Search
  • Than Min Htike

ယုံကြည်ခြင်း (၄)


“ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့​ဟု တ​ရား​ဇ​ရပ်​မှူး​အား ချက်​ချင်း​မိန့်​တော်​မူ၏။-” မာကု ၅:၃၆


ဘာမှမရှိတော့ဘူးလား

ဒီလိုအတွေး ဒီလိုခံစားချက်မျိုးဝင်လာရင် အမှောင်ထုကြီးဖုံးလွှမ်းသလိုခံစားတယ်။ ရှေ့ဆက်ဖို့လည်း အားမရှိတော့သလို၊ ဘာဆိုဘာမှ မဖြစ်နိုင်တော့ဘူးလို့ပဲ စိတ်လျော့ လိုက်ချင်တော့တယ်။ ထွက်မြောက်ရာလမ်းကို ဘယ်လိုရှာရှာမတွေ့ နိုင်တော့သလိုပဲခံစားတယ်။ ဘယ် လောက်ကြိုးစားကြိုးစားအရာမထင်ခဲ့သလို ဖြစ်ပြီးတော့ ဘာဆက်လုပ်ရမှန်းကိုမသိတဲ့အချိန်ပဲလို့တွေးမိတယ်။ တကယ်တော့ ယုံကြည်ခြင်း(Faith)ရဲ့အဓိက ရန်သူကတခြားအရာမဟုတ်ဘူး ခံစားချက်ပဲ(Feeling)။ ခံစားချက်တွေနောက်ကိုသာ သင်လိုက်နေမယ်ဆိုရင် ဘယ်တော့မှ ဘုရားအလုပ်လုပ်လို့ရတဲ့ ယုံကြည်ခြင်းကိုသင့်ဘ၀မှာ တွေ့ရမှာမဟုတ်ဘူး။ ကျွန်တော်လည်းမှားယွင်းတဲ့ အတွေးတွေအောက်မှာ ချောင်ပိတ်မိဖူးတယ်။ အောင်မြင်တဲ့သူတွေကိုကြည့် ကိုယ့်ဟာကိုပြန်ကြည့်နဲ့သူတို့လို ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။ ကိုယ့်မှာရှိတဲ့အရာတွေက အားလုံး နောက်ဆုံးအချိန်ရောက်နေသလိုပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ပဲ။ ဘယ်အချိန် ကိုယ့်ဆီကနေနှုတ်ဆက်သွားမလည်းဆိုတာ စိတ်တထင့်ထင့်နဲ့ထိုင်စောင့်နေရတယ်။ ဒါတွေကိုသာကြည့်မယ်၊ ဒါတွေကိုသာ အာရုံစိုက်မယ်ဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာစရာအကြောင်းမရှိဘူး။


ယုံကြည်ခြင်းတစ်ခုသာရှိပါ

တရားဇရပ်မှူးကြီးယာဣရု နာမည်ဂုဏ်သတင်းရော၊ ငွေကြေးရာထူးရော အသင့်အတင့်တောင့်တင်းတဲ့သူ။ ဒီလိုလူမျိုးတွေဆီကိုတောင် တစ်ခါတစ်လေ ရုန်းထွက်လို့မရတဲ့ အခြေအနေဆိုးတွေကိုက ရောက်လာတတ်တယ်။ သူ့ရဲ့အချစ်ဆုံးသမီး မျှော်လင့်စရာမရှိပဲ ဆရာဝန်တွေ လက်လျော့ချိန်ရောက်လာတယ်။ ဘယ်လောက်များအမှောင်ဖုံးသလိုခံစားရမလဲ။ နောက်ဆုံး ရေနစ်သူအတွက် မြက်ပင်လေးတစ်ပင်ကို ဆွဲသလို ယေရှုဆီကို သူရောက်လာတယ်။ အရှေ့မှာပြပ်ဝပ်လိုက်ပြီးတော့ သူ့သမီးကို ကျန်းမာခြင်းပေးဖို့တောင်းဆိုတယ်။ ယေရှုက သူ့ရဲ့တောင်းဆိုမူကို မငြင်းဘူး သူ့နောက်ကို လိုက်သွားတယ်။ ငွေကြေးတွေနဲ့ ရာထူးတွေက မပေးနိုင်တဲ့မျှော်လင့်ခြင်းက ယေရှုဆီကနေ သူရလာတယ်။ သူနေတဲ့နေရာ နဲ့မနီးမဝေးမှာ သတင်းဆိုးတစ်ခုက ဆီးကြိုနေလေရဲ့။ သမီးသေပြီ ဒီလောက်ဆိုးတဲ့သတင်း ဘယ်မှာရှိအုံးမှာလဲ။ သမီးအသက်ရှင်ဖို့ ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ထားတာ အခုကတော့ ယေရှုလက်ကိုဆွဲကိုင်ပြီးတော့ မျှော်လင့်ချက်အပြည့်နဲ့ လာတာ အရာရာအားလုံးရိုက်ချိုးခံရသလိုပါပဲ။ ဒါပေမယ့် မမျှော်လင့်တဲ့ စကားယေရှုဆီကနေထွက်ပေါ်လာတယ်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိပါ။ သွားပြီလို့၊ ဘာမှ ဖြစ်လာစရာမရှိတော့ဘူးလို့သူထင်နေတဲ့အချိန်မှာပဲ ယုံကြည်ခြင်းရှိသေးရင် မျှော်လင့်စရာ အကြောင်းရှိသေးဆိုတာ ယေရှုက သတိပေးလိုက်တယ်။ ယေရှုလည်းအိမ်ရောက်ရော သူ့သမီးကို ထဖို့အမိန့်တချက်က အမှောင်လောကကြီးမှာ မီးဖွင့်လိုက်သလိုပါပဲ အားလုံးလင်းလက်ကုန်တယ်။ ဘယ်လောက်မှောင်မှောင် ယုံကြည်ခြင်းရှိမယ်ဆိုရင် မျှော်လင့်ခြင်းအလင်းရောင်ရှိပါသေးတယ်။ နောက်ကျသွားပြီဆိုတာလည်း မရှိသလို

မဖြစ်နိုင်တော့ဘူးဆိုတာလည်းမရှိပါဘူး။





Zawgyi

ယုံကြည်ခြင်း (၄)

“ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။-” မာကု ၅:၃၆


ဘာမှမရှိတော့ဘူးလား

ဒီလိုအတွေး ဒီလိုခံစားချက်မျိုးဝင်လာရင် အမှောင်ထုကြီးဖုံးလွှမ်းသလိုခံစားတယ်။ ရှေ့ဆက်ဖို့လည်း အားမရှိတော့သလို၊ ဘာဆိုဘာမှ မဖြစ်နိုင်တော့ဘူးလို့ပဲ စိတ်လျော့ လိုက်ချင်တော့တယ်။ ထွက်မြောက်ရာလမ်းကို ဘယ်လိုရှာရှာမတွေ့ နိုင်တော့သလိုပဲခံစားတယ်။ ဘယ် လောက်ကြိုးစားကြိုးစားအရာမထင်ခဲ့သလို ဖြစ်ပြီးတော့ ဘာဆက်လုပ်ရမှန်းကိုမသိတဲ့အချိန်ပဲလို့တွေးမိတယ်။ တကယ်တော့ ယုံကြည်ခြင်း(Faith)ရဲ့အဓိက ရန်သူကတခြားအရာမဟုတ်ဘူး ခံစားချက်ပဲ(Feeling)။ ခံစားချက်တွေနောက်ကိုသာ သင်လိုက်နေမယ်ဆိုရင် ဘယ်တော့မှ ဘုရားအလုပ်လုပ်လို့ရတဲ့ ယုံကြည်ခြင်းကိုသင့်ဘ၀မှာ တွေ့ရမှာမဟုတ်ဘူး။ ကျွန်တော်လည်းမှားယွင်းတဲ့ အတွေးတွေအောက်မှာ ချောင်ပိတ်မိဖူးတယ်။ အောင်မြင်တဲ့သူတွေကိုကြည့် ကိုယ့်ဟာကိုပြန်ကြည့်နဲ့သူတို့လို ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။ ကိုယ့်မှာရှိတဲ့အရာတွေက အားလုံး နောက်ဆုံးအချိန်ရောက်နေသလိုပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ပဲ။ ဘယ်အချိန် ကိုယ့်ဆီကနေနှုတ်ဆက်သွားမလည်းဆိုတာ စိတ်တထင့်ထင့်နဲ့ထိုင်စောင့်နေရတယ်။ ဒါတွေကိုသာကြည့်မယ်၊ ဒါတွေကိုသာ အာရုံစိုက်မယ်ဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာစရာအကြောင်းမရှိဘူး။


ယုံကြည်ခြင်းတစ်ခုသာရှိပါ

တရားဇရပ်မှူးကြီးယာဣရု နာမည် ဂုဏ်သတင်းရော၊ ငွေကြေးရာထူးရော အသင့်အတင့်တောင့်တင်းတဲ့သူ။ ဒီလိုလူမျိုးတွေဆီကိုတောင် တစ်ခါတစ်လေ ရုန်းထွက်လို့မရတဲ့ အခြေအနေဆိုးတွေကိုက ရောက်လာတတ်တယ်။ သူ့ရဲ့အချစ်ဆုံးသမီး မျှော်လင့်စရာမရှိပဲ ဆရာဝန်တွေ လက်လျော့ချိန်ရောက်လာတယ်။ ဘယ်လောက်များအမှောင်ဖုံးသလိုခံစားရမလဲ။ နောက်ဆုံး ရေနစ်သူအတွက် မြက်ပင်လေးတစ်ပင်ကို ဆွဲသလို ယေရှုဆီကို သူရောက်လာတယ်။ အရှေ့မှာပြပ်ဝပ်လိုက်ပြီးတော့ သူ့သမီးကို ကျန်းမာခြင်းပေးဖို့တောင်းဆိုတယ်။ ယေရှုက သူ့ရဲ့တောင်းဆိုမူကို မငြင်းဘူး သူ့နောက်ကို လိုက်သွားတယ်။ ငွေကြေးတွေနဲ့ ရာထူးတွေက မပေးနိုင်တဲ့မျှော်လင့်ခြင်းက ယေရှုဆီကနေ သူရလာတယ်။ သူနေတဲ့နေရာ နဲ့မနီးမဝေးမှာ သတင်းဆိုးတစ်ခုက ဆီးကြိုနေလေရဲ့။ သမီးသေပြီ ဒီလောက်ဆိုးတဲ့သတင်း ဘယ်မှာရှိအုံးမှာလဲ။ သမီးအသက်ရှင်ဖို့ ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ထားတာ အခုကတော့ ယေရှုလက်ကိုဆွဲကိုင်ပြီးတော့ မျှော်လင့်ချက်အပြည့်နဲ့ လာတာ အရာရာအားလုံးရိုက်ချိုးခံရသလိုပါပဲ။ ဒါပေမယ့် မမျှော်လင့်တဲ့ စကားယေရှုဆီကနေထွက်ပေါ်လာတယ်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိပါ။ သွားပြီလို့၊ ဘာမှ ဖြစ်လာစရာမရှိတော့ဘူးလို့သူထင်နေတဲ့အချိန်မှာပဲ ယုံကြည်ခြင်းရှိသေးရင် မျှော်လင့်စရာ အကြောင်းရှိသေးဆိုတာ ယေရှုက သတိပေးလိုက်တယ်။ ယေရှုလည်းအိမ်ရောက်ရော သူ့သမီးကို ထဖို့အမိန့်တချက်က အမှောင်လောကကြီးမှာ မီးဖွင့်လိုက်သလိုပါပဲ အားလုံးလင်းလက်ကုန်တယ်။ ဘယ်လောက်မှောင်မှောင် ယုံကြည်ခြင်းရှိမယ်ဆိုရင် မျှော်လင့်ခြင်းအလင်းရောင်ရှိပါသေးတယ်။ နောက်ကျသွားပြီဆိုတာလည်း မရှိသလို မဖြစ်နိုင်တော့ဘူးဆိုတာလည်းမရှိပါဘူး။

9 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube