Search
  • Than Min Htike

ရည်ရွယ်ချက်ရှိသောပြဿနာ

"ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဘို့ဖြစ်စေတတ်၏။"( ၂ကော ၄:၁၈(ခ))


သင်နေ့စဉ်ကြုံရတဲ့ အရာတွေဟာအမှတ်တမဲ့ကြုံရတာမဟုတ်ဘူး။ အရာရာတိုင်းမှာ ကျေးဇူးတော်ချီးမွမ်းဖို့ ပြောတဲ့အခါမှာ အရာရာတိုင်းမှာ သင့်အတွက်ဘုရားထားတဲ့အကြံအစည်ရှိနေခြင်းကို သဘောပေါက်အသက်ရှင်တတ်ဖို့ပါ။ ဒီနေ့သင်ကြုံရတဲ့အဆင်မပြေမှု၊ ခက်ခဲမှုတွေဟာ အကြီးကြီးလို့သင်ထင်ပေမယ့် တကယ်တော့ ပေါ့ပါးတဲ့ ဆင်းရဲခြင်းလို့နှုတ်ကပတ်တော်ကခေါ်ဆိုပြီးတော့ ကြီးမြတ်တဲ့ဘုန်းအသရေက်ိုခံစားဖို့လို့ နှုတ်ကပတ်တော်က အသိပေးတယ်။


၁။ သင်ကြားပေးတဲ့ပြဿနာ

ဒါဝိဒ်ဟာ အဖေရဲ့ သိုးခြံထဲမှာ သိုးအနည်းငယ်က်ို

ထိန်းကျောင်းရင်း နေ့စဉ်ရင်ဆိုင်ရတဲ့ အန္တာရယ်တွေ

ရှိပါတယ်။ ဝံတွေ၊ ခြေင်္သေ့တွေရဲ့ပြဿနာဟာသေး

သေးလေးတော့မဟုတ်ဘူး။ ဒါပေမယ့် သူအကောင်း

ဆုံးရင်ဆိုင်တယ်။ ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလို

ကြုံမှန်းတော့ သူအစက သိချင်မှသိမယ်။ ဒီပြဿနာ

တွေက သူ့အသက်တာရဲ့ အနာဂတ်အတွက် ကြီးမား

တဲ့ အရာကိုရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းတစ်ခု

ဖြစ်နေခဲ့တယ်ဆိုတာ ဂေါလျက်နဲ့ရင်ဆိုင်တဲ့အခါမှာ

တွေ့ လိုက်ရတယ်။ တစ်ချိန်တုန်းကဒဏ်ရာတွေဟာ

အနာဂတ်မှာ ဂုဏ်ယူစရာဖြစ်လာမယ်လို့ဘယ်သူတွေ

ကထင်မှာလဲ။ ဒါဝိဒ်ကြုံရတဲ့ပြဿနာဟာစိတ်ဓါတ်ကျ

ဖို့ရှုံးနိမ့်ဖို့ပဲမဟုတ်ဘူး။ အနာဂတ်မှာ အောင်မြင်ဖို့

သင်ကြားပေးတယ်။ ဒီဝံတွေ၊ ခြင်္သေ့တွေသာမရှ်ိရင်

ဂေါလျက်ကိုတိုက်န်ိုင်မယ့် ဒါဝိဒ်ဆိုတာ မရှိနိုင်ဘူး။


၂။ သင်ဘယ်သူလဲဆိုတာ သိစေတဲ့ပြဿနာ

ကိုယ်ရဲ့ပြဿနာတွေကို ကိုင်တွယ်

နိုင်ရင် သူများပြဿနာတွေပါ ဖြေရှင်းကိုင်တွယ်

နိုင်လိမ့်မယ်။ ဂေါလျက်ဆိုတဲ့ လူတွေက်ိုခြိမ်းခြောက်

တဲ့ ရန်သူကို ဘယ်သူမှ တိုက်ဖို့မပြောနဲ့ တိုက်မယ့်

အကြောင်းတောင်မပြောရဲဘူး။ ဒါဝိဒ်ကဘာကြောင့်

တိုက်ဖို့ ပြောရဲတာလဲ။ သူ့မှာရှ်ိတဲ့အတွေ့အကြုံ

ကြောင့်မဟုတ်လား။ ဒီပြဿနာကိုရင်ဆိုင်လိုက်တဲ့

အခါမှာ တိုင်းပြည်တစ်ခုလုံးက ဒါဝိဒ်ဘယ်သူလည်း

ဆိုတာသိသွားတယ်။ အမျိုးသမီးတွေကတောင်သီချင်း

လုပ်ဆိုရတဲ့အထိ အောင်မြင်ခဲ့တယ်။ ဒါဝိဒ်ဆိုတဲ့နာမည်ကို

လူတိုင်းနှုတ်မှာ ရေပန်းစားစေတာက ပြဿနာကြောင့်မဟုတ်လား။ ပြဿနာကြောင့်သင်ဆုံးရှုံးသွားမှာမဟုတ်ဘူး အမြတ်တောင်ထွက်အုံးမှာ။



Zawgyi

ရည္႐ြယ္ခ်က္႐ွိေသာျပႆနာ


"ယခုခဏခံရ၍ ေပါ့ပါးေသာ ဆင္းရဲျခင္း ဒုကၡသည္ အတိုင္းထက္အလြန္ႀကီးျမတ္ေလးလံေသာ နိစၥထာဝရဘုန္းအသေရကို ငါတို႔အဘို႔ျဖစ္ေစတတ္၏။"( ၂ေကာ ၄:၁၈(ခ))


သင္ေန႔စဥ္ၾကဳံရတဲ့ အရာေတြဟာအမွတ္တမဲ့ၾကဳံရတာမဟုတ္ဘူး။ အရာရာတိုင္းမွာ ေက်းဇူးေတာ္ခ်ီးမြမ္းဖို႔ ေျပာတဲ့အခါမွာ အရာရာတိုင္းမွာ သင့္အတြက္ဘုရားထားတဲ့အၾကံအစည္႐ွိေနျခင္းကို သေဘာေပါက္အသက္႐ွင္တတ္ဖို႔ပါ။ ဒီေန႔သင္ၾကဳံရတဲ့အဆင္မေျပမႈ၊ ခက္ခဲမႈေတြဟာ အႀကီးႀကီးလို႔သင္ထင္ေပမယ့္ တကယ္ေတာ့ ေပါ့ပါးတဲ့ ဆင္းရဲျခင္းလို႔ႏႈတ္ကပတ္ေတာ္ကေခၚဆိုၿပီးေတာ့ ႀကီးျမတ္တဲ့ဘုန္းအသေရက္ိဳခံစားဖို႔လို႔ ႏႈတ္ကပတ္ေတာ္က အသိေပးတယ္။


၁။ သင္ၾကားေပးတဲ့ျပႆနာ

ဒါဝိဒ္ဟာ အေဖရဲ႕ သိုးျခံထဲမွာ သိုးအနည္းငယ္က္ိဳ

ထိန္းေက်ာင္းရင္း ေန႔စဥ္ရင္ဆိုင္ရတဲ့ အႏၲာရယ္ေတြ

႐ွိပါတယ္။ ဝံေတြ၊ ေျခေသၤ့ေတြရဲ႕ျပႆနာဟာေသး

ေသးေလးေတာ့မဟုတ္ဘူး။ ဒါေပမယ့္ သူအေကာင္း

ဆုံးရင္ဆိုင္တယ္။ ဘာေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ဒီလို

ၾကဳံမွန္းေတာ့ သူအစက သိခ်င္မွသိမယ္။ ဒီျပႆနာ

ေတြက သူ႕အသက္တာရဲ႕ အနာဂတ္အတြက္ ႀကီးမား

တဲ့ အရာကိုရင္ဆိုင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ျခင္းတစ္ခု

ျဖစ္ေနခဲ့တယ္ဆိုတာ ေဂါလ်က္နဲ႔ရင္ဆိုင္တဲ့အခါမွာ

ေတြ႕ လိုက္ရတယ္။ တစ္ခ်ိန္တုန္းကဒဏ္ရာေတြဟာ

အနာဂတ္မွာ ဂုဏ္ယူစရာျဖစ္လာမယ္လို႔ဘယ္သူေတြ

ကထင္မွာလဲ။ ဒါဝိဒ္ၾကဳံရတဲ့ျပႆနာဟာစိတ္ဓါတ္က်

ဖို႔႐ႈံးနိမ့္ဖို႔ပဲမဟုတ္ဘူး။ အနာဂတ္မွာ ေအာင္ျမင္ဖို႔

သင္ၾကားေပးတယ္။ ဒီဝံေတြ၊ ျခေသၤ့ေတြသာမ႐ွ္ိရင္

ေဂါလ်က္ကိုတိုက္န္ိဳင္မယ့္ ဒါဝိဒ္ဆိုတာ မ႐ွိႏိုင္ဘူး။


၂။ သင္ဘယ္သူလဲဆိုတာ သိေစတဲ့ျပႆနာ

ကိုယ္ရဲ႕ျပႆနာေတြကို ကိုင္တြယ္

ႏိုင္ရင္ သူမ်ားျပႆနာေတြပါ ေျဖ႐ွင္းကိုင္တြယ္

ႏိုင္လိမ့္မယ္။ ေဂါလ်က္ဆိုတဲ့ လူေတြက္ိဳၿခိမ္းေျခာက္

တဲ့ ရန္သူကို ဘယ္သူမွ တိုက္ဖို႔မေျပာနဲ႔ တိုက္မယ့္

အေၾကာင္းေတာင္မေျပာရဲဘူး။ ဒါဝိဒ္ကဘာေၾကာင့္

တိုက္ဖို႔ ေျပာရဲတာလဲ။ သူ႕မွာ႐ွ္ိတဲ့အေတြ႕အၾကဳံ

ေၾကာင့္မဟုတ္လား။ ဒီျပႆနာကိုရင္ဆိုင္လိုက္တဲ့

အခါမွာ တိုင္းျပည္တစ္ခုလုံးက ဒါဝိဒ္ဘယ္သူလည္း

ဆိုတာသိသြားတယ္။ အမ်ိဳးသမီးေတြကေတာင္သီခ်င္း

လုပ္ဆိုရတဲ့အထိ ေအာင္ျမင္ခဲ့တယ္။ ဒါဝိဒ္ဆိုတဲ့နာမည္ကို

လူတိုင္းႏႈတ္မွာ ေရပန္းစားေစတာက ျပႆနာေၾကာင့္မဟုတ္လား။ ျပႆနာေၾကာင့္သင္ဆုံး႐ႈံးသြားမွာမဟုတ္ဘူး အျမတ္ေတာင္ထြက္အုံးမွာ။

1 view0 comments