Search
  • Than Min Htike

ယုံကြည်ခြင်း(၆)

“ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-” မာကု ၂:၅

မြင်မှယုံလို့မရဘူး

ယုံကြည်ခြင်းနှင့်ပတ်သက်ရင် လူတော်တော်များများဆီကကြားရတဲ့မှားယွင်းတဲ့ အရာကတော့ မြင်တွေ့ရရင်တော့ယုံမှာပါ။ ဒီရောဂါပျောက်တာမြင်ရရင်တော့၊ အကြွေးကျေတာမြင်ရရင်တော့၊တန်ခိုးပြတာမြင်ရရင်တော့စသဖြင့် လူတွေက ဆင်ခြင်ပေးကြတယ်။ တကယ်တော့မြင်မှယုံတာက ယုံကြည်ခြင်းမဟုတ်ပါဘူး။ ဒီလို စကားကို ယေရှုလက်ဝါးကားတိုင်ပေါ်မှာရှိတဲ့အချိန်မှာ လူတော်တော်များများက ပြောကြပါတယ်။ လက်ဝါးကားတိုင်ပေါ်ကနေဆင်းတာကိုမြင်ရရင် ဘုရားသားဖြစ်တယ်ဆိုတာယုံမယ်။ တကယ်တော့ ယုံတာမဟုတ်ဘူး လှောင်ပြောတာပါ။ ယေရှုကိုယ်တိုင် မာသကို သင်ယုံတယ်ဆိုရင်ဘုရားဘုန်းတော်ကိုမြင်ရမယ်လို့ဆိုတယ်။ (ယော ၁၁း၄၀) စစ်မှန်တဲ့ယုံကြည်ခြင်းက မြင်မှယုံတာမဟုတ်ဘူး၊ယုံလို့မြင်တွေ့ရတာပါ။ ဒါကြောင့်လူတော်တော်များများက လွဲမှားတဲ့ယုံကြည်ခြင်းကိုပဲ လက်ခံထားတဲ့အ တွက် ဘုရားပြုတဲ့ကြီးမားတဲ့အရာတွေကို မြင်တွေ့ခံစားဖို့ လက်လွှတ်နေရခြင်းပါ။

ယုံကြည်ခြင်းကမြင်ရတယ်

ယုံကြည်ခြင်းဆိုတာ ကိုယ်ဘာတွေမြင်တွေ့နေရတဲ့အရာနဲ့လုံး၀သက်ဆိုင်ခြင်းမရှိပါ။ ဒါပေမယ့် ယုံကြည်ခြင်းရှိတဲ့လူတစ်ယောက်ရဲ့ အသက်ရှင်မှုကိုကြည့်ပြီးတော့ သူတို့ရဲ့ယုံကြည်ခြင်းကိုတော့မြင်တွေ့လို့ရတယ်။ ယုံကြည်ခြင်းရှိလားမရှိလားဆိုတာ အပေါ်ယံကြည့်ရုံနဲ့တော့မသိနိုင်ပေမယ့် သူ့ရဲ့ပြုမူအသက်ရှင်မှုကိုကြည့်ပြီးတော့ သိနိုင်ပါတယ်။ လက်ခြေသေနေတဲ့သူငယ်ချင်းကို ယေရှုအထံတော်သို့ရောက်အောင် နည်းလမ်းပေါင်းစုံနဲ့ ပို့ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းလေးယောက်ကို ကြည့်တဲ့အခါမှာ သူတို့မှာယုံကြည်ခြင်းရှိတာကို ယေရှုက မြင်တယ်လို့ဆိုတယ်။ ယုံကြည်ခြင်းနှင့်အသက်ရှင်တဲ့သူကတော့ ယုံကြည်ခြင်းရှိတာကို မြင်ရတာပေါ့။ ကျွန်တော်နှစ်ပေါင်းများစွာ ယုံကြည်ခြင်းနှင့်အသက်ရှင်လာတဲ့အခါမှာဘယ်သူတွေကနားလည်လက်ခံသလဲဆိုရင် ကိုယ်တိုင်ယုံကြည်ခြင်းနှင့်‌လျှောက်လှမ်းတဲ့သူတွေက တော့နားလည်လက်ခံပြီးတော့ ယုံကြည်ခြင်းအကြောင်းကိုမသိတဲ့သူတွေထံက အပြစ်တင်ဝေဖန်တဲ့အရာတွေကို ကြားရပါတယ်။ နောက် အခြားယုံကြည်ခြင်းနှင့်အသက်ရှင်တဲ့သူတွေကိုလည်း ဘ၀တူတွေမို့လို့ ကိုယ်တိုင်လည်း ကြည့်တဲ့အခါမှာနားလည်ပေးလို့ရလာတယ်။ ယုံကြည်ခြင်းနှင့်အသက်မရှင်ဖူးရင်တော့ ဒါကိုသဘောပေါက်မှာ မဟုတ်ဘူး။ တကယ့်ကိုယုံကြည်ခြင်းနှင့်ရှင်သန်သူတို့သာရနိုင်တဲ့ သက်သေတွေ၊ ဘုရားပြုတဲ့အမှုတွေလည်းမကြာခင်မှာ နောက်ကလိုက်လာတော့တာပါပဲ။

Zawgyi

ယုံကြည်ခြင်း(၆)

“ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။-” မာကု ၂:၅

8 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube