Search
  • Than Min Htike

ယုံကြည်ခြင်း(၆)

(ယုံကြည်ခြင်းမပါရင်)

"ယုံသော စိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။" (ရောမ-၁၄:၂၃)


ယုံကြည်ခြင်းက ဘုရားစိတ်တော်နဲ့တွေ့စေနိုင် သောအဓိကသော့ချက်ပါ(ဟေဗြဲ-၁၁:၆)။ ယုံကြည်ခြင်းမပါပဲ ဘုရားကိုမတွေ့ နိုင်သလို၊ ယုံကြည်ခြင်း မပါပဲ ဘုရားဆီကို မလာ နိုင်ဘူး။ ယုံကြည်ခြင်းမရှိပဲနဲ့ သင်လုပ်သမျှဟာ ဘုရားနှစ်သက်သော လက်ခံသောအရာ ဘယ်တော့မှ ဖြစ်လာစရာမရှိဘူး။ အပြစ်ပဲဖြစ်မယ်ဆိုတာနှုတ်ကပတ်တော်ကဖေါ်ပြတယ်။ ယုံကြည်ခြင်း

မရှိတဲ့ အချိန်တိုင်းတပည့်တော်တွေကို ယေရှုက ဖေါက်ပြန်သော အမျိူးလို့ခေါ်တယ်(မ-၁၇:၁၇)။ အဲ့ဒီလို လူတွေနဲ့ ယေရှုက ကြာကြာ မနေချင်ဘူးအတူတူ အလုပ်မလုပ်ချင်ဘူး။


၁။ ယုံကြည်ခြင်းရှိတဲ့သူနှင့်မရှိတဲ့သူ

(မာကု-၂:၁-၁၀)

လက်ခြေသေတဲ့သူတယောက်ကို သူငယ်ချင်း‌ လေးယောက်က သယ်လာတယ်။ ကြီးမားတဲ့လူအုပ်ကြီးက ယေရှုဆီရောက်ဖို့ပိတ်စို့ထားတယ်။ ယေရှုနားမှာ ဝိုင်း ထားတယ်ဆိုပေမယ့် အထင်တော့မကြီးလိုက်နဲ့ ယုံကြည်ခြင်းရှ်ိတဲ့သူနည်းတယ်။ ယုံကြည်ခြင်း ရှိတဲ့သူက အခြေ အနေတွေပိတ်ထားပေမယ့် သူတို့ ယေရှုဆီရောက်ဖို့ လမ်းမြင်တယ်။ ခေါင်မိုး ပေါ်ကနေ ခဲရာခဲဆစ် သူတို့သူငယ်ချင်းကို လျောချကြတယ်။ ယေရှုဆီလည်းရောက်ရော ယေရှုက သူတို့ရဲ့ ယုံကြည်ခြင်းကြောင့်ကျန်းမာစေ တယ်။ ဒါကို ဘေးနားမှာရှိနေတဲ့ ဖါရိရှဲတွေက အပြစ်မြင်တယ်။ ယေရှု ပြောလိုက်တဲ့အပြစ်လွှတ်ပြီဆိုတဲ့ စကားကြောင့်။ ယုံကြည်ခြင်းမရှိတဲ့လူတွေ၊ ကျမ်းစာသာတတ်တာ ယေရှုအနားမှာ တရားသာနာနေတာ နေရာကောင်း

ကောင်း အဆောင်ယောင် ကောင်းကောင်းသာရနေတာ အကောင်းမမြင်ကြဘူး အပြစ်မြင်တယ်။ ဒီနေ့ လူတွေ ကျမ်းစာတတ်တယ်၊ တရားဟောနိုင်တယ်၊ နေရာကောင်း ကောင်း၊ ရာထူးကောင်းတွေရှ်ိတယ် ဒါ‌ပေမယ့်အကောင်း မြင်တာထက် အပြစ်မြင်တာ၊ အပြစ်ပြောတာ ပိုများတယ်။ သင်ဟာ သင့်ကိုသင်ရော၊ သူတစ်ပါးက်ိုရော၊

သင့်ပတ်ဝန်းကျင်နဲ့ အသင်းတော်ရော အပြစ်ပဲမြင် အပြစ်ပဲပြောနေမိပြီဆို သေချာတယ် သင့်အထဲမှာ ယုံကြည်ခြင်း တစက်လေးမှ မရှိတော့တာ။ ယုံကြည်ခြင်းရှိတဲ့ လူက ဘယ်တော့မှ ဝေဖန်တိုက်ခိုက်တာ မလုပ်ဘူး။


၂။ ယုံကြည်ခြင်းမရှ်ိတဲ့လူက တန်ခိုးမရှိဘူး

(မ-၁၃:၅၈)

ယုံကြည်ခြင်း မရှိတဲ့မြို့ရွာတွေမှာ ယေရှုက တန်ခိုး

မပြဘူး။ သင့်အသက်တာမှာလည်း ယုံကြည်ခြင်းမရှိရင် ဘုရားတန်ခိုးတော်ကို တွေ့မြင်ခံစားရမှာ မဟုတ်ဘူး။ ဒီနေ့ လူတွေက ဘုရားတန်ခိုးမရှိဘူးပဲ ပြောနေကြတယ်သူတို့ ယုံကြည်ခြင်းမရှိလို့ ဘုရားတန်ခိုးမမြင်ရတာကိုတော့ မသိကြဘူး၊ သိပ်သနားစရာ ကောင်းတယ်။ ဒီနေ့ ကျမ်း

စာထဲမှာပဲ တန်ခိုးတွေ၊ ဆုကျေးဇူးတွေဟာရှိပြီး အပြင်မှာမရှိတော့ရင် ကျမ်းစာအုပ်ဟာ ပုံပြင်စာအုပ်သာသာ ဖြစ်သွားမှာပေါ့။ ကနဦးအသင်းတော်ဟာ ဝိညာဉ်တော်ရဲ့တန်ခိုးကိုယုံကြည်ခြင်းရှိတဲ့ တမန်တော် ကြီးတွေက အသုံးပြုခဲ့လို့တိုးပွါးလာသလို ဒီနေ့လည်း ယုံကြည်ခြင်းနဲ့ အသက်ရှင်တဲ့သူတွေဟာ အမြဲ ဘုရားတန်ခိုးတော် ဘုရားတတ်နိုင်ခြင်းကိုမြင်တွေ့ရတယ်။ ဒီနေ့ သင့် ယုံ

ကြည်ခြင်းကပဲ ဘုရားတန်ခိုးတော်ကိုမြင်တွေ့ဖို့ လိုအပ် ချက်ဖြစ်တယ်။



Zawgyi

ယုံၾကည္ျခင္း(၆)

(ယုံၾကည္ျခင္းမပါရင္)

"ယုံေသာ စိတ္မ႐ွိဘဲ က်င့္သမွ်ေသာ အက်င့္တို႔သည္ အျပစ္႐ွိၾက၏။" (ေရာမ-၁၄:၂၃)


ယုံၾကည္ျခင္းက ဘုရားစိတ္ေတာ္နဲ႔ေတြ႕ေစႏိုင္ ေသာအဓိကေသာ့ခ်က္ပါ(ေဟၿဗဲ-၁၁:၆)။ ယုံၾကည္ျခင္းမပါပဲ ဘုရားကိုမေတြ႕ ႏိုင္သလို၊ ယုံၾကည္ျခင္း မပါပဲ ဘုရားဆီကို မလာ ႏိုင္ဘူး။ ယုံၾကည္ျခင္းမ႐ွိပဲနဲ႔ သင္လုပ္သမွ်ဟာ ဘုရားႏွစ္သက္ေသာ လက္ခံေသာအရာ ဘယ္ေတာ့မွ ျဖစ္လာစရာမ႐ွိဘူး။ အျပစ္ပဲျဖစ္မယ္ဆိုတာႏႈတ္ကပတ္ေတာ္ကေဖၚျပတယ္။ ယုံၾကည္ျခင္း

မ႐ွိတဲ့ အခ်ိန္တိုင္းတပည့္ေတာ္ေတြကို ေယ႐ႈက ေဖါက္ျပန္ေသာ အမ်ိဴးလို႔ေခၚတယ္(မ-၁၇:၁၇)။ အဲ့ဒီလို လူေတြနဲ႔ ေယ႐ႈက ၾကာၾကာ မေနခ်င္ဘူးအတူတူ အလုပ္မလုပ္ခ်င္ဘူး။


၁။ ယုံၾကည္ျခင္း႐ွိတဲ့သူႏွင့္မ႐ွိတဲ့သူ

(မာကု-၂:၁-၁၀)

လက္ေျခေသတဲ့သူတေယာက္ကို သူငယ္ခ်င္း‌ ေလးေယာက္က သယ္လာတယ္။ ႀကီးမားတဲ့လူအုပ္ႀကီးက ေယ႐ႈဆီေရာက္ဖို႔ပိတ္စို႔ထားတယ္။ ေယ႐ႈနားမွာ ဝိုင္း ထားတယ္ဆိုေပမယ့္ အထင္ေတာ့မႀကီးလိုက္နဲ႔ ယုံၾကည္ျခင္း႐ွ္ိတဲ့သူနည္းတယ္။ ယုံၾကည္ျခင္း ႐ွိတဲ့သူက အေျခ အေနေတြပိတ္ထားေပမယ့္ သူတို႔ ေယ႐ႈဆီေရာက္ဖို႔ လမ္းျမင္တယ္။ ေခါင္မိုး ေပၚကေန ခဲရာခဲဆစ္ သူတို႔သူငယ္ခ်င္းကို ေလ်ာခ်ၾကတယ္။ ေယ႐ႈဆီလည္းေရာက္ေရာ ေယ႐ႈက သူတို႔ရဲ႕ ယုံၾကည္ျခင္းေၾကာင့္က်န္းမာေစ တယ္။ ဒါကို ေဘးနားမွာ႐ွိေနတဲ့ ဖါရိ႐ွဲေတြက အျပစ္ျမင္တယ္။ ေယ႐ႈ ေျပာလိုက္တဲ့အျပစ္လႊတ္ၿပီဆိုတဲ့ စကားေၾကာင့္။ ယုံၾကည္ျခင္းမ႐ွိတဲ့လူေတြ၊ က်မ္းစာသာတတ္တာ ေယ႐ႈအနားမွာ တရားသာနာေနတာ ေနရာေကာင္း

ေကာင္း အေဆာင္ေယာင္ ေကာင္းေကာင္းသာရေနတာ အေကာင္းမျမင္ၾကဘူး အျပစ္ျမင္တယ္။ ဒီေန႔ လူေတြ က်မ္းစာတတ္တယ္၊ တရားေဟာႏိုင္တယ္၊ ေနရာေကာင္း ေကာင္း၊ ရာထူးေကာင္းေတြ႐ွ္ိတယ္ ဒါ‌ေပမယ့္အေကာင္း ျမင္တာထက္ အျပစ္ျမင္တာ၊ အျပစ္ေျပာတာ ပိုမ်ားတယ္။ သင္ဟာ သင့္ကိုသင္ေရာ၊ သူတစ္ပါးက္ိဳေရာ၊

သင့္ပတ္ဝန္းက်င္နဲ႔ အသင္းေတာ္ေရာ အျပစ္ပဲျမင္ အျပစ္ပဲေျပာေနမိၿပီဆို ေသခ်ာတယ္ သင့္အထဲမွာ ယုံၾကည္ျခင္း တစက္ေလးမွ မ႐ွိေတာ့တာ။ ယုံၾကည္ျခင္း႐ွိတဲ့ လူက ဘယ္ေတာ့မွ ေဝဖန္တိုက္ခိုက္တာ မလုပ္ဘူး။


၂။ ယုံၾကည္ျခင္းမ႐ွ္ိတဲ့လူက တန္ခိုးမ႐ွိဘူး

(မ-၁၃:၅၈)

ယုံၾကည္ျခင္း မ႐ွိတဲ့ၿမိဳ႕႐ြာေတြမွာ ေယ႐ႈက တန္ခိုး

မျပဘူး။ သင့္အသက္တာမွာလည္း ယုံၾကည္ျခင္းမ႐ွိရင္ ဘုရားတန္ခိုးေတာ္ကို ေတြ႕ျမင္ခံစားရမွာ မဟုတ္ဘူး။ ဒီေန႔ လူေတြက ဘုရားတန္ခိုးမ႐ွိဘူးပဲ ေျပာေနၾကတယ္သူတို႔ ယုံၾကည္ျခင္းမ႐ွိလို႔ ဘုရားတန္ခိုးမျမင္ရတာကိုေတာ့ မသိၾကဘူး၊ သိပ္သနားစရာ ေကာင္းတယ္။ ဒီေန႔ က်မ္း

စာထဲမွာပဲ တန္ခိုးေတြ၊ ဆုေက်းဇူးေတြဟာ႐ွိၿပီး အျပင္မွာမ႐ွိေတာ့ရင္ က်မ္းစာအုပ္ဟာ ပုံျပင္စာအုပ္သာသာ ျဖစ္သြားမွာေပါ့။ ကနဦးအသင္းေတာ္ဟာ ဝိညာဥ္ေတာ္ရဲ႕တန္ခိုးကိုယုံၾကည္ျခင္း႐ွိတဲ့ တမန္ေတာ္ ႀကီးေတြက အသုံးျပဳခဲ့လို႔တိုးပြါးလာသလို ဒီေန႔လည္း ယုံၾကည္ျခင္းနဲ႔ အသက္႐ွင္တဲ့သူေတြဟာ အၿမဲ ဘုရားတန္ခိုးေတာ္ ဘုရားတတ္ႏိုင္ျခင္းကိုျမင္ေတြ႕ရတယ္။ ဒီေန႔ သင့္ ယုံ

ၾကည္ျခင္းကပဲ ဘုရားတန္ခိုးေတာ္ကိုျမင္ေတြ႕ဖို႔ လိုအပ္ ခ်က္ျဖစ္တယ္။

8 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube