Search
  • Than Min Htike
ယုံကြည်သည်နှင့်အညီ
"တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီ
သင်၌ဖြစ်စေဟုမိန့်တော်မူ၏။" (မဿဲ ၈:၁၃)
သင့်ဘဝထဲမှာ ဖြစ်ပျက်လာသမျှဟာ အတွင်း
နှလုံးသားနဲ့ယုံကြည်ခြင်းရဲ့ ရလဒ်ဆိုရင် အံ့သြမလား။
ဘုရားကအရာခပ်သိမ်းတတ်နိုင်ပေမယ့် သင့်အသက်
တာမှာတော့ ယုံသလောက်ပဲ လက်ခံရရှိလိမ့်မယ်။
လူတိုင်းအတွက် ယေရှုဟာ အသေခံ အသွေးသွန်း
ပေမယ့်လူတိုင်းတော့ အဲ့ဒီ ကျေးဇူးတရားကိုမခံစားရ
ဘူး။ ယုံကြည်ခြင်းနဲ့ လက်ခံတဲ့သူပဲ ခံစားသလိုပဲ။
ဘုရား သင့်အသက်တာ ထဲမှာ အရာရာလုပ်ပေး
နိုင်ပေမယ့် သင့်ယုံသလောက်တော့ လုပ်ပေးလိမ့်
မယ်။ ယုံကြည်ခြင်းရှိဖို့ပဲလိုတယ်။
ယာဣရုဆိုတဲ့ တရားဇရပ်မှူးက သူ့အိမ်က်ိုယေရှု
ကြွလာပြီး သူ့သမီးအပေါ်လက်တင်ရင် ကျန်းမာ
မယ်လို့ ယုံကြည်ခဲ့တယ်။ သူယုံတဲ့အတိုင်းယေရှု
သူ့အိမ်ကိုကြွရောက်ပြီး သေသွားပေမယ့် သူ့သမီးကို
ပြန်လည် အသက်ရှင်ကျန်းမာစေခဲ့တယ်။ သူယုံ
တဲ့အတိုင်းပေါ့။ နောက်၁၂ နှစ်သွေးသွန်နာစွဲတဲ့
အမျိုးသမီးကလည်း ယေရှုသတင်းကိုကြားတော့
ဝတ်လုံကိုတို့ရင် ကျန်းမာမယ်လို့ ယုံကြည်ပြီး
ဘယ်သူမှ မသိအောင် ယေရှုရဲ့ ဝတ်လုံကိုတိတ်
တဆိတ်တို့ထိခဲ့ပြီး ကျန်းမာခဲ့တယ်။ သူ့အိမ်က်ို
လည်းမဖိတ်ဘူး။ ဆုတောင်းခံချက်လည်းမတင်ပြခဲ့ဘူး။
သူယုံတဲ့ အတိုင်းယေရှုက လုပ်ပေးခဲ့တယ်။
နောက် တပ်မှူးက သူ့ငယ်သားအတွက် ယေရှုကို
အိမ်က်ို မလာပဲ ရှိတဲ့နေရာကနေ အမိန့်ပေးရင်
ကျန်းမာမယ်လို့ ယုံလို့ ယေရှုက ရှိတဲ့နေရာကနေ
အမိန့်ပေးပြီးသူယုံတဲ့ အတိုင်းကျန်းမာစေပြန်
တယ်။ ဒါဆိုရင် သူတို့ဘဝထဲမှာ ဖြစ်ပျက်သမျှဟာ
သူတို့ယုံကြည်ခြင်းအတိုင်းမဟုတ်ဘူးလား။ သင့်ရဲ့
ယုံကြည်ခြင်းက သင့်ဘဝထဲမှာ ဖြစ်ပျက်လာမယ့်
အရာတွေအတွက်အရေးကြီးဆုံးသော့ချက်ပဲပေါ့။
Zawgyi
ယုံကြည်သည်နှင့်အညီ
ယာဣရုဆိုတဲ့ တရားဇရပ်မှူးက သူ့အိမ်ကိုယေရှု
အိမ်ကို မလာပဲ ရှိတဲ့နေရာကနေ အမိန့်ပေးရင်
0 views0 comments