Search
  • Than Min Htike

ယုံကြည်ခြင်း

“တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။-” မဿဲ ၈:၁၃


ယုံကြည်ခြင်းဆိုတာ ဓားလိုပဲ သွေးလေထက်လေပဲ။ မသုံးပဲထားလိုက်ရင်တော့ တုံးသွားတော့တာသုံးလို့ကိုမရတော့ဘူး။ လူတွေက ယုံကြည်ခြင်းမရှိဘူး၊ ယုံကြည်ခြင်းမရှိဘူးပဲ အော်နေကြတာ တကယ်တော့ ယုံကြည်ခြင်းကို အသုံးမပြုပဲ ဒီအတိုင်းထားတာကိုး။ ယုံကြည်ခြင်းဆိုတာ ကြီးကြီးမားမားမှမဟုတ်ပါဘူး၊သေးသေးလေး ဆိုတဲ့အရာတွေမှာတောင် လေ့ကျင့်တဲ့အနေနဲ့အသုံးပြုဖို့လိုပါတယ်။ လုပ်ရင်းလုပ်ရင်းနဲ့မှ ယုံကြည်ခြင်းရဲ့အလုပ်လုပ်ပုံကို ပိုသဘောပေါက် လာတာပါ။ ကိုယ်ခန္ဓာမှာ ကြွက်သားတွေနဲ့ လှပနေတဲ့လူတွေကို ကြည့်ပြီး အားကျဖူးတယ်မဟုတ်လား။ ကျွန်တော်လည်း သူတို့လိုဖြစ်ချင်ဖူးတယ်။ ဒါပေမယ့် အဲ့ဒီလိုဖြစ်ဖို့ဆိုတာ တစ်ရက်ထဲနဲ့တော့မရဘူး နေ့စဉ် လေ့ကျင့်ယူရတယ်။ မွေးရာပါ ဒါမျိုးဖြစ်လာတဲ့သူဘယ်မှာရှိလို့လဲ။ဒီအတိုင်းပါပဲ လူတွေက ယုံကြည်ခြင်းကြီးလိုက်တာ လို့ချိီးမွမ်းနေတဲ့သူတွေလည်း မွေးရာပါ တစ်ယောက်မှ မရှိဘူး အားလုံးက သေးသေးလေးတွေကနေ စတင်ပြီးတော့ အသုံးပြုခဲ့လို့သာ တဖြည်းဖြည်းပိုကြီးလာတာပါ။ပြောင်းလဲကာစမှာ ဘုရားသခင်ရှေ့မှာဆုံးဖြတ်ချက်ချလိုက်မိတာတစ်ခုရှိတယ် အဲ့ဒါကတော့ ယုံကြည်ခြင်းနဲ့ အသက်ရှင်မယ် ဘာပဲလုပ်လုပ် ယုံကြည်ခြင်းကိုအသုံး ပြုမယ်ဆိုတာပါပဲ။ အဲ့ဒီတုန်းကတော့တကိုယ်တည်းသမား လူငယ်လေးတစ်ယောက်ပါပဲ။အဲ့ဒီတကိုယ်စာလိုအပ်ချက်တွေကို စတင်ပြီးတော့ ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းခဲ့တယ်။ လူတွေဆီမှာအကူအညီမတောင်းပဲ ဘာပဲလိုလို ယုံကြည်ခြင်းကိုဆန့်ထုတ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကျမ်းစာကျောင်းတက်တော့ ကားခတွေ၊ တကိုယ်ရေလိုအပ်တာတွေအများကြီးရှိခဲ့တယ်။ ဟုမ်းဆဲလ်တွေသွားဖို့ ကားခတွေ ကအစ လိုအပ်ခဲ့တယ်။ ဒါပေမယ့် ယုံကြည်ခြင်းနဲ့‌ လျှောက်လှမ်းခဲ့တဲ့အခါမှာ ဘုရားရဲ့အံ့ဩဖွယ်ထောက်ပံ့မှုကိုမြင်တွေ့ခဲ့ရတယ်။ အဲ့ဒီနောက် ပိုင်း အိမ်ထောင်ကျပြီးတဲ့အခါမှာတော့ တစ်ယောက်စာနဲ့မရတော့ပဲ တမိသားစုစာ ယုံကြည်ခြင်းကိုပိုမြှင့်လိုက်ရတယ်။ အဲ့ဒီကနေစလိုက်တာ အခုတော့လူများစွာအတွက် ယုံကြည်ခြင်းကိုထားနိုင်တဲ့အဆင့်အထိရောက်ခဲ့တယ်။ကျွန်တော်ဆီမှာရှိတဲ့အရာအားလုံး လက်ညှိုးထိုးလိုက်တိုင်းမှာ သက်သေခံစရာယုံကြည်ခြင်းနဲ့ခြေလှမ်းခဲ့ အရာတွေချည်းပဲ။ဒါကျွန်တော်ဆုတောင်းချက်နဲ့ ဆုံးဖြတ်ချက်ကို ဘုရားအဖြေပေးခဲ့တာပါပဲ။ ဒါကြောင့်သင့်ဆီမှာရှိတဲ့ ယုံကြည်ခြင်းက အလိုလို ကြီးလာမှာမဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။


သင်ယုံကြည်သည်နှင့်အညီ

ဒီနေရာမှာလည်း တပ်မှူးတစ်ယောက်က ယေရှုဆီကို လာပြီးတော့ သူ့ငယ်သားအတွက် အသနားခံတယ်။ ဒါနဲ့ယေရှုက သူ့အိမ်ကိုလာမယ်လို့ပြောတဲ့အခါမှာ သူ က ဒီကနေပဲ အမိန့်ပေးဖို့ ယေရှုကို အကူအညီတောင်းတယ်။ ယေရှုဘာမဆိုတတ်နိုင်ပြီးတော့ စကားလေးတစ်ခွန်းပြောရင်တောင် အဲ့ဒီအတိုင်းဖြစ်မယ်လို့သူက ယုံခဲ့တယ်။ တကယ်တော့သူက စစ်သားတစ်ယောက်ပါ။ ဒါပေမယ့် ယုံကြည်ခြင်းကို နက်နက်ရှိုင်းရှိုင်းသဘောပေါက်ခဲ့တယ်။ ဘယ်ကနေသဘောပေါက်တာလဲ သူလုပ်တဲ့အလုပ်ထဲကနေပါ။ ယုံကြည်ခြင်းကိုဝတ်ပြုကိုးကွယ်ခြင်းမှာမှ သုံးတာမဟုတ်ပါဘူး။ သင်ရှိတဲ့အလုပ်ထဲမှာလည်း အသုံးပြုလို့ရတယ်ဆိုတာဒီမှာသက်သေပဲ။ ယေရှုကတောင် အံ့ဩပြီးတော့ ချီးကျူးခဲ့ရတယ်။ ဒီနေရာမှာ ယေရှုက ယုံကြည်ခြင်းရဲ့ အလုပ်လုပ်ပုံကို ဖေါ်ပြခဲ့တယ်။ အဲ့ဒါကတော့ယုံကြည်သည်နှင့်အညီ သင့်မှာ ဖြစ်စေဆိုတာပါပဲ။ ဘ၀မှာဖြစ်ပျက်လာတဲ့အရာအားလုံးက ကံစီမံရာမဟုတ်ဘူး၊ အခြားသူတွေ ပြုသမျှ နုနေရတာမဟုတ်ဘူး ယုံကြည်ခြင်းရှိတဲ့ ပမာဏတိုင်းပါ။ ဘ၀ကိုမြှင့်တက်ချင်တယ်ဆိုရင် တခြားအရာတွေကိုအရင်မြှင့်စရာမလိုဘူး ယုံကြည်ခြင်းလေးကိုမြှင့်လိုက်ယုံပါပဲ။





Zawgyi

ယုံၾကည္ျခင္း

“တပ္​မႉး​အား သင္​သြား​ေလာ့။ ယုံ​ၾကည္​သည္​ႏွင့္​အ​ညီ သင္၌​ျဖစ္​ေစ​ဟု မိန္႔​ေတာ္​မူ၏။ ထို​ခ​ဏ​ခ်င္း​တြင္ သူ၏​ငယ္​သား​သည္ အ​နာ​ေရာ​ဂါ​ကင္း၍ သက္​သာ​ျခင္း​သို႔ ေရာက္​ေလ၏။-” မႆဲ ၈:၁၃


ယုံၾကည္ျခင္းဆိုတာ ဓားလိုပဲ ေသြးေလထက္ေလပဲ။ မသုံးပဲထားလိုက္ရင္ေတာ့ တုံးသြားေတာ့တာသုံးလို႔ကိုမရေတာ့ဘူး။ လူေတြက ယုံၾကည္ျခင္းမ႐ွိဘူး၊ ယုံၾကည္ျခင္းမ႐ွိဘူးပဲ ေအာ္ေနၾကတာ တကယ္ေတာ့ ယုံၾကည္ျခင္းကို အသုံးမျပဳပဲ ဒီအတိုင္းထားတာကိုး။ ယုံၾကည္ျခင္းဆိုတာ ႀကီးႀကီးမားမားမွမဟုတ္ပါဘူး၊ေသးေသးေလး ဆိုတဲ့အရာေတြမွာေတာင္ ေလ့က်င့္တဲ့အေနနဲ႔အသုံးျပဳဖို႔လိုပါတယ္။ လုပ္ရင္းလုပ္ရင္းနဲ႔မွ ယုံၾကည္ျခင္းရဲ႕အလုပ္လုပ္ပုံကို ပိုသေဘာေပါက္ လာတာပါ။ ကိုယ္ခႏၶာမွာ ႂကြက္သားေတြနဲ႔ လွပေနတဲ့လူေတြကို ၾကည့္ၿပီး အားက်ဖူးတယ္မဟုတ္လား။ ကြၽန္ေတာ္လည္း သူတို႔လိုျဖစ္ခ်င္ဖူးတယ္။ ဒါေပမယ့္ အဲ့ဒီလိုျဖစ္ဖို႔ဆိုတာ တစ္ရက္ထဲနဲ႔ေတာ့မရဘူး ေန႔စဥ္ ေလ့က်င့္ယူရတယ္။ ေမြးရာပါ ဒါမ်ိဳးျဖစ္လာတဲ့သူဘယ္မွာ႐ွိလို႔လဲ။ဒီအတိုင္းပါပဲ လူေတြက ယုံၾကည္ျခင္းႀကီးလိုက္တာ လို႔ခ်ိီးမြမ္းေနတဲ့သူေတြလည္း ေမြးရာပါ တစ္ေယာက္မွ မ႐ွိဘူး အားလုံးက ေသးေသးေလးေတြကေန စတင္ၿပီးေတာ့ အသုံးျပဳခဲ့လို႔သာ တျဖည္းျဖည္းပိုႀကီးလာတာပါ။ေျပာင္းလဲကာစမွာ ဘုရားသခင္ေ႐ွ႕မွာဆုံးျဖတ္ခ်က္ခ်လိုက္မိတာတစ္ခု႐ွိတယ္ အဲ့ဒါကေတာ့ ယုံၾကည္ျခင္းနဲ႔ အသက္႐ွင္မယ္ ဘာပဲလုပ္လုပ္ ယုံၾကည္ျခင္းကိုအသုံး ျပဳမယ္ဆိုတာပါပဲ။ အဲ့ဒီတုန္းကေတာ့တကိုယ္တည္းသမား လူငယ္ေလးတစ္ေယာက္ပါပဲ။အဲ့ဒီတကိုယ္စာလိုအပ္ခ်က္ေတြကို စတင္ၿပီးေတာ့ ယုံၾကည္ျခင္းနဲ႔ေျခလွမ္းလွမ္းခဲ့တယ္။ လူေတြဆီမွာအကူအညီမေတာင္းပဲ ဘာပဲလိုလို ယုံၾကည္ျခင္းကိုဆန္႔ထုတ္ခဲ့တယ္။ အဲ့ဒီအခ်ိန္တုန္းက က်မ္းစာေက်ာင္းတက္ေတာ့ ကားခေတြ၊ တကိုယ္ေရလိုအပ္တာေတြအမ်ားႀကီး႐ွိခဲ့တယ္။ ဟုမ္းဆဲလ္ေတြသြားဖို႔ ကားခေတြ ကအစ လိုအပ္ခဲ့တယ္။ ဒါေပမယ့္ ယုံၾကည္ျခင္းနဲ႔‌ ေလွ်ာက္လွမ္းခဲ့တဲ့အခါမွာ ဘုရားရဲ႕အံ့ဩဖြယ္ေထာက္ပံ့မႈကိုျမင္ေတြ႕ခဲ့ရတယ္။ အဲ့ဒီေနာက္ ပိုင္း အိမ္ေထာင္က်ၿပီးတဲ့အခါမွာေတာ့ တစ္ေယာက္စာနဲ႔မရေတာ့ပဲ တမိသားစုစာ ယုံၾကည္ျခင္းကိုပိုျမႇင့္လိုက္ရတယ္။ အဲ့ဒီကေနစလိုက္တာ အခုေတာ့လူမ်ားစြာအတြက္ ယုံၾကည္ျခင္းကိုထားႏိုင္တဲ့အဆင့္အထိေရာက္ခဲ့တယ္။ကြၽန္ေတာ္ဆီမွာ႐ွိတဲ့အရာအားလုံး လက္ညိႇဳးထိုးလိုက္တိုင္းမွာ သက္ေသခံစရာယုံၾကည္ျခင္းနဲ႔ေျခလွမ္းခဲ့ အရာေတြခ်ည္းပဲ။ဒါကြၽန္ေတာ္ဆုေတာင္းခ်က္နဲ႔ ဆုံးျဖတ္ခ်က္ကို ဘုရားအေျဖေပးခဲ့တာပါပဲ။ ဒါေၾကာင့္သင့္ဆီမွာ႐ွိတဲ့ ယုံၾကည္ျခင္းက အလိုလို ႀကီးလာမွာမဟုတ္ဘူးဆိုတာ သိထားဖို႔လိုတယ္။


သင္ယုံၾကည္သည္ႏွင့္အညီ

ဒီေနရာမွာလည္း တပ္မႉးတစ္ေယာက္က ေယ႐ႈဆီကို လာၿပီးေတာ့ သူ႕ငယ္သားအတြက္ အသနားခံတယ္။ ဒါနဲ႔ေယ႐ႈက သူ႕အိမ္ကိုလာမယ္လို႔ေျပာတဲ့အခါမွာ သူ က ဒီကေနပဲ အမိန္႔ေပးဖို႔ ေယ႐ႈကို အကူအညီေတာင္းတယ္။ ေယ႐ႈဘာမဆိုတတ္ႏိုင္ၿပီးေတာ့ စကားေလးတစ္ခြန္းေျပာရင္ေတာင္ အဲ့ဒီအတိုင္းျဖစ္မယ္လို႔သူက ယုံခဲ့တယ္။ တကယ္ေတာ့သူက စစ္သားတစ္ေယာက္ပါ။ ဒါေပမယ့္ ယုံၾကည္ျခင္းကို နက္နက္႐ိႈင္း႐ိႈင္းသေဘာေပါက္ခဲ့တယ္။ ဘယ္ကေနသေဘာေပါက္တာလဲ သူလုပ္တဲ့အလုပ္ထဲကေနပါ။ ယုံၾကည္ျခင္းကိုဝတ္ျပဳကိုးကြယ္ျခင္းမွာမွ သုံးတာမဟုတ္ပါဘူး။ သင္႐ွိတဲ့အလုပ္ထဲမွာလည္း အသုံးျပဳလို႔ရတယ္ဆိုတာဒီမွာသက္ေသပဲ။ ေယ႐ႈကေတာင္ အံ့ဩၿပီးေတာ့ ခ်ီးက်ဴးခဲ့ရတယ္။ ဒီေနရာမွာ ေယ႐ႈက ယုံၾကည္ျခင္းရဲ႕ အလုပ္လုပ္ပုံကို ေဖၚျပခဲ့တယ္။ အဲ့ဒါကေတာ့ယုံၾကည္သည္ႏွင့္အညီ သင့္မွာ ျဖစ္ေစဆိုတာပါပဲ။ ဘ၀မွာျဖစ္ပ်က္လာတဲ့အရာအားလုံးက ကံစီမံရာမဟုတ္ဘူး၊ အျခားသူေတြ ျပဳသမွ် ႏုေနရတာမဟုတ္ဘူး ယုံၾကည္ျခင္း႐ွိတဲ့ ပမာဏတိုင္းပါ။ ဘ၀ကိုျမႇင့္တက္ခ်င္တယ္ဆိုရင္ တျခားအရာေတြကိုအရင္ျမႇင့္စရာမလိုဘူး ယုံၾကည္ျခင္းေလးကိုျမႇင့္လိုက္ယုံပါပဲ။

8 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube