Search
  • Than Min Htike

မျှော်လင့်စရာ ရှိပါသေးတယ်

"အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေးသောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သော ခွေး သည် သေသော ခြင်္သေ့ထက်သာ၍ ကောင်းမြတ်၏။" (ဒေ သနာ ၉:၄)


၁။ အသက်ရှိသေးသရွေ့

တခါက ရေကူးချန်ပီယံ တစ်ယောက် ရေထဲဒိုင်ပင်ထိုးချရင်းမတော်တဆဖြစ်ပြီးက်ိုယ်ခန္ဓာထိခိုက်ကာတကိုယ်လုံးအကြော သေသွားတယ်။ သူဟာအသက်ရှင်တဲ့ ဘုရားကိုသိတဲ့သူတစ်ယောက်ပါ။ လပေါင်းများစွာသူဟာ အိပ်ယာပေါ်မှာ လှဲလျောင်းရင်းဘုရားကို အပြစ်တင်တယ်။ ဘာကြောင့်များဒီလိုပေးကြုံသလဲပေါ့။ ဒါနဲ့ တနေ့ မှာ သူ့ကို ဘုရားစကားပြောတယ်။ သင် ဒီလိုတွေကြုံပေမယ့် လက်ရှိအခြေအနေဆိုးရွားပေမယ့် အသက်မသေပဲ ရှင်သေးတာကိုက သင့်အပေါ်မှာ ငါ့အကြံအစည် မကုန်သေးလို့ပါတဲ့။ သင့်မှာမျှော်လင့်စရာ ရှိသေးပါတယ်တဲ့။ အခြေအနေဘယ် လောက်ပဲ ဆိုးဆိုး သင် အသက်ရှင်သေးနေတာကိုကဘုရားဆီမှာ သင့်အတွက် အကြံအစည်ရှိသေးလို့ပါသင့်မှာ မျှော်လင့်စရာ ရှိပါသေးတယ်။


၂။ ခြင်္သေ့ထက်မြတ်တဲ့ခွေး

တောဘုရင်ခြင်္သေ့ထက် ဘယ်ခွေးကများပိုမြတ်မှာလဲ။ တောတစ်ခုလုံး တောင်တစ်ခုလုံးမှာ အမြတ်ဆုံးလို့ သတ်မှတ်ပေမယ့် သေသွားရင်တော့ အသက်ရှင်သေးတဲ့ ခွေးကသာသွားတာပဲ မဟုတ်လား။ သင်ဟာ ခြင်္သေ့လို မဟုတ်လို့ စိတ်ဓါတ်ကျစရာ

မဟုတ်ဘူး။ ဒါပေမယ့် အသက်ရှိသေးရင် မြတ်တယ်ဆိုတဲ့နာမည်ပဲရှိပြီးသေနေတဲ့ အရာထက်တော့ ကျော်သွားမှာပဲ။ ဘာမှ အား ငယ်စရာမလိုဘူး။ တခြားလူတွေနဲ့ယှဉ်ပြီး ကိုယ်ဟာကို စိတ်ပျက်စရာလည်း မလိုဘူး။ အသက်ရှင်နေသရွေ့ ဘုရားက တချိန်က ကိုယ်ထက်မြတ်တယ်လို့ သတ်မှတ်ခံထားရတဲ့ အရာတွေကိုတနေ့မဟုတ်တနေ့တော့ ကျော်သွား‌‌စေမှာပဲ။ မောရှေကို ဝိုင်းငြင်းပယ်ခဲ့တဲ့ လူတွေကပဲ တနေ့ မောရှေနောက်လိုက် ရတာပဲမဟုတ်လား။ ယောသပ်ကို အိမ်မက် ပျက်အောင်လုပ်ခဲ့တဲ့ သူတွေကပဲ အိမ်

မက်အတိုင်း သူ့တို့ညီအရှေ့မှာ ပြပ်ဝပ်ခဲ့ရတာပဲမဟုတ်လား။ အကိုတွေ အထင်မကြီး ဝေဖန်ခံခဲ့ရတဲ့ဒါဝိဒ်ဟာ အကိုတွေ မလုပ်နိုင်တာက်ို သူတို့ရှေ့မှာပဲ လုပ်ပြနိုင်ခဲ့တယ်မဟုတ်လား။ ကလေး

တစ်ယောက်မှ မရနိုင်တဲ့ လူအိုကြီး အာဗြဟံက လူမျိုးကြီးရဲ့ဖခင်ဘဝကို အသက်တရာအရွယ်မှာရောက်ခဲ့တယ်မဟုတ်လား။ အသက်ရှင်သေးသရွေ့ဘာများစိတ်ပျက်စရာ လက်လျော့စရာရှိအုံးမှာလဲ။



Zawgyi

ေမွ်ာ္လင့္စရာ ႐ွိပါေသးတယ္


"အသက္႐ွင္ေသာ လူစုအေပါင္းႏွင့္ ဆိုင္ေသးေသာသူသည္ ေျမာ္လင့္စရာ႐ွိ၏။ အသက္႐ွင္ေသာ ေခြး သည္ ေသေသာ ျခေသၤ့ထက္သာ၍ ေကာင္းျမတ္၏။" (ေဒ သနာ ၉:၄)


၁။ အသက္႐ွိေသးသေ႐ြ႕

တခါက ေရကူးခ်န္ပီယံ တစ္ေယာက္ ေရထဲဒိုင္ပင္ထိုးခ်ရင္းမေတာ္တဆျဖစ္ၿပီးက္ိဳယ္ခႏၶာထိခိုက္ကာတကိုယ္လုံးအေၾကာ ေသသြားတယ္။ သူဟာအသက္႐ွင္တဲ့ ဘုရားကိုသိတဲ့သူတစ္ေယာက္ပါ။ လေပါင္းမ်ားစြာသူဟာ အိပ္ယာေပၚမွာ လွဲေလ်ာင္းရင္းဘုရားကို အျပစ္တင္တယ္။ ဘာေၾကာင့္မ်ားဒီလိုေပးၾကဳံသလဲေပါ့။ ဒါနဲ႔ တေန႔ မွာ သူ႕ကို ဘုရားစကားေျပာတယ္။ သင္ ဒီလိုေတြၾကဳံေပမယ့္ လက္႐ွိအေျခအေနဆိုး႐ြားေပမယ့္ အသက္မေသပဲ ႐ွင္ေသးတာကိုက သင့္အေပၚမွာ ငါ့အၾကံအစည္ မကုန္ေသးလို႔ပါတဲ့။ သင့္မွာေမွ်ာ္လင့္စရာ ႐ွိေသးပါတယ္တဲ့။ အေျခအေနဘယ္ ေလာက္ပဲ ဆိုးဆိုး သင္ အသက္႐ွင္ေသးေနတာကိုကဘုရားဆီမွာ သင့္အတြက္ အၾကံအစည္႐ွိေသးလို႔ပါသင့္မွာ ေမွ်ာ္လင့္စရာ ႐ွိပါေသးတယ္။


၂။ ျခေသၤ့ထက္ျမတ္တဲ့ေခြး

ေတာဘုရင္ျခေသၤ့ထက္ ဘယ္ေခြးကမ်ားပိုျမတ္မွာလဲ။ ေတာတစ္ခုလုံး ေတာင္တစ္ခုလုံးမွာ အျမတ္ဆုံးလို႔ သတ္မွတ္ေပမယ့္ ေသသြားရင္ေတာ့ အသက္႐ွင္ေသးတဲ့ ေခြးကသာသြားတာပဲ မဟုတ္လား။ သင္ဟာ ျခေသၤ့လို မဟုတ္လို႔ စိတ္ဓါတ္က်စရာ

မဟုတ္ဘူး။ ဒါေပမယ့္ အသက္႐ွိေသးရင္ ျမတ္တယ္ဆိုတဲ့နာမည္ပဲ႐ွိၿပီးေသေနတဲ့ အရာထက္ေတာ့ ေက်ာ္သြားမွာပဲ။ ဘာမွ အား ငယ္စရာမလိုဘူး။ တျခားလူေတြနဲ႔ယွဥ္ၿပီး ကိုယ္ဟာကို စိတ္ပ်က္စရာလည္း မလိုဘူး။ အသက္႐ွင္ေနသေ႐ြ႕ ဘုရားက တခ်ိန္က ကိုယ္ထက္ျမတ္တယ္လို႔ သတ္မွတ္ခံထားရတဲ့ အရာေတြကိုတေန႔မဟုတ္တေန႔ေတာ့ ေက်ာ္သြား‌‌ေစမွာပဲ။ ေမာေ႐ွကို ဝိုင္းျငင္းပယ္ခဲ့တဲ့ လူေတြကပဲ တေန႔ ေမာေ႐ွေနာက္လိုက္ ရတာပဲမဟုတ္လား။ ေယာသပ္ကို အိမ္မက္ ပ်က္ေအာင္လုပ္ခဲ့တဲ့ သူေတြကပဲ အိမ္

မက္အတိုင္း သူ႕တို႔ညီအေ႐ွ႕မွာ ျပပ္ဝပ္ခဲ့ရတာပဲမဟုတ္လား။ အကိုေတြ အထင္မႀကီး ေဝဖန္ခံခဲ့ရတဲ့ဒါဝိဒ္ဟာ အကိုေတြ မလုပ္ႏိုင္တာက္ိဳ သူတို႔ေ႐ွ႕မွာပဲ လုပ္ျပႏိုင္ခဲ့တယ္မဟုတ္လား။ ကေလး

တစ္ေယာက္မွ မရႏိုင္တဲ့ လူအိုႀကီး အာျဗဟံက လူမ်ိဳးႀကီးရဲ႕ဖခင္ဘဝကို အသက္တရာအ႐ြယ္မွာေရာက္ခဲ့တယ္မဟုတ္လား။ အသက္႐ွင္ေသးသေ႐ြ႕ဘာမ်ားစိတ္ပ်က္စရာ လက္ေလ်ာ့စရာ႐ွိအုံးမွာလဲ။

0 views0 comments