Search
  • Than Min Htike

ယုံကြည်ခြင်းမရှိလျှင်

အဆိုးဆုံးမရှိခြင်း

ရွှေငွေတွေ၊ အတန်းပညာတွေ၊ ရာထူးစည်းစိမ်တွေ မရှိလို့ မအောင်မြင်တာ၊ ကောင်းကြီးမရတာလုံး၀မဟုတ်ဘူး။ အဲ့ဒါတွေမရှိပဲ ထိပ်ဆုံးရောက်ခဲ့တဲ့သူတွေအများကြီးရှိခဲ့တယ်။ အခုလည်း အဲ့ဒါတွေမရှိပဲ အောင်မြင်နေတဲ့ သူတွေအများကြီးပဲ။ လူတွေက အောင်မြင်မှုတွေမရတဲ့အခါမှာ၊ အခက်အခဲတွေနဲ့ကြုံတဲ့အခါတိုင်းမှာ အကြောင်းပြချက်ရှာလေ့ရှိတာကတော့ ငါဘာတွေအားနည်းသလဲ၊ ဘာတွေမရှိခဲ့လို့လည်းစတဲ့အချက်တွေပဲ။ တကယ်တော့ ဘ၀အောင်မြင်ခြင်း အရမ်းကိုရိုးရှင်းပါတယ်။ အောင်မြင်ခြင်းအရှင်ဖြစ်တဲ့ ဘုရားကလွဲပြီးတော့ သင့်ကိုအောင်မြင်ခြင်းပေးနိုင်တဲ့သူတစ်ယောက်မှမရှိဘူး။ဒါကိုလူအချို့ကပဲသိထားပြီးတော့ လူအချို့က နည်းနည်းမှကို မရိပ်မိကြဘူး။ အောင်မြင်ခြင်းနဲ့ပတ်သက်တဲ့စာအုပ်တွေ၊ သီအိုရီတွေ အများကြီးရှိပေမယ့် တကယ့်စစ်မှန်တဲ့အောင်မြင်ခြင်းကတော့ ဘုရားပေးမှပဲ ရတာပါ။ ဘုရားမပေးရင် ရစရာ၊ အောင်မြင်စရာ ဘာအကြောင်းမှကိုမရှိတာ။ ဒါဆိုရင် မေးခွန်းတစ်ခုရှိလာတယ်။ ဘုရားက ဘာကိုကြည့်ပြီးတော့ အောင်မြင်ခြင်းကိုပေးတာလည်း။ ရှင်းပါတယ် သူ့ရဲ့စိတ်နဲ့တွေ့တဲ့ လူ ပေါ့။ ကျွန်တော်တို့ရော အဲ့လိုပဲမဟုတ်လား။ အလုပ်ထဲမှာ စိတ်နဲ့တွေ့တဲ့သူကို ရာထူးတိုးပေးတယ်။ လစာပိုပေးတယ်။ နေရာကောင်းပေးတယ်။ ဘုရားလည်း အဲ့ဒီအတိုင်းပါပဲ သူ့စိတ်နဲ့ တွေ့တဲ့လူတွေကိုအမြဲတမ်း သူ့မှာရှိတဲ့အောင်မြင်ခြင်း၊ ကြွယ်၀ခြင်း တွေကို အပ်နှင်းလေ့ရှိတယ်။ ဒါကြောင့်လည်း လောကမှာ အောင်မြင်သူတွေကို တွေ့ရင် လူတချို့က စောဒကတက်ကြတယ်။ ဒီလိုလူ ဘာလို့များအောင်မြင်ရလာတာလဲပေါ့။ သူတို့ဘက်ကကြည့်ရင် အောင်မြင်နိုင်စရာအလားအလာ လုံး၀ကိုမရှိတာ။ ဒါပေမယ့် ခက်တာက ဘုရားက လူတွေအမြင်၊ လူစိတ်နဲ့ထိတွေ့ခြင်းအပေါ်မှာ ရွေးတာမဟုတ်ပဲ သူ့ နှလုံးသားနဲ့ကိုက်တဲ့ သူကိုပဲရွေးတယ်ဆိုတာပါပဲ။ နှုတ်ကပတ်တော်ကတော့ ရိုးရှင်းစွာဖေါ်ပြထားတာကတော့ ဘုရားစိတ်နဲ့တွေ့ဖို့အတွက် တခြားအရာတွေ၊ တခြားအရည်အချင်းတွေလုံး၀မဟုတ်ပဲ ယုံကြည်ခြင်းတစ်ခုထဲ သာရှိဖို့ပါပဲ။ ယုံကြည်ခြင်းမရှိရင် ဘုရားစိတ်တော်နဲ့လုံး၀ကိုမတွေ့နိုင်ဘူး။ ယုံကြည်ခြင်းကသာ ဘုရားကိုဆွဲဆောင်နိုင်တဲ့ အရာပဲ။ ယုံကြည်ခြင်းရှိတဲ့သူတစ်ယောက်မှာ အခြားအရာတွေမရှိရင်တောင် ဘုရား အဲ့ဒီလူနဲ့အတူတူ အလုပ်လုပ်ချင်တယ်။ ယုံကြည်ခြင်းမရှိရင်တော့ တခြားအရာတွေ၊အရည်အချင်းတွေဘယ်လောက်ရှိရှိ ဘုရားကစိတ်ကိုမဝင်စားတာ။ ဒါကြောင့်လူတစ်ယောက်ဆုံးရှုံးတာဟာ တခြားအရာတွေမရှိလို့မဟုတ်ပဲ ဘုရားကို အကြွင်းမဲ့ ယုံတဲ့ယုံကြည်ခြင်းမရှိလို့ပါပဲ။ တခြားအရာတွေဘယ်လောက်ရှိရှိ သင့်မှာ ယုံကြည်ခြင်းမရှိရင် ဘုရားနဲ့အတူတူ ခြေလှမ်းဖို့ အာမခံချက်မရှိဘူး။ ယုံကြည်ခြင်းကသာ ဘုရားကို ဆွဲဆောင်နိုင်တယ်ဆိုတာသိပါ။



Zawgyi

ယုံၾကည္ျခင္းမ႐ွိလွ်င္


အဆိုးဆုံးမ႐ွိျခင္း

ေ႐ႊေငြေတြ၊ အတန္းပညာေတြ၊ ရာထူးစည္းစိမ္ေတြ မ႐ွိလို႔ မေအာင္ျမင္တာ၊ ေကာင္းႀကီးမရတာလုံး၀မဟုတ္ဘူး။ အဲ့ဒါေတြမ႐ွိပဲ ထိပ္ဆုံးေရာက္ခဲ့တဲ့သူေတြအမ်ားႀကီး႐ွိခဲ့တယ္။ အခုလည္း အဲ့ဒါေတြမ႐ွိပဲ ေအာင္ျမင္ေနတဲ့ သူေတြအမ်ားႀကီးပဲ။ လူေတြက ေအာင္ျမင္မႈေတြမရတဲ့အခါမွာ၊ အခက္အခဲေတြနဲ႔ၾကဳံတဲ့အခါတိုင္းမွာ အေၾကာင္းျပခ်က္႐ွာေလ့႐ွိတာကေတာ့ ငါဘာေတြအားနည္းသလဲ၊ ဘာေတြမ႐ွိခဲ့လို႔လည္းစတဲ့အခ်က္ေတြပဲ။ တကယ္ေတာ့ ဘ၀ေအာင္ျမင္ျခင္း အရမ္းကို႐ိုး႐ွင္းပါတယ္။ ေအာင္ျမင္ျခင္းအ႐ွင္ျဖစ္တဲ့ ဘုရားကလြဲၿပီးေတာ့ သင့္ကိုေအာင္ျမင္ျခင္းေပးႏိုင္တဲ့သူတစ္ေယာက္မွမ႐ွိဘူး။ဒါကိုလူအခ်ိဳ႕ကပဲသိထားၿပီးေတာ့ လူအခ်ိဳ႕က နည္းနည္းမွကို မရိပ္မိၾကဘူး။ ေအာင္ျမင္ျခင္းနဲ႔ပတ္သက္တဲ့စာအုပ္ေတြ၊ သီအိုရီေတြ အမ်ားႀကီး႐ွိေပမယ့္ တကယ့္စစ္မွန္တဲ့ေအာင္ျမင္ျခင္းကေတာ့ ဘုရားေပးမွပဲ ရတာပါ။ ဘုရားမေပးရင္ ရစရာ၊ ေအာင္ျမင္စရာ ဘာအေၾကာင္းမွကိုမ႐ွိတာ။ ဒါဆိုရင္ ေမးခြန္းတစ္ခု႐ွိလာတယ္။ ဘုရားက ဘာကိုၾကည့္ၿပီးေတာ့ ေအာင္ျမင္ျခင္းကိုေပးတာလည္း။ ႐ွင္းပါတယ္ သူ႕ရဲ႕စိတ္နဲ႔ေတြ႕တဲ့ လူ ေပါ့။ ကြၽန္ေတာ္တို႔ေရာ အဲ့လိုပဲမဟုတ္လား။ အလုပ္ထဲမွာ စိတ္နဲ႔ေတြ႕တဲ့သူကို ရာထူးတိုးေပးတယ္။ လစာပိုေပးတယ္။ ေနရာေကာင္းေပးတယ္။ ဘုရားလည္း အဲ့ဒီအတိုင္းပါပဲ သူ႕စိတ္နဲ႔ ေတြ႕တဲ့လူေတြကိုအၿမဲတမ္း သူ႕မွာ႐ွိတဲ့ေအာင္ျမင္ျခင္း၊ ႂကြယ္၀ျခင္း ေတြကို အပ္ႏွင္းေလ့႐ွိတယ္။ ဒါေၾကာင့္လည္း ေလာကမွာ ေအာင္ျမင္သူေတြကို ေတြ႕ရင္ လူတခ်ိဳ႕က ေစာဒကတက္ၾကတယ္။ ဒီလိုလူ ဘာလို႔မ်ားေအာင္ျမင္ရလာတာလဲေပါ့။ သူတို႔ဘက္ကၾကည့္ရင္ ေအာင္ျမင္ႏိုင္စရာအလားအလာ လုံး၀ကိုမ႐ွိတာ။ ဒါေပမယ့္ ခက္တာက ဘုရားက လူေတြအျမင္၊ လူစိတ္နဲ႔ထိေတြ႕ျခင္းအေပၚမွာ ေ႐ြးတာမဟုတ္ပဲ သူ႕ ႏွလုံးသားနဲ႔ကိုက္တဲ့ သူကိုပဲေ႐ြးတယ္ဆိုတာပါပဲ။ ႏႈတ္ကပတ္ေတာ္ကေတာ့ ႐ိုး႐ွင္းစြာေဖၚျပထားတာကေတာ့ ဘုရားစိတ္နဲ႔ေတြ႕ဖို႔အတြက္ တျခားအရာေတြ၊ တျခားအရည္အခ်င္းေတြလုံး၀မဟုတ္ပဲ ယုံၾကည္ျခင္းတစ္ခုထဲ သာ႐ွိဖို႔ပါပဲ။ ယုံၾကည္ျခင္းမ႐ွိရင္ ဘုရားစိတ္ေတာ္နဲ႔လုံး၀ကိုမေတြ႕ႏိုင္ဘူး။ ယုံၾကည္ျခင္းကသာ ဘုရားကိုဆြဲေဆာင္ႏိုင္တဲ့ အရာပဲ။ ယုံၾကည္ျခင္း႐ွိတဲ့သူတစ္ေယာက္မွာ အျခားအရာေတြမ႐ွိရင္ေတာင္ ဘုရား အဲ့ဒီလူနဲ႔အတူတူ အလုပ္လုပ္ခ်င္တယ္။ ယုံၾကည္ျခင္းမ႐ွိရင္ေတာ့ တျခားအရာေတြ၊အရည္အခ်င္းေတြဘယ္ေလာက္႐ွိ႐ွိ ဘုရားကစိတ္ကိုမဝင္စားတာ။ ဒါေၾကာင့္လူတစ္ေယာက္ဆုံး႐ႈံးတာဟာ တျခားအရာေတြမ႐ွိလို႔မဟုတ္ပဲ ဘုရားကို အႂကြင္းမဲ့ ယုံတဲ့ယုံၾကည္ျခင္းမ႐ွိလို႔ပါပဲ။ တျခားအရာေတြဘယ္ေလာက္႐ွိ႐ွိ သင့္မွာ ယုံၾကည္ျခင္းမ႐ွိရင္ ဘုရားနဲ႔အတူတူ ေျခလွမ္းဖို႔ အာမခံခ်က္မ႐ွိဘူး။ ယုံၾကည္ျခင္းကသာ ဘုရားကို ဆြဲေဆာင္ႏိုင္တယ္ဆိုတာသိပါ။

0 views0 comments