Search
  • Than Min Htike

မုန်တိုင်းတွေရဲ့အလွန်မှာ (၂)


“တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-”(မဿဲ ၈:၂၅-၂၆)



သေချာဖိတ်ခေါ်ကြိုဆိုတဲ့အရာတွေက လာချင်မှ လာပေမယ့် အခက်အခဲပြဿနာတွေက ဆီးတားနေတဲ့ကြားက ရောက်ရောက်လာတတ်ပါတယ်။ ကြိုဆိုတာပဲဖြစ်ဖြစ် မကြိုဆိုတာပဲဖြစ်ဖြစ်ရောက်လာရင်တော့ ရင်ဆိုင်ရစမြဲပဲမဟုတ်လား။ ရှောင်ပြေးလို့မှမရတာ။ အရေးကြီးတာက မုန်တိုင်းဆိုတဲ့ ပြဿနာတွေကိုရင်ဆိုင်တဲ့အခါမှာ ဘယ်လိုရင်ဆိုင်လည်းဆိုတာ သိပ်ကိုအရေးကြီးတယ်။ ကျွန်တော်တို့သဘာ၀စွမ်းအားတွေ၊ခွန်အားအစွမ်းအစတွေနဲ့ရင်ဆိုင်လို့မရတာတော့ အရမ်းကိုသေချာတယ်။ မုန်တိုင်းတွေပြီးတဲ့အခါမှာလည်းမုန်တိုင်းအတွင်းမှာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့သလိုဆိုတာ သခင်နဲ့စာရင်းရှင်းရအုံးမယ်ဆိုတာလည်း သတိချပ်စေချင်တယ်။


ယုံကြည်ခြင်းမရှိတဲ့အမျိုး

သခင် ယေရှုနဲ့တပည့်တော်တွေက ကမ်းတစ်ဖက်ကိုကူးတဲ့အခါ်မှာ လမ်းတစ်ဝက်မှာ လှေက မုန်တိုင်းနဲ့တွေ့တယ်။ သခင်ယေရှုက လှေဦးမှာ အိပ်ပျော်နေတယ်။ တကယ်တော့ ဒီမုန်တိုင်းအတွင်းမှာ သူ့တပည့်တွေ ဘယ်လို တုန့်ပြန်မလည်းဆိုတာကို သိချင်တာပါ။ နတ်ဆိုးတွေကိုမောင်းထုတ်ဖို့၊အနာရောဂါတွေကို ငြိမ်းစေဖို့ အခွင့်အာဏာအပ်နှင်းခြင်းခံရတဲ့ သူတွေက ဘ၀မှာ ကြုံသမျှ အားလုံးကို ယုံကြည်ခြင်းနှင့် အခွင့်အာဏာသုံးပြီးတော့ ဖြေရှင်းစေချင်တယ်။ လူက အခက်အခဲကြားထဲရောက်မှ တကယ့်အတွင်းထဲက စိတ်နေစိတ်ထားတွေ၊ စိတ်ရင်းမှန်က ပေါ်လာတတ်တယ်မဟုတ်လား။ တခြားအချိန်မှာ သိပ်ကောင်းတယ်လို့ ထင်စရာရှိပေမယ့်မုန်တိုင်းကြားမှာတော့ စိတ်ရင်းမှန်တွေက ဝှက်ထားလို့မရအောင် ပေါ်လာတတ်ကြတယ်။ မုန်တိုင်းတွေကြားမှာ ဘယ်သူ ဘယ်လိုစိတ်ဓါတ်ရှိတယ်ဆိုတာ သိခွင့်ရနိုင်သလို ကိုယ့်ရဲ့ ဘုရားအပေါ်ထားတဲ့ ယုံကြည်ခြင်းနှင့် ကိုးစားမှုကိုလည်း သိမြင်နိုင်တယ်။ တပည့်တော်တွေ ယေရှုကိုအပြစ်တင်ကြတယ် သူတို့ ပျက်ဆီးတော့မယ်ဆိုပြီးတော့ အော်ဟစ်အကူအညီတောင်းတယ်။ သခင်ယေရှုကို အော်ခေါ်တာမမှားပါဘူး။ဒါပေမယ့် အပြစ်တင်တာနဲ့ ပျက်ဆီးတော့မယ်လို့မြင်တာကတော့ တော်တော်ကိုဆိုးရွားလွန်းတယ်။ တကယ်တော့ ယုံကြည်ခြင်းကို သုံးပြီးတော့ရင်ဆိုင်ရမှာ။ တကယ်လို့သူတို့သာ ယုံကြည်ခြင်းနှင့်ပြည့်တယ်ဆိုရင် သခင်ယေရှုကိုခေါ်နေမှာမဟုတ်ပဲ မုန်တိုင်းကို အမိန့်ပေး ပစ်လိုက်မှာ။ ဒါမှမဟုတ်လည်း သခင်ယေရှုပြုမယ့်အမှုသစ်ကိုမျှော်လင့်ပြီးတော့ အိပ်ပျော်နေတဲ့ သခင်ကိုနှိုးမှာ။ သူတို့ယုံကြည်ခြင်းပျက်ပေမယ့် သခင်က သစ္စာမပျက်ပါဘူး။ သူထလာတဲ့အခါမှာတော့ လေနဲ့ပယ်လယ်ကိုအမိန့်ပေးလိုက်တယ်။ မုန်တိုင်းငြိမ်းပြီးတဲ့အခါမှာ သူတို့ရဲ့ယုံကြည်ခြင်းအားနည်းခြင်းကိုထောက်ပြခဲ့တယ်။ ကြောက်စိတ်နဲ့အသက်ရှင်ခဲ့ပြီးတော့ မုန်တိုင်းကို ကောင်းကောင်းမတုန့်ပြန်ခဲ့တာကို သိခွင့်ရခဲ့တယ်။ ဒီနေ့ကြုံနေရတဲ့ မုန်တိုင်းတွေကလည်း ယုံကြည်ခြင်းနှင့် ဖြတ်ကျော်မယ်ဆိုရင် သခင်ရဲ့ ချီး ကျူးခြင်းကိုခံရမှာသေချာပါတယ်။ ဘာတွေကြုံမလည်းဆိုတာကို ကျွန်တော်တို့ ရွေးချယ်လို့မရ ဘယ်လိုတုန့်ပြန်မလည်းဆိုတာကိုတော့ သေချာရွေးချယ်လို့ရပါသေးတယ်။



Zawgyi

မုန္တိုင္းေတြရဲ႕အလြန္မွာ

“တ​ပည့္​ေတာ္​တို႔​သည္ ခ်ဥ္း​ကပ္၍ ကိုယ္​ေတာ္​ကို ႏိႈး​ၿပီး​လွ်င္၊ သ​ခင္၊ အ​ကြၽႏ္ုပ္​တို႔​သည္ ပ်က္​စီး​ျခင္း​သို႔ ေရာက္​ပါ၏။ ကယ္​မ​ေတာ္​မူ​ပါ​ဟု ေလွ်ာက္​ၾက​ေသာ္၊- ကိုယ္​ေတာ္​က၊ ယုံ​ၾကည္​အား​နည္း​ေသာ သူ​တို႔၊ အ​ဘယ္​ေၾကာင့္ ေၾကာက္​တတ္​သ​နည္း​ဟု ေမး​ေတာ္​မူ​ၿပီး​လွ်င္၊ ထ၍ ေလ​ႏွင့္ ပင္​လယ္​ကို ဆုံး​မ​ေတာ္​မူ​သ​ျဖင့္ အ​လြန္​သာ​ယာ​ေလ၏။-”(မႆဲ ၈:၂၅-၂၆)



ေသခ်ာဖိတ္ေခၚႀကိဳဆိုတဲ့အရာေတြက လာခ်င္မွ လာေပမယ့္ အခက္အခဲျပႆနာေတြက ဆီးတားေနတဲ့ၾကားက ေရာက္ေရာက္လာတတ္ပါတယ္။ ႀကိဳဆိုတာပဲျဖစ္ျဖစ္ မႀကိဳဆိုတာပဲျဖစ္ျဖစ္ေရာက္လာရင္ေတာ့ ရင္ဆိုင္ရစၿမဲပဲမဟုတ္လား။ ေ႐ွာင္ေျပးလို႔မွမရတာ။ အေရးႀကီးတာက မုန္တိုင္းဆိုတဲ့ ျပႆနာေတြကိုရင္ဆိုင္တဲ့အခါမွာ ဘယ္လိုရင္ဆိုင္လည္းဆိုတာ သိပ္ကိုအေရးႀကီးတယ္။ ကြၽန္ေတာ္တို႔သဘာ၀စြမ္းအားေတြ၊ခြန္အားအစြမ္းအစေတြနဲ႔ရင္ဆိုင္လို႔မရတာေတာ့ အရမ္းကိုေသခ်ာတယ္။ မုန္တိုင္းေတြၿပီးတဲ့အခါမွာလည္းမုန္တိုင္းအတြင္းမွာ ဘယ္လို ရင္ဆိုင္ျဖတ္သန္းခဲ့သလိုဆိုတာ သခင္နဲ႔စာရင္း႐ွင္းရအုံးမယ္ဆိုတာလည္း သတိခ်ပ္ေစခ်င္တယ္။


ယုံၾကည္ျခင္းမ႐ွိတဲ့အမ်ိဳး

သခင္ ေယ႐ႈနဲ႔တပည့္ေတာ္ေတြက ကမ္းတစ္ဖက္ကိုကူးတဲ့အခၚမွာ လမ္းတစ္ဝက္မွာ ေလွက မုန္တိုင္းနဲ႔ေတြ႕တယ္။ သခင္ေယ႐ႈက ေလွဦးမွာ အိပ္ေပ်ာ္ေနတယ္။ တကယ္ေတာ့ ဒီမုန္တိုင္းအတြင္းမွာ သူ႕တပည့္ေတြ ဘယ္လို တုန္႔ျပန္မလည္းဆိုတာကို သိခ်င္တာပါ။ နတ္ဆိုးေတြကိုေမာင္းထုတ္ဖို႔၊အနာေရာဂါေတြကို ၿငိမ္းေစဖို႔ အခြင့္အာဏာအပ္ႏွင္းျခင္းခံရတဲ့ သူေတြက ဘ၀မွာ ၾကဳံသမွ် အားလုံးကို ယုံၾကည္ျခင္းႏွင့္ အခြင့္အာဏာသုံးၿပီးေတာ့ ေျဖ႐ွင္းေစခ်င္တယ္။ လူက အခက္အခဲၾကားထဲေရာက္မွ တကယ့္အတြင္းထဲက စိတ္ေနစိတ္ထားေတြ၊ စိတ္ရင္းမွန္က ေပၚလာတတ္တယ္မဟုတ္လား။ တျခားအခ်ိန္မွာ သိပ္ေကာင္းတယ္လို႔ ထင္စရာ႐ွိေပမယ့္မုန္တိုင္းၾကားမွာေတာ့ စိတ္ရင္းမွန္ေတြက ဝွက္ထားလို႔မရေအာင္ ေပၚလာတတ္ၾကတယ္။ မုန္တိုင္းေတြၾကားမွာ ဘယ္သူ ဘယ္လိုစိတ္ဓါတ္႐ွိတယ္ဆိုတာ သိခြင့္ရႏိုင္သလို ကိုယ့္ရဲ႕ ဘုရားအေပၚထားတဲ့ ယုံၾကည္ျခင္းႏွင့္ ကိုးစားမႈကိုလည္း သိျမင္ႏိုင္တယ္။ တပည့္ေတာ္ေတြ ေယ႐ႈကိုအျပစ္တင္ၾကတယ္ သူတို႔ ပ်က္ဆီးေတာ့မယ္ဆိုၿပီးေတာ့ ေအာ္ဟစ္အကူအညီေတာင္းတယ္။ သခင္ေယ႐ႈကို ေအာ္ေခၚတာမမွားပါဘူး။ဒါေပမယ့္ အျပစ္တင္တာနဲ႔ ပ်က္ဆီးေတာ့မယ္လို႔ျမင္တာကေတာ့ ေတာ္ေတာ္ကိုဆိုး႐ြားလြန္းတယ္။ တကယ္ေတာ့ ယုံၾကည္ျခင္းကို သုံးၿပီးေတာ့ရင္ဆိုင္ရမွာ။ တကယ္လို႔သူတို႔သာ ယုံၾကည္ျခင္းႏွင့္ျပည့္တယ္ဆိုရင္ သခင္ေယ႐ႈကိုေခၚေနမွာမဟုတ္ပဲ မုန္တိုင္းကို အမိန္႔ေပး ပစ္လိုက္မွာ။ ဒါမွမဟုတ္လည္း သခင္ေယ႐ႈျပဳမယ့္အမႈသစ္ကိုေမွ်ာ္လင့္ၿပီးေတာ့ အိပ္ေပ်ာ္ေနတဲ့ သခင္ကိုႏိႈးမွာ။ သူတို႔ယုံၾကည္ျခင္းပ်က္ေပမယ့္ သခင္က သစၥာမပ်က္ပါဘူး။ သူထလာတဲ့အခါမွာေတာ့ ေလနဲ႔ပယ္လယ္ကိုအမိန္႔ေပးလိုက္တယ္။ မုန္တိုင္းၿငိမ္းၿပီးတဲ့အခါမွာ သူတို႔ရဲ႕ယုံၾကည္ျခင္းအားနည္းျခင္းကိုေထာက္ျပခဲ့တယ္။ ေၾကာက္စိတ္နဲ႔အသက္႐ွင္ခဲ့ၿပီးေတာ့ မုန္တိုင္းကို ေကာင္းေကာင္းမတုန္႔ျပန္ခဲ့တာကို သိခြင့္ရခဲ့တယ္။ ဒီေန႔ၾကဳံေနရတဲ့ မုန္တိုင္းေတြကလည္း ယုံၾကည္ျခင္းႏွင့္ ျဖတ္ေက်ာ္မယ္ဆိုရင္ သခင္ရဲ႕ ခ်ီး က်ဴးျခင္းကိုခံရမွာေသခ်ာပါတယ္။ ဘာေတြၾကဳံမလည္းဆိုတာကို ကြၽန္ေတာ္တို႔ ေ႐ြးခ်ယ္လို႔မရ ဘယ္လိုတုန္႔ျပန္မလည္းဆိုတာကိုေတာ့ ေသခ်ာေ႐ြးခ်ယ္လို႔ရပါေသးတယ္။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube