Search
  • Than Min Htike

ယုံမှားတဲ့စိတ်ကိုနေရာမပေးနဲ့


“တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-” (မဿဲ ၈:၂၅-၂၆)


ပျက်ဆီးခြင်းသို့မရောက်

ယုံကြည်ခြင်းနှင့် ယုံမှားခြင်းဆိုတာ တူသလိုလိုနဲ့ လုံး၀ကိုကွဲပြားတဲ့ ရလဒ်ကိုသယ်ဆောင်လာတဲ့ အရာနှစ်ခုပါ။ တချို့က ကိုယ့်ဟာကိုယ် ယုံကြည်ခြင်းရှိတယ်လို့ထင်တာ တကယ်တော့ ယုံမှားခြင်းကြီးဖြစ်နေတတ်တယ်။ ယုံတော့ယုံတယ် အမှားကြီးကိုယုံမိနေတယ်ဆိုရင်တော့ရလဒ်ကောင်းတွေကို မြင်ရဖို့မမျှော်လင့်နဲ့ အမှားတွေကိုပဲ မြင်တွေ့ခံစားရမှာသေချာတယ်။ ဘုရားက သူ့ကိုယုံကြည်တဲ့သူက ပျက်ဆီးခြင်းကိုမရောက်ဘူးလို့ဒီလောက်ဂတိပေးထားပေမယ့် ယုံမှားခြင်းရှိတဲ့သူကအမြဲတမ်း ပျက်ဆီးခြင်းရောက်တော့မယ်လို့ပဲခံစားတယ်။ နောက် ဘုရားက သူတို့က ပစ်ထားတယ်၊ ဂရုမစိုက်ဘူး စွန့်ပစ်လိုက်ပြီစတဲ့ အနုတ်လက္ခဏာဆန်တဲ့ အတွေးတွေကပဲ သူတို့ဘ၀ကို ဦးဆောင်နေတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အပြစ်ပြောတယ် အပြစ်တင်တာသူတို့ရဲ့

အမြဲကိုင်တဲ့လက်နက်တစ်ခုဆိုလည်းမမှားဘူး။ စိတ်ချမှုနဲ့အသက်ရှင်မယ့်အစား ကြောက်ရွံမှုတွေရဲ့ဦးဆောင်မှုတွေ အောက်မှာအသက်ရှင်နေရတယ်။ မဖြစ်လာသေးတဲ့အရာတွေကို ကြိုတင်စိတ်ကူးယဉ်ပြီးတော့ စစ်မရောက်ခင် မြှားက ကုန်ချင်နေတဲ့လူမျိုး။ တကယ်တော့ ဘုရားက အဲ့ဒီလို ရှင်သန်စေချင်တာလုံး၀မဟုတ်ဘူး။ ကြုံလာတဲ့အရာတိုင်းပေါ်မှာ ယုံကြည်ခြင်းနှင့်အကောင်းမြင်ပြီးတော့ ကိုင်တွယ်ဖြေရှင်းအောင်မြင်စေချင်တာ။

တပည့်တော်တွေနဲ့ယေရှု အိုင်အလယ်မှာ မုန်တိုင်း နဲ့တိုးမိတာ မှတ်မိသေးမယ်ထင်တယ်။ ယေရှုက လှေဦးမှာ အိပ်ပျော်နေပြီးတော့တပည့်တော်တွေက အဲ့ဒီမုန်တိုင်းကြောင့်အကြီးအကျယ် တုန်လှုပ်ပြီးတော့ သူတို့ပျက်ဆီးတော့မယ်လို့ ယုံမှားတဲ့စိတ်ဝင်ပြီးတော့ ယေရှုကိုအပြစ်တင်ကြတယ်။ တကယ်တော့ ဘုရားအလိုတော်က သူတို့ကအဲ့ဒီအိုင်မှာ မြှုပ်ပစ်လိုက်ဖို့မှမဟုတ်တာ။ ဣသရေလ လူမျိုးတွေကို ပင်လယ်ကြီးနှစ်ခြမ်းခွဲပြီးလမ်းပေါ်စေတဲ့ဘုရားက အခုကျမှ ရေနစ်သေမယ်ဆို ဘယ်ကြားကောင်းပါ့မလဲ။ အရင်ကပြီးခဲ့တဲ့အတိတ်ကဟာတွေကိုတော့လူတွေက အရမ်းကိုယုံကြည်ကြပြီးအခုလက်ရှိကြုံနေရတဲ့အရာတွေအပေါ်မှာတော့ ဘယ်လိုမှ မယုံနိုင်ကြတာတော့ အံ့ဩစရာကောင်းလွန်းတယ်။ ယေရှုက ထလာပြီးတော့ လေနဲ့ပင်လယ်ကိုဆုံးမတယ်။ ပင်လယ်နဲ့ လေက ယေရှုစကားနားထောင်ရတယ်။ ပတ်ဝန်းကျင်အခြေအနေတွေ၊ ဖြစ်ပျက်နေတဲ့အရာတွေအားလုံးက ဘုရားစကားတစ်ခွန်းပေါ်မှာပဲချက်ခြင်းပြောင်းလဲသွားနိုင်တယ်ဆိုတာ ယုံပါ။ ဘုရားမတတ်နိိုင်တာဘာများရှိလို့လဲ။ အရေးကြီးဆုံးကတော့ ယုံမှားတဲ့စိတ် မဝင်ဖို့ အရေးကြီးဆုံးပဲ။ လှိုင်းတွေ လေတွေကြောင့်သူတို့ဆုံးရှုံးသွားတာမဟုတ်ဘူး။ ယုံကြည်ခြင်းမရှိပဲ ယုံမှားတဲ့ စိတ်ကြီးကသာသူတို့ကိုတကယ်ဆုံးရှုံးခြင်းကို ရောက်စေမှာပါ။



Zawgyi

ယုံမွားတဲ့စိတ္ကိုေနရာမေပးနဲ႔

“တ​ပည့္​ေတာ္​တို႔​သည္ ခ်ဥ္း​ကပ္၍ ကိုယ္​ေတာ္​ကို ႏိႈး​ၿပီး​လွ်င္၊ သ​ခင္၊ အ​ကြၽႏ္ုပ္​တို႔​သည္ ပ်က္​စီး​ျခင္း​သို႔ ေရာက္​ပါ၏။ ကယ္​မ​ေတာ္​မူ​ပါ​ဟု ေလွ်ာက္​ၾက​ေသာ္၊- ကိုယ္​ေတာ္​က၊ ယုံ​ၾကည္​အား​နည္း​ေသာ သူ​တို႔၊ အ​ဘယ္​ေၾကာင့္ ေၾကာက္​တတ္​သ​နည္း​ဟု ေမး​ေတာ္​မူ​ၿပီး​လွ်င္၊ ထ၍ ေလ​ႏွင့္ ပင္​လယ္​ကို ဆုံး​မ​ေတာ္​မူ​သ​ျဖင့္ အ​လြန္​သာ​ယာ​ေလ၏။-” (မႆဲ ၈:၂၅-၂၆)


ပ်က္ဆီးျခင္းသို႔မေရာက္

ယုံၾကည္ျခင္းႏွင့္ ယုံမွားျခင္းဆိုတာ တူသလိုလိုနဲ႔ လုံး၀ကိုကြဲျပားတဲ့ ရလဒ္ကိုသယ္ေဆာင္လာတဲ့ အရာႏွစ္ခုပါ။ တခ်ိဳ႕က ကိုယ့္ဟာကိုယ္ ယုံၾကည္ျခင္း႐ွိတယ္လို႔ထင္တာ တကယ္ေတာ့ ယုံမွားျခင္းႀကီးျဖစ္ေနတတ္တယ္။ ယုံေတာ့ယုံတယ္ အမွားႀကီးကိုယုံမိေနတယ္ဆိုရင္ေတာ့ရလဒ္ေကာင္းေတြကို ျမင္ရဖို႔မေမွ်ာ္လင့္နဲ႔ အမွားေတြကိုပဲ ျမင္ေတြ႕ခံစားရမွာေသခ်ာတယ္။ ဘုရားက သူ႕ကိုယုံၾကည္တဲ့သူက ပ်က္ဆီးျခင္းကိုမေရာက္ဘူးလို႔ဒီေလာက္ဂတိေပးထားေပမယ့္ ယုံမွားျခင္း႐ွိတဲ့သူကအၿမဲတမ္း ပ်က္ဆီးျခင္းေရာက္ေတာ့မယ္လို႔ပဲခံစားတယ္။ ေနာက္ ဘုရားက သူတို႔က ပစ္ထားတယ္၊ ဂ႐ုမစိုက္ဘူး စြန္႔ပစ္လိုက္ၿပီစတဲ့ အႏုတ္လကၡဏာဆန္တဲ့ အေတြးေတြကပဲ သူတို႔ဘ၀ကို ဦးေဆာင္ေနတယ္။ ဒါေၾကာင့္ ဘာပဲျဖစ္ျဖစ္ အျပစ္ေျပာတယ္ အျပစ္တင္တာသူတို႔ရဲ႕

အၿမဲကိုင္တဲ့လက္နက္တစ္ခုဆိုလည္းမမွားဘူး။ စိတ္ခ်မႈနဲ႔အသက္႐ွင္မယ့္အစား ေၾကာက္႐ြံမႈေတြရဲ႕ဦးေဆာင္မႈေတြ ေအာက္မွာအသက္႐ွင္ေနရတယ္။ မျဖစ္လာေသးတဲ့အရာေတြကို ႀကိဳတင္စိတ္ကူးယဥ္ၿပီးေတာ့ စစ္မေရာက္ခင္ ျမႇားက ကုန္ခ်င္ေနတဲ့လူမ်ိဳး။ တကယ္ေတာ့ ဘုရားက အဲ့ဒီလို ႐ွင္သန္ေစခ်င္တာလုံး၀မဟုတ္ဘူး။ ၾကဳံလာတဲ့အရာတိုင္းေပၚမွာ ယုံၾကည္ျခင္းႏွင့္အေကာင္းျမင္ၿပီးေတာ့ ကိုင္တြယ္ေျဖ႐ွင္းေအာင္ျမင္ေစခ်င္တာ။

တပည့္ေတာ္ေတြနဲ႔ေယ႐ႈ အိုင္အလယ္မွာ မုန္တိုင္း နဲ႔တိုးမိတာ မွတ္မိေသးမယ္ထင္တယ္။ ေယ႐ႈက ေလွဦးမွာ အိပ္ေပ်ာ္ေနၿပီးေတာ့တပည့္ေတာ္ေတြက အဲ့ဒီမုန္တိုင္းေၾကာင့္အႀကီးအက်ယ္ တုန္လႈပ္ၿပီးေတာ့ သူတို႔ပ်က္ဆီးေတာ့မယ္လို႔ ယုံမွားတဲ့စိတ္ဝင္ၿပီးေတာ့ ေယ႐ႈကိုအျပစ္တင္ၾကတယ္။ တကယ္ေတာ့ ဘုရားအလိုေတာ္က သူတို႔ကအဲ့ဒီအိုင္မွာ ျမႇဳပ္ပစ္လိုက္ဖို႔မွမဟုတ္တာ။ ဣသေရလ လူမ်ိဳးေတြကို ပင္လယ္ႀကီးႏွစ္ျခမ္းခြဲၿပီးလမ္းေပၚေစတဲ့ဘုရားက အခုက်မွ ေရနစ္ေသမယ္ဆို ဘယ္ၾကားေကာင္းပါ့မလဲ။ အရင္ကၿပီးခဲ့တဲ့အတိတ္ကဟာေတြကိုေတာ့လူေတြက အရမ္းကိုယုံၾကည္ၾကၿပီးအခုလက္႐ွိၾကဳံေနရတဲ့အရာေတြအေပၚမွာေတာ့ ဘယ္လိုမွ မယုံႏိုင္ၾကတာေတာ့ အံ့ဩစရာေကာင္းလြန္းတယ္။ ေယ႐ႈက ထလာၿပီးေတာ့ ေလနဲ႔ပင္လယ္ကိုဆုံးမတယ္။ ပင္လယ္နဲ႔ ေလက ေယ႐ႈစကားနားေထာင္ရတယ္။ ပတ္ဝန္းက်င္အေျခအေနေတြ၊ ျဖစ္ပ်က္ေနတဲ့အရာေတြအားလုံးက ဘုရားစကားတစ္ခြန္းေပၚမွာပဲခ်က္ျခင္းေျပာင္းလဲသြားႏိုင္တယ္ဆိုတာ ယုံပါ။ ဘုရားမတတ္နိိဳင္တာဘာမ်ား႐ွိလို႔လဲ။ အေရးႀကီးဆုံးကေတာ့ ယုံမွားတဲ့စိတ္ မဝင္ဖို႔ အေရးႀကီးဆုံးပဲ။ လိႈင္းေတြ ေလေတြေၾကာင့္သူတို႔ဆုံး႐ႈံးသြားတာမဟုတ္ဘူး။ ယုံၾကည္ျခင္းမ႐ွိပဲ ယုံမွားတဲ့ စိတ္ႀကီးကသာသူတို႔ကိုတကယ္ဆုံး႐ႈံးျခင္းကို ေရာက္ေစမွာပါ။


0 views0 comments