Search
  • Than Min Htike
မြင်နိုင်ဖို့ မျက်စိကိုဖွင့်ပေးပါ
"တရားတော်၌ အံ့ဘွယ်သော အရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊" (ဆာ ၁၁၉:၁၉)
သတိမမူရင် ဂူတောင်မမြင်ဘူးလို့ဆိုရိုးရှိသလို
ပဲ၊ ဘုရားကသာ မျက်စိမဖွင့်ပေးရင် သင့်အသက်တာ
မှာ ဘုရားပေးတဲ့ အရာတွေဘာတစ်ခုမှ မြင်မှာမဟုတ်
ဘူး။ နှုတ်ကပတ်တော်ကို အကြိမ်ကြိမ်ဖတ်နေရင်
တောင်မှ ဘုရားဖွင့်ပြမှ နားလည်နိုင်သလို၊ ဘုရား
ဖွင့်ပေးမှပဲ အရာရာကိုသိနားလည်နိုင်ပါလိမ့်မယ်။
ရန်သူတွေဝိုင်းခြင်းခံရလို့ ဧလိရှဲကို အရေး
တကြီးလာ နှိုးတဲ့ ဂေဟာဇိကို ဧလိရှဲက မြင်နိုင်ဖို့ပဲ
ဆုတောင်းပေးတယ်။ မမြင်တဲ့သူတွေက စိုးရိမ်သော
ကနဲ့ ဗျာများနေချိန်မှာ ဝိညာဉ်မျက်စိမြင်တဲ့သူကတော့
ငြိမ်သက်လျှက်ပါပဲ။ ဒီနေ့စိုးရိမ်စရာတွေရှိပေမယ့်
မစိုးရိမ်တာဟာ ဘုရားပြုတဲ့အမှုတွေကို မြင်နေရလိုပါပဲ။
မမြင်တဲ့သူကတော့ နှုတ်ကပတ်တော်ထဲမှာ ကတိ
တော်တွေ ဘယ်လောက်အလွတ်ရရ၊ အသက်တာထူး
ခြားမှာမဟုတ်ဘူး။
တောထဲမှာ ရေငတ်လို့ သားသေတာကို မကြည့်
ရက်တော့တဲ့ အာဗြဟံဆီကနေ ထွက်ပြေးလာတဲ့
ဟာဂရ။ မျှော်လင့်ခြင်းမဲ့လို့ သူ့ဘဝကူရာမဲ့နေချိန်
တောင်မှ ဘုရားက မျက်စိဖွင့်ပေးတဲ့အခါ ရေတွင်း
ကိုမြင်စေတယ်မဟုတ်လား။ ဘုရားပြင်ဆင်ထားတဲ့
အရာတွေဟာ သင့်အနားမှာပဲရှိတယ်။ မစိုးရိမ်ပါနဲ့
ဘုရားသင့်ရဲ့မျက်စိကိုဖွင့်ပေးဖို့ပဲ ဆုတောင်းပါ။
ဘယ်လ်ိုအခြေအနေ၊ ဘယ်လ်ို အရာမျိုးမဆို ဘုရားက
သင့်ဘဝ အတွက်အဖြေ ပြင်ဆင်ထားပြီးသားပါ။
ဒါကြောင့် နှုတ်ကပတ်တော် ထဲက အံ့ဖွယ်သော
အရာတွေ သင့်အသက်တာမှာ လက်တွေ့ မြင်ဖို့
အကြောင်း ဘုရားမစပါစေ။
Zawgyi
ခြားမှာမဟုတ်ဘူး။
ဘယ်လိုအခြေအနေ၊ ဘယ်လို အရာမျိုးမဆို ဘုရားက
အကြောင်း ဘုရားမစပါစေ။
2 views0 comments