- Than Min Htike
ယုံကြည် ခြင်း(၃)
ယုံကြည်ခြင်းဘယ်လိုရနိုင်မလဲ
ယုံကြည်ခြင်းဆိုတာ ကောင်းကင်နိုင်ငံရဲ့ ငွေကြေး လို့ ပြောလို့ရတယ်။ လောကမှာ ငွေရှိရင် ကိုယ်နှစ်သက်တဲ့အရာကို ရယူနိုင်သလို ဝိညာဉ်လောကမှာတော့ယုံ ကြည်ခြင်းရှိရင် ရယူနိုင်တယ်။ ဘုရားက အရည်အချင်းရှိတဲ့သူထက်၊ ငွေရှိတဲ့သူထက် ယုံကြည်ခြင်းရှိတဲ့သူကိုပဲသဘောကျတယ် အသုံးပြုတယ်။ သိထားဖို့ကတော့ ယုံကြည်ခြင်းဆိုတာက မွေးရာပါ တစ်ခုတော့လုံး၀ မဟုတ်သလို၊အလိုလို ဖြစ်တည်လာတဲ့အရာလည်းမဟုတ်ဘူး။ အသက်တာမှာ လိုအပ်တဲ့ယုံကြည်ခြင်းကို ရရှိနိုင်တဲ့နည်းလမ်းတွေတော့ရှိတယ်။
နှုတ်ကပတ်တော်ကိုကြားနာခြင်းမှ
“သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။-”ရောမ ၁၀:၁၇
တမန်တော်ကြီးရှင်ပေါလုကတော့ ယုံကြည်ခြင်းကိုရချင်ရင် နှုတ်ကပတ်တော်ကို ကြားနာဖို့လိုတယ်လို့ ဆိုတယ်။ နှုတ်ကပတ်တော်က အခြေအနေနဲ့မဆိုင်တဲ့ ဘုရားသခင်ရဲ့သဘာ၀လွန်လုပ်ရပ်များကိုဖေါ်ပြတဲ့တစ်ခုတည်းသော စာအုပ်ပါ။ အဲ့ဒီနှုတ်ကပတ်တော်ကို ကြား နာလေလေ၊ဖတ်ရှုလေလေ သင့်အထဲမှာ အခြေအနေနဲ့မဆိုင်တဲ့ ယုံကြည်ခြင်းက စတင် သန္ဓေတည်လာမှာပါ။ တန်ခိုးပါတဲ့နှုတ်ကပတ်တော်ကပဲ တန်ခိုး ဖြစ်စေတဲ့ယုံကြည်ခြင်းကို မွေးဖွားပေးတယ်။ ဒါကြောင့်နှုတ်က ပတ်တော်ကို များများနားထောင်လေလေ၊ ဖတ်ရှုလေလေ အသက်တာထူးခြားလာတာပါ။
ယေရှုခရစ်တော်ကိုစေ့စေ့ကြည်ရှု့ခြင်းအားဖြင့်
“ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏။-” ဟေဗြဲ ၁၂:၂
နောက်ယုံကြည်ခြင်းကိုဖြစ်စေတဲ့အရာကတော့ ကျွန်တော်တို့ကိုငရဲကကယ်တင်ပြီးတော့နေ့စဉ်အသက်တာမှာကောင်းကြီးခံစားစေခဲ့တဲ့ ယေရှုခရစ်တော်ကိုစေ့စေ့ကြည့်ရှု့ခြင်းအားဖြင့်ရနိုင်ပါတယ်။ လူတွေကိုကြည့်ရင်၊ အမှုတော်ဆောင်တွေကိုကြည့်ရင်တော့ယုံကြည်ခြင်း လမ်းလွဲနိုင်တယ်။ ဘယ်လူသားကမှမစုံလင်ပါဘူး။ ဒါကြောင့် တချို့သောသူတွေ ယုံကြည်ခြင်းပျက်သွားတာဟာ လူတွေကိုသွားကြည့်မိတတ်ပြီးတော့ သူတောင် ဒီလိုလုပ်တာပဲဆိုတဲ့ စိတ်ဝင်သွားတဲ့အခါမှာတော့ ယုံကြည်ခြင်းပျောက်သွားတတ်တယ်။ ပြောင်းလဲကာစမှာ ကျွန်တော်လည်း အများကြီးကြုံရတယ်။ သူတောင် ဒီလောက်မဆုတောင်းတာ၊သူတောင် အစာမရှောင်တာ သူတောင်ဒါမျိုးတွေလုပ်တာဆိုတဲ့ အားနည်းချက်တွေကိုကြည့်ပြီးတော့ပိုမိုဆပ်ကပ်မယ့်အစား စိတ်ဓါတ်ကျသွားတတ်တာမနည်းဘူး။ တကယ်တော့ ယုံကြည်ခြင်းကိုဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်စေ့စေ့ကြည့်ရမယ့်တစ်ခုတည်းသောသူဟာ သခင်ယေရှုခရစ်တော်ပဲ၊ သူဟာ ယုံကြည်ခြင်းကိုအစအဦးစီရင်သူပါ။ သူ့ကိုကြည့်ရင်သေချာပေါက် အသက်တာမှာ ယုံကြည်ခြင်းတိုးတက်လာမှာသေချာတယ်။
သန့်ရှင်သောဝိညာဉ်တော်အားဖြင့်
“ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပတ္ထနာပြုလျက်၊-”ယုဒ ၁:၂၀
သန့်ရှင်းသောဝိညာဉ်တော်နဲ့အတူအသက်ရှင်ခြင်း၊ ဆုတောင်းခြင်းက အသက်တာမှာလိုအပ်တဲ့ယုံကြည်ခြင်းကိုတည်ဆောက်နေတယ်ဆိုတာ လူအချို့ပဲ နားလည်တယ်။ တချို့ဆို သန့်ရှင်းသောဝိညာဉ်တော်ကို လက်တောင်မခံကြဘူး။ ဝမ်းနည်းစရာပဲ။ တစ်ခါတလေ ကျွန်တော်ကိုယ်တိုင်တချို့ကိစ္စတွေအတွက် ယုံကြည်ခြင်း မရှိနိုင်တဲ့အချိန်တွေအများကြီးရှိတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ အချိန်ယူပြီးတော့ဆုတောင်းတဲ့အခါမှာ ဘယ်လိုမှ မယုံနိုင်တဲ့ အရာတွေကို ယုံနိုင်တဲ့အရာကိုသူက ပေးလာတယ်။ ဆုကျေး ဇူး (၉) မျိုးထဲမှာလည်း ယုံကြည်ခြင်းက ဆုကျေးဇူးအနေနဲ့ ပါတယ်မဟုတ်လား။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်၀တဲ့သူတွေကအသက်တာကိုကြည့်ရင် ယုံကြည်ခြင်းကိုတွေ့နိုင်တယ်။ ဒါကြောင့် ယုံကြည်ခြင်းဆိုတာ မရနိုင်တာမဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ အသက်ရှင်လျှောက်လှမ်းတဲ့သူတွေအသက်တာမှာ အမြဲတမ်း မြင်တွေ့နေရတဲ့ အရာပါပဲ။

Zawgyi