Search
  • Than Min Htike

ရန်သူတို့ရှေ့မှာ

"အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏။" (ဆာလံ ၂၃:၅)


ဘဝဆိုတာ တိုက်ပွဲတစ်ခုကိုဆင်နွဲနေခြင်းလို့ပြောရင် ဘယ်သူငြင်းမလဲ။ တိုက်ပွဲတွေနဲ့ရင်ဆိုင်နေရခြင်းက ဒါဖြစ်လေ့ဖြစ်ထရှိတဲ့အရာဖြစ်ပြီးတော့ အထူး အဆန်းတော့မဟုတ်ပါဘူး။ အရေးကြီးတာကတော့ အ ကောင်းဆုံးတိုက်ပွဲဝင်ဖို့ပါပဲ။ ပေါလုကတော့ပြောတယ် ကောင်းစွာသော တိုက်လှန်ခြင်းကိုငါပြုတယ်တဲ့။ သင်ကြုံနေရတဲ့ အရာတွေအားလုံး သင်တစ်ယောက်ထဲရင် ဆိုင်နေရတာမဟုတ်ဘူး၊ လူတိုင်းပဲဆိုတာသိထားဖို့တော့လိုတယ်။ အရင်ကျွန်တော် တွေးထင်ဖူးတာက ငါကျမှ ဒါတွေ ကြုံရတယ်၊ ငါတော်တော် အဖြစ်ဆိုးတာပဲ လို့ထင်ဖူးတယ်။ တကယ်တော့လုံးဝ မဟုတ်ဘူး၊ အသက်ရှင်တဲ့ သူတိုင်းကြုံရတာဖြစ်ပြီး အသက်ရှင်သမျှကာလပတ်လုံးလဲ ကြုံရအုံးမှာပါပဲ။


ရန်သူတို့ရှေ့မှာ စားပွဲကိုခင်းခြင်း

ရန်သူရှိတာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင်ဘယ်လိုတုန့်ပြန်သလဲဆိုတာ ကသာ အရေးကြီးတာပါ။ တလောကလုံး သင့်ကို သဘောကျမယ်၊ ကူညီမယ်လို့တော့ မထင်လိုက်နဲ့လေ။ သဘောမကျတဲ့ သူရှိမယ်၊ အနှောင့်အယှက်ပေးတဲ့သူရှိမှာပါပဲ။ ဒါဝိဒ်က ဘာလုပ်လည်း သူရဲ့ရန်သူရှေ့ မှာ စားပွဲခင်းတယ်တဲ့။ နှောင့် ယှက်တဲ့သူတွေရှေ့မှာ အအိပ်ပျက်၊ အစားပျက်လုပ်နေ

ရင် သူပိုပျော်သွားမှာပေါ့။ သူလုပ်ချင်တဲ့ ရည်ရွယ်ချက် ပြည့်စုံသွားမှာပေါ့။ ဒါကြောင့်သူက စားပွဲသောက်ပွဲတောင်ခင်းပြီး စားသောက်ပြလိုက်သေးတယ်။ ရန်သူကြောင့် စိတ်ဓါတ်မကျဘူး၊ ရန်သူကြောင့် သူဘဝ ထိခိုက်မှာ မဟုတ်ဘူးဆိုတာ ကြေငြာ လိုက်တာပါပဲ။ ဒါကြောင့်ခရစ်တော်အားဖြင့် အောင်မြင်ခွင့် ရပြီးတဲ့ကျွန်တော်တို့ကို ဘယ်သူကများနှောင့်ယှက်လို့ရအုံးမှာလဲ။ ဘယ်သူကများဆွဲချလို့ရအုံးမှာလဲ။ သေချာတယ် အချိန်တန်ရင် ဘုရားရဲ့မစခြင်း၊ ကူညီထောက်ပံ့ခြင်းကို မြင်တွေ့ရအုံးမှာမဟုတ်လား။ ဒါကြောင့် ရန်သူရှေ့မှာ အိပ်ယာခင်းစရာမလိုပါဘူး၊ လည်စင်းစရာမလိုပါဘူး၊ စားပွဲသာခင်းလိုက်စမ်းပါ။



Zawgyi

ရန္သူတို႔ေ႐ွ႕မွာ

"အကြၽႏ္ုပ္၏ ရန္သူတို႔ေ႐ွ႕မွာ အကြၽႏ္ုပ္အဘို႔စားပြဲကို ခင္းေတာ္မူ၏။" (ဆာလံ ၂၃:၅)


ဘဝဆိုတာ တိုက္ပြဲတစ္ခုကိုဆင္ႏြဲေနျခင္းလို႔ေျပာရင္ ဘယ္သူျငင္းမလဲ။ တိုက္ပြဲေတြနဲ႔ရင္ဆိုင္ေနရျခင္းက ဒါျဖစ္ေလ့ျဖစ္ထ႐ွိတဲ့အရာျဖစ္ၿပီးေတာ့ အထူး အဆန္းေတာ့မဟုတ္ပါဘူး။ အေရးႀကီးတာကေတာ့ အ ေကာင္းဆုံးတိုက္ပြဲဝင္ဖို႔ပါပဲ။ ေပါလုကေတာ့ေျပာတယ္ ေကာင္းစြာေသာ တိုက္လွန္ျခင္းကိုငါျပဳတယ္တဲ့။ သင္ၾကဳံေနရတဲ့ အရာေတြအားလုံး သင္တစ္ေယာက္ထဲရင္ ဆိုင္ေနရတာမဟုတ္ဘူး၊ လူတိုင္းပဲဆိုတာသိထားဖို႔ေတာ့လိုတယ္။ အရင္ကြၽန္ေတာ္ ေတြးထင္ဖူးတာက ငါက်မွ ဒါေတြ ၾကဳံရတယ္၊ ငါေတာ္ေတာ္ အျဖစ္ဆိုးတာပဲ လို႔ထင္ဖူးတယ္။ တကယ္ေတာ့လုံးဝ မဟုတ္ဘူး၊ အသက္႐ွင္တဲ့ သူတိုင္းၾကဳံရတာျဖစ္ၿပီး အသက္႐ွင္သမွ်ကာလပတ္လုံးလဲ ၾကဳံရအုံးမွာပါပဲ။


ရန္သူတို႔ေ႐ွ႕မွာ စားပြဲကိုခင္းျခင္း

ရန္သူ႐ွိတာ မထူးဆန္းပါဘူး။ ဒါေပမယ့္ သင္ဘယ္လိုတုန္႔ျပန္သလဲဆိုတာ ကသာ အေရးႀကီးတာပါ။ တေလာကလုံး သင့္ကို သေဘာက်မယ္၊ ကူညီမယ္လို႔ေတာ့ မထင္လိုက္နဲ႔ေလ။ သေဘာမက်တဲ့ သူ႐ွိမယ္၊ အေႏွာင့္အယွက္ေပးတဲ့သူ႐ွိမွာပါပဲ။ ဒါဝိဒ္က ဘာလုပ္လည္း သူရဲ႕ရန္သူေ႐ွ႕ မွာ စားပြဲခင္းတယ္တဲ့။ ေႏွာင့္ ယွက္တဲ့သူေတြေ႐ွ႕မွာ အအိပ္ပ်က္၊ အစားပ်က္လုပ္ေန

ရင္ သူပိုေပ်ာ္သြားမွာေပါ့။ သူလုပ္ခ်င္တဲ့ ရည္႐ြယ္ခ်က္ ျပည့္စုံသြားမွာေပါ့။ ဒါေၾကာင့္သူက စားပြဲေသာက္ပြဲေတာင္ခင္းၿပီး စားေသာက္ျပလိုက္ေသးတယ္။ ရန္သူေၾကာင့္ စိတ္ဓါတ္မက်ဘူး၊ ရန္သူေၾကာင့္ သူဘဝ ထိခိုက္မွာ မဟုတ္ဘူးဆိုတာ ေၾကျငာ လိုက္တာပါပဲ။ ဒါေၾကာင့္ခရစ္ေတာ္အားျဖင့္ ေအာင္ျမင္ခြင့္ ရၿပီးတဲ့ကြၽန္ေတာ္တို႔ကို ဘယ္သူကမ်ားေႏွာင့္ယွက္လို႔ရအုံးမွာလဲ။ ဘယ္သူကမ်ားဆြဲခ်လို႔ရအုံးမွာလဲ။ ေသခ်ာတယ္ အခ်ိန္တန္ရင္ ဘုရားရဲ႕မစျခင္း၊ ကူညီေထာက္ပံ့ျခင္းကို ျမင္ေတြ႕ရအုံးမွာမဟုတ္လား။ ဒါေၾကာင့္ ရန္သူေ႐ွ႕မွာ အိပ္ယာခင္းစရာမလိုပါဘူး၊ လည္စင္းစရာမလိုပါဘူး၊ စားပြဲသာခင္းလိုက္စမ္းပါ။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube