာမှာဆို ညတွေတောင် မအိပ်ရပဲနဲ့ ဘ၀ကိုခက်ခဲစွာရင်ဆိုင်ဖြတ်သန်း နေရတယ်။ သင်ရှိတဲ့နေရာရဲ့ အခြေအနေတွေ အဖြစ်ပျက်တွေက သင်ရင်ဆိုင်ရမယ့်အရာတွေပဲမဟုတ်လား။ ဒါကြောင့်လူတွေက ဘယ်နေရာအကောင်းဆုံးဖြစ်မလဲဆိုတာ ဒီနေ့ ရှာဖွေနေကြတယ်။ မြို့တွေကပဲ လုံခြုံမှာလား တောတွေကပဲ စိတ်ချရမှာလား။ တကယ်တော့ ဘုရားအတူပါရှိရင် သင်ဘယ်မှာနေနေ လုံံခြုံမယ် ဘေးကင်းမှာသေချာပါတယ်။ ဘုရားက ဂတိပေးထားတယ် တောမှာနေနေ၊ မြို့မှာနေနေ ကောင်းကြီးပေးမယ်တဲ့။ အရေးကြီးတာ ဘုရားနဲ့ မှန်ကန်တဲ့ ဆက်ဆံရေးဆိုတာ မမေ့စေချင်ဘူး။ ကျမ်းစာထဲမှာ နိမိတ်လက္ခဏာတွေ အံ့ဩဖွယ်ရာတွေနဲ့ပြည့်နှက်တဲ့ ပရောဖက်ကြီးကိုပြပါဆို ဧလိယကို လက်ညိုးထိုးကြလိမ့်မယ်မလွဲဘူး။ ဗာလပရောဖက်တွေ၊ အာရှရပရောဖက်တွေပေါင်း (၈၅၀) နဲ့ စစ်ပြိုင်တာမကြောက်ပဲနဲ့ ဘုရားဘက်ကနေ တစ်ယောက်ထဲ ရပ်တည်ပြီးတော့စိန်ခေါ်ခဲ့တယ်။ မီးနဲ့ထူးတဲ့ဘုရားကအမှန်အကန်တဲ့။

အဲ့ဒီခေတ်မှာ သူလို့ ဘယ်သူမှမလုပ်ရဲတာသေချာတယ်။ ကာရမေလတောင်မှာ သူရဲ့စိန်ခေါ်ပွဲက တိုင်းပြည်တစ်ခုလုံးကို

ဘုရားဘက်ကိုပြန်ခေါ်ခဲ့ပြီးတော့ မှားယွင်းတဲ့ ပရောဖက်တွေကို ကွက်မျက်နိုင်ခဲ့တယ်။ ဒီလောက် တင်မဟုတ်သေးပဲ နှစ်ပေါင်းများစွာမရွာပဲ ခေါင်နေတဲ့မိုးကိုလည်းသူဆုတောင်းပြီးတော့ ပြန်ရွာစေခဲ့တယ်။ ဒီလောက်အံ့ဩစရာကောင်းတာတွေလုပ်ခဲ့တဲ့ ပရောဖက်ကြီးက ကြောက်ပြီး ပုန်းနေမယ်ဆိုရင်ဘယ်သူယုံမလဲ။ ဒီလို ကြီးမားတဲဲ့အမှုတွေကိုပြုပြီး မကြာဘူး ယေဇေဗေလရဲ့ ကြွေးကြော်သံ တစ်ခုကြောင့် ပရောဖက်ကြီးက ထွက်ပြေးပြီးဂူထဲမှာ ပုန်းနေတဲ့သူတစ်ယောက်ဖြစ်လာတယ်။

ဗာလပရောဖက်တွေနဲ့တောင် ယှဉ်ပြိုင် အောင်မြင်ခွင့်ပေးခဲ့တာ ဒီယေဇေဗေလကိုလည်း ဘာမယှဉ်နိုင်စရာရှိမလဲ။ ဒီနေ့ဧလိယလိုပဲ ပြီးခဲ့တဲ့ကာလတွေမှာ ဘုရားက ကြီးမားတဲ့နိမိတ်လက္ခဏာတွေကိုပြုခဲ့ပြီးတော့ အသက်တာတွေကိုပို့ဆောင်ခဲ့တယ်အောင်မြင်ခြင်းပေးခဲ့တယ်။ အခုလည်း ဒီခြိမ်းခြောက်မှုတွေ၊ အခက်အခဲတွေကနေ ဘာမအောင်မြင်စရာရှိမှလဲ။ ဘုရားနဲ့အတူလျှောက်လှမ်းဖြတ်သန်းရင် ကျော်လွှားနိုင်အုံးမှာပဲမဟုတ်လား။ ဧလိယကတော့ ဘာမဟုတ်တဲ့ခြိမ်းခြောက်တဲ့စကားကြောင့် အဝေးဆုံးကိုထွက်ပြေးပြီးတော့ ဂူထဲမှာအောင်းတဲ့သူတစ်ယောက်လုံးလုံးဖြစ်သွားတယ်။ သူရှိသင့်တဲ့ အရပ်မှာ မရှိပဲ မရှိသင့်တဲ့အရပ်မှာ ရောက်နေတယ်ဆိုတာကိုဘုရားက သူ့ကိုသိစေချင်တယ်။

ဒီနေ့ ရှိသင့်တဲ့အရပ်မှာမရှိပဲ ကျွန်တော်တို့ရော ဘာမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဂူအောင်းတဲ့သူတွေဖြစ်နေပြီလား။

ဘုရားက ပြန်ထွက်စေချင်တယ်။ နောက်ထပ်ကြီးမားတဲ့အမှုတွေကိုသူနဲ့အတူဆက်ပြုစေချင်တယ်။ မရှိသင့်တဲ့အရပ်မှာရှိရင်ရသင့်တဲ့ ကောင်းကြီးကိုသင်ရမှာမဟုတ်ဘူး။



Zawgyi

ေမးခြန္း (၆)


ထို​အ​ခါ ဧ​လိ​ယ၊ သင္​သည္​ဤ​အ​ရပ္၌ အ​ဘယ္​သို႔​ျပဳ​လ်က္​ေန​သ​နည္း​ဟု အ​သံ​လာ၏။” (၃ဓမၼ ၁၉:၁၃)


ဒီအရပ္မွာ ဘာလုပ္ေနလဲ

သင္ဘယ္ေနရာမွာ႐ွိလည္းဆိုတာဟာဘယ္ေလာက္ ေတာင္စကားေျပာသလဲဆိုတာကို ဒီအခ်ိန္မွာ လူတိုင္းသေဘာေပါက္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ ေန႔တိုင္းညတိုင္း စိုးရိမ္ႀကီးစြာနဲ႔ ႐ွင္သန္ေနရသလို အခ်ိဳ႕ေနရာေတြမွာဆိုရင္ အသက္လြတ္ဖို႔အတြက္ေျပးလႊားေနရတယ္။ အခ်ိဳ႕ေနရာမွာဆို ညေတြေတာင္ မအိပ္ရပဲနဲ႔ ဘ၀ကိုခက္ခဲစြာရင္ဆိုင္ျဖတ္သန္း ေနရတယ္။ သင္႐ွိတဲ့ေနရာရဲ႕ အေျခအေနေတြ အျဖစ္ပ်က္ေတြက သင္ရင္ဆိုင္ရမယ့္အရာေတြပဲမဟုတ္လား။ ဒါေၾကာင့္လူေတြက ဘယ္ေနရာအေကာင္းဆုံးျဖစ္မလဲဆိုတာ ဒီေန႔ ႐ွာေဖြေနၾကတယ္။ ၿမိဳ႕ေတြကပဲ လုံျခဳံမွာလား ေတာေတြကပဲ စိတ္ခ်ရမွာလား။ တကယ္ေတာ့ ဘုရားအတူပါ႐ွိရင္ သင္ဘယ္မွာေနေန လုံံျခဳံမယ္ ေဘးကင္းမွာေသခ်ာပါတယ္။ ဘုရားက ဂတိေပးထားတယ္ ေတာမွာေနေန၊ ၿမိဳ႕မွာေနေန ေကာင္းႀကီးေပးမယ္တဲ့။ အေရးႀကီးတာ ဘုရားနဲ႔ မွန္ကန္တဲ့ ဆက္ဆံေရးဆိုတာ မေမ့ေစခ်င္ဘူး။ က်မ္းစာထဲမွာ နိမိတ္လကၡဏာေတြ အံ့ဩဖြယ္ရာေတြနဲ႔ျပည့္ႏွက္တဲ့ ပေရာဖက္ႀကီးကိုျပပါဆို ဧလိယကို လက္ညိဳးထိုးၾကလိမ့္မယ္မလြဲဘူး။ ဗာလပေရာဖက္ေတြ၊ အာ႐ွရပေရာဖက္ေတြေပါင္း (၈၅၀) နဲ႔ စစ္ၿပိဳင္တာမေၾကာက္ပဲနဲ႔ ဘုရားဘက္ကေန တစ္ေယာက္ထဲ ရပ္တည္ၿပီးေတာ့စိန္ေခၚခဲ့တယ္။ မီးနဲ႔ထူးတဲ့ဘုရားကအမွန္အကန္တဲ့။ အဲ့ဒီေခတ္မွာ သူလို႔ ဘယ္သူမွမလုပ္ရဲတာေသခ်ာတယ္။ ကာရေမလေတာင္မွာ သူရဲ႕စိန္ေခၚပြဲက တိုင္းျပည္တစ္ခုလုံးကိုဘုရားဘက္ကိုျပန္ေခၚခဲ့ၿပီးေတာ့ မွားယြင္းတဲ့ ပေရာဖက္ေတြကို ကြက္မ်က္ႏိုင္ခဲ့တယ္။ ဒီေလာက္ တင္မဟုတ္ေသးပဲ ႏွစ္ေပါင္းမ်ားစြာမ႐ြာပဲ ေခါင္ေနတဲ့မိုးကိုလည္းသူဆုေတာင္းၿပီးေတာ့ ျပန္႐ြာေစခဲ့တယ္။ ဒီေလာက္အံ့ဩစရာေကာင္းတာေတြလုပ္ခဲ့တဲ့ ပေရာဖက္ႀကီးက ေၾကာက္ၿပီး ပုန္းေနမယ္ဆိုရင္ဘယ္သူယုံမလဲ။ ဒီလို ႀကီးမားတဲဲ႕အမႈေတြကိုျပဳၿပီး မၾကာဘူး ေယေဇေဗလရဲ႕ ေႂကြးေၾကာ္သံ တစ္ခုေၾကာင့္ ပေရာဖက္ႀကီးက ထြက္ေျပးၿပီးဂူထဲမွာ ပုန္းေနတဲ့သူတစ္ေယာက္ျဖစ္လာတယ္။

ဗာလပေရာဖက္ေတြနဲ႔ေတာင္ ယွဥ္ၿပိဳင္ ေအာင္ျမင္ခြင့္ေပးခဲ့တာ ဒီေယေဇေဗလကိုလည္း ဘာမယွဥ္ႏိုင္စရာ႐ွိမလဲ။ ဒီေန႔ဧလိယလိုပဲ ၿပီးခဲ့တဲ့ကာလေတြမွာ ဘုရားက ႀကီးမားတဲ့နိမိတ္လကၡဏာေတြကိုျပဳခဲ့ၿပီးေတာ့ အသက္တာေတြကိုပို႔ေဆာင္ခဲ့တယ္ေအာင္ျမင္ျခင္းေပးခဲ့တယ္။ အခုလည္း ဒီၿခိမ္းေျခာက္မႈေတြ၊ အခက္အခဲေတြကေန ဘာမေအာင္ျမင္စရာ႐ွိမွလဲ။ ဘုရားနဲ႔အတူေလွ်ာက္လွမ္းျဖတ္သန္းရင္ ေက်ာ္လႊားႏိုင္အုံးမွာပဲမဟုတ္လား။ ဧလိယကေတာ့ ဘာမဟုတ္တဲ့ၿခိမ္းေျခာက္တဲ့စကားေၾကာင့္ အေဝးဆုံးကိုထြက္ေျပးၿပီးေတာ့ ဂူထဲမွာေအာင္းတဲ့သူတစ္ေယာက္လုံးလုံးျဖစ္သြားတယ္။ သူ႐ွိသင့္တဲ့ အရပ္မွာ မ႐ွိပဲ မ႐ွိသင့္တဲ့အရပ္မွာ ေရာက္ေနတယ္ဆိုတာကိုဘုရားက သူ႕ကိုသိေစခ်င္တယ္။ ဒီေန႔ ႐ွိသင့္တဲ့အရပ္မွာမ႐ွိပဲ ကြၽန္ေတာ္တို႔ေရာ ဘာမဟုတ္တဲ့ ၿခိမ္းေျခာက္မႈေတြေၾကာင့္ ဂူေအာင္းတဲ့သူေတြျဖစ္ေနၿပီလား။

ဘုရားက ျပန္ထြက္ေစခ်င္တယ္။ ေနာက္ထပ္ႀကီးမားတဲ့အမႈေတြကိုသူနဲ႔အတူဆက္ျပဳေစခ်င္တယ္။ မ႐ွိသင့္တဲ့အရပ္မွာ႐ွိရင္ရသင့္တဲ့ ေကာင္းႀကီးကိုသင္ရမွာမဟုတ္ဘူး။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube