Search
  • Than Min Htike

မုန်တိုင်းတွေရဲ့အလွန်မှာ


“အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သည်​ရှိ​သော်၊ ကျောက်​ပေါ်​မှာ တည်​သော​ကြောင့် မ​ပြို​မ​လဲ​နေ၏။- အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို​ကြား၍ နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​သည် သဲ​ပေါ်​မှာ အိမ်​ဆောက်​သော လူ​မိုက်​နှင့်​တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။-”(မဿဲ ၇:၂၄-၂၇)


ဘယ်အပေါ်မှာဆောက်ထားတာလဲ

မုန်တိုင်းတိုက်တာ ပြဿနာမဟုတ်ပါဘူး။တည်ဆောက်ထားတဲ့နေရာမှားနေတာက ပြဿနာပါ။ လောကမှာ အသက်ရှင်တဲ့အခါမှာတော့ မုန်တိုင်းဆိုတာကြုံရမှာပါပဲ။ မုန်တိုင်းကြောင့်ပြိုလဲရပါတယ်ဆိုပြီးပုံကြီးချဲ့နေမယ်ဆိုရင် ဘုရားလက်ခံမယ်လို့မထင်ပါနဲ့။ မုန်တိုင်းလာမယ်ဆိုတာ ဘုရားက သတိပေးထားပြီးသားပါ။ အရေးကြီးတာက မုန်တိုင်းလာတဲ့အခါမှာ မပြိုလဲပဲနဲ့ ခိုင်ခံ့နေအောင်သာ ကျောက်ပေါ်မှာအသက်တာကိုတည်ဆောက်ထားဖို့ အရေးကြီးတာပါ။ သဲပေါ် မှာဆောက်တဲ့အိမ်လား၊ ကျောက်ပေါ်မှာဆောက်ထားတာလားဆိုတာကို မုန်တိုင်းက ခွဲခြားပြပါလိမ့်မယ်။ ဒီအချိန်မှာ တိုက်နေတဲ့ မုန်တိုင်းတွေက ဘယ်သူဘယ် လောက်ခိုင်ခံ့သလဲဆိုတာကို ပြသသွားလိမ့်မယ်။ ဒါကြောင့် အရေးကြီးတာ မုန်တိုင်းကြားမှာ ပြိုလဲတဲ့သူတွေအထဲမှာ ကိုယ်မပါသွားဖို့ ဂရုစိုက်ပါ။


ယေရှုဟောပြောသောစကားအပေါ်မှာတည်ဆောက်ခြင်း

ကျောက်ပေါ်မှာတည်ဆောက်တဲ့ဘ၀ အသက်တာဆိုတာက ဘယ်လိုအရာပဲကြုံလာကြုံလာယေရှုပြောတဲ့စကားအတိုင်းပဲ ရှင်သန်ရပ်တည်ခြင်းပါ။ ခံစားအချက်အရ၊ ဒါမှမဟုတ် လုပ်သင့်တယ်လို့ထင်လို့ ပြောနေကြလို့ဆိုပြီးတော့ ရှင်သန်လို့မရပါဘူး။ ဒီကာလမှာတော့ အရမ်းရှုပ်ထွေးနေလို့ ဘုရားစကားကို ခဏဖယ်ထားပြီးတော့ ကိုယ့်နည်းကိုယ်လမ်းနဲ့ပဲ ဖြေရှင်းလိုက်ပါတယ်စတဲ့ အကြောင်းပြချက်တွေက သင့်ကို မုန်တိုင်းထဲမှာ ရှင်သန်ရပ်တည်နိုင်စေမှာမဟုတ်ဘူး။ ဘုရားစကားဆိုတာ အခြေအနေကောင်းမှ ဒါမှမဟုတ် ကိုယ်သဘောကျတဲ့အရာမှ လိုက်နာရတဲ့ဟာမျိုးလုံး၀မဟုတ်ဘူး။ ဘယ်လိုအခြေအနေမျိုးမဆို ဘာတွေပဲကြုံကြုံ နှုတ်ကပတ်တော်အတိုင်းပဲရှင်သန်ရပ်တည်ဖို့သိပ်ကိုအရေးကြီးတယ်။ ဒီကာလမျိုးဆိုပိုလို့တောင် အရေးကြီးတယ်။ သဲပေါ်ဆောက်ထားတဲ့ အပေါ်ယံလှပြီး အားကျစရာလို့ထင်တဲ့အရာတွေက တဘုံးဘုံးလဲကျနေတာ မျက်စိရှေ့မှာပဲမဟုတ်ဘူးလား။ အရင်တုန်းက အရမ်းကိုခိုင်ခံ့မယ်၊ တော်ရုံနဲ့ မလဲလောက်ပါဘူးဆိုတဲ့ သူတွေ မထင်ထားတဲ့ ခဏလေးအတွင်းမှာ အစနတောင်ရှာလို့မရလောက်အောင် ပြိုကျနေတယ်။ ဘာကြောင့်လဲ  ကြုံသမျှအရာတိုင်း နှုတ်ကပတ်တော် ဘုရားစကားနဲ့မဖြေရှင်းလို့ပါ။ ဘယ်လောက်ပဲ ဆိုးရွားတဲ့အခြေအနေ မုန်တိုင်းဖြစ်ပါစေ ဘုရားစကားအတိုင်းပဲ ရှင်သန်ရပ်တည် ကျော်ဖြတ်ရမယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင်တော့ မုန်တိုင်းတွေရဲ့ အလွန်မှာ ဘယ်လိုမှ ရပ်တည် ရှင်သန်နိုင်မှာမဟုတ်ပါဘူး။ မုန်တိုင်းကို ကိုယ့်အရည်အချင်း အစွမ်းအစတွေ၊ ပညာတွေနဲ့ ခံနိုင်မှာလုံး၀မဟုတ်ဘူး။ ဘုရားစကားတစ်ခုတည်းကသာ သင့်ကို မုန်တိုင်းတွေရဲ့အထဲမှာ ကြံ့ကြံ့ခံ့နိုင်စေပြီးတော့ မပြိုမလဲပဲနဲ့ ကျော်လွှားအောင်မြင်စေနိုင်မှာပါ။



Zawgyi

မုန္တိုင္းေတြရဲ႕အလြန္မွာ

“အ​ၾကင္​သူ​သည္ ငါ​ေဟာ​ေျပာ​ေသာ ဤ​စ​ကား​ကို ၾကား၍​နား​ေထာင္၏။ ထို​သူ​သည္ ေက်ာက္​ေပၚ​မွာ အိမ္​ေဆာက္​ေသာ ပ​ညာ​႐ွိ​ႏွင့္ တူ​ေၾကာင္း​ကို ငါ​ပုံ​ျပ​မည္။- မိုး​႐ြာ၍ ေရ​စီး​သည္​ႏွင့္ ေလ​လာ၍ ထို​အိမ္​ကို တိုက္​သည္​႐ွိ​ေသာ္၊ ေက်ာက္​ေပၚ​မွာ တည္​ေသာ​ေၾကာင့္ မ​ၿပိဳ​မ​လဲ​ေန၏။- အ​ၾကင္​သူ​သည္ ငါ​ေဟာ​ေျပာ​ေသာ ဤ​စ​ကား​ကို​ၾကား၍ နား​မ​ေထာင္​ဘဲ​ေန၏။ ထို​သူ​သည္ သဲ​ေပၚ​မွာ အိမ္​ေဆာက္​ေသာ လူ​မိုက္​ႏွင့္​တူ​ေၾကာင္း​ကို ငါ​ပုံ​ျပ​မည္။- မိုး​႐ြာ၍ ေရ​စီး​သည္​ႏွင့္ ေလ​လာ၍ ထို​အိမ္​ကို တိုက္​ေသာ​အ​ခါ၊ ႀကီး​စြာ​ေသာ ၿပိဳ​လဲ​ျခင္း​သို႔ ေရာက္​ေလ​သည္​ဟု ေဟာ​ေတာ္​မူ၏။-”(မႆဲ ၇:၂၄-၂၇)


ဘယ္အေပၚမွာေဆာက္ထားတာလဲ

မုန္တိုင္းတိုက္တာ ျပႆနာမဟုတ္ပါဘူး။တည္ေဆာက္ထားတဲ့ေနရာမွားေနတာက ျပႆနာပါ။ ေလာကမွာ အသက္႐ွင္တဲ့အခါမွာေတာ့ မုန္တိုင္းဆိုတာၾကဳံရမွာပါပဲ။ မုန္တိုင္းေၾကာင့္ၿပိဳလဲရပါတယ္ဆိုၿပီးပုံႀကီးခ်ဲ႕ေနမယ္ဆိုရင္ ဘုရားလက္ခံမယ္လို႔မထင္ပါနဲ႔။ မုန္တိုင္းလာမယ္ဆိုတာ ဘုရားက သတိေပးထားၿပီးသားပါ။ အေရးႀကီးတာက မုန္တိုင္းလာတဲ့အခါမွာ မၿပိဳလဲပဲနဲ႔ ခိုင္ခံ့ေနေအာင္သာ ေက်ာက္ေပၚမွာအသက္တာကိုတည္ေဆာက္ထားဖို႔ အေရးႀကီးတာပါ။ သဲေပၚ မွာေဆာက္တဲ့အိမ္လား၊ ေက်ာက္ေပၚမွာေဆာက္ထားတာလားဆိုတာကို မုန္တိုင္းက ခြဲျခားျပပါလိမ့္မယ္။ ဒီအခ်ိန္မွာ တိုက္ေနတဲ့ မုန္တိုင္းေတြက ဘယ္သူဘယ္ ေလာက္ခိုင္ခံ့သလဲဆိုတာကို ျပသသြားလိမ့္မယ္။ ဒါေၾကာင့္ အေရးႀကီးတာ မုန္တိုင္းၾကားမွာ ၿပိဳလဲတဲ့သူေတြအထဲမွာ ကိုယ္မပါသြားဖို႔ ဂ႐ုစိုက္ပါ။


ေယ႐ႈေဟာေျပာေသာစကားအေပၚမွာတည္ေဆာက္ျခင္း

ေက်ာက္ေပၚမွာတည္ေဆာက္တဲ့ဘ၀ အသက္တာဆိုတာက ဘယ္လိုအရာပဲၾကဳံလာၾကဳံလာ

ေယ႐ႈေျပာတဲ့စကားအတိုင္းပဲ ႐ွင္သန္ရပ္တည္ျခင္းပါ။ ခံစားအခ်က္အရ၊ ဒါမွမဟုတ္ လုပ္သင့္တယ္လို႔ထင္လို႔ ေျပာေနၾကလို႔ဆိုၿပီးေတာ့ ႐ွင္သန္လို႔မရပါဘူး။ ဒီကာလမွာေတာ့ အရမ္း႐ႈပ္ေထြးေနလို႔ ဘုရားစကားကို ခဏဖယ္ထားၿပီးေတာ့ ကိုယ့္နည္းကိုယ္လမ္းနဲ႔ပဲ ေျဖ႐ွင္းလိုက္ပါတယ္စတဲ့ အေၾကာင္းျပခ်က္ေတြက သင့္ကို မုန္တိုင္းထဲမွာ ႐ွင္သန္ရပ္တည္ႏိုင္ေစမွာမဟုတ္ဘူး။ ဘုရားစကားဆိုတာ အေျခအေနေကာင္းမွ ဒါမွမဟုတ္ ကိုယ္သေဘာက်တဲ့အရာမွ လိုက္နာရတဲ့ဟာမ်ိဳးလုံး၀မဟုတ္ဘူး။ ဘယ္လိုအေျခအေနမ်ိဳးမဆို ဘာေတြပဲၾကဳံၾကဳံ ႏႈတ္ကပတ္ေတာ္အတိုင္းပဲ႐ွင္သန္ရပ္တည္ဖို႔သိပ္ကိုအေရးႀကီးတယ္။ ဒီကာလမ်ိဳးဆိုပိုလို႔ေတာင္ အေရးႀကီးတယ္။ သဲေပၚေဆာက္ထားတဲ့ အေပၚယံလွၿပီး အားက်စရာလို႔ထင္တဲ့အရာေတြက တဘုံးဘုံးလဲက်ေနတာ မ်က္စိေ႐ွ႕မွာပဲမဟုတ္ဘူးလား။ အရင္တုန္းက အရမ္းကိုခိုင္ခံ့မယ္၊ ေတာ္႐ုံနဲ႔ မလဲေလာက္ပါဘူးဆိုတဲ့ သူေတြ မထင္ထားတဲ့ ခဏေလးအတြင္းမွာ အစနေတာင္႐ွာလို႔မရေလာက္ေအာင္ ၿပိဳက်ေနတယ္။

ဘာေၾကာင့္လဲ  ၾကဳံသမွ်အရာတိုင္း ႏႈတ္ကပတ္ေတာ္ ဘုရားစကားနဲ႔မေျဖ႐ွင္းလို႔ပါ။ ဘယ္ေလာက္ပဲ ဆိုး႐ြားတဲ့အေျခအေန မုန္တိုင္းျဖစ္ပါေစ ဘုရားစကားအတိုင္းပဲ ႐ွင္သန္ရပ္တည္ ေက်ာ္ျဖတ္ရမယ္ဆိုတာ မေမ့ပါနဲ႔။ မဟုတ္ရင္ေတာ့ မုန္တိုင္းေတြရဲ႕ အလြန္မွာ ဘယ္လိုမွ ရပ္တည္ ႐ွင္သန္ႏိုင္မွာမဟုတ္ပါဘူး။ မုန္တိုင္းကို ကိုယ့္အရည္အခ်င္း အစြမ္းအစေတြ၊ ပညာေတြနဲ႔ ခံႏိုင္မွာလုံး၀မဟုတ္ဘူး။ ဘုရားစကားတစ္ခုတည္းကသာ သင့္ကို မုန္တိုင္းေတြရဲ႕အထဲမွာ ၾကံ့ၾကံ့ခံ့ႏိုင္ေစၿပီးေတာ့ မၿပိဳမလဲပဲနဲ႔ ေက်ာ္လႊားေအာင္ျမင္ေစႏိုင္မွာပါ။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube