Search
  • Than Min Htike

ယုံကြည်ခြင်း (၄)

(ယုံကြည်သည်နှင့်အညီ)

"တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီသင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုခဏခြင်း တွင်သူ၏ ငယ်သားသည် အနာ ရောဂါကင်း၍ သက်သာခြင်း သို့ ရောက်လေ၏။" (မဿဲ-၈း၁၃)

သူများတွေ ယုံကြည်ခံယူထားတဲ့ ဝါဒတွေ ကြားမှာ ပြာကျနေတဲ့ လူတွေ အများကြီးနေရာတကာမှာ တွေ့နေရတာစိတ်မကောင်းဘူး။ နှုတ်ကပတ်‌တော်လည်းသေချာမသိ ဘုရားအလိုတော်ကိုလည်းတီးမိခေါက်မိမရှိပဲ သူများခံယူချက်တွေနဲ့ပဲ အချိန်ကုန်နေရင်တော့ အချိန်တွေကိုနှမြောစရာသိပ်ကောင်းတယ်။ ညီလေးတစ်ယောက်နဲ့တွေ့ဖူးတယ် ဆင်းရဲခြင်းဆိုတာ ဘုရားပေးတဲ့အကောင်းဆုံးအခွင့်ရေးလို့ သူမြင်နေပြီးတော့ ကောင်းစားတဲ့ဘဝအသက်တာကိုတောင်မှ လောကမှာ စည်းစိမ်ခံစားခြင်းဆိုပြီး အပြစ်သားလိုလိုတောင်မြင်တဲ့အထိ ခံယူတဲ့သူ။ သူ့ဘဝတစ်‌ လျှောက်လုံးကိုကြည့်တော့ ဘယ်တော့မှ တက်မလာဘူး သူ့ဟာသူတော့ ကျေနပ်နေ‌ပေမယ့်ပတ်ဝန်းကျင်ကနေ သူ့ကိုကြည့်တော့ တော်တော်သနားစရာကောင်းတယ်။ တကယ်တော့ ဘုရားက တရားပါတယ်။ ကိုယ်ယုံကြည်တာနဲ့အညီကိုယ့်ကိုပေးတွေ့တယ်။

သင်ဘယ်လို ယုံကြည်တယ်ဆို သိပ်အရေးကြီးတယ်။ အဲ့ဒီယုံကြည်ခြင်းက သင့်ဘဝထဲမှာ ဘုရားလုပ်ပေးမယ့်ပုံစံပဲ။ ဒါကြောင့် သူများတွေရဲ့ယုံကြည်ခံယူချက် ဝါဒတွေကိုသွားသွားပြီးတော့ အရမ်းမယုံလိုက်နဲ့။ သင်ယုံလိုက်ပြီဆိုတာနဲ့ အဲ့ဒီအတိုင်း သင့်ဘဝမှာ ဖြစ်လာတော့မှာ။ ယေရှုက သေချာပြောတယ် သင်ယုံကြည်သည်နှင့်အညီသင့်မှာ ဖြစ်လာမယ်လို့။ ပြောင်းလဲကာစတုန်းက ကျွန် တော်လည်း ယုံကြည်ချက်တစ်ချို့ လွဲချော်ခဲ့တာရှိခဲ့ဖူးတယ်။ ဘုရားအမှုတော်ကိုလူမသိသူမသိတဲ့ နေရာတွေမှာ သွားရောက်ပြီး အမှုတော်ထမ်းမှ ဘုရားကျေနပ်တယ်၊ ဘုရားအလိုတော် ဖြစ်တယ်လို့ထင်နေခဲ့ဖူးတယ်။ အဲ့ဒီယုံကြည်ချက်အတိုင်းပဲ ဘုရားက မြို့ကြီးပေါ်မှာ မွေးပေမယ့် လူသူအရောက်ပေါက် နည်းတဲ့ ရွာတွေမှာ နှစ်ပေါင်းများစွာ ကျွန်တော်ကိုစေလွှတ်ခဲ့တယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်တော်ဘယ်လိုထင်ခဲ့လည်းဆိုရင် ဘုရားကျွန်တော်ကိုသိပ်ကျေနပ်နေမယ်လို့ အထူးယုံကြည်ခဲ့ပြီး တခြားကိုယ်လိုမလုပ်နိုင်တဲ့လူတွေ၊ မြို့တွေပေါ်မှာ နိုင်ငံရပ်ခြားမှာ အမှုတော်ဆောင်နေတဲ့လူတွေကို အပြစ်မြင်အထင်သေးခဲ့ဖူးတယ်။ ကိုယ်ပဲသိပ်ပြီးတော့ဘုရားကိုအချစ်ဆုံးလိုလိုပေါ့။ တစ်နေ့ဘုရား ရဲ့နှလုံးသားကိုသိလာတယ်။ ဘုရားရဲ့ကျေနပ်ခြင်းဆိုတာ မြို့ပေါ်မှာ အသင်းတော်ကြီးရှိမှ ရွာတွေမှာ ဆင်းဆင်းရဲရဲ အမှုတော်ဆောင်မှ မဟုတ်ဘူး။ သူထားတဲ့နေရာမှာအကောင်းဆုံးဆပ်ကပ် လုပ်ဆောင်ဖို့၊ သစ္စာရှိဖို့ဆိုတာ။ အဲ့ဒီနောက်ပိုင်းကျွန်တော်အမြင်တွေ ပြောင်းလာတယ်။ အရင်တုန်းက ဘုရားကျွန်တော်ကိုမြို့တွေပေါ်မှာ၊ နိုင်ငံရပ်ခြားတွေသွားခိုင်းရင်တောင်မှ ကျွန်တော် လုံးဝကို ငြင်းပယ်ခဲ့တယ်။ တကယ်တော့ ဘုရားက လူတိုင်းကို

မြေကြီးစွန်းတိုင်အောင်သုံးချင်တဲ့ဘုရားပါ။ ကိုယ့်ယုံ ကြည်ခြင်းက ကိုယ့်ကို ဘောင်ခတ်ထားတယ်။ ဒီနေ့တော့ ကျွန်တော်ရိုးသားစွာဆပ်ကပ်တဲ့အရာဟာ၊ ဘုရားကဘယ်သူကိုမဆိုဘယ်နေရာမှာမဆိုအသုံးပြုနိုင်တယ်

ကိုယ်တော် ကျွန်တော်ကိုဘယ်နေရာမဆိုစေလွှတ်ပါ ကျွန်တော် အသင့်ရှိတယ်။ အရေးကြီးတာ ဘုရားအလိုတော်ရှိတဲ့နေရာမှာ အကောင်းဆုံး လုပ်ဆောင်ဖို့ ကျွန် တော်ယုံကြည်ခြင်းနဲ့အမြင်ပြောင်းလိုက်တော့ အမှုတော်ထဲမှာယုံကြည်ခြင်းနှင့်အညီဖြစ်လာတယ်။

ဒါကြောင့် သူများရဲ့ယုံကြည်ခြင်း၊မဟုတ်တဲ့ဝါဒတွေနဲ့ ဘဝကို ပြာကျမခံပါနဲ့။ နှုတ်ကပတ်တော်နဲ့ ညီမညီ ဆင်ခြင်ပါ။ နှုတ်ကပတ်တော်အတိုင်း ယုံကြည်တယ်ဆိုရင် သင့်ယုံကြည်သည်နှင့်အညီသင့်မှာ ဖြစ်လာမယ်။

Zawgyi

10 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube