- Than Min Htike
ယုံကြည်ခြင်း(၅)
ယုံကြည်သောသူ
"ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။" (မာကု-၉:၂၃)
ခပ်သိမ်းသောအမှုကို ပိုက်ဆံရှိတဲ့လူက လုပ်
နိုင်မှာ မဟုတ်ဘူး။ ဘွဲ့ဒီဂရီတွေကြောင့် တတ်စွမ်းနိုင်
မှာမဟုတ်ဘူး။ ယုံကြည်ခြင်းကသာ အရာရာကို တတ်
စွမ်းနိုင်ခြင်းရဲ့လျှို့ဝှက်ချက်ပါ။ အင်ဂျင်နီယာကျောင်း
မတက်ခဲ့ဖူးတဲ့ နောဧဟာ ဘုရားအပေါ်ထားတဲ့ယုံကြည်
ခြင်းကြောင့် သင်္ဘောကြီးတည်ဆောက်နိုင်ခဲ့တယ်။
ဒါဟာ အံ့သြဖွယ်လုပ်ရပ်ပဲ။ ဒီလောက်ကြီးမားတဲ့
သင်္ဘောကို လုပ်နိုင်ဖို့လွယ်မှာမဟုတ်ဘူး။ ဒါပေမယ့်ယုံ
ကြည်ခြင်းရှိတဲ့ နောဧ လုပ်နိုင်ခဲ့တယ်။
အဲဂုတ္တုက ကျွန်တွေကို ခါနန်ပြည်ကိုထုတ်
ဆောင်တဲ့နေရာမှာ ဦးဆောင်ဖို့ဆိုတာ လွယ်တာမဟုတ် ဘူး။ သူ့ဟာသူတောင်ဝရမ်းပြေးဘဝနဲ့နေနေရတဲ့ မောရှေ တောင်ဝှေးတစ်ချောင်းနဲ့ ရောက်လာတယ်။ အဲဂုတ္တု ဆိုတာ လွယ်တာမဟုတ်ဘူး။ ခေါင်းမာတဲ့ဖါရော
နဲ့ အစွမ်းထက်တဲ့ အောက်လမ်းဆရာတွေ အပြည့်ပဲ။
ဒါပေမယ့် မောရှေ ယုံကြည်ခြင်းအားဖြင့် ဘုရားပြောတဲ့
စကားအတိုင်းပြုတဲ့အခါ အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့တယ်။ ယုံကြည်ခြင်းဟာ မဖြစ်နိုင်တာတွေကိုအဆုံး သတ်လိုက်တယ်။ တခြားအရာတွေမရှိလို့ သင်မအောင် မြင်တာမဟုတ်ဘူး။ ဘုရားအပေါ်မှာထားတဲ့သင့်ယုံကြည်ခြင်းမရှိလို့ပဲ။
ဂေါလျက်ကကြီးလို့ လူတွေဟာကြောက်ကြတာ
မဟုတ်ဘူး ယုံကြည်ခြင်းကသေးနေလို့။ ယုံကြည်ခြင်း
ရှိတဲ့ ဒါဝိဒ်ကြည့်တော့လည်း ဘာမှ မဟုတ်ဘူးပဲ။
ဒါကြောင့်ကျောက်ခဲတောင် ၅ လုံးပဲကောက်တာကြည့်၊
ဒီနေ့လူတွေ စိတ်ဓါတ်ကျတာ ပြဿနာကြောင့်မဟုတ်
ဘူး အဓိကက အတွင်းနှလုံးသားထဲမှာ ယုံကြည်ခြင်း
မရှိလို့။ ယုံကြည်ခြင်းရှိတဲ့လူဟာ သူများမလုပ်နိုင်တာ
တွေ လုပ်နိုင်စေတယ်။

Zawgyi