Search
  • Than Min Htike
ယုံကြည်ခြင်း (၃)
(ယုံကြည်ခြင်းတခုသာရှ်ိပါ)
"ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်း စိတ်တခုသာရှိစေလော့ဟု တရားစရပ်မှူးအားချက်ခြင်း မိန့်တော်မူ၏။"(မာကု-၅:၃၆)
မျှော်လင့်စရာ ဘာမှမရှိပဲ အရာရာအားလုံးဆုံးရှုံးသွားတာကို သင်ကြုံနေရလား။ သင့်ဘဝရဲ့အကောင်းဆုံးသောအရာတွေ မရှိတော့ဘူးလို့များ သင်ထင်သလား။ ပြဿနာတွေကိုရင်ဆိုင်ဖို့ ဘာဆိုဘာမှမရှိတော့တဲ့ အခြေ အနေနဲ့ သင်ရင်ဆိုင်နေရသလား။ အရာရာ ပြန်ရဖို့ သင့်ဆီမှာ ဘာဆိုဘာမှ မရှိတော့ဘူးလို့ သင်ထင်နေသလား။ယေရှုက ယာဣရုကိုပြောတဲ့စကားလေးကတော့ယုံကြည် ခြင်းစိတ်တခုသာရှိပါ။ အဲ့ဒီအချိန်ဟာ ယာဣရု ဘဝရဲ့ အမှောင်ဆုံးအချိန်ပဲ သူရဲ့ အချစ်ဆုံးသမီးအတွက် ဘာမဆိုသူလုပ်ခဲ့‌ပေမယ့် ဘာမှမဖြစ်လာပဲ နောက်ဆုံးယေရှုကို
ခေါ်လာတဲ့အချိန်မှ အလာကောင်းပေမယ့် အခါနှောင်း သွားသလို သမီးက ဆုံးပါးသွားခဲ့ပြီ။ သူ့ဘဝမှာ ဘာဆိုဘာမှမရှိတော့သလိုခံစားနေရတဲ့ အချိန်။ အသက်ဆက်ရှင်ဖို့စိတ်တောင်ကုန်ဆုံးပြီး အရုပ်ကြိုးပျက်သလိုပါပဲ၊
အဲ့ဒီအချိန်မှာ ယေရှုပြောတဲ့စကားကတော့အရာရာကိုပြန်ရဖို့၊ သင့်အိမ်မက်တွေ အကောင်အထည်ဖေါ်ဖို့၊ သင်အ ချစ်ဆုံးအရာတွေပြန်ရဖို့နောက်မကျသေးဘူး။ ယုံကြည် ခြင်းတခုပဲရှိဖို့လိုတယ်။
ယုံကြည်ခြင်းတခုကပဲ သေနေတဲ့အရာတွေတောင် ပြန်ရှင်စေလိမ့်မယ်။ ဆုံးရှုံးသွားရင်တောင်ပြန်ရမယ်။ မဖြစ်နိုင်တာတွေ ဖြစ်လာလိမ့်မယ်။ ကျန်တာတွေ ဆုံးရှုံးချင်ဆုံးရှုံး ယုံကြည်ခြင်းတော့ မစွန့်လိုက်နဲ့ ယုံကြည်နေသရွေ့ နောက်ကျတယ်ဆိုတာမရှိဘူး။ မဖြစ်နိုင်တော့ဘူး
ဆိုတာမရှိဘူး။ ယာဣရု သေနေတဲ့သမီး အသက်ပြန်ရှင် လာတယ်။ ယုံကြည်ခြင်းကသေနေတဲ့ အရာတွေကို၊ မဖြစ်နိုင်တာတွေကိုဖြစ်စေတဲ့ တခုတည်းသောသော့ချက်။
ယုံကြည်ခြင်းရှိသေးရင် သင့်အလှည့် ရှိသေးတယ်ဆိုတာ မမေ့နဲ့။
Zawgyi
ယုံကြည်ခြင်း (၃)
(ယုံကြည်ခြင်းတခုသာရှိပါ)
5 views
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube