Search
  • Than Min Htike
ယုံကြည်ခြင်းကိုမြင်လျှင်
မာကု ၂: ၁-၁၂
လက်ခြေသေတဲ့သူငယ်ချင်းကို ယေရှုရှေ့ရောက်ဖို့ သယ်လာတဲ့ လူလေးယောက်အကြောင်းကြားဖူးတယ်မဟုတ်လား။ သူတို့
ရဲ့ ယုံကြည်ခြင်းက သူငယ်ချင်းကျန်းမာဖို့ပါ။ ဒါနဲ့ယေရှုဆီရောက်လာတဲ့အခါမှာ လွယ်တာတော့ မဟုတ်ဘူး။ ယုံကြည်ခြင်းဆိုတာအရာရာလွယ်နေတဲ့လမ်းမဟုတ်ဘူး။ အရာရာကို အလွယ် မလျော့ပေးတဲ့ သူပါ။ သူငယ်ချင်းကျန်းမာဖို့ ယေရှုဆီရောက်ဖို့ လူအုပ်ကြီးက ဆီးတားထားတယ်။ ဒီပရိသတ်က ဘယ်လိုမှ ဖျောင်း ဖျလို့မရဘူး။ အနားမှာရှိတဲ့ ပရိသတ်ကြီးက နိမိတ်လက္ခဏာတော့ မြင်ချင်တယ်၊ ဒါပေမယ့် နိမိတ်လက္ခဏာဖြစ်ဖို့အတွက် ကာစီး ထားတယ်ဆိုတာ သတိမထားမိကြဘူး။ ဒီနေ့ရောဘာထူးလည်း အဝေးကလူတွေက နိမိတ်လက္ခဏာကိုကာထားတာ မဟုတ်ဘူး၊ အနီးကယုံကြည်သူတွေကပဲ ကာထားကြတာ။
ယုံကြည်ခြင်းရှိရင် ဘယ်လောက်အခက်အခဲရှိရှိ၊ ဆီးတားတဲ့ သူရှိရှိ နည်းလမ်းတော့ရှိသေးတယ်။ သူတို့ ခဲရာခဲဆစ် လူနာကိုကုတင်နဲ့ အိမ်ပေါ်တင်ပြီးတော့ ယေရှုရှေ့ရောက်အောင်ပို့ခဲ့တယ်။ ယေရှုက လူနာကို မကြည့်ဘူး သူတို့ကိုကြည့်ပြီး သူတို့ရဲ့ ယုံကြည်ခြင်းကို မြင်ရင်တဲ့။ ဒီလောက်အခက်အခဲတွေကို ကျော်လာမှပဲ ယုံကြည်ခြင်းဆိုတာ မြင်ရပြီပေါ့။ အခက်အခဲတွေက သင့်ကို ပြိုကျစေတာမဟုတ်ပါဘူး ယုံကြည်ခြင်းကို ထင်ရှားစေတာပါ။ ယုံကြည်ခြင်းရှိတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိတော့ဘူး။ လူတွေက မဖြစ်နိုင်ဘူးဆိုတာ ပြောနေသေးတယ်၊ မြင်နေသေးတယ်ဆိုကတည်းက ဒါယုံကြည်ခြင်း မရှိတာသေချာနေပြီ။ သူတို့ရဲ့ ယုံကြည်ခြင်းက သူငယ်ချင်း ကျန်းမာရုံသာမကဘူး ဘုရားဘုန်းကိုထင်ရှားစေခဲ့တယ်။
Zawgyi
မာကု ၂: ၁-၁၂
0 views0 comments