Search
  • Than Min Htike

မှီအောင် လိုက်လော့


နောက်ကျမကျန်ခဲ့ပဲနဲ့ မှီအောင်လိုက်ရမယ့်

အရာတွေကို နှုတ်ကပတ်တော်က ဖေါ်ပြထားပါတယ်။

၁ ။ ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်လော့

(၁ ကော ၁၄:၁)

အမှီလိုက်ရမယ့် ပထမ အရာကတော့ ချစ်ခြင်းမေတ္တာဖြစ်တယ်။ ချစ်ခြင်း မရှိတဲ့သူက ဘုရားကိုမသိ အကြောင်းက ဘုရား သခင်သည် ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ ယောဟန်ကဆိုတယ်။

(၁ ယော၄:၈)။ ဘုရားကိုပိုမိုသိကျွမ်းလေ ချစ်တတ်ခြင်းလည်း

တိုးလာလေပါ။ ပညတ်တ္တိကျမ်း နှင့် အနာဂတ်တ္တိကျမ်းရဲ့ အချုပ်က ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ခြင်းပါ။ ဒါကြောင့် ချစ်မေတ္တာ

ဘုရားရှင် ရဲ့ချစ်ခြင်းကို ခံစားရသောသူဖြစ်တဲ့ ယုံကြည်သူတွေဟာ ချစ်ခြင်းကိုအမှီလိုက်ဖို့လိုပါတယ်။ ညီအကိုချင်း မချစ်တဲ့သူဟာ ဘုရားကိုမသိဘူးလို့ဆိုတယ်။ (၁ ယော၄း၂၀-၂၁) မြင်ရတဲ့ ညီအစ်ကိုကို ချစ်တတ်သောသူသာ မမြင်ရတဲ့ဘုရားက်ိုချစ်တဲ့သက်သေ။ ဒီလိုပြောတဲ့ အခါမှာ ကိုယ့်အစွမ်းအစ ကိုယ့်ပင်ကိုယ်အချစ်နဲ့တော့ ဘယ်သူ့ကိုမှ မချစ်နိုင်တာသေချာတယ်။ ဘုရားကို ချစ်နိုင်ဖို့ လူတွေကိုမှန်ကန်စွာချစ်နိုင်ဖို့ ဝိညာဉ်တော်က ကျွန်တော် တို့ အထဲမှာ မေတ္တာကို ညွှန်းလောင်းပေးခြင်းကို ခံရဖို့အရေးကြီးတယ်။ (ရောမ ၅:၅) သန့်ရှင်းသော ဝိညာဉ်တော်၏မစခြင်းကြောင့်သာရတဲ့ ချစ်ခြင်းမေတ္တာ အားဖြင့်သာ အမှီလိုက်နိုင်လိမ့်မယ်။



Zawgyi

မွီေအာင္ လိုက္ေလာ့

ေနာက္က်မက်န္ခဲ့ပဲနဲ႔ မွီေအာင္လိုက္ရမယ့္

အရာေတြကို ႏႈတ္ကပတ္ေတာ္က ေဖၚျပထားပါတယ္။

၁ ။ ခ်စ္ျခင္းေမတၱာကို မွီေအာင္လိုက္ေလာ့

(၁ ေကာ ၁၄:၁)

အမွီလိုက္ရမယ့္ ပထမ အရာကေတာ့ ခ်စ္ျခင္းေမတၱာျဖစ္တယ္။ ခ်စ္ျခင္း မ႐ွိတဲ့သူက ဘုရားကိုမသိ အေၾကာင္းက ဘုရား သခင္သည္ ခ်စ္ျခင္းေမတၱာျဖစ္တယ္လို႔ ေယာဟန္ကဆိုတယ္။

(၁ ေယာ၄:၈)။ ဘုရားကိုပိုမိုသိကြၽမ္းေလ ခ်စ္တတ္ျခင္းလည္း

တိုးလာေလပါ။ ပညတ္တၱိက်မ္း ႏွင့္ အနာဂတ္တၱိက်မ္းရဲ႕ အခ်ဳပ္က ဘုရားသခင္ကိုစိတ္ႏွလုံးအႂကြင္းမဲ့ ခ်စ္ျခင္းႏွင့္ ကိုယ္ႏွင့္စပ္ဆိုင္သူကို ကိုယ္ႏွင့္အမွ် ခ်စ္ျခင္းပါ။ ဒါေၾကာင့္ ခ်စ္ေမတၱာ

ဘုရား႐ွင္ ရဲ႕ခ်စ္ျခင္းကို ခံစားရေသာသူျဖစ္တဲ့ ယုံၾကည္သူေတြဟာ ခ်စ္ျခင္းကိုအမွီလိုက္ဖို႔လိုပါတယ္။ ညီအကိုခ်င္း မခ်စ္တဲ့သူဟာ ဘုရားကိုမသိဘူးလို႔ဆိုတယ္။ (၁ ေယာ၄း၂၀-၂၁) ျမင္ရတဲ့ ညီအစ္ကိုကို ခ်စ္တတ္ေသာသူသာ မျမင္ရတဲ့ဘုရားက္ိဳခ်စ္တဲ့သက္ေသ။ ဒီလိုေျပာတဲ့ အခါမွာ ကိုယ့္အစြမ္းအစ ကိုယ့္ပင္ကိုယ္အခ်စ္နဲ႔ေတာ့ ဘယ္သူ႕ကိုမွ မခ်စ္ႏိုင္တာေသခ်ာတယ္။ ဘုရားကို ခ်စ္ႏိုင္ဖို႔ လူေတြကိုမွန္ကန္စြာခ်စ္ႏိုင္ဖို႔ ဝိညာဥ္ေတာ္က ကြၽန္ေတာ္ တို႔ အထဲမွာ ေမတၱာကို ၫႊန္းေလာင္းေပးျခင္းကို ခံရဖို႔အေရးႀကီးတယ္။ (ေရာမ ၅:၅) သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္၏မစျခင္းေၾကာင့္သာရတဲ့ ခ်စ္ျခင္းေမတၱာ အားျဖင့္သာ အမွီလိုက္ႏိုင္လိမ့္မယ္။


၂။ ယုံၾကည္ျခင္းကို မွီေအာင္လိုက္ပါ

(ေဟၿဗဲ ၁၃:၇) ယုံၾကည္ျခင္းဖခင္တို႔၏ယုံၾကည္ျခင္း ကို မွီေအာင္လိုက္ၾကဖို႔ ႏႈတ္ကပတ္ေတာ္ကဆိုတယ္။

ယုံၾကည္ျခင္းကသာ ဘုရားစိတ္ေတာ္နဲ႔ေတြ႕ေစတဲ့အရာပဲ။ ေ႐ွးယုံၾကည္သူေတြသန္႔႐ွင္းသူေတြဟာ ယုံၾကည္ျခင္းႏွင့္ပဲအသက္႐ွင္ေလွ်ာက္လွမ္းခဲ့ၿပီး ဘုရားသခင္ရဲ႕ ခ်ီးမြမ္းေတာ္မႈျခင္းကို ခံခဲ့ရတာပါ။ ဒါေၾကာင့္ ယုံၾကည္ျခင္းကိုအမွီလိုက္ဖို႔ လိုတယ္။ ေခတ္မွီတာ မမွီတာထက္ခ်စ္ျခင္းေမတၱာ ႏွင့္ ယုံၾကည္ျခင္းကိုေတာ့ အမွီလိုက္ဖို႔ ႏႈတ္ကပတ္ေတာ္က တိုက္တြန္းထားတယ္။ ဘုရားက သူအသုံးျပဳမယ့္သူကို ပညာ႐ွ္ိဖို႔ထက္ပိုက္ဆံ႐ွိဖို႔ထက္ ယုံၾကည္ျခင္း႐ွိျခင္းကိုပိုအေလးထားတယ္။ ယုံၾကည္ျခင္းဖခင္မ်ားဟာ ဘုရားအေပၚမွာထားတဲ့ ယုံၾကည္ျခင္းေၾကာင့္ အေျခ အေနနဲ႔ မဆိုင္တဲ့မျဖစ္ႏိုင္ေသာအရာမ်ားကို လုပ္ေဆာင္ႏိုင္ခဲ့ၾကတယ္။ဒီေန႔ ယုံၾကည္ျခင္းကို အမွီလိုက္ဖို႔လိုတယ္။


၂။ ယုံကြည်ခြင်းကို မှီအောင်လိုက်ပါ

(ဟေဗြဲ ၁၃:၇) ယုံကြည်ခြင်းဖခင်တို့၏ယုံကြည်ခြင်း ကို မှီအောင်လိုက်ကြဖို့ နှုတ်ကပတ်တော်ကဆိုတယ်။

ယုံကြည်ခြင်းကသာ ဘုရားစိတ်တော်နဲ့တွေ့စေတဲ့အရာပဲ။ ရှေးယုံကြည်သူတွေသန့်ရှင်းသူတွေဟာ ယုံကြည်ခြင်းနှင့်ပဲအသက်ရှင်လျှောက်လှမ်းခဲ့ပြီး ဘုရားသခင်ရဲ့ ချီးမွမ်းတော်မှုခြင်းကို ခံခဲ့ရတာပါ။ ဒါကြောင့် ယုံကြည်ခြင်းကိုအမှီလိုက်ဖို့ လိုတယ်။ ခေတ်မှီတာ မမှီတာထက်ချစ်ခြင်းမေတ္တာ နှင့် ယုံကြည်ခြင်းကိုတော့ အမှီလိုက်ဖို့ နှုတ်ကပတ်တော်က တိုက်တွန်းထားတယ်။ ဘုရားက သူအသုံးပြုမယ့်သူကို ပညာရှ်ိဖို့ထက်ပိုက်ဆံရှိဖို့ထက် ယုံကြည်ခြင်းရှိခြင်းကိုပိုအလေးထားတယ်။ ယုံကြည်ခြင်းဖခင်များဟာ ဘုရားအပေါ်မှာထားတဲ့ ယုံကြည်ခြင်းကြောင့် အခြေ အနေနဲ့ မဆိုင်တဲ့မဖြစ်နိုင်သောအရာများကို လုပ်ဆောင်နိုင်ခဲ့ကြတယ်။ဒီနေ့ ယုံကြည်ခြင်းကို အမှီလိုက်ဖို့လိုတယ်။

0 views0 comments