Search
  • Than Min Htike

ယုံကြည်ခြင်း

“လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။-”(မဿဲ-၁၄:၃၀-၃၁)


ယုံကြည်ခြင်းနှင့်ယုံမှားခြင်း

လောကမှာ တူသလိုလိုနဲ့မတူနဲ့အရာတွေရှိသလို၊ မှန်သလိုလိုနဲ့မှားနေတဲ့အရာတွေအများကြီးရှိတယ်။ လူတိုင်းမှာယုံတဲ့စိတ်တော့ ရှိကြတာပဲမဟုတ်လား။ မှန်တာကို ယုံတဲ့ ယုံကြည်ခြင်းနှင့် မှားယွင်းစွာ ယုံတဲ့ယုံမှားခြင်း ကတော့တူသလိုလိုနဲ့ လုံး၀ကိုမတူဘူးအထူးသဖြင့်ရလဒ် ပိုင်းမှာ လုံး၀ကိုမတူခြားနားပါတယ်။ လူတွေက ကိုယ့်ဟာကိုယ် ယုံတဲ့စိတ်ရှိတယ်လို့ထင်ကြပေမယ့် အကျိုးရလဒ်ကိုကြည့်တဲ့အခါမှာ စိတ်ပျက်ကြတယ်။ ဘုရားကိုလည်းအပြစ်တင်ကြတယ်။ ဒီလောက် ယုံတာ ဘာလို့များ ကောင်းတဲ့အရာ၊ကောင်းတဲ့အသီးအပွင့်တွေ မဖြစ်လာရသလဲပေါ့။ တကယ်တော့ ဘုရားမမှားပါဘူး။ ကျွန် တော်တို့ရဲ့ ယုံတဲ့စိတ်ကလေးမှားနေတာပါ။ ယုံကြည်ခြင်းမဟုတ်ပဲ ယုံမှားခြင်းကအသက်တာမှာ နေရာယူနေတော့ရလဒ်က ဘယ်တော့မှ မှန်တဲ့ရလဒ် ထွက်ပေါ်လာပါ့မလဲ။ ယုံကြည်ခြင်းဆိုတာ ဘုရားစကားအပေါ်မှာ အခြေပြုပြီးတော့ ယုံမှားခြင်းကအခြေအနေနဲ့ အခြားသော အရာတွေအပေါ်မှာ အခြေပြုတယ်။ ဒါကြောင့် ယုံကြည်ခြင်းမမှန်ရင် ရလဒ်မမှန်ဘူးဆိုတာကိုအမြဲ သိထားဖို့လိုတယ်။

ယေရှုရေပေါ်လမ်းလျှောက်လာတဲ့အခါမှာ အခြားသူတွေက ကြည့်နေရုံနဲ့ ကျေနပ်နေကြပေမယ့် ပေတရုကတော့ သူလည်း ယေရှုနဲ့အတူလျှောက်ဖို့အခွင့်အ ရေးတောင်းဆိုတယ်။ ယေရှုက ဒီအခွင့်အရေး မင်းမရဘူးလို့မငြင်းပါဘူး။ လာခဲ့ဆိုပြီး ခွင့်ပေးတယ်။ ယုံကြည်ခြင်းကို အစအဦးစီရင်တာ သခင်ယေရှုပါ။ သူ့ကို ကြည့်ပြီးတော့ စစ်မှန်တဲ့ ယုံကြည်ခြင်းက အမြဲပေါက်ဖွားရှင်သန်လာတယ်။ ယေရှုရဲ့ စကားတော် ကြားတဲ့အခါမှာ ချက်ခြင်းပေတရု ရေပေါ်လမ်း‌လျှောက်နိုင်ခဲ့တယ်။ ပေတရု ယေရှုရဲ့ စကားကိုမကြားမချင်း ရေပေါ်ကို ခုန်မထွက်သွားတာကို သတိပြုပါ။ ယေရှုစကားကိုကြားပြီးမှ သူ့အထဲမှာ ယုံကြည်ခြင်းနဲ့ ရောနှောခဲ့ပြီးတော့ ရေပေါ်လမ်းလျှောက်နိုင်ခြင်းပါ။ စိတ်မြန်လက်မြန်ရှိတဲ့ပေတရု ဒီတစ်ခါတော့ ဘုရားအသံမကြားပဲ မလုပ်တတ်တာကို ချီးကျူးရမယ်။ ဘုရားအသံကြားပြီးတာနဲ့ သူ့မှာ ရေပေါ်လမ်းလျှောက်နိုင်တဲ့ ယုံကြည်ခြင်းကစတင်ပြီးတော့ အလုပ်လုပ်လာတယ်။ ရေပေါ်လမ်း လျှောက်နိုင်တာဟာ အပြင်ကအခြေအနေကြောင့်မဟုတ်ဘူး အတွင်းထဲက ယုံကြည်ခြင်းကြောင့်ပါ။ လျှောက်ရင်းနဲ့ အပြင်က လေပြင်းအသံက သူ့စိတ်နှလုံးထဲကြောက်စိတ်ကိုသယ် ဆောင်လာတယ်။ ဒါနဲ့သူ့အထဲမှာ ငါမြုပ်သွားရင်ဖြစ်ဆိုတဲ့ ယုံမှားခြင်းကိုနေရာပေးလိုက်တယ်။ စိတ်ထဲမှာ အခြေအနေကြောင့်ဝင်ရောက်လာတဲ့ ယုံမှားခြင်းလည်း နေရာပေးရော အရင်ကလုပ်နိုင်နေတဲ့ ရေပေါ်လမ်းလျှောက်တဲ့ဘ၀ကနေ ကြောက်လန့်တကြား အော်ဟစ်တဲ့ဘ၀ကို တခဏခြင်းမှာ ရောက်သွားတယ်။ ယုံမှားခြင်း ဝင်လာတဲ့အခါမှာ ယုံကြည်ခြင်းကိုအားနည်းစေပြီးတော့ အခြေအနေရဲ့လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ဒီနေ့ ပတ်ဝန်းကျင်ကိုကြည့်ရင်၊ အခြေအနေကိုကြည့်ရင် အထဲမှာ ယုံမှားခြင်းပဲ ပိုကြီးလာလိမ့်မယ်။ ဘေးကအသံကိုနားထောင်မိတဲ့ ပေတရု ကြောက်လန့်တကြားအော်သလို အော်နေရမယ်။ နှုတ်ကပတ်တော်ကိုကြည့်ပြီး ဘုရားအသံကိုကြားရင် မတည်ငြိမ်တဲ့ရေပေါ်လမ်း လျှောက်သလို မဖြစ်နိုင်တဲ့အရာတွေအပေါ်မှာ လမ်း လျှောက်နိုင်လိမ့်မယ်။ ဒီနေ့ သင် ကြောက်လန့်တကြားအော်နေရတာလား တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနေတာလား။



Zawgyi

ယုံၾကည္ျခင္း

“ေလ​ျပင္း​သည္​ကို​ျမင္​လွ်င္ ေၾကာက္​လန္႔၍ နစ္​မြန္း​လု​သည္​႐ွိ​ေသာ္၊ ကယ္​မ​ေတာ္​မူ​ပါ​သ​ခင္​ဟု ဟစ္​ေၾကာ္​ေလ၏။- ေယ​႐ႈ​သည္ လက္​ေတာ္​ကို ခ်က္​ခ်င္း​ဆန္႔၍ ေပ​တ​႐ု​ကို ကိုင္​ေတာ္​မူ​လ်က္၊ ယုံ​ၾကည္​အား​နည္း​ေသာ​သူ၊ အ​ဘယ္​ေၾကာင့္ ယုံ​မွား​ေသာ​စိတ္ ဝင္​သ​နည္း​ဟု ေမး​ေတာ္​မူ၏။-”(မႆဲ-၁၄:၃၀-၃၁)


ယုံၾကည္ျခင္းႏွင့္ယုံမွားျခင္း

ေလာကမွာ တူသလိုလိုနဲ႔မတူနဲ႔အရာေတြ႐ွိသလို၊ မွန္သလိုလိုနဲ႔မွားေနတဲ့အရာေတြအမ်ားႀကီး႐ွိတယ္။ လူတိုင္းမွာယုံတဲ့စိတ္ေတာ့ ႐ွိၾကတာပဲမဟုတ္လား။ မွန္တာကို ယုံတဲ့ ယုံၾကည္ျခင္းႏွင့္ မွားယြင္းစြာ ယုံတဲ့ယုံမွားျခင္း ကေတာ့တူသလိုလိုနဲ႔ လုံး၀ကိုမတူဘူးအထူးသျဖင့္ရလဒ္ ပိုင္းမွာ လုံး၀ကိုမတူျခားနားပါတယ္။ လူေတြက ကိုယ့္ဟာကိုယ္ ယုံတဲ့စိတ္႐ွိတယ္လို႔ထင္ၾကေပမယ့္ အက်ိဳးရလဒ္ကိုၾကည့္တဲ့အခါမွာ စိတ္ပ်က္ၾကတယ္။ ဘုရားကိုလည္းအျပစ္တင္ၾကတယ္။ ဒီေလာက္ ယုံတာ ဘာလို႔မ်ား ေကာင္းတဲ့အရာ၊ေကာင္းတဲ့အသီးအပြင့္ေတြ မျဖစ္လာရသလဲေပါ့။ တကယ္ေတာ့ ဘုရားမမွားပါဘူး။ ကြၽန္ ေတာ္တို႔ရဲ႕ ယုံတဲ့စိတ္ကေလးမွားေနတာပါ။ ယုံၾကည္ျခင္းမဟုတ္ပဲ ယုံမွားျခင္းကအသက္တာမွာ ေနရာယူေနေတာ့ရလဒ္က ဘယ္ေတာ့မွ မွန္တဲ့ရလဒ္ ထြက္ေပၚလာပါ့မလဲ။ ယုံၾကည္ျခင္းဆိုတာ ဘုရားစကားအေပၚမွာ အေျချပဳၿပီးေတာ့ ယုံမွားျခင္းကအေျခအေနနဲ႔ အျခားေသာ အရာေတြအေပၚမွာ အေျချပဳတယ္။ ဒါေၾကာင့္ ယုံၾကည္ျခင္းမမွန္ရင္ ရလဒ္မမွန္ဘူးဆိုတာကိုအၿမဲ သိထားဖို႔လိုတယ္။

ေယ႐ႈေရေပၚလမ္းေလွ်ာက္လာတဲ့အခါမွာ အျခားသူေတြက ၾကည့္ေန႐ုံနဲ႔ ေက်နပ္ေနၾကေပမယ့္ ေပတ႐ုကေတာ့ သူလည္း ေယ႐ႈနဲ႔အတူေလွ်ာက္ဖို႔အခြင့္အ ေရးေတာင္းဆိုတယ္။ ေယ႐ႈက ဒီအခြင့္အေရး မင္းမရဘူးလို႔မျငင္းပါဘူး။ လာခဲ့ဆိုၿပီး ခြင့္ေပးတယ္။ ယုံၾကည္ျခင္းကို အစအဦးစီရင္တာ သခင္ေယ႐ႈပါ။ သူ႕ကို ၾကည့္ၿပီးေတာ့ စစ္မွန္တဲ့ ယုံၾကည္ျခင္းက အၿမဲေပါက္ဖြား႐ွင္သန္လာတယ္။ ေယ႐ႈရဲ႕ စကားေတာ္ ၾကားတဲ့အခါမွာ ခ်က္ျခင္းေပတ႐ု ေရေပၚလမ္း‌ေလွ်ာက္ႏိုင္ခဲ့တယ္။ ေပတ႐ု ေယ႐ႈရဲ႕ စကားကိုမၾကားမခ်င္း ေရေပၚကို ခုန္မထြက္သြားတာကို သတိျပဳပါ။ ေယ႐ႈစကားကိုၾကားၿပီးမွ သူ႕အထဲမွာ ယုံၾကည္ျခင္းနဲ႔ ေရာေႏွာခဲ့ၿပီးေတာ့ ေရေပၚလမ္းေလွ်ာက္ႏိုင္ျခင္းပါ။ စိတ္ျမန္လက္ျမန္႐ွိတဲ့ေပတ႐ု ဒီတစ္ခါေတာ့ ဘုရားအသံမၾကားပဲ မလုပ္တတ္တာကို ခ်ီးက်ဴးရမယ္။ ဘုရားအသံၾကားၿပီးတာနဲ႔ သူ႕မွာ ေရေပၚလမ္းေလွ်ာက္ႏိုင္တဲ့ ယုံၾကည္ျခင္းကစတင္ၿပီးေတာ့ အလုပ္လုပ္လာတယ္။ ေရေပၚလမ္း ေလွ်ာက္ႏိုင္တာဟာ အျပင္ကအေျခအေနေၾကာင့္မဟုတ္ဘူး အတြင္းထဲက ယုံၾကည္ျခင္းေၾကာင့္ပါ။ ေလွ်ာက္ရင္းနဲ႔ အျပင္က ေလျပင္းအသံက သူ႕စိတ္ႏွလုံးထဲေၾကာက္စိတ္ကိုသယ္ ေဆာင္လာတယ္။ ဒါနဲ႔သူ႕အထဲမွာ ငါျမဳပ္သြားရင္ျဖစ္ဆိုတဲ့ ယုံမွားျခင္းကိုေနရာေပးလိုက္တယ္။ စိတ္ထဲမွာ အေျခအေနေၾကာင့္ဝင္ေရာက္လာတဲ့ ယုံမွားျခင္းလည္း ေနရာေပးေရာ အရင္ကလုပ္ႏိုင္ေနတဲ့ ေရေပၚလမ္းေလွ်ာက္တဲ့ဘ၀ကေန ေၾကာက္လန္႔တၾကား ေအာ္ဟစ္တဲ့ဘ၀ကို တခဏျခင္းမွာ ေရာက္သြားတယ္။ ယုံမွားျခင္း ဝင္လာတဲ့အခါမွာ ယုံၾကည္ျခင္းကိုအားနည္းေစၿပီးေတာ့ အေျခအေနရဲ႕လႊမ္းမိုးမႈကို ခံခဲ့ရတယ္။ ဒီေန႔ ပတ္ဝန္းက်င္ကိုၾကည့္ရင္၊ အေျခအေနကိုၾကည့္ရင္ အထဲမွာ ယုံမွားျခင္းပဲ ပိုႀကီးလာလိမ့္မယ္။ ေဘးကအသံကိုနားေထာင္မိတဲ့ ေပတ႐ု ေၾကာက္လန္႔တၾကားေအာ္သလို ေအာ္ေနရမယ္။ ႏႈတ္ကပတ္ေတာ္ကိုၾကည့္ၿပီး ဘုရားအသံကိုၾကားရင္ မတည္ၿငိမ္တဲ့ေရေပၚလမ္း ေလွ်ာက္သလို မျဖစ္ႏိုင္တဲ့အရာေတြအေပၚမွာ လမ္း ေလွ်ာက္ႏိုင္လိမ့္မယ္။ ဒီေန႔ သင္ ေၾကာက္လန္႔တၾကားေအာ္ေနရတာလား တည္ၿငိမ္စြာနဲ႔ ေလွ်ာက္လွမ္းေနတာလား။

15 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube