- Than Min Htike
ယုံကြည် ခြင်း(၂)
“ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။” မဿဲ-၁၉:၂၆
အရာခပ်သိမ်းဘုရားတတ်နိုင်တယ်
ဒီအရာကတော့ လူတိုင်း သဘောတူနိုင်တဲ့အကြောင်းအရာပါပဲ။ ဘုရားလို့လက်ခံကတည်းက၊ ယုံ ကြည်ကတည်းကတော့ အားလုံးတတ်နိုင်လို့၊ အားလုံး ပြည့်စုံလို့ ဘုရား လို့အသိအမှတ်ပြုတာပေါ့လို့ ပြောကြလိမ့်မယ်။ ဟုတ်ပါတယ် ဘုရားဆိုတာ လူတွေထက်
ပိုပြီးမြင့်မြတ်ပြီးတော့ သူမတတ်နိုင်တာ၊ သူမလုပ်နိုင်တာ ဘာဆိုဘာမှ မရှိတာပါ။ ဟိုဟာမလုပ်နိုင် ဒီဟာမလုပ်နိုင် ဆိုမှတော့ဘယ်လိုလို့ ဘုရားဖြစ်နေအုံးမှာလဲ။ လူတွေ မလုပ်နိုင်တဲ့အမှုအရာခပ်သိမ်းကို သူတတ်နိုင်တယ်၊ ဖြေရှင်းနိုင်တယ်။ ကျွန်တော်တို့လိုအပြစ်သားတွေကို အခြားဘယ်သူမှ မချစ်နိုင်လည်း သူကချစ်နိုင်တယ်။ နောက်ပြီးတော့ ငရဲကနေ ဘယ်လိုမှ မလွတ်နိုင်ဘူး ဒါကိုလည်း သူက ဖြေရှင်းပေးတယ်။ နောက်ဆုံးကောင်းကင်နိုင်ငံလို ဘယ်လိုမှ မရောက်နိုင်တဲ့နေရာကိုလည်းသူက မထိုက်တန်တဲ့လူသားတွေကိုဝင်ရောက်နိုင်ဖို့လုပ်ပေးတယ်။ နောက်ဆုံးအသက်ရှင်စဉ်မှာ လိုအပ်တဲ့ အရာအားလုံးကိုလည်း သူကတာဝန်ယူပြီးတော့ ထောက်ပံ့ပေးသေးတယ်။ ဘယ်လောက်တောင် ကောင်းလိုက်လည်း
ကြည့်။ ဒါကြောင့်ဒီနေ့ အသက်ရှင် နေရခြင်းရဲ့တစ်ခုတည်းသော အကြောင်းအရင်းကို ကြည့်မယ်ဆိုရင် သေချာတာတစ်ခုကတော့ ဘုရားကြောင့်ဆိုတာ ငြင်းစရာလုံး၀မရှိဘူး။သူတတ်စွမ်းလို့ သူ့မစပေးမှုကြောင့် ပေါ့။
"ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းတတ်နိုင်တယ်
ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှု မရှိ။-” မဿဲ ၁၇:၂၀
ဒီအရာကတော့ လူအချို့အတွက် ပြဿနာဖြစ်လာပြီလို့ထင်တယ်။ အထက်ကဘုရားအားလုံးတတ်နိုင်ဆိုတာကိုတော့ငြင်းစရာမရှိ အကြွင်းမဲ့လက်ခံနိုင်ပေမယ့် အရာခပ်သိမ်းကိုတတ်နိုင်တဲ့ဘုရားကို ယုံကြည်တဲဲ့သူတစ်ယောက်အသက်တာမှာ အရာခပ်သိမ်းကိုတတ်
နိုင်တယ်လို့ မယုံနိုင်တဲ့သူတွေအများကြီးရှိတယ်။ တကယ်တော့ မလုပ်နိုင်တာမဟုတ်ပါဘူး မယုံနိုင်တာပါ။ လူတွေက ဘုရားအရာခပ်သိမ်းတတ်နိုင်တာကိုတော့ လက်ခံကြပေမယ့် ဘုရားကိုယုံတဲ့သူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကိုတော့ လက်မခံနိုင်ကြတာလောက်ဝမ်းနည်း စရာကောင်းတာအခြားမရှိတော့ပါဘူး။ ဘုရားကအကန့်အသတ်မဲ့ လုပ်နိုင်စွမ်းရှိသလိုမျိုးပဲ အဲ့ဒီဘုရားကိုယုံတဲ့သူအသက်တာမှာလည်း အကန့်အသတ်တွေ
ကိုကျော်လွန်နိုင်တယ်။ ဘုရားကသူ့ကိုယုံကြည်သူတွေရဲ့အထဲကနေ အလုပ်လုပ်ချင်တဲ့ဘုရားပါ။ဘုရားအလုပ်လုပ်ဖို့အတွက်ယုံကြည်ခြင်းတစ်ခုပဲလိုပါတယ်။ ဘယ်လောက်ကြီးတဲ့ကိစ္စလည်း ဘုရားကစိတ်မဝင်စားဘူး။ ဘယ်လောက်ယုံကြည်ခြင်း ကြီးမားလည်းပဲဘုရားကစိတ်ဝင်စားတာပါ။ ဒါကြောင့်သေးသေးလေးယုံကြည်ခြင်းကတောင် ကြီးမားတဲ့တောင်တွေကိုရွှေ့ပစ်လို့ရတယ်လို့ဆိုတဲ့ဘုရားက သူ့ကိုအကြွင်းမဲ့ယုံကြည်သူတစ် ယောက်ဟာ ဘာမဆိုလုပ်နိုင်ဖို့ ဖြစ်စေမယ်ဆိုတာသေ ချာတာပေါ့။ ဒါကြောင့် ဘုရားကို ယုံပါ သင့်အသက်တာမှာ ဘယ်အရာမဆို လုပ်နိုင်မယ်၊ ကျော်လွှားနိုင်မယ်။

Zawgyi
ယုံၾကည္ ျခင္း(၂)
“ေယ႐ႈသည္လည္း သူတို႔ကိုၾကည့္႐ႈ၍ ဤအမႈကို လူမတတ္ႏိုင္။ သို႔ေသာ္လည္း ဘုရားသခင္သည္ ခပ္သိမ္းေသာ အမႈတို႔ကို တတ္ႏိုင္ေတာ္မူသည္ဟု မိန္႔ေတာ္မူ၏။” မႆဲ-၁၉:၂၆
အရာခပ္သိမ္းဘုရားတတ္ႏိုင္တယ္
ဒီအရာကေတာ့ လူတိုင္း သေဘာတူႏိုင္တဲ့အေၾကာင္းအရာပါပဲ။ ဘုရားလို႔လက္ခံကတည္းက၊ ယုံ ၾကည္ကတည္းကေတာ့ အားလုံးတတ္ႏိုင္လို႔၊ အားလုံး ျပည့္စုံလို႔ ဘုရား လို႔အသိအမွတ္ျပဳတာေပါ့လို႔ ေျပာၾကလိမ့္မယ္။ ဟုတ္ပါတယ္ ဘုရားဆိုတာ လူေတြထက္
ပိုၿပီးျမင့္ျမတ္ၿပီးေတာ့ သူမတတ္ႏိုင္တာ၊ သူမလုပ္ႏိုင္တာ ဘာဆိုဘာမွ မ႐ွိတာပါ။ ဟိုဟာမလုပ္ႏိုင္ ဒီဟာမလုပ္ႏိုင္ ဆိုမွေတာ့ဘယ္လိုလို႔ ဘုရားျဖစ္ေနအုံးမွာလဲ။ လူေတြ မလုပ္ႏိုင္တဲ့အမႈအရာခပ္သိမ္းကို သူတတ္ႏိုင္တယ္၊ ေျဖ႐ွင္းႏိုင္တယ္။ ကြၽန္ေတာ္တို႔လိုအျပစ္သားေတြကို အျခားဘယ္သူမွ မခ်စ္ႏိုင္လည္း သူကခ်စ္ႏိုင္တယ္။ ေနာက္ၿပီးေတာ့ ငရဲကေန ဘယ္လိုမွ မလြတ္ႏိုင္ဘူး ဒါကိုလည္း သူက ေျဖ႐ွင္းေပးတယ္။ ေနာက္ဆုံးေကာင္းကင္ႏိုင္ငံလို ဘယ္လိုမွ မေရာက္ႏိုင္တဲ့ေနရာကိုလည္းသူက မထိုက္တန္တဲ့လူသားေတြကိုဝင္ေရာက္ႏိုင္ဖို႔လုပ္ေပးတယ္။ ေနာက္ဆုံးအသက္႐ွင္စဥ္မွာ လိုအပ္တဲ့ အရာအားလုံးကိုလည္း သူကတာဝန္ယူၿပီးေတာ့ ေထာက္ပံ့ေပးေသးတယ္။ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္လည္း
ၾကည့္။ ဒါေၾကာင့္ဒီေန႔ အသက္႐ွင္ ေနရျခင္းရဲ႕တစ္ခုတည္းေသာ အေၾကာင္းအရင္းကို ၾကည့္မယ္ဆိုရင္ ေသခ်ာတာတစ္ခုကေတာ့ ဘုရားေၾကာင့္ဆိုတာ ျငင္းစရာလုံး၀မ႐ွိဘူး။သူတတ္စြမ္းလို႔ သူ႕မစေပးမႈေၾကာင့္ ေပါ့။
"ယုံၾကည္ေသာသူျဖစ္လွ်င္ အရာခပ္သိမ္းတတ္ႏိုင္တယ္
ယုံၾကည္ျခင္း႐ွိလွ်င္ သင္တို႔မတတ္ႏိုင္ေသာအမႈ မ႐ွိ။-” မႆဲ ၁၇:၂၀
ဒီအရာကေတာ့ လူအခ်ိဳ႕အတြက္ ျပႆနာျဖစ္လာၿပီလို႔ထင္တယ္။ အထက္ကဘုရားအားလုံးတတ္ႏိုင္ဆိုတာကိုေတာ့ျငင္းစရာမ႐ွိ အႂကြင္းမဲ့လက္ခံႏိုင္ေပမယ့္ အရာခပ္သိမ္းကိုတတ္ႏိုင္တဲ့ဘုရားကို ယုံၾကည္တဲဲ႕သူတစ္ေယာက္အသက္တာမွာ အရာခပ္သိမ္းကိုတတ္
ႏိုင္တယ္လို႔ မယုံႏိုင္တဲ့သူေတြအမ်ားႀကီး႐ွိတယ္။ တကယ္ေတာ့ မလုပ္ႏိုင္တာမဟုတ္ပါဘူး မယုံႏိုင္တာပါ။ လူေတြက ဘုရားအရာခပ္သိမ္းတတ္ႏိုင္တာကိုေတာ့ လက္ခံၾကေပမယ့္ ဘုရားကိုယုံတဲ့သူတစ္ေယာက္ရဲ႕ လုပ္ႏိုင္စြမ္းကိုေတာ့ လက္မခံႏိုင္ၾကတာေလာက္ဝမ္းနည္း စရာေကာင္းတာအျခားမ႐ွိေတာ့ပါဘူး။ ဘုရားကအကန္႔အသတ္မဲ့ လုပ္ႏိုင္စြမ္း႐ွိသလိုမ်ိဳးပဲ အဲ့ဒီဘုရားကိုယုံတဲ့သူအသက္တာမွာလည္း အကန္႔အသတ္ေတြ
ကိုေက်ာ္လြန္ႏိုင္တယ္။ ဘုရားကသူ႕ကိုယုံၾကည္သူေတြရဲ႕အထဲကေန အလုပ္လုပ္ခ်င္တဲ့ဘုရားပါ။ဘုရားအလုပ္လုပ္ဖို႔အတြက္ယုံၾကည္ျခင္းတစ္ခုပဲလိုပါတယ္။ ဘယ္ေလာက္ႀကီးတဲ့ကိစၥလည္း ဘုရားကစိတ္မဝင္စားဘူး။ ဘယ္ေလာက္ယုံၾကည္ျခင္း ႀကီးမားလည္းပဲဘုရားကစိတ္ဝင္စားတာပါ။ ဒါေၾကာင့္ေသးေသးေလးယုံၾကည္ျခင္းကေတာင္ ႀကီးမားတဲ့ေတာင္ေတြကိုေ႐ႊ႕ပစ္လို႔ရတယ္လို႔ဆိုတဲ့ဘုရားက သူ႕ကိုအႂကြင္းမဲ့ယုံၾကည္သူတစ္ ေယာက္ဟာ ဘာမဆိုလုပ္ႏိုင္ဖို႔ ျဖစ္ေစမယ္ဆိုတာေသ ခ်ာတာေပါ့။ ဒါေၾကာင့္ ဘုရားကို ယုံပါ သင့္အသက္တာမွာ ဘယ္အရာမဆို လုပ္ႏိုင္မယ္၊ ေက်ာ္လႊားႏိုင္မယ္။