Search
  • Than Min Htike

ယုံကြည်ခြင်းတစ်ခုသာရှိပါ


“ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာရှိ​စေ​လော့​ဟု တ​ရား​ဇ​ရပ်​မှူး​အား ချက်​ချင်း​မိန့်​တော်​မူ၏။-” (မာ ၅:၃၆)


တကယ်လိုတာ ဆက်ယုံနေဖို့ပဲ

မရှိတာထက် မသိတာပိုခက်တယ်လို့ဆိုရိုးရှိသလိုပါပဲ၊ ကျွန်တော်တို့မှာ ဟိုဟာ ဒီဟာမရှိလို့ မအောင်မြင်တာထက် အောင်မြင်ဖို့ တကယ်ရှိသင့်တဲ့အရာက ဘယ်အရာလည်းဆိုတာကို မသိတာက ပိုအဓိကကျနေတယ်။ ယုံကြည်ခြင်းဆိုတာ ပါးစပ်ကပြောလို့သာလွယ်တယ် တကယ့်လက်တွေ့မှာတော့ ပြောသလောက်တော့မလွယ်ဘူး။ ယုံကြည်ခြင်းဆိုတာ အစပြုဖို့လိုအပ်တဲ့အရာတစ်ခုဖြစ်သလို အဆုံးထိလည်း မရှိမဖြစ်အယလိုအပ်ဆုံးအရာတစ်ခုပါပဲ။ ကြီးမားတဲ့အပြောင်းလဲတွေ၊ဆုတောင်းချက်အဖြေတွေအတွက် အလိုအပ်ဆုံးက ယုံကြည်ခြင်းတစ်ခုကလွဲပြီးဘာဖြစ်အုံးမှာလဲ။ ယုံကြည်ခြင်းမှ ယုံကြည်ခြင်းစစ်စစ်ပဲ တကယ်လိုအပ်တာပါ။

ယာဣရုဆိုတဲ့ တရားဇရပ်မှူး သူ့သမီးအတွက် ယေရှုဆီကိုလာတယ်။ ယေရှုကလည်းသူ့ရဲ့တောင်းဆိုမှုကို မငြင်းပယ်ဘူး။ ယေရှုဆီက ယုံကြည်ခြင်းရှိတဲ့သူအတွက် ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ပဲဆိုတာ ဒီနေရာမှာတွေ့ရတယ်။ ဘာသာရေး ပုဂ္ဂိုလ်ဖြစ်လို့၊ အရင်တုန်းက ဘာဖြစ်ခဲ့လိုဆိုတဲ့ အရာတွေဘာမှကိုမရှိတာ။ လမ်းမှာလည်း သွေးသွန်နာစွဲတဲ့အမျိုးသမီးကြောင့် ကြန့်ကြာမှုတွေဖြစ်ခဲ့သေးတယ်။ တကယ်ဆို ယုံကြည်ခြင်းနှင့်ခေါ်ပင့်ခဲ့တဲ့ ယာဣရုကြောင့် သွေးသွန်နာစွဲတဲ့အမျိုးသမီးက ကြားထဲကနေ ကောင်းကြီးရသွားတယ်ဆိုဘယ်မှားမလဲ။ ယေရှုလာဖို့ နှစ်ပေါင်းများစွာစောင့်နေတာ တစ်ခါမှကို မကြုံခဲ့ဘူး အခုတော့ ယဣရုကောင်းမှုကြောင့်သူ့ဆီကို ယေရှုက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်လို့ဆိုရမယ်။ ယုံကြည်ခြင်းရှိတဲ့လူအတွက် ကောင်းကြီးရမယ့်အလှည့်ရောက်ကိုရောက်လာတယ်ဆိုတာ ဒါကလည်း သက်သေပဲ။ ယုံကြည်ခြင်းရှိတဲ့လူတစ်ယောက်ရဲ့ လုပ်ဆောင်မှုက အခြားသူတွေအတွက်ကောင်းကြီးဖြစ်စေတယ်ဆိုတာလည်းဒီနေရာမှာ မြင်ရတယ်။ တကယ်ယုံကြည်ခြင်းသာရှိ သင့်ရဲ့လုပ်ဆောင်မှုက အခြားယုံကြည်ခြင်းရှိတဲ့သူတွေအတွက် ကောင်းကြီးဖြစ်ကိုဖြစ်စေတယ်။ သူယုံကြည်ခြင်းနှင့်စခဲ့သလို လမ်းမှာလည်းယုံကြည်ပြီးဆက်လျှောက်နေပေမယ့်အိမ်နားရောက်ခါနီးမှာ မမျှော်လင့်ထားတဲ့ သတင်းဆိုးကြားရတယ်။ ဆရာကိုမနှောင့်ယှက်နဲ့တော့ သမီးသေပြီတဲ့။ သူလုံး၀မမျှော်လင့်ထားတဲ့သတင်းပါ။ ဒီနေ့ ဒီခံယူချက်လူအချို့မှာရှိတယ် အခက်အခဲတွေကိုယုံကြည်ခြင်းနှင့်ဖြေရှင်းတာကို ဘုရားကို နှောင့်ယှက်တယ်၊ အခြားသူတွေကိုနှောင့်ယှက်တယ်လို့ ထင်နေကြတာပါ။ တကယ်တော့ဒါနတ်ဆိုးရဲ့လုပ်ရပ် ဒါကြောင့်လည်း ယေရှုက တစ်ခါတည်းတန်းပြောတာ ယုံကြည်ခြင်းတစ်ခုသာရှိပါ။ ဒီစကားက ဘယ်လောက်ကောင်းလည်းဆို အဆိုးဆုံးဖြစ်သွားရင်တောင် သင့်မှာရှိတဲ့ ဘုရားအပေါ်ထားတဲ့ယုံကြည်ခြင်းက အကောင်းဆုံးကိုပြန်ယူဆောင်လာပေးခဲ့တယ်ဆိုတာပါပဲ။ သူယုံတဲ့အတိုင်း သူ့သမီးက ကျန်းမာခြင်းနှင့် ပြန်နိုးထလာသလို သင့်ယုံတဲ့အတိုင်း သင့်ဘ၀မှာသေသွားတဲ့အရာတွေက အကောင်းဆုံးအဖြစ်နဲ့ပြန် အသက်ဝင်လာမှာသေချာပါတယ်။



Zawgyi

ယုံၾကည္ျခင္းတစ္ခုသာ႐ွိပါ

“ထို​စ​ကား​ကို ေယ​႐ႈ​သည္​ၾကား​လွ်င္၊ မ​ေၾကာက္​ၾက​ႏွင့္။ ယုံ​ၾကည္​ျခင္း​စိတ္​တစ္​ခု​သာ႐ွိ​ေစ​ေလာ့​ဟု တ​ရား​ဇ​ရပ္​မႉး​အား ခ်က္​ခ်င္း​မိန္႔​ေတာ္​မူ၏။-” (မာ ၅:၃၆)


တကယ္လိုတာ ဆက္ယုံေနဖို႔ပဲ

မ႐ွိတာထက္ မသိတာပိုခက္တယ္လို႔ဆို႐ိုး႐ွိသလိုပါပဲ၊ ကြၽန္ေတာ္တို႔မွာ ဟိုဟာ ဒီဟာမ႐ွိလို႔ မေအာင္ျမင္တာထက္ ေအာင္ျမင္ဖို႔ တကယ္႐ွိသင့္တဲ့အရာက ဘယ္အရာလည္းဆိုတာကို မသိတာက ပိုအဓိကက်ေနတယ္။ ယုံၾကည္ျခင္းဆိုတာ ပါးစပ္ကေျပာလို႔သာလြယ္တယ္ တကယ့္လက္ေတြ႕မွာေတာ့ ေျပာသေလာက္ေတာ့မလြယ္ဘူး။ ယုံၾကည္ျခင္းဆိုတာ အစျပဳဖို႔လိုအပ္တဲ့အရာတစ္ခုျဖစ္သလို အဆုံးထိလည္း မ႐ွိမျဖစ္အယလိုအပ္ဆုံးအရာတစ္ခုပါပဲ။ ႀကီးမားတဲ့အေျပာင္းလဲေတြ၊ဆုေတာင္းခ်က္အေျဖေတြအတြက္ အလိုအပ္ဆုံးက ယုံၾကည္ျခင္းတစ္ခုကလြဲၿပီးဘာျဖစ္အုံးမွာလဲ။ ယုံၾကည္ျခင္းမွ ယုံၾကည္ျခင္းစစ္စစ္ပဲ တကယ္လိုအပ္တာပါ။

ယာဣ႐ုဆိုတဲ့ တရားဇရပ္မႉး သူ႕သမီးအတြက္ ေယ႐ႈဆီကိုလာတယ္။ ေယ႐ႈကလည္းသူ႕ရဲ႕ေတာင္းဆိုမႈကို မျငင္းပယ္ဘူး။ ေယ႐ႈဆီက ယုံၾကည္ျခင္း႐ွိတဲ့သူအတြက္ ဘာမဆိုလုပ္ေပးဖို႔အဆင္သင့္ပဲဆိုတာ ဒီေနရာမွာေတြ႕ရတယ္။ ဘာသာေရး ပုဂၢိဳလ္ျဖစ္လို႔၊ အရင္တုန္းက ဘာျဖစ္ခဲ့လိုဆိုတဲ့ အရာေတြဘာမွကိုမ႐ွိတာ။ လမ္းမွာလည္း ေသြးသြန္နာစြဲတဲ့အမ်ိဳးသမီးေၾကာင့္ ၾကန္႔ၾကာမႈေတြျဖစ္ခဲ့ေသးတယ္။ တကယ္ဆို ယုံၾကည္ျခင္းႏွင့္ေခၚပင့္ခဲ့တဲ့ ယာဣ႐ုေၾကာင့္ ေသြးသြန္နာစြဲတဲ့အမ်ိဳးသမီးက ၾကားထဲကေန ေကာင္းႀကီးရသြားတယ္ဆိုဘယ္မွားမလဲ။ ေယ႐ႈလာဖို႔ ႏွစ္ေပါင္းမ်ားစြာေစာင့္ေနတာ တစ္ခါမွကို မၾကဳံခဲ့ဘူး အခုေတာ့ ယဣ႐ုေကာင္းမႈေၾကာင့္သူ႕ဆီကို ေယ႐ႈက ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့တယ္လို႔ဆိုရမယ္။ ယုံၾကည္ျခင္း႐ွိတဲ့လူအတြက္ ေကာင္းႀကီးရမယ့္အလွည့္ေရာက္ကိုေရာက္လာတယ္ဆိုတာ ဒါကလည္း သက္ေသပဲ။ ယုံၾကည္ျခင္း႐ွိတဲ့လူတစ္ေယာက္ရဲ႕ လုပ္ေဆာင္မႈက အျခားသူေတြအတြက္ေကာင္းႀကီးျဖစ္ေစတယ္ဆိုတာလည္းဒီေနရာမွာ ျမင္ရတယ္။ တကယ္ယုံၾကည္ျခင္းသာ႐ွိ သင့္ရဲ႕လုပ္ေဆာင္မႈက အျခားယုံၾကည္ျခင္း႐ွိတဲ့သူေတြအတြက္ ေကာင္းႀကီးျဖစ္ကိုျဖစ္ေစတယ္။ သူယုံၾကည္ျခင္းႏွင့္စခဲ့သလို လမ္းမွာလည္းယုံၾကည္ၿပီးဆက္ေလွ်ာက္ေနေပမယ့္အိမ္နားေရာက္ခါနီးမွာ မေမွ်ာ္လင့္ထားတဲ့ သတင္းဆိုးၾကားရတယ္။ ဆရာကိုမေႏွာင့္ယွက္နဲ႔ေတာ့ သမီးေသၿပီတဲ့။ သူလုံး၀မေမွ်ာ္လင့္ထားတဲ့သတင္းပါ။ ဒီေန႔ ဒီခံယူခ်က္လူအခ်ိဳ႕မွာ႐ွိတယ္ အခက္အခဲေတြကိုယုံၾကည္ျခင္းႏွင့္ေျဖ႐ွင္းတာကို ဘုရားကို ေႏွာင့္ယွက္တယ္၊ အျခားသူေတြကိုေႏွာင့္ယွက္တယ္လို႔ ထင္ေနၾကတာပါ။ တကယ္ေတာ့ဒါနတ္ဆိုးရဲ႕လုပ္ရပ္ ဒါေၾကာင့္လည္း ေယ႐ႈက တစ္ခါတည္းတန္းေျပာတာ ယုံၾကည္ျခင္းတစ္ခုသာ႐ွိပါ။ ဒီစကားက ဘယ္ေလာက္ေကာင္းလည္းဆို အဆိုးဆုံးျဖစ္သြားရင္ေတာင္ သင့္မွာ႐ွိတဲ့ ဘုရားအေပၚထားတဲ့ယုံၾကည္ျခင္းက အေကာင္းဆုံးကိုျပန္ယူေဆာင္လာေပးခဲ့တယ္ဆိုတာပါပဲ။ သူယုံတဲ့အတိုင္း သူ႕သမီးက က်န္းမာျခင္းႏွင့္ ျပန္ႏိုးထလာသလို သင့္ယုံတဲ့အတိုင္း သင့္ဘ၀မွာေသသြားတဲ့အရာေတြက အေကာင္းဆုံးအျဖစ္နဲ႔ျပန္ အသက္ဝင္လာမွာေသခ်ာပါတယ္။

0 views0 comments