Search
  • Than Min Htike

ယုံကြည်ခြင်း (၂)

ယနေ့ပင်ငါနဲ့အတူရှိမယ်

"သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသော အခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု ယေရှုကိုလျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။" (လု၂၃:၄၂-၄၃)

ယေရှုနဲ့အတူကားတိုင်တက်ခဲ့တဲ့ဘေးကသူခိုးနဲ့ ဓားပြကို မှတ်မိကြမယ်လို့ထင်တယ်။ တစ်ယောက်က တော့ ယေရှုကို ပြက်ယယ်ပြုခဲ့ပြီး တစ်ယောက်ကတော့ နိုင်ငံတော်တည်ပြီးကြွလာရင် သူ့ကို အောက်မေ့ဖို့ ယုံကြည်ခြင်းနဲ့ဆိုတယ်။ တကယ်တော့ သူနဲ့ အတူတူ ကားတိုင်ပေါ်မှာ ချိတ်ဆွဲခံရတာမဟုတ်ဘူးလား ကိုယ့် ဟာကိုယ်တောင် အနိုင်နိုင် ဖြစ်နေတဲ့သူကိုဘာလို့များ အကူအညီတောင်းရတာလဲလို့ မေးစရာရှိပါတယ်။ သူ့ရဲ့ အမြင်က တခြားလူတွေလို မဟုတ်ဘူး ယုံကြည်ခြင်းနဲ့ မြင်တာ၊ ကျမ်းတတ်တွေကတောင် ကားတိုင်တင် လိုက်

ရင် အဆုံးသတ်သွားမယ် လို့ထင်ခဲ့တာ၊ စာတန်တောင် ယေရှုကို ကားတိုင်မှာ အဆုံးသတ်ဖို့ကြံစည်ခဲ့တာ။ ဒီ လူဆိုးကြီးကတော့ ယုံကြည်ခြင်းနဲ့ နိုင်ငံတော်တည် ထောင်ခြင်းကာလအထိ သူက မြင်ခဲ့တယ်။ ယုံကြည်ခြင်း ဆိုတာက မျက်စိနဲ့မြင်နိုင်သလောက်ပဲ မဟုတ်ဘူး

မျက်စိနဲ့ မမြင်နိုင်တဲ့ အထိ မြင်တတ်ခြင်းပါ။


ဖြစ်လာမယ့်အဆိုးတွေ အားလုံးမှ

ဒီလူဆိုးကြီးက အပြစ်ကြောင့် လောကရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ခံရတယ်။ ဒါတင်မကဘူး နောင်တမလွန်မှာလည်း ဘုရားရဲ့စီရင်ခြင်းကို ကြုံရအုံးမှာ။ ဒါပေမယ့် သူ့ရဲ့ယုံကြည်ခြင်းက သူကြုံရမယ့် အဆိုးဆုံးအရာ

တွေကို မကြုံရပဲ ဘုရား ပြင်ဆင်ထားတဲ့ သူ့ရဲ့ ကြိုးစားမှုနဲ့ မရောက်နိုင်တဲ့ ပရဒိသုဘုံကို ယေရှုနဲ့အတူဝင်ရောက်ခွင့် ရခဲ့တယ်။ ဘယ်လောက်များအံ့ဩစရာကောင်းလိုက်

သလဲ။ သင့်အသက်တာမှာလည်း ဒီအတိုင်းပါပဲအနာဂတ်မှာ ကြိုးစားမှုနဲ့ မရောက်နိုင်တဲ့ကောင်းကင်နိုင်ငံကိုရော လောကမှာအသက်ရှင်စဉ်မှာလည်း အမြင့်ဆုံး အောင် မြင်မှုကို ရရှိခံစားနိုင်တယ်။ လိုအပ်တာက ယုံကြည်ခြင်းပါပဲ။



Zawgyi

ယုံၾကည္ျခင္း (၂)

ယေန႔ပင္ငါနဲ႔အတူ႐ွိမယ္

"သခင္၊ ကိုယ္ေတာ္သည္ ႏိုင္ငံေတာ္တည္လ်က္ ႂကြလာေတာ္မူေသာ အခါ အကြၽႏ္ုပ္ကိုေအာက္ေမ့ေတာ္မူပါဟု ေယ႐ႈကိုေလွ်ာက္ဆို၏။ ေယ႐ႈကလည္း၊ ငါအမွန္ဆိုသည္ကား၊ ယေန႔တြင္သင္သည္ငါႏွင့္အတူ ပရဒိသုဘုံ၌ ႐ွိလိမ့္မည္ ဟုမိန္႔ေတာ္မူ၏။" (လု၂၃:၄၂-၄၃)

ေယ႐ႈနဲ႔အတူကားတိုင္တက္ခဲ့တဲ့ေဘးကသူခိုးနဲ႔ ဓားျပကို မွတ္မိၾကမယ္လို႔ထင္တယ္။ တစ္ေယာက္က ေတာ့ ေယ႐ႈကို ျပက္ယယ္ျပဳခဲ့ၿပီး တစ္ေယာက္ကေတာ့ ႏိုင္ငံေတာ္တည္ၿပီးႂကြလာရင္ သူ႕ကို ေအာက္ေမ့ဖို႔ ယုံၾကည္ျခင္းနဲ႔ဆိုတယ္။ တကယ္ေတာ့ သူနဲ႔ အတူတူ ကားတိုင္ေပၚမွာ ခ်ိတ္ဆြဲခံရတာမဟုတ္ဘူးလား ကိုယ့္ ဟာကိုယ္ေတာင္ အႏိုင္ႏိုင္ ျဖစ္ေနတဲ့သူကိုဘာလို႔မ်ား အကူအညီေတာင္းရတာလဲလို႔ ေမးစရာ႐ွိပါတယ္။ သူ႕ရဲ႕ အျမင္က တျခားလူေတြလို မဟုတ္ဘူး ယုံၾကည္ျခင္းနဲ႔ ျမင္တာ၊ က်မ္းတတ္ေတြကေတာင္ ကားတိုင္တင္ လိုက္

ရင္ အဆုံးသတ္သြားမယ္ လို႔ထင္ခဲ့တာ၊ စာတန္ေတာင္ ေယ႐ႈကို ကားတိုင္မွာ အဆုံးသတ္ဖို႔ၾကံစည္ခဲ့တာ။ ဒီ လူဆိုးႀကီးကေတာ့ ယုံၾကည္ျခင္းနဲ႔ ႏိုင္ငံေတာ္တည္ ေထာင္ျခင္းကာလအထိ သူက ျမင္ခဲ့တယ္။ ယုံၾကည္ျခင္း ဆိုတာက မ်က္စိနဲ႔ျမင္ႏိုင္သေလာက္ပဲ မဟုတ္ဘူး

မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ အထိ ျမင္တတ္ျခင္းပါ။


ျဖစ္လာမယ့္အဆိုးေတြ အားလုံးမွ

ဒီလူဆိုးႀကီးက အျပစ္ေၾကာင့္ ေလာကရဲ႕ အျမင့္ဆုံးျပစ္ဒဏ္ကို ခံရတယ္။ ဒါတင္မကဘူး ေနာင္တမလြန္မွာလည္း ဘုရားရဲ႕စီရင္ျခင္းကို ၾကဳံရအုံးမွာ။ ဒါေပမယ့္ သူ႕ရဲ႕ယုံၾကည္ျခင္းက သူၾကဳံရမယ့္ အဆိုးဆုံးအရာေတြကို မၾကဳံရပဲ ဘုရား ျပင္ဆင္ထားတဲ့ သူ႕ရဲ႕ ႀကိဳးစားမႈနဲ႔ မေရာက္ႏိုင္တဲ့ ပရဒိသုဘုံကို ေယ႐ႈနဲ႔အတူဝင္ေရာက္ခြင့္ ရခဲ့တယ္။ ဘယ္ေလာက္မ်ားအံ့ဩစရာေကာင္းလိုက္

သလဲ။ သင့္အသက္တာမွာလည္း ဒီအတိုင္းပါပဲအနာဂတ္မွာ ႀကိဳးစားမႈနဲ႔ မေရာက္ႏိုင္တဲ့ေကာင္းကင္ႏိုင္ငံကိုေရာ ေလာကမွာအသက္႐ွင္စဥ္မွာလည္း အျမင့္ဆုံး ေအာင္ ျမင္မႈကို ရ႐ွိခံစားႏိုင္တယ္။ လိုအပ္တာက ယုံၾကည္ျခင္းပါပဲ။

6 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube