Search
  • Than Min Htike

ယေရှုနဲ့တူသောအသက်တာ

"သင်တို့သည် ကြီးစွာသော ဆင်းရဲကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ််တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်း နှင့်တကွ၊ နှုတ်ကပတ်တရားတော်ကို ခံယူ၍ ၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သောသူ ဖြစ်ကြ၏။"(၁သက် ၁:၆)

လောကမှာ သင်နဲ့ကျွန်တော်အပေါ်မှာဘုရားထားတဲ့ပန်းတိုင်က သူ့သားတော်ယေရှုနဲ့တူတဲ့အသက်တာနဲ့အသက်ရှင်ဖို့ပါ။ ယေရှုရဲ့ခြေတော်ရာကိုလိုက်လျှောက်ဖို့ပါ။ ပေါလုဟာ ယေရှုရဲ့ နောက်ကိုထပ်ချပ်မခွာလိုက်ခဲ့တယ်။ ယေရှုလူ့ဇာတိခံတဲ့အချိန်မှာလိုက်ခွင့်မရပေမယ့်ပြောင်းလဲပြီးတဲ့အချိန်မှာတော့ သူဟာနေ့ရက်တိုင်း ဘုရားနောက်ကို လိုက်ခဲ့တယ်။

၁။ ဆင်းရဲခံရသော်လည်း

ယေရှုဟာ လူ့ဇာတိခံရတဲ့အချိန်မှာ ဆင်းရဲခံရတဲ့အချိန်တွေရှိခဲ့ပေမယ့် တစ်ခါမှ ဝမ်းမနည်းခဲ့ဘူး။ ဆင်းရဲခြင်းကသူ့ကို စိတ်မပျက်စေတာ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်တဲ့ ဝမ်းမြောက်ခြင်းကြောင့်ဖြစ်တယ်။ ပေါလုလည်းဒီအတိုင်းပဲ အသက်ရှင်ခဲ့တယ်။ အကြိမ်ကြိမ် ခက်ခဲမှုတွေနဲ့ကြုံခဲ့ပေမယ့် စိတ်ဓါတ်ကျ၊ စိတ်ပျက်မှုမဖြစ်ခဲ့ဘူး။ သေလောက်အောင်ကြုံခဲ့တဲ့အရာတွေအပေါ်မှာ ဝမ်းမြောက်စွာကျော်လွှားနိုင်ခဲ့တယ်။ ဒါဟာ ကိုယ်စွမ်းကိုယ်စမဟုတ်ဘူးဆိုတာ သူဝန်ခံခဲ့တာပါ။ ဒီနေ့ သင့်ဆီမှာလည်းခက်ခဲတဲ့အချိန်တွေရှိကောင်းရှိမှာပါ။ ဒါ‌ပေမယ့်သင့်အသက်တာကို အခြေအနေနဲ့မဆိုင်တဲ့ ဝမ်း မြောက်ခြင်းပေးနိုင်တဲ့ ဝိညာဉ်တော်ကိုအမှီပြုပြီးအသက်ရှင်ဖို့လိုတယ်။ ဒါဟာ သခင်ဘုရားနဲ့တူတဲ့အသက်တာပါ။

၂။ နှုတ်ကပတ်တော်ကိုခံယူ

ယေရှုဟာ အရာရာမှာ နှုတ်ကပတ်တော်နဲ့

တုန့်ပြန်တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ဘူး။ စာတန်ရဲ့သွေးဆောင်ခြင်းအားလုံးကို ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ပဲ တုန့်ပြန်ခဲ့တယ်။ ဒါကြောင့်အသက်တာမှာ အရာရာရင်ဆိုင်ဖို့ နှုတ်ကပတ်တော်ရှိနေဖို့လိုတယ်။ ဒီနေ့အခြေအနေ ကောင်းမှ နှုတ်ကပတ်တော်ခံယူတာမဖြစ်သင့်ဘူး။နှုတ်က ပတ်တော်ဟာ အခြေအနေတိုင်းအတွက် အလွန်အရေးကြီးတယ်။ ဘုရားသားဖြစ်တာတောင် နှုတ်ကပတ်တော်ကိုဆွဲကိုင်အသက်ရှင်တယ်ဆိုရင် ကျွန်တော်တို့က နီုတ်ကပတ်တော်ကိုပိုခံယူဖို့ ပိုဆွဲကိုင်ဖို့ လိုတယ်မဟုတ်လား။ ဒါဟာ ယေရှုရဲ့ခြေတော်ရာ မဟုတ်လား။ ဒါကြောင့် အခြေအနေတိုင်းမှာ နှုတ်ကပတ်တော် ကိုခံယူပါ။အရာရာကိုနှုတ်ကပတ်တော် နဲ့တုန့်ပြန်ပါ။



Zawgyi

ေယ႐ႈနဲ႔တူေသာအသက္တာ

"သင္တို႔သည္ ႀကီးစြာေသာ ဆင္းရဲကို ခံရေသာ္လည္း၊ သန္႔႐ွင္းေသာ ဝိညာဥ္္ေတာ္ႏွင့္ဆိုင္ေသာ ဝမ္းေျမာက္ျခင္း ႏွင့္တကြ၊ ႏႈတ္ကပတ္တရားေတာ္ကို ခံယူ၍ ၊ ငါတို႔ကဲ့သို႔ေသာသူ၊ သခင္ဘုရားကဲ့သို႔ေသာသူ ျဖစ္ၾက၏။"(၁သက္ ၁:၆)

ေလာကမွာ သင္နဲ႔ကြၽန္ေတာ္အေပၚမွာဘုရားထားတဲ့ပန္းတိုင္က သူ႕သားေတာ္ေယ႐ႈနဲ႔တူတဲ့အသက္တာနဲ႔အသက္႐ွင္ဖို႔ပါ။ ေယ႐ႈရဲ႕ေျခေတာ္ရာကိုလိုက္ေလွ်ာက္ဖို႔ပါ။ ေပါလုဟာ ေယ႐ႈရဲ႕ ေနာက္ကိုထပ္ခ်ပ္မခြာလိုက္ခဲ့တယ္။ ေယ႐ႈလူ႕ဇာတိခံတဲ့အခ်ိန္မွာလိုက္ခြင့္မရေပမယ့္ေျပာင္းလဲၿပီးတဲ့အခ်ိန္မွာေတာ့ သူဟာေန႔ရက္တိုင္း ဘုရားေနာက္ကို လိုက္ခဲ့တယ္။

၁။ ဆင္းရဲခံရေသာ္လည္း

ေယ႐ႈဟာ လူ႕ဇာတိခံရတဲ့အခ်ိန္မွာ ဆင္းရဲခံရတဲ့အခ်ိန္ေတြ႐ွိခဲ့ေပမယ့္ တစ္ခါမွ ဝမ္းမနည္းခဲ့ဘူး။ ဆင္းရဲျခင္းကသူ႕ကို စိတ္မပ်က္ေစတာ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ႏွင့္ဆိုင္တဲ့ ဝမ္းေျမာက္ျခင္းေၾကာင့္ျဖစ္တယ္။ ေပါလုလည္းဒီအတိုင္းပဲ အသက္႐ွင္ခဲ့တယ္။ အႀကိမ္ႀကိမ္ ခက္ခဲမႈေတြနဲ႔ၾကဳံခဲ့ေပမယ့္ စိတ္ဓါတ္က်၊ စိတ္ပ်က္မႈမျဖစ္ခဲ့ဘူး။ ေသေလာက္ေအာင္ၾကဳံခဲ့တဲ့အရာေတြအေပၚမွာ ဝမ္းေျမာက္စြာေက်ာ္လႊားႏိုင္ခဲ့တယ္။ ဒါဟာ ကိုယ္စြမ္းကိုယ္စမဟုတ္ဘူးဆိုတာ သူဝန္ခံခဲ့တာပါ။ ဒီေန႔ သင့္ဆီမွာလည္းခက္ခဲတဲ့အခ်ိန္ေတြ႐ွိေကာင္း႐ွိမွာပါ။ ဒါ‌ေပမယ့္သင့္အသက္တာကို အေျခအေနနဲ႔မဆိုင္တဲ့ ဝမ္း ေျမာက္ျခင္းေပးႏိုင္တဲ့ ဝိညာဥ္ေတာ္ကိုအမွီျပဳၿပီးအသက္႐ွင္ဖို႔လိုတယ္။ ဒါဟာ သခင္ဘုရားနဲ႔တူတဲ့အသက္တာပါ။

၂။ ႏႈတ္ကပတ္ေတာ္ကိုခံယူ

ေယ႐ႈဟာ အရာရာမွာ ႏႈတ္ကပတ္ေတာ္နဲ႔

တုန္႔ျပန္တယ္ဆိုတာ အထူးေျပာစရာလိုမယ္မထင္ဘူး။ စာတန္ရဲ႕ေသြးေဆာင္ျခင္းအားလုံးကို ဘုရားရဲ႕ႏႈတ္ကပတ္ေတာ္နဲ႔ပဲ တုန္႔ျပန္ခဲ့တယ္။ ဒါေၾကာင့္အသက္တာမွာ အရာရာရင္ဆိုင္ဖို႔ ႏႈတ္ကပတ္ေတာ္႐ွိေနဖို႔လိုတယ္။ ဒီေန႔အေျခအေန ေကာင္းမွ ႏႈတ္ကပတ္ေတာ္ခံယူတာမျဖစ္သင့္ဘူး။ႏႈတ္က ပတ္ေတာ္ဟာ အေျခအေနတိုင္းအတြက္ အလြန္အေရးႀကီးတယ္။ ဘုရားသားျဖစ္တာေတာင္ ႏႈတ္ကပတ္ေတာ္ကိုဆြဲကိုင္အသက္႐ွင္တယ္ဆိုရင္ ကြၽန္ေတာ္တို႔က ႏီုတ္ကပတ္ေတာ္ကိုပိုခံယူဖို႔ ပိုဆြဲကိုင္ဖို႔ လိုတယ္မဟုတ္လား။ ဒါဟာ ေယ႐ႈရဲ႕ေျခေတာ္ရာ မဟုတ္လား။ ဒါေၾကာင့္ အေျခအေနတိုင္းမွာ ႏႈတ္ကပတ္ေတာ္ ကိုခံယူပါ။အရာရာကိုႏႈတ္ကပတ္ေတာ္ နဲ႔တုန္႔ျပန္ပါ။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube