Search
  • Than Min Htike

မုန်တိုင်းတွေရဲ့အလွန်မှာ (၃)

အခြားလူတွေအပေါ်မှာနားလည်ပေးပါ

ဘ၀ရဲ့ မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေရဲ့တိုက်ခိုက်မှုကို လူတိုင်း ကြုံရတတ်သလို ကြုံတဲ့အခါမှာလည်း ပြိုလဲမှုတွေ၊ မခံမရပ်နိုင်ဖြစ်တဲ့အရာတွေလည်းတွေ့ရမှာပါ။ လူတိုင်းလဲကျဖူးတယ်မဟုတ်လား။ လဲတာက ပြဿနာမဟုတ်ပဲ ပြန်မထတာကမှ ပြဿနာအစစ်ပါ။ မလဲပြိုသွားပဲ တည်တံ့ခိုင်မြဲရင်တော့အကောင်းဆုံးဖြစ်ပေမယ့် တခါတလေမှာတော့ အခြားသူတွေကို ကိုယ်ချင်းစာတရား သိနားလည်ဖို့အလို့ငှာ ပြိုလဲခြင်းထဲမှာလည်း ဘုရားသင်ပေးတတ်တာတွေ ရှိနေတတ်တယ်။ ကိုယ်တိုင် မကြုံဖူးတဲ့အခါမှာ အခြားသူတွေကိုနားလည်ပေးဖို့ဆိုတာ တကယ့်ကိုခက်ခဲတဲ့ ကိစ္စတစ်ခုလိုဖြစ်နေတတ်တယ်။ ကိုယ်တိုင်ကြုံဖူးတဲ့အခါမှာတော့ ဖြစ်တတ်ပါတယ်၊ မှားတတ်ပါတယ်ဆိုတဲ့ နားလည်ပေးမှုက နေရာယူလာတတ်တယ်။

အဆိုးရွားဆုံး မုန်တိုင်းထဲမှာ ပြိုလဲခဲဖူးတဲ့လူတစ်ယောက်ကို ပြပါဆိုရင် ပေတရုကိုလက်ညှိုးထိုးပြရလိမ့်မယ်ထင်တယ်။ ယေရှုကားတိုင်တက်ခါနီး နောက်ဆုံး ညစာစားပွဲမှာ စာတန်က ဂျုံဆန်ကို စကာစစ်သလို စစ်နေတဲ့အကြောင်း ယေရှုက သူ့ကိုသတိပေးတယ်။ သူကတော့ ကိုယ့်ဟာကို ယုံကြည်မှုလွန်ကဲနေလေရဲ့။ မဖြစ်ပါဘူး သူဘယ်တော့မှ ဒါမျိုးအလုပ်တွေ မလုပ်ပါဘူးဆိုပြီးတော့ ကြုံရမယ့်မုန်တိုင်းကို ဘာမှမဟုတ်တဲ့ ပုံစံမျိုးနဲ့ ဂတိတွေပေးနေလေရဲ့။ ဒါပေမယ့် ယေရှုကတော့ ကြိုသိတယ်။ ဒါကြောင့် မုန်တိုင်းထဲမှာ လိုအပ်တဲ့အရာ ဖြစ်တဲ့ ယုံကြည်ခြင်းမပျက်ဖို့နဲ့ ဆုတောင်းပေးနေတယ်ဆိုတာကိုရော အဲ့ဒီမုန်တိုင်းကျော်သွားပြီးတော့ သတိရလာတဲ့အခါမှာ အခြားသူတွေကိုလည်း ကိုယ်ချင်းစာတရားနဲ့ ပြန်လည် ဆွဲထူပြီးတော့ ကူမဖို့မှာတယ်။ မုန်တိုင်းကြားထဲမှာ အမှန်ပြမယ့်လူတွေထက် ဆုတောင်းပေးမယ့်လူတွေတကယ်လို့အပ်တယ်။ ယုဒရှာကာယုတ်နဲ့ ပေတရု ဘာကွာလည်းသိလား။ အမှားလုပ်တာခြင်းအတူတူ ယုဒကာတော့ဆု တောင်းပေးမယ့်သူမရှိရှာဘူး။ သူ့ကို ယေရှုက ဆုတောင်းပေးမယ်လို့ တခွန်လေးတောင်မပြောဘူး။ ပေတရုကိုတော့ ယုံကြည်ခြင်းမပျက်သွားဖို့ ဆုတောင်းပေးမယ်လို့ ဂတိပေးတယ်။ ဆုတောင်းပေးခံရတဲ့သူနဲ့ ဆုတောင်းပေးခြင်းမခံရတဲ့သူ ဘာကွာလည်းလို့မေးရင် မုန်တိုင်းကြားမှာ လဲကျသွားတာခြင်းအတူတူ ပေတရုကတော့ ကောင်းစွာပြန်ထနိုင်ခဲ့ပြီးယေရှုမှာခဲ့သလိုအခြားသူတွေကိုပြန် လည် ကြည့်ရှုနိုင်ခဲ့တယ်။ယုဒရှာကာရုတ်ကတော့ လုံး၀ကို ပြန်မထနိုင်ခဲ့ဘူး။ မုန်တိုင်းထဲမှာ အချင်းချင်း ဆုတောင်းပေးဖို့ အရမ်းကိုလိုအပ်သလို မုန်တိုင်းတွေရဲ့အလွန်မှာလည်းကိုယ်ချင်းစာ တရားနဲ့ အခြားသူတွေကို ပြန်လည်ထူမဖို့အရမ်းကိုလိုအပ်ပါတယ်။



Zawgyi

မုန္တိုင္းေတြရဲ႕အလြန္မွာ (၃)

အျခားလူေတြအေပၚမွာနားလည္ေပးပါ

ဘ၀ရဲ႕ မေမွ်ာ္လင့္ထားတဲ့ မုန္တိုင္းေတြရဲ႕တိုက္ခိုက္မႈကို လူတိုင္း ၾကဳံရတတ္သလို ၾကဳံတဲ့အခါမွာလည္း ၿပိဳလဲမႈေတြ၊ မခံမရပ္ႏိုင္ျဖစ္တဲ့အရာေတြလည္းေတြ႕ရမွာပါ။ လူတိုင္းလဲက်ဖူးတယ္မဟုတ္လား။ လဲတာက ျပႆနာမဟုတ္ပဲ ျပန္မထတာကမွ ျပႆနာအစစ္ပါ။ မလဲၿပိဳသြားပဲ တည္တံ့ခိုင္ၿမဲရင္ေတာ့အေကာင္းဆုံးျဖစ္ေပမယ့္ တခါတေလမွာေတာ့ အျခားသူေတြကို ကိုယ္ခ်င္းစာတရား သိနားလည္ဖို႔အလို႔ငွာ ၿပိဳလဲျခင္းထဲမွာလည္း ဘုရားသင္ေပးတတ္တာေတြ ႐ွိေနတတ္တယ္။ ကိုယ္တိုင္ မၾကဳံဖူးတဲ့အခါမွာ အျခားသူေတြကိုနားလည္ေပးဖို႔ဆိုတာ တကယ့္ကိုခက္ခဲတဲ့ ကိစၥတစ္ခုလိုျဖစ္ေနတတ္တယ္။ ကိုယ္တိုင္ၾကဳံဖူးတဲ့အခါမွာေတာ့ ျဖစ္တတ္ပါတယ္၊ မွားတတ္ပါတယ္ဆိုတဲ့ နားလည္ေပးမႈက ေနရာယူလာတတ္တယ္။

အဆိုး႐ြားဆုံး မုန္တိုင္းထဲမွာ ၿပိဳလဲခဲဖူးတဲ့လူတစ္ေယာက္ကို ျပပါဆိုရင္ ေပတ႐ုကိုလက္ညိႇဳးထိုးျပရလိမ့္မယ္ထင္တယ္။ ေယ႐ႈကားတိုင္တက္ခါနီး ေနာက္ဆုံး ညစာစားပြဲမွာ စာတန္က ဂ်ံဳဆန္ကို စကာစစ္သလို စစ္ေနတဲ့အေၾကာင္း ေယ႐ႈက သူ႕ကိုသတိေပးတယ္။ သူကေတာ့ ကိုယ့္ဟာကို ယုံၾကည္မႈလြန္ကဲေနေလရဲ႕။ မျဖစ္ပါဘူး သူဘယ္ေတာ့မွ ဒါမ်ိဳးအလုပ္ေတြ မလုပ္ပါဘူးဆိုၿပီးေတာ့ ၾကဳံရမယ့္မုန္တိုင္းကို ဘာမွမဟုတ္တဲ့ ပုံစံမ်ိဳးနဲ႔ ဂတိေတြေပးေနေလရဲ႕။ ဒါေပမယ့္ ေယ႐ႈကေတာ့ ႀကိဳသိတယ္။ ဒါေၾကာင့္ မုန္တိုင္းထဲမွာ လိုအပ္တဲ့အရာ ျဖစ္တဲ့ ယုံၾကည္ျခင္းမပ်က္ဖို႔နဲ႔ ဆုေတာင္းေပးေနတယ္ဆိုတာကိုေရာ အဲ့ဒီမုန္တိုင္းေက်ာ္သြားၿပီးေတာ့ သတိရလာတဲ့အခါမွာ အျခားသူေတြကိုလည္း ကိုယ္ခ်င္းစာတရားနဲ႔ ျပန္လည္ ဆြဲထူၿပီးေတာ့ ကူမဖို႔မွာတယ္။ မုန္တိုင္းၾကားထဲမွာ အမွန္ျပမယ့္လူေတြထက္ ဆုေတာင္းေပးမယ့္လူေတြတကယ္လို႔အပ္တယ္။ ယုဒ႐ွာကာယုတ္နဲ႔ ေပတ႐ု ဘာကြာလည္းသိလား။ အမွားလုပ္တာျခင္းအတူတူ ယုဒကာေတာ့ဆု ေတာင္းေပးမယ့္သူမ႐ွိ႐ွာဘူး။ သူ႕ကို ေယ႐ႈက ဆုေတာင္းေပးမယ္လို႔ တခြန္ေလးေတာင္မေျပာဘူး။ ေပတ႐ုကိုေတာ့ ယုံၾကည္ျခင္းမပ်က္သြားဖို႔ ဆုေတာင္းေပးမယ္လို႔ ဂတိေပးတယ္။ ဆုေတာင္းေပးခံရတဲ့သူနဲ႔ ဆုေတာင္းေပးျခင္းမခံရတဲ့သူ ဘာကြာလည္းလို႔ေမးရင္ မုန္တိုင္းၾကားမွာ လဲက်သြားတာျခင္းအတူတူ ေပတ႐ုကေတာ့ ေကာင္းစြာျပန္ထႏိုင္ခဲ့ၿပီးေယ႐ႈမွာခဲ့သလိုအျခားသူေတြကိုျပန္ လည္ ၾကည့္႐ႈႏိုင္ခဲ့တယ္။ယုဒ႐ွာကာ႐ုတ္ကေတာ့ လုံး၀ကို ျပန္မထႏိုင္ခဲ့ဘူး။ မုန္တိုင္းထဲမွာ အခ်င္းခ်င္း ဆုေတာင္းေပးဖို႔ အရမ္းကိုလိုအပ္သလို မုန္တိုင္းေတြရဲ႕အလြန္မွာလည္းကိုယ္ခ်င္းစာ တရားနဲ႔ အျခားသူေတြကို ျပန္လည္ထူမဖို႔အရမ္းကိုလိုအပ္ပါတယ္။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube