Search
  • Than Min Htike

ယခုကာလသည်

(၄ရာ ၇:၉)

" သို့ ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာ မပြုပါတကား။

ယခုနေ့သည် ကောင်းသော သိတင်းကို

ကြားပြောရသော နေ့ဖြစ်လျက်၊ ငါတို့သည်

မကြားမပြောဘဲနေပါပြီ တကား။"

ယနေ့မျက်မှောက်ကာလမှာဘယ်လ်ိုအသက်ရှင်

ရမလဲ၊ ယုံကြည်သူတစ်ယောက်အနေနဲ့ ဘာတွေ

လုပ်ဆောင်ရမလဲ သိပါသလား။ ရှာမရိမြို့ကို

ရန်သူတွေဝိုင်းထားပြီး အခြေအနေတွေအားလုံးဟာ

အဆိုးဆီကို ဦးတည်နေတယ်။ လူတွေအားလုံးဟာ

အစာငတ်ပြီးသေမယ့်နေ့ကိုထိုင်စောင့်နေရသလိုဖြစ်

ပြီး ဘာဆိုဘာမှ မျှော်လင့်စရာမရှိဘူးဖြစ်နေတယ်။

ဒီနေ့ အဆိုးဆုံးအခြေအနေတွေဟာ အကောင်းဆုံး

ဘုရားပြုတဲ့နိမိတ်လက္ခဏာ အစပြုတဲ့အချိန်ဆိုတာ

သင်သိလား။ ပြဿနာ အခက်အခဲထဲမှာ ဘုရားဘက်

က်ိုသာ လှည့်လိုက်မယ်ဆိုရင် အဲ့ဒီပြဿနာခက်ခဲမှု

ဟာ နိမိတ်လက္ခဏာဖြစ်ဖို့ အခွင့်အရေးဖြစ်လာမယ်။

ဒီလို အခက်အခဲတွေကြားမှာ လူနူ၄ ယောက်က

စဉ်းစားကြတယ်။ သူတို့ ဒီအတိုင်းထိုင်ပြီး မသေချင်

ဘူး။ ဒါကြောင့်ရန်သူတပ်ထဲ သွားဖို့သဘောတူကြ

တယ်။ သူတို့ ၄ ယောက်ရဲ့ ခြေလှမ်းဟာ တဖက်မှာ

စစ်တပ်ကြီးချီသံအဖြစ် ကြားစေတယ်။ သူတို့ရောက်

တဲ့အခါမှာ ရိက္ခာအပြည့်နဲ့ ရန်သူမရှ်ိတဲ့ နေရာကြီး

ဖြစ်နေပြီ။ သူတို့ အကြီးအကျယ်စားသောက်နေရင်း

တစ်ယောက်က သတိရတယ် ဒီနေ့ကောင်းသော

သတင်းကိုကြားပြောရမယ့်နေ့ရက်ဖြစ်ပြီးငါတို့တိတ်

ဆိတ်စွာ မနေသင့်ဘူး။ ဒီနေ့ ဆိုးရွားပြီး ကြောက်ရွံ့

နေတဲ့ လူတွေအတွက် သတင်းကောင်းရှိတယ်။

ရန်သူတွေ မရှိတော့ပဲ ရိက္ခာတွေအပြည့် ရှိနေတဲ့

အကြောင်း။ ဒီနေ့ လက်ရှ်ိအခြေအနေနဲ့ ဘာမှ မဆိုင်

တဲ့ သတင်းစကားကို ဘုရားက လောကသားတွေ

က်ိုပြောဖို့ ကျွန်တော်တို့ကို ခန့်ထားတယ်။ ဒီနေ့ လူ

တွေ ကိုမျှော်လင့်ခြင်းဖြစ်စေမယ့် ယေရှုခရစ်တော်

အားဖြင့် ဘုရားပြင်ဆင်ပေးတဲ့ကယ်တင်ခြင်း၊ ကျန်း

မာခြင်း၊ အောင်မြင်ခြင်းတွေက်ို ကျွန်တော်တို့ပဲ ခံစား

နေဖို့ မဟုတ်ဘူး။ မျှော်လင့်ခြင်းမဲ့နေတဲ့ လောကကြီး

ကိုပြောဖို့အားလုံးမှာတာဝန်ရှိတယ်။ သင့်မှာရှ်ိတဲ့

ကောင်းသောသတင်းက်ိုကြားပြောရမယ့်နေ့ဟာဒီ

နေ့ပဲ။



Zawgyi

ယခုကာလသည္

(၄ရာ ၇:၉)

" သို႔ ရာတြင္၊ ငါတို႔သည္ ေကာင္းမြန္စြာ မျပဳပါတကား။

ယခုေန႔သည္ ေကာင္းေသာ သိတင္းကို

ၾကားေျပာရေသာ ေန႔ျဖစ္လ်က္၊ ငါတို႔သည္

မၾကားမေျပာဘဲေနပါၿပီ တကား။"

ယေန႔မ်က္ေမွာက္ကာလမွာဘယ္လ္ိဳအသက္႐ွင္

ရမလဲ၊ ယုံၾကည္သူတစ္ေယာက္အေနနဲ႔ ဘာေတြ

လုပ္ေဆာင္ရမလဲ သိပါသလား။ ႐ွာမရိၿမိဳ႕ကို

ရန္သူေတြဝိုင္းထားၿပီး အေျခအေနေတြအားလုံးဟာ

အဆိုးဆီကို ဦးတည္ေနတယ္။ လူေတြအားလုံးဟာ

အစာငတ္ၿပီးေသမယ့္ေန႔ကိုထိုင္ေစာင့္ေနရသလိုျဖစ္

ၿပီး ဘာဆိုဘာမွ ေမွ်ာ္လင့္စရာမ႐ွိဘူးျဖစ္ေနတယ္။

ဒီေန႔ အဆိုးဆုံးအေျခအေနေတြဟာ အေကာင္းဆုံး

ဘုရားျပဳတဲ့နိမိတ္လကၡဏာ အစျပဳတဲ့အခ်ိန္ဆိုတာ

သင္သိလား။ ျပႆနာ အခက္အခဲထဲမွာ ဘုရားဘက္

က္ိဳသာ လွည့္လိုက္မယ္ဆိုရင္ အဲ့ဒီျပႆနာခက္ခဲမႈ

ဟာ နိမိတ္လကၡဏာျဖစ္ဖို႔ အခြင့္အေရးျဖစ္လာမယ္။

ဒီလို အခက္အခဲေတြၾကားမွာ လူႏူ၄ ေယာက္က

စဥ္းစားၾကတယ္။ သူတို႔ ဒီအတိုင္းထိုင္ၿပီး မေသခ်င္

ဘူး။ ဒါေၾကာင့္ရန္သူတပ္ထဲ သြားဖို႔သေဘာတူၾက

တယ္။ သူတို႔ ၄ ေယာက္ရဲ႕ ေျခလွမ္းဟာ တဖက္မွာ

စစ္တပ္ႀကီးခ်ီသံအျဖစ္ ၾကားေစတယ္။ သူတို႔ေရာက္

တဲ့အခါမွာ ရိကၡာအျပည့္နဲ႔ ရန္သူမ႐ွ္ိတဲ့ ေနရာႀကီး

ျဖစ္ေနၿပီ။ သူတို႔ အႀကီးအက်ယ္စားေသာက္ေနရင္း

တစ္ေယာက္က သတိရတယ္ ဒီေန႔ေကာင္းေသာ

သတင္းကိုၾကားေျပာရမယ့္ေန႔ရက္ျဖစ္ၿပီးငါတို႔တိတ္

ဆိတ္စြာ မေနသင့္ဘူး။ ဒီေန႔ ဆိုး႐ြားၿပီး ေၾကာက္႐ြံ႕

ေနတဲ့ လူေတြအတြက္ သတင္းေကာင္း႐ွိတယ္။

ရန္သူေတြ မ႐ွိေတာ့ပဲ ရိကၡာေတြအျပည့္ ႐ွိေနတဲ့

အေၾကာင္း။ ဒီေန႔ လက္႐ွ္ိအေျခအေနနဲ႔ ဘာမွ မဆိုင္

တဲ့ သတင္းစကားကို ဘုရားက ေလာကသားေတြ

က္ိဳေျပာဖို႔ ကြၽန္ေတာ္တို႔ကို ခန္႔ထားတယ္။ ဒီေန႔ လူ

ေတြ ကိုေမွ်ာ္လင့္ျခင္းျဖစ္ေစမယ့္ ေယ႐ႈခရစ္ေတာ္

အားျဖင့္ ဘုရားျပင္ဆင္ေပးတဲ့ကယ္တင္ျခင္း၊ က်န္း

မာျခင္း၊ ေအာင္ျမင္ျခင္းေတြက္ိဳ ကြၽန္ေတာ္တို႔ပဲ ခံစား

ေနဖို႔ မဟုတ္ဘူး။ ေမွ်ာ္လင့္ျခင္းမဲ့ေနတဲ့ ေလာကႀကီး

ကိုေျပာဖို႔အားလုံးမွာတာဝန္႐ွိတယ္။ သင့္မွာ႐ွ္ိတဲ့

ေကာင္းေသာသတင္းက္ိဳၾကားေျပာရမယ့္ေန႔ဟာဒီ

ေန႔ပဲ။

0 views0 comments