Search
  • Than Min Htike

ယုံကြည်ခြင်း(၅)

“ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-” ဟေဗြဲ ၁၁:၆


ကျေနပ်မှုကို ရနိုင်မှာမဟုတ်ဘူး

အရည်အချင်းမရှိတဲ့သူတွေက ကောင်းမွန်တဲ့အလုပ်ကို ရဖို့အတွက် အလုပ်ရှင်ရဲ့သဘောကျမှုကို

မရနိုင်သလိုပါပဲ၊ ယုံကြည်ခြင်းမရှိတဲ့သူကလဲ ကြီးမားတဲ့အမှုတွေကိုဘုရားနဲ့အတူပြုဖို့အတွက် ဘုရားရဲ့

ရွေးချယ်မှုကိုခံရမှာမဟုတ်ဘူး။ အလုပ်တစ်ခုရဖို့အတွက် အဲ့ဒီအလုပ်ကနေတောင်းဆိုတဲ့ အရည်အချင်း

သတ်မှတ်ချက်တွေရှိသလိုပါပဲ၊ ဘုရားရဲ့ စေခိုင်းခြင်းခံရဖို့အတွက်တော့ ယုံကြည်ခြင်းလိုအပ်တယ်။

ကျန်တာမရှိတာ ဘုရားကို စိတ်မပျက်စေဘူး ယုံကြည်ခြင်းမရှိတာတော့ ဘုရားစိတ်တော် နဲ့ မတွေ့ဖို့

သေချာတယ်။ ဒီနေ့ ဘုရားရဲ့တောင်းဆိုမှုက ယုံကြည်ခြင်းပဲဆိုတာ လူတချို့က အခုအထိသဘောမပေါက်ဘူး။ ယုံကြည်ခြင်းဆိုတာ အရာရာကို ဖွင့်လို့ရတဲ့ မာစတာကီးနဲ့တူတယ်။ ငရဲသွားရမယ့်လူတစ်ယောက်

တောင်မှ ဘုရားရဲ့ကျေးဇူးတော်ကို ယုံကြည်လက်ခံလိုက်တာနဲ့ အမြင့်ဆုံးကောင်းကင်မှာ စာရင်း ဝင်စေတယ်ဆိုတော့ ကျန်တာတွေကိုတော့ပြောမနေနဲ့။ဘုရားရဲ့စိတ်တော်နဲ့တွေ့စေတဲ့အရာကတော့သေချာတယ်

ယုံကြည်ခြင်းနှင့်အသက်ရှင်ခြင်းပဲ။


ယုံကြည်ခြင်းဆိုသည်ဝယ်

လူတချို့က ယုံကြည်ခြင်းကို ဆန်းဆန်းပြားပြားတွေလုပ်ဖို့ ကြံစည်ကြတယ်။ တကယ်တော့

ယုံကြည်ခြင်းဆိုတာ ရိုးရိုးလေးပါ။ ဘုရား သခင်ရှိတယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်ဖို့လိုတယ်။

ဒါကအခြေခံပဲ။ ဘယ်လိုအခြေအနေမဆို ဘယ်နေရာမှာမဆို ဘုရားသခင် ငါနဲ့အတူရှိနေတယ်။ ကိုယ်မတတ်နိုင်ရင်တောင်၊ ကိုယ့်အရည်အချင်းနဲ့မလုပ်နိုင်ရင်တောင် အတူရှိနေတဲ့ဘုရားက လုပ်ပေးမယ် သူတတ်နိုင်

တယ်လို့ရိုးရှင်းစွာယုံကြည်ခြင်းပါ။ လူတွေက မှောင်တဲ့နေရာမှာဆို ကြောက်လန့်ကြတယ်၊ နတ်ဆိုးရှိတယ်

ကြောက်စရာကောင်းတဲ့အရာတစ်ခုခု ရှိတယ်ဆိုတာကို တိုင်ပင်စရာမလိုပဲ ယုံမှတ်နေကြတယ်။ ဒါပေမယ့်

နေရာတိုင်းမှာ ကိုယ်နဲ့အတူ ဘုရားရှိနေတယ်ဆိုတာကတော့ လုံး၀ကိုမယုံနိုင်ကြဘူး။ ဒါကတကယ့် ပြဿနာပဲ။ နောက် ဘုရားကို ရှာတဲ့သူကို အကျိုးပေးတယ်ဆိုတာကိုယုံရမယ်။ ယုံကြည်ခြင်းရှိတဲ့သူက လောကအရာ ကိုရှာတာနဲ့ပဲအချိန်မကုန်ဘူး။ တန်ဖိုးရှိတဲ့ ဘုရားကို ရှာဖို့အမြဲအချိန်ပေးတယ်။ အဲ့ဒီဘုရားနဲ့ရင်းနှီးလေလေ ဘုရားနဲ့သိကျွမ်းလေလေ ကောင်းကြီးရမယ်၊ အကျိုးရှိမယ်ဆိုတာ စိတ်ချမှုအပြည့်ရှိတယ်။ ဒါကြောင့် ပြဿနာရှိတာကိုပဲယုံပြီး ဘုရားရှိတာကိုမယုံရင် ဘယ်တော့မှ ပြဿနာကလွတ်မြောက်မှာမဟုတ်သလို ဘုရားကိုရှာဖို့အချိန်မပေးနိုင်တဲ့သူတစ်ယောက်အထဲမှာလည်း စစ်မှန်တဲ့ယုံကြည်ခြင်းရှိမနေတဲ့အတွက်ဘာအကျိုးမှ ဖြစ်ထွန်းလာမှာမဟုတ်ဘူး။





Zawgyi

ယုံၾကည္ျခင္း(၅)

“ယုံ​ၾကည္​ျခင္း​မ​႐ွိ​လွ်င္၊ ဘု​ရား​သ​ခင္၏ စိတ္​ေတာ္​ႏွင့္​မ​ေတြ႕​ႏိုင္။ အ​ေၾကာင္း​မူ​ကား၊ ဘု​ရား​သ​ခင့္ အ​ထံ​ေတာ္​သို႔ ခ်ဥ္း​ကပ္​ေသာ​သူ​သည္၊ ဘု​ရား​သ​ခင္ ႐ွိ​ေတာ္​မူ​သည္​ကို​လည္း​ေကာင္း၊ ကိုယ္​ေတာ္​ကို ႐ွာ​ေသာ​သူ​အား အ​က်ိဳး​ေပး​ေတာ္​မူ​သည္​ကို​လည္း​ေကာင္း၊ ယုံ​ၾကည္​ရ​မည္။-” ေဟၿဗဲ ၁၁:၆


ေက်နပ္မႈကို ရႏိုင္မွာမဟုတ္ဘူး

အရည္အခ်င္းမ႐ွိတဲ့သူေတြက ေကာင္းမြန္တဲ့အလုပ္ကို ရဖို႔အတြက္ အလုပ္႐ွင္ရဲ႕သေဘာက်မႈကို

မရႏိုင္သလိုပါပဲ၊ ယုံၾကည္ျခင္းမ႐ွိတဲ့သူကလဲ ႀကီးမားတဲ့အမႈေတြကိုဘုရားနဲ႔အတူျပဳဖို႔အတြက္ ဘုရားရဲ႕

ေ႐ြးခ်ယ္မႈကိုခံရမွာမဟုတ္ဘူး။ အလုပ္တစ္ခုရဖို႔အတြက္ အဲ့ဒီအလုပ္ကေနေတာင္းဆိုတဲ့ အရည္အခ်င္း

သတ္မွတ္ခ်က္ေတြ႐ွိသလိုပါပဲ၊ ဘုရားရဲ႕ ေစခိုင္းျခင္းခံရဖို႔အတြက္ေတာ့ ယုံၾကည္ျခင္းလိုအပ္တယ္။

က်န္တာမ႐ွိတာ ဘုရားကို စိတ္မပ်က္ေစဘူး ယုံၾကည္ျခင္းမ႐ွိတာေတာ့ ဘုရားစိတ္ေတာ္ နဲ႔ မေတြ႕ဖို႔

ေသခ်ာတယ္။ ဒီေန႔ ဘုရားရဲ႕ေတာင္းဆိုမႈက ယုံၾကည္ျခင္းပဲဆိုတာ လူတခ်ိဳ႕က အခုအထိသေဘာမေပါက္ဘူး။ ယုံၾကည္ျခင္းဆိုတာ အရာရာကို ဖြင့္လို႔ရတဲ့ မာစတာကီးနဲ႔တူတယ္။ ငရဲသြားရမယ့္လူတစ္ေယာက္

ေတာင္မွ ဘုရားရဲ႕ေက်းဇူးေတာ္ကို ယုံၾကည္လက္ခံလိုက္တာနဲ႔ အျမင့္ဆုံးေကာင္းကင္မွာ စာရင္း ဝင္ေစတယ္ဆိုေတာ့ က်န္တာေတြကိုေတာ့ေျပာမေနနဲ႔။ဘုရားရဲ႕စိတ္ေတာ္နဲ႔ေတြ႕ေစတဲ့အရာကေတာ့ေသခ်ာတယ္

ယုံၾကည္ျခင္းႏွင့္အသက္႐ွင္ျခင္းပဲ။


ယုံၾကည္ျခင္းဆိုသည္ဝယ္

လူတခ်ိဳ႕က ယုံၾကည္ျခင္းကို ဆန္းဆန္းျပားျပားေတြလုပ္ဖို႔ ၾကံစည္ၾကတယ္။ တကယ္ေတာ့

ယုံၾကည္ျခင္းဆိုတာ ႐ိုး႐ိုးေလးပါ။ ဘုရား သခင္႐ွိတယ္ဆိုတာကို အႂကြင္းမဲ့ ယုံၾကည္ဖို႔လိုတယ္။

ဒါကအေျခခံပဲ။ ဘယ္လိုအေျခအေနမဆို ဘယ္ေနရာမွာမဆို ဘုရားသခင္ ငါနဲ႔အတူ႐ွိေနတယ္။ ကိုယ္မတတ္ႏိုင္ရင္ေတာင္၊ ကိုယ့္အရည္အခ်င္းနဲ႔မလုပ္ႏိုင္ရင္ေတာင္ အတူ႐ွိေနတဲ့ဘုရားက လုပ္ေပးမယ္ သူတတ္ႏိုင္

တယ္လို႔႐ိုး႐ွင္းစြာယုံၾကည္ျခင္းပါ။ လူေတြက ေမွာင္တဲ့ေနရာမွာဆို ေၾကာက္လန္႔ၾကတယ္၊ နတ္ဆိုး႐ွိတယ္

ေၾကာက္စရာေကာင္းတဲ့အရာတစ္ခုခု ႐ွိတယ္ဆိုတာကို တိုင္ပင္စရာမလိုပဲ ယုံမွတ္ေနၾကတယ္။ ဒါေပမယ့္

ေနရာတိုင္းမွာ ကိုယ္နဲ႔အတူ ဘုရား႐ွိေနတယ္ဆိုတာကေတာ့ လုံး၀ကိုမယုံႏိုင္ၾကဘူး။ ဒါကတကယ့္ ျပႆနာပဲ။ ေနာက္ ဘုရားကို ႐ွာတဲ့သူကို အက်ိဳးေပးတယ္ဆိုတာကိုယုံရမယ္။ ယုံၾကည္ျခင္း႐ွိတဲ့သူက ေလာကအရာ ကို႐ွာတာနဲ႔ပဲအခ်ိန္မကုန္ဘူး။ တန္ဖိုး႐ွိတဲ့ ဘုရားကို ႐ွာဖို႔အၿမဲအခ်ိန္ေပးတယ္။ အဲ့ဒီဘုရားနဲ႔ရင္းႏွီးေလေလ ဘုရားနဲ႔သိကြၽမ္းေလေလ ေကာင္းႀကီးရမယ္၊ အက်ိဳး႐ွိမယ္ဆိုတာ စိတ္ခ်မႈအျပည့္႐ွိတယ္။ ဒါေၾကာင့္ ျပႆနာ႐ွိတာကိုပဲယုံၿပီး ဘုရား႐ွိတာကိုမယုံရင္ ဘယ္ေတာ့မွ ျပႆနာကလြတ္ေျမာက္မွာမဟုတ္သလို ဘုရားကို႐ွာဖို႔အခ်ိန္မေပးႏိုင္တဲ့သူတစ္ေယာက္အထဲမွာလည္း စစ္မွန္တဲ့ယုံၾကည္ျခင္း႐ွိမေနတဲ့အတြက္ဘာအက်ိဳးမွ ျဖစ္ထြန္းလာမွာမဟုတ္ဘူး။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube